Showing posts with label (e) နက်ဝက်ခ် ချိတ်ဆက်ခြင်းနည်းပညာဆိုင်ရာများ. Show all posts
Showing posts with label (e) နက်ဝက်ခ် ချိတ်ဆက်ခြင်းနည်းပညာဆိုင်ရာများ. Show all posts

Sunday, April 26, 2015

English Version နည်းပညာစာအုပ်များစုစည်းမှု အုပ် (၇၀)

























https://www.facebook.com/Telecomtechnicaltraining မှာ မျှပေးသော နည်းပညာစာအုပ်တွေကို ကျွန်တော့်ဘလော့ဂ်မှာ Credit လုပ်ပေးပြီး လင့်ခ်တွေကို မူရင်းအတိုင်း မျှဝေပေးလိုက်ပါတယ်နော့်။

စိတ်ဝင်စားသူများ ဒေါင်းလုပ်ခ်ရယူနိုင်အောင်ပေါ့ဗျာ။

စာအုပ် စုစုပေါင်း အုပ်ခုနှစ်ဆယ် တိတိပါဝင်ပါတယ်။ မူရင်း ဆရာ ကိုရဲမာန်အောင် တင်ပေးသော လင့်ခ်တွေပဲ ပြန်မျှပေးလိုက်ပါတယ်။


0001. Barry D.Lewis (Wireless Network for Dummies)
http://adf.ly/1Fp0Lr

0002. Bruce Ekel (Thinking in Java 1st Editon)
http://adf.ly/1Fp0Ne

0003. Bruce Ekel (Thinking in Java 2nd Editon)
http://adf.ly/1Fp0Pm

0004. Bruce Ekel (Thinking in Java 3rd Editon)
http://adf.ly/1Fp0Rc

0005. Hibert Schildt (C++ The Complete Reference 1999)
http://adf.ly/1Fp0Un

0006. MCSA, MCSE (Upgrading Windows Server 2003)
http://adf.ly/1Fp0XV

0007. Mohammed J.Kabir (Apache Server 2)
http://adf.ly/1Fp0ZB

0008. Veritex (Safeguarding Your Windows Server)
http://adf.ly/1Fp0bO

0009. Scott Mueller (Upgrading & Repairing PCs)
http://adf.ly/1Fp0dV

0010. Brian Livingston (Secret for Windows Vista)
http://adf.ly/1Fp0fb

0011. Danny Briere (Wireless Network Hacks & Mods for Dummies)
http://adf.ly/1Fp0x3

0012. DevWizard (Java.exe)
http://adf.ly/1Fp0zb

0013. Diane Barrett Todd King (Computer Networking Illuminated)
http://adf.ly/1Fp10u

0014. Glyn Williams (How To Build Your Own Computer)
http://adf.ly/1Fp12k

0015. Jeffery R Shapiro (Windows Server 2003)
http://adf.ly/1Fp14p

0016. Kevin Beaver (Hacking Wireless Networks for Dummies)
http://adf.ly/1Fp17G

0017. Terry Collings (Red Hat Enterprise Linux 4 for Dummies)
http://adf.ly/1Fp18w

0018. Unknown (Essential Windows)
http://adf.ly/1Fp1Al

0019. Matt Smith (An Android Guide)
http://adf.ly/1Fp1Ce

0020. John Paul Muller (Windows Administraion at the Command Line)
http://adf.ly/1Fp1E8

0021. Unkown (PC Hardware)
http://adf.ly/1Fp1Pg

0022. Garay Conel (Programming VB.NET A Guide For Experienced Programmers)
http://adf.ly/1Fp1Rh

0023. Robert Nagler (Extreme Programming in Perl)
http://adf.ly/1Fp1Tr

0024. Ben Hammersley (Hacking Gmail)
http://adf.ly/1Fp1Vg

0025. James Edwards (The Javascript Anthology)
http://adf.ly/1Fp1XH

0026. Jerry Led Ford (Programming For The Absolute Beginner)
http://adf.ly/1Fp1Yw

0027. Carol Chan (How to Create a Blog)
http://adf.ly/1Fp1gX

0028. Gunther (Introduction to Malware Techniques and Logics Part 1)
http://adf.ly/1Fp1i2

0029. Unkown (Pfingo Desktop User Guide)
http://adf.ly/1Fp1jo

0030. Matt Zandstra (PHP4 in 24 Hours)
http://adf.ly/1Fp1lb

0031. Jerry Honeycutt (Windows XP Registry Guide)
http://adf.ly/1Fp1z9

0032. Ghiribizzo (Cracking Tutorial)
http://adf.ly/1Fp20h

33. Project Freegate (Market Survey of Open Source EAI Software)
http://adf.ly/1Fp22T

0034. SAMs (C++ in 21 Days)
http://adf.ly/1Fp243

0035. Michael Davis (Code Making How Software Engineering Became a Profession)
http://adf.ly/1Fp25z

0036. Philpp Lenssen (55 ways to Have Fun with Google)
http://adf.ly/1Fp27h

0037. Riccardo Poli (A Field Guide to Genetic Programming)
http://adf.ly/1Fp29X

0038. John Goerzen (Debian GNU Linux Guide to Installation and Usage)
http://adf.ly/1Fp2Bl

0039. Allen Downey (How to Think Like a Computer Scientist Learning with Python)
http://adf.ly/1Fp2Dq

0040. Unknown (Wireless Network in Developing World)
http://adf.ly/1Fp2GG

0041. Greg Lehey (The Complete FreeBSD)
http://adf.ly/1Fp2O0

0042. Charles Platt (Make Electronics)
http://adf.ly/1Fp2PZ

0043. Jeffery Zeldman (Taking Your Talent to the Web)
http://adf.ly/1Fp2Qw

0044. John Preppernau (Step by step Windows 7)
http://adf.ly/1Fp2SQ

0045. Marc Asturias, Moira Gagen (Desktop and Portable Systems)
http://adf.ly/1Fp2Uh

0046. Heryzal Heryandi (Tutorial Adobe Premiere Pro)
http://adf.ly/1Fp2Xa

0047. Bryan Betts (Diagnosting and Fixing Motherboard's Faults)
http://adf.ly/1Fp2Z7

0048. Ton Giesberts (ATX Power Supply)
http://adf.ly/1Fp2bR

0049. Unkown (A Tour of Adobe Premere Pro)
http://adf.ly/1Fp2cr

0050. Ton Giesberts (ATX Power Supply Tester)
http://adf.ly/1Fp2ej

0051. Purehate (Backtrack 4 Cuda Guide)
http://adf.ly/1Fp2r7

0052. Ben Jackson (Asterisk Hacking)
http://adf.ly/1Fp2sp

0053. Joseph B.Wujek Frank (Mechanical and Electrical System in Architecture, Engineering, and Construction)
http://adf.ly/1Fp2uM

0054. Hugh Jack (Automating Manufacturing System with PLCs)
http://adf.ly/1Fp2w9

0055. John P Cross (Basic Electronics)
http://adf.ly/1Fp2y0

0056. Unknown (Basic Electronics)
http://adf.ly/1Fp2zb

0057. Forrest M. Mims (Basic Electronics, Transistors and ICs)
http://adf.ly/1Fp31I

0058. Colin Mitchell (200 Transistor Circuits)
http://adf.ly/1Fp33u

0059. Coleman (Lift System Repair Manual)
http://adf.ly/1Fp355

0060. Peter K.C Rudolph (High Lift Systems on Commercial Subsonic Airliners)
http://adf.ly/1Fp36h

0061. Mark L. Murphy (Beginning Android)
http://adf.ly/1Fp3Mt

0062. O'Reilly (Best Android Apps)
http://adf.ly/1Fp3R6

0063. Chris Tull (Web Designer's Guide to Adobe Photoshop)
http://adf.ly/1Fp3TI

0064. Anant Agarwal (Foundations of Analog and Digital Electronic Circuits)
http://adf.ly/1Fp3VJ

0065. Unknown (Circuits for the Hobbyist)
http://adf.ly/1Fp3Wl

0066. Colin Mitchell (100 Transistor Circuits)
http://adf.ly/1Fp3YQ

0067. Willie Pritchett (Backtrack 5 Cookbook)
http://adf.ly/1Fp3Zv

0068. Manjriker Gunaratne (The Foundation Engieering Handbook)
http://adf.ly/1Fp3bM

0069. Vivek Ramachandran (BackTrack 5 Wireless Penetration Testing)
http://adf.ly/1Fp3cu

0070. Abhinav Singh (Metasploit Penetration Testing Cookbook)
http://adf.ly/1Fp3ee



အားလုံး အဆင်ပြေပါစေနော့်။

Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

Tuesday, March 17, 2015

CPE ဖြင့် Wi-Fi လွှင့်ခြင်း၊ ဖမ်းခြင်း ( Begineer Guide )

























ကျွန်တော် CPE ဖြင့် ဝိုင်ဖိုင် လွှင့်နည်း ဖမ်းနည်း စာအုပ်လေးကို ရေးသားပြီ မျှဝေပေးလိုက်ပါတယ်။

Begineer Guide ပေါ့ဗျာ။

ကျွန်တော် သိသလောက်လေးရေးထားတာပါ။

လိုအပ်သူများ ဒေါင်းလုပ်ခ်ရယူ လေ့လာနိုင်ပါတယ်နော့်။


File Size : 2.4 MB


Download






Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )       www.htarwaiethar.org

Saturday, October 11, 2014

Network ပိုင်းနဲ့ ပတ်သက်ပြီး လေ့လာချင်သူများအတွက် စာအုပ်ကောင်း.pdf




























အားလုံးပဲ မင်္ဂလာပါခင်ဗျာ..........
ကျွန်တော်Min OKe Kar(ဘီလူးကျွန်းသားလေး)
ပို့စ်မတင်နိုင်တာ တော်တော်ကြာသွားပြီထင်တယ်
ကျောင်းတက်နေရတာမို့ စာတွေကျက်နေတာနဲ့
ပို့စ်တွေ မတင်ဖြစ်နိုင်တာပါ...`
အခုတင်ပေးမယ့်   အကြောင်းအရာကတော့
Network နဲ့ပတ်သက်ပြီး စိတ်ဝင်စားနေတဲ့ လူတွေ
အတွက် အသုံးတည့်မယ့် စာအုပ်လေး တစ်အုပ်
ကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ...
အထဲမှာ တော့ 
လုပ်ဆောင်ချက် (၁)
ကွန်ပျူတာ ၂ လုံးအား အလွယ်ကူဆုံး Network ချိတ်ဆက်နည်း

    ကွန်ပျူတာတွင် Network Card တပ်ဆင်ခြင်း။
    Cross cable ကြိုးပြုလုပ်နည်း။


လုပ်ဆောင်ချက်(၂)
File များ၊ Printer များအား Network ချိတ်ဆက်ပြီး မျှဝေ သုံးစွဲနည်း

    File Sharing ပြုလုပ်ခြင်း။
    Printer Sharing ပြုလုပ်ခြင်း။


လုပ်ဆောင်ချက်(၃)
Network Game ကစားရန် ကွန်ပျူတာ ၂ လုံးအား Network ချိတ်ဆက် ကစားနည်း

လုပ်ဆောင်ချက်(၄)
ကွန်ပျူတာ (၂)လုံးထက်ပိုပြီး Network ချိတ်ဆက်နည်း

လုပ်ဆောင်ချက်(၅)
Server ကွန်ပျူတာ ထည့်သွင်းပြီး Network ကို အသုံးပြု စီမံခန့်ခွဲခြင်း

    File Sharing ပြုလုပ်ခြင်း
    Remote Desktop Connection အကြောင်း
    Client User တိုးယူသတ်မှတ်ခြင်း
    Map Drive ပြုလုပ်ခြင်း
    Printer Sharing ပြုလုပ်ခြင်း
    Server မှ CD Room ကို မျှဝေသုံးစွဲခြင်း
    အသုံးများသည့် program များကို server ထည့်သွင်းပြီး program ကို administrator ကိုသာ သုံးစွဲခွင့်ပြုခြင်း


လုပ်ဆောင်ချက်(၆)
Internet ဆိုင်ဖွင့်လိုသူများနှင့် ရုံးအတွင်းရှိ ကွန်ပျူတာများအားလုံးကို အင်တာနက်အသုံးပြုနိုင်အောင် internet line တစ်လိုင်းတည်းကို ကွန်ပျူတာများ ခွဲဝေ သုံးစွဲနိုင်အောင်ပြုလုပ်နည်း

    Rounter
    အင်တာနက်အသုံးပြုမည့် clients ကွန်ပျူတာများမှ လုပ်ဆောင်ပေးရမည့်အပိုင်း
    DNS server (Domain Name Service) အကြောင်း
    Proxy server အကြောင်း
    Firewall အကြောင်း
    CACHE အကြောင်း
    Router ကို DHCP SERVER အဖြစ်ထားပြီး internet ချိတ်ဆက်မှု့ ပြုလုပ်ခြင်း
    Internet သုံးမည့် ကွန်ပျူတာဘက်မှ ပြုလုပ်ရမည့် လုပ်ဆောင်ချက်အပိုင်း


လုပ်ဆောင်ချက် (၇)
Wireless Network ကို အသုံးပြုပြီး Internet ချိတ်ဆက်ခြင်း

    Internet သုံးမည့် ကွန်ပျူတာဖက်မှ ပြုလုပ်ရမည့်လုပ်ဆောင်ချက်
    Rounter ဘက်မှ လုပ်ဆောင်ရမည့်အပိုင်း
    Rounter ကို firewall အဖြစ် အသုံးပြုပြီး မိမိ Network အတွင်းရှိ ကွန်ပျူတာများကို Internet သုံးစွဲခွင့် ခွဲခြားသတ်မှတ်ခြင်း
    Riybter Password ကို မိမိစိတ်ကြိုက် ပြောင်းလဲသတ်မှတ်ခြင်း
    Rounter configuration ကို Backup ဖိုင်အဖြစ် သတ်မှတ်သိမ်းဆည်းခြင်း
    Rounter configuration backup file (netgear.cfg) ကို restore ပြုလုပ်ခြင်း
    Rounter ကို ဝေးမှနေပြီး ထိန်းသိမ်းနိုလုပ်ပေးခြင်းင်အောင် ပြုလုပ်ပေးခြင်း


လုပ်ဆောင်ချက်(၈)
FTP (file transfer Protocol) ကို အသုံးပြုပြီး ကိုယ့်ကွန်ပျူတာ အတွင်းရှိ File များကို FTP server သို့ ပေးပို့ခြင်းနှင့် လက်ခံရယူခြင်း။
အစရှိတဲ့ အကြောင်းအရာများကို ရေးသားထားပေးတဲ့
စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။။။
လိုချင်ရင်တော့ အောက်မှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်ခင်ဗျာ.......


Download : (11.1) MB

Solidfiles           

Zippyshare           

Speedshare           



အဆင်ပြေပါစေ........
Min Oke Kar (ဘီလူးကျွန်းသားလေး)          


ကျွန်တော့်တို့ တင်သမျှပို့စ်နဲ့ပတ်သက်ပြီး
 ဆွေးနွေးဝေဖန်အကြံပြုလိုသူများရှိရင်
Facebook မှာ Group ထောင်ထားပါတယ်ခင်ဗျာ..........

Group Name
Min Oke Kar(ဘီလူးကျွန်းသားလေး)
 https://www.facebook.com/groups/820150101390744/



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )             www.htarwaiethar.org

Sunday, November 24, 2013

Wireless Rounter Setting ချပြီး အသုံးပြုပုံ

















အခုနည်းလမ်းကတော့ သိပြီးသားလူတွေက သိပြီးသား ဖြစ်မှာပါ။ ကျွန်တော်လည်း ကျွန်တော် သိသလိုပဲ ပြန်လည် မျှဝေလိုက်ပါတယ်ခင်ဗျား။

လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း လုပ်ဆောင်သည်-

(၁) ချိန်ဆက်မည့် Wireless Router ရှိ WAN ပေါက်တွင် အင်တာနက် ရရှိသည့် Cable ကြိုးကို တပ်ဆင်ပြီး WLAN ပေါက်တွင် Desktop Computer တစ်လုံး၌ တပ်ဆင်လေ၏။

(၂) ထို့နောက် Internet Explore or Firefox  ကို ဖွင့်၍ 192.168.1.1 ကို ရိုက်ဖွင့်လေ၏။ ( တစ်ချို့သော Rounter တွေက 192.168.0.1  ဖြစ်နေတက်ပါတယ်။ စက်မှာ ကြည့်နိုင်ပါတယ်။ )

(၃) Box တစ်ခု ကျလာလျှင် User = admin နှင့် Password = admin ကို ရိုက်ဖွင့်လေ၏။

(၄) TP Link ထဲသို့ ရောက်ပါက Quick Start ကို နှိပ်ပါ။ Next ကို နှိပ်ပါ။

(၅) Static IP ကို ရွေးပြီး Next ကို နှိပ်ပါ။

(၆) IP Address , Subnet Mask, Default Gateway , Primary DNS , Secondary DNS တို့ကို ဖြည့်ပါ။ (ဥပမာ . 165.116.1.125 ၊ 255.255.255.0 ၊ 165.116.1.158 ၊ 203.81.64.20 ၊ 203.81.64.21 စသဖြင့် အင်တာနက် သုံးစွဲ၍ ရနေသော IP များကို ထည့်ပါ။)

(၇) နောက်တဆင့်ရောက်ပါက Next ။

(၈) Wireless Network Name တွင် မိမိနှစ်သက်ရာ အမည်ပေးပြီး Next လုပ်ပါ။(ဥပမာ- MMT Cyber Cafe)

(၉) Finish လုပ်ပါ။ Reboot လုပ်ပါ။
(Wireless Router ၏ လုပ်ငန်းစဉ်များ ဖြစ်သည်)

ထို့နောက် Internet Explore or Firefox တွင် Internet Options ကိုဖွင့်၍ Connections tab မှ LAN setting ကို ဖွင့်ပါ။ Proxy Sever တွင် address ထည့်ပါ။ (ဥပမာ -ygncache.mpt.net.mm : 8080 )

၎င်းနောက် My Network Places တွင် Internet Protocol (TCP/IP)၌ Obtain an IP address automatically ကိုရွေး၍ Ok လုပ်ပါ။

www.google.com ကို ဖွင့်ကြည့်၍ ရပါက Wireless လုပ်ငန်းစဉ် ပြီးပြီ ဖြစ်၏။ တစ်ခြား Laptop တစ်လုံးတွင် Wireless ဖွင့်၍ No Proxy နှင့် Obtain an IP address automatically လုပ်ပြီး လှမ်းသုံးနိုင်ပြီ။

မိမိ၏ Wireless Network ကို တစ်ခြားသူများ မသုံးစွဲစေလိုပါက Select Wireless Security တွင် WPA2-PSK-Personal (Recommended) အောက်၌ Password ပေး၍ သုံးနိုင်သည်။


ယခု နည်းလမ်းများသည် အလွယ်ဆုံးနှင့် အများဆုံးအသုံးပြုသော Rounter ကို Setting ချသွားပုံပဲ ဖြစ်ပါတယ်။ အသေးစိတ်ကို Rounter Manual Book မှာ ဖတ်ရှု့နိုင်ပါတယ်ခင်ဗျား။


**  ကိုကိုဇော် ( BE-EC )

Saturday, November 23, 2013

Basic Networking ( မြန်မာ စာအုပ် )




















ကျွန်တော် Basic Networking ( Networking အခြေခံလေးများ )  စာအုပ်ကို ဘလော့ဂ်မှ မျှဝေလိုက်ပါတယ်ခင်ဗျား။

စာအုပ်ရေးသားသူကတော့ ကိုနေ ဖြစ်ပါတယ်။

www.myanmar-technicians.org  မှ ရေးသားသော စာအုပ်ဖြစ်ပါတယ်။

လိုအပ်သူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

ဖိုင်ဆိုဒ်က 582 KB ရှိပါတယ်။


Download 


**  ကိုကိုဇော် ( BE-EC )

Saturday, May 11, 2013

Server အကြောင်း​ပြော​ရအောင်



















 ဆာ​ဗာ၊ ဆာ​ဗာ​နဲ့ ပြော​နေ​လိုက်​ကြ​တာ တော်တော်​များ​များ စိတ်ဝင်စား​ကြ​မှာ အမှန်​ပါ​ပဲ။ ဥပမာ ဝ​ဘ်​ဆို​ဒ် တစ်​ခု ဝင်​လို့ မ​ရ​တဲ့​အခါ လူ​တစ်​ယောက် သွား​မေး​တော့ “အဲ​ဒါ​ဆာ​ဗာ​ဒေါင်း​နေ​တယ်​ကွာ”လို့​ဖြေ​တယ်​လေ။ နား​မ​လည်​တဲ့ အချိန်​တုန်း​က ဆာ​ဗာ ဒေါင်း​တယ်​ဆို​တာ နား​ထဲ​ကို ကန့်လန့်​လိုက်​ဝင်​ပါ​တယ်။ ကဲ တည့်​ကြ​ရအောင်။ အင်​တာ​နက် အသုံးပြု​တဲ့ လူ​တိုင်း နားလည်​အောင် အ​လွယ်ကူ​ဆုံး နည်း​နဲ့ ရှင်း​ပြ​ပါ​မယ်။

အဲ​ဒီ ဆို​ဒ်​တစ်​ခု ဖွင့်​မ​ရ ဆာ​ဗာ ဒေါင်း​တယ်​ဆို​တာ Web Server ကို​ပြော​တာ​ပါ။ Server မှာ​တောင် အမျိုး​မျိုး ကွဲ​သေး တယ်​လေ။ ကဲ စကြ​ရအောင်။

"Server အ​ဓိ​ပ္ပါ​ယ်"

ကွန်​ပြူ​တာ​ကွန်ရက်​များ​အား ချိတ်ဆက်​၍ သ​တင်း​အချက်အလက် ပေး ပို့​ပေး​ခြင်း၊ သိမ်းဆည်း​ထား​ပေး​ခြင်း တို့ ပြုလုပ်​ပေး​သူ​ကို Server လို့ ခေါ်​ပါ​တယ်။ အ​လွယ်ကူ​ဆုံး ပြော​ပြ​ပါ​မယ်။ ခု​နေ ရုံး​အကြီး​စား တစ်​ခု​ကို​သွား​ရင် သူ့​မှာ စာ​ရွက်​စာတန်း​တွေ ထိ​မ်း​ထား တဲ့ နေရာ​တစ်​ခု​တော့ ရှိ​မှာ​ပဲ​လေ။ ​ဂို​ထောင်​တစ်​ခု​နဲ့​ကို သီး​သန့်​တောင် ထား​ကြ​ပါ​တယ်။ ဆေး​ရုံ​တွေ​မှာ​ဆို ပို​အရေးကြီး​ပါ​တယ်။ အခန်း​ကြီး တစ်​ခု​ထဲ​မှာ။ ဘယ်​နေ့​က ဘယ်​လူ​နာ၊ ဘယ်​နေ့​က ဘယ်​ဆေး​တိုက်၊ ဘယ်​သူ​ဆင်း၊ ဘယ်​သူ​သေ၊ ဘယ်​သူ​တက်၊ ဆေး​ရုံ​အသုံးစရိတ် ဘယ်လောက်၊ ဝန်​ထမ်း​အင်အား ဘယ်လောက် အစ​ရှိ​သ​ဖြင့် အချက်အလက်​အားလုံး​ကို ဂိုဒေါင် တစ်​ခု​ထဲ​မှာ​သိမ်းထား​ပါ​မယ်။ လို​အပ်​တဲ့​အခါ​ကျ ​ဂို​ထောင်​ထဲ​မှာ ဖိုင်​စာရင်း​အတိ​အကျ​ကို ထုတ်ယူ​လို့​ရအောင် စနစ်​တ​ကျ သေ​သေ​သပ်သပ် ထည့်​ထား​ပါ​တယ်။

ဟုတ်ကဲ့။ အဲ​ဒီ​အချက်အလက်​တွေ​အားလုံး​ကို ကွန်​ပြူ​တာ​တစ်​ခု​ထဲ​မှာ​ပဲ ထည့်​ပြီး ယင်း​ကွန်​ပြူ​တာ​က​နေ လို​သ​လို ထုတ်​သုံး​မယ်။ နောက်ထပ်​ကွန်​ပြူ တာ တစ်​ခု​စီ ရောက်​အောင်​လည်း ရုံး​တွင် network နဲ့ ပို့​ပေး​နိုင်​မယ်​ဆို​ရင် ယင်း​ကွန်​ပြူ​တာ​က Server အနေ​နဲ့ အလုပ်​လုပ်​နေ​ပါ​ပြီ။ ဒီ​တော့ သူ့​ကို Database Server လို့ အကြမ်း​ဖျင်း​မှတ်ယူ​နိုင်​ပါ​တယ်။

"Server မှာ OS လို​အပ်​ခြင်း

သာမန် ဂိုဒေါင်​တစ်​လုံး​မှာ​တောင် Store keeper ဆို​ပြီး သီး​သန့်​ခန့်​ရ တယ်​လေ။ ဒီ​တော့ Server တန်း​ဝင်​ဖို့​အတွက် Server လုပ်​မယ့် ကွန်​ပြူ​တာ​မှာ Server Operating System ကို ထည့်​ထား​ရ​ပါ​တယ်။ အချို့​ကျ​တော့ ​ဂို​ထောင်​ဝန်​ထမ်း​မ​ထား​ချင်​ဘူး။ အချက်အလက် က​လည်း နည်း​တော့ အဆင်​ပြေ​သ​လို​ထား​တယ်။ ဟုတ်ကဲ့။ ကွန်​ပြူ​တာ မှာ​လည်း ကိုယ် ထောက်ပံ့၊ မျှဝေ၊ သိမ်းဆည်း​ပေး​ရ​မယ့် အချက်အလက်​က သိပ်​မ​များ​ဘူး​ဆို​ပြီး အချို့​များ​က​လည်း Server Operating System မ​သုံး​ပါ​ဘူး။

သုံး​တယ်​ဆို​ရင် ရွေး​စရာ​က အများ​ကြီး​ပဲ။ Linux Server OS သုံး​မ​လား၊ Windows လား၊ Mac လား အစ​ရှိ​သ​ဖြင့် ပေါ့။ Server OS ဆို​လို့ ဘာ​များ​လည်း​လို့ အ​တွေး​နက်​မ​သွား​ပါ​နဲ့။ သူ​က ​ဂို​ထောင်​တစ်​ခု​လို တာဝန်​ထမ်း​ပေး​မယ့် ကွန်​ပြူ​တာ​ကို အကောင်း​ဆုံး ဝန်​ဆောင်​မှု ပေး​မယ့် OS ပါ။ တော်​ရုံ OS က​မ​လုပ်​နိုင်​တာ​တွေ လုပ်​ပေး​မှာ​လေ။

"Server အမျိုး​အစား​များ"

Web Server ဝ​ဘ်​ဆို​ဒ်၊ ​ဒေ​တာ အချက်အလက် များ အား သိမ်းဆည်း​ပေး၊ စေခိုင်း​မှု (command လက်ခံ​ပေး) ပြန်လည် အကြောင်းကြား​ပေး​ဖို့ အလုပ်​လုပ်​ပါ​တယ်။ ဥပမာ ကျ​နော်​က ဝ​ဘ်​ဆို​ဒ် တစ်​ခု ထောင်​လိုက်​မယ်။ ထောင်​တယ်​ဆို​လို့ နို့ဆီ​ဗူး​ထောင်​သ​လို ထောင်​လိုက်​တာ မဟုတ်​ဘူး​နော်။ ဆို​ဒ်​တစ်​ခု ပ​ရို​ဂ​ရ​မ်​နဲ့​ဆွဲ​ပြီး အင်​တာ​နက်​ပေါ် လွင့်​ပါ​မယ်။ ဒီ​လို​လွင့်​ဖို့​အတွက် ယင်း​အချက်အလက်​တွေ​ကို ဘယ်​မှာ သိမ်း​မ​လည်း​က ရှိ​လာ​မယ်။ ဥပမာ ခု​နေ စာ​ဖတ်​သူ​တို့ Facebook ပေါ်​မှာ ပုံ​တွေ တင်​ကြ​တယ်။ အဲ့​ပုံ​တွေ ဘယ်​ရောက်​သွား​လဲ။ Facebook က အကို​တွေ၊အမ​တွေ​က​ပဲ အ​လှ​ဆုံး​ပုံ​တွေ​ရွေး​လို့ ဝိုင်​ကြည့်​နေ​ကြ​မယ်​လို့ ထင်​လို့​လား။

အမှန်​တာ့ ယင်း​ပို့သ​မျှ​ပုံ​တွေ​ကို Server (ဂိုဒေါင်)ထဲ ထည့်​ပါ​တယ်။ အချက် အလက်​သိမ်းဆည်း​ပြီး Hard Disk အကြီး​စား​လို​ပါ​ပဲ။ Google ဆို​ရင် က​မ္ဘာ့​အကြီး​ဆုံး Data Center တောင် ပိုင်​ပါ​တယ်။ Web Server အနေ​နဲ့ Website ရဲ့ အချက်အလက်​များ​ကို သိမ်းဆည်း​ပေး၊ Command လက်ခံ​ပေး၊ ပြန်လည် အကြောင်းကြား​ပေး အစ​ရှိ​သ​ဖြင့် အလုပ်​လုပ် ပါ​တယ်။ Web Server အကြောင်း​နောက်မှ သက်သက်​ရှင်း​ပါ​မယ်။

Application Server – Software app များ​အား အလုပ်​လုပ်​ရန် ဝန်​ဆောင်​မှု​ပေး​သော Server

Catalog Server – network ပေါင်း​များ​စွာ​မှာ အချက်​လက်​များ​ကို အ​လွယ်​တ​ကူ ဆီး​ကူး​စေ​ရန် central search point အဖြစ် ဝန်​ဆောင်​မှု​ပေး​သော Server

Communication Server - တယ်လီဖုန်း တို့​ကဲ့သို့ ဆက်​သွယ်​ရေး​အတွက် အသုံးပြု​သော Server

Database server - ကွန်​ပြူ​တာ ပ​ရို​ဂ​ရ​မ်​နှင့် ကွန်​ပြူ​တာ​များ​အား သ​တင်း​အချက်အလက်​များ​အား သိမ်းဆည်း​ပေး​သည့် Server

Fax server – Fax ဝန်​ဆောင်​မှု ပေး​သော Server

File server - ဖိုင်​များ​အား အ​ပေး​အယူ၊ အ​ကူး​အပြော​င်း ပြုလုပ်​ပေး​သော Server

Game server - ဗီ​ဒိ​ယို​ဂိ​မ်း​ပ​ရို​ဂ​ရ​မ်​နှင့် User များ​အား ထောက်ပံ့​ပေး​သည့် Server

Home Server - အိမ်​များ​အတွက် Server

Name Server - ဝ​ဘ်​ဆို​ဒ် လိပ်စာ DNS များ​အား သိမ်းဆည်း​ဝန်​ဆောင် မှု​ပေး​သည့် Server

Print Server (Printer ဝန်​ဆောင်​မှု​အတွက် ဆာ​ဗာ)၊ Proxy Server (မ​တူညီ​သော server များ​ချိတ်ဆက်​နိုင်​ရန် ကြား​ခံ ဆက်​သွယ်​ပေး​သော Server, Sound server (ရေ​ဒီ​ယို​တို့​ကဲ့​သု့​ိ multimedia broadcasting, streaming ​များ​အတွက် အလုပ်​လုပ်​သော ဆာ​ဗာ)၊ Stand-alone Server, Computer Server အစ​ရှိ​သ​ဖြင့် အမျိုး​မျိုး ထပ်​ကွဲ​ပါ​တယ်။ အချို့ ကျ​တော့ လည်း Server တစ်​ခု​ချင်း​စီ​မ​ခွဲ​ပဲ သုံး​လေး​မျိုး​ကို Server တစ်​လုံး​တည်း​နဲ့ လုပ်​လို့​ရအောင် ဖန်တီး ပေး​ပါ​တယ်။ နောက်မှ Server တစ်​ခု​ချင်း​စီ အကြောင်း အသေး​စိတ် ရှင်း​ပြ​ပါ့​မယ်။

"Server မှာ ဘာ​တွေ ပါ​လဲ"

Server မှာ ပ​ရို​ဂ​ရ​မ်​အနေ​နဲ့ Server OS ပါ​ရ​မယ်​လို့ ပြော​ပြီး​သွား​ပြီ။ (မ​ပါ​လည်း ကိစ္စ​မ​ရှိ​ဘူး​နော်)။ Hardware ပစ္စည်း အနေ​နဲ့ ကတော့ Memory (အချက်အလက် သိမ်းဆည်း​ထား​မယ့် ပစ္စည်း) လို​အပ်​ပါ​တယ်။ Google တို့​လို ကု​မ္မ​ဏီ​ကြီး ကတော့ Data Center ဟဲ​ဗီး သုံး​ပြီး သူ့ ကို Run ဖို့​အတွက် သီး​သန့် Data Center Server OS တောင် သက်သက်​သုံး​ရ ပါ​တယ်။ အေး​အောင်​လည်း အ​မြဲ လုပ်​ပေး​ရ​ပါ​တယ်။ ဒါ​မှ Server မ​ဒေါင်း​မှာ​လေ။ တစ်​မိ​နစ်​ဒေါင်း​ရင် Google ဆုံးရှုံး​မယ့် ငွေ​က ကန်​ဒေါ်လာ သန်း​ထောင်​နဲ့​ချီ​မှာ​ပါ။ သူ့​ကို​မှီ​နေ​တဲ့ ကု​မ္မ​ဏီ တွေ နိုင်ငံ​တိုင်း​မှာ ရှိ​နေ​လို့ ဖြစ်​ပါ​တယ်။ ဟုတ်ကဲ့ ဒီ​တော့ Server မှာ အချက်အလက် သိမ်းဆည်း ပေး​မည့် ​ဟာ့​ဒ်​ဝဲ၊ Server အလုပ်​လုပ်​ရန် စီမံ​ခန့်​ခွဲ​ပေး​မည့် software တို့ လို​အပ်​ပါ​တယ်။

"Server တို့ ဘယ်​လို အလုပ်​လုပ်​လဲ"

သာမန်​ကွန်​ပြူ​တာ​ပဲ​လေ။ Mail server ဆို​ပါ​စို့။ ကျ​နော်​က Gmail စာ​တစ်​စောင်​ရေး​လို့ ပို့​လိုက်​ပြီး mail server ထဲ ရောက်​ပြီး အဲ့​မေး​လ်​ကို စစ်​ပေး။ ဘယ်​ကိုယ်​ပို့​ရ​မယ်​ဆို​တာ သေသေချာချာ ပြန်​ကြည့်​ပြီး ပို့​ရ​မယ့် လိပ်စာ၊ နေရာ၊ နိုင်ငံ၊ အင်​တာ​နက်​လိုင်း​ကို စီး​ကူး ပေးလိုက်​ပါ​တယ်။ ဒါ​တွေ​အားလုံး​က တစ်​မိ​နစ်​အတွင်း​မှာ ဖြစ်​သွား​တာ​နော်။ အင်​တာ​နက် လိုင်း​မြန် ရင် စက္ကန့်​နဲ့​တောင် ဖြစ်​တယ်။ Game server ဆို​ရင်​လည်း ဘယ်​သူ​တွေ Log in ဝင်​ထား​လဲ။ ဘယ်​သူ​တွေ ဘာ​လုပ်​နေ​လဲ။ သူ​ကတော့ ဘာ အချက်အလက်​တွေ ပို့​လိုက်​ပါ​ပြီ။ ဟို​ဘက်​ကို ဘာ​အချက် အလက် ပြန်​ပို့​ပေး​ရ​မယ် အစ​ရှိ​သ​ဖြင့် တော်တော်​အလုပ်​ရှုပ်​ပါ​တယ်။ သူ့​ရဲ့ Data စီး​ဆင်း​မှု​က​လည်း အ​တော်လည်း မြန်ဆန်​ပါ​တယ်။

Facebook ဆို​ရင်​တော့ Web server ပေါ့။ ကျ​နော်​တို့​က Log in ဝင်​ရင် ဘယ်​သူ​က ဘယ် IP နဲ့ ဝင်​လာ​ပါ​တယ်။ ဘယ် folder ကို​ပို့​ပေး​ရ​မယ်။ ဘာ​တွေ ပြန်​ပို့​ပေး​ရ​မယ်။ အစ​ရှိ​သ​ဖြင့် အလုပ်​ရှုပ်​ပါ​တယ်။ ဝ​ဘ်​ဆို​ဒ်​တစ်​ခု​အနေ​နဲ့ လူ​ဘယ်နှစ်​ယောက် ကြည့်​ပြီး​ရင် ဒေါင်း​တယ် ဆို​တာ Server ကိုယ်​ရ​တဲ့ memory နဲ့​ဆိုင်​ပါ​တယ်။ IP ဘယ်လောက်​ပဲ ဝင်​သုံး​လို့​ရ​မယ်​လို့ ကန့်သတ်​ထား​ပါ​တယ်။ user များ​ရဲ့​ဝင်​ရောက်​ကြည့်​ရှု အသုံးပြု​မှု အရေအတွက် တစ်​ခု ရောက်​လို့ Memory ကျော်သွား​ရင် server အလုပ်​လုပ်​မှု ရပ်​ပါ​တယ်။ ပြီး​တော့ မိမိ ဝ​ဘ်​ဆို​ဒ်​မှာ အချက်အလက်​တွေ တင်​တာ သတ်​မှတ်ချက်​ထက် ကျော်​လွန်သွား ရင်​လည်း ဒေါင်း​ပါ​တယ်။ အချက်​လက် ဘယ်လောက်​ပဲ ထည့်​ဖို့ Server မှာ memory space ဘယ်လောက်​ဝယ်​ထား​တယ် ဆို​တာ​မျိုး​ပေါ့။

Domain Name Server ဆို​ရင်​လည်း ဘယ်​ဝ​ဘ်​ဆို​ဒ် လိပ်စာ ဘယ် IP ကတော့ register လုပ်​လိုက်​ပါ​ပြီ။ ငါ​ဒီ IP နဲ့ လိပ်စာ​ကို အခြား​လူ​ပေး​လို့ မ​ရ​တော့​ဘူး အစ​ရှိ​သ​ဖြင့် DNS က အလုပ်​လုပ်​ပါ​တယ်။ ခု​နေ www.facebook.com နဲ့ ဆို​ဒ်​တစ်​ခု ရ​လား​လို့ register လုပ်​ကြည့်​လေ။ ယင်း နာမည်​ကို DNS မှာ register လုပ်​ထား​ပြီး​ပြီ​မို့ နောက်​လူ​တွေ လုပ်​ယူ​လို့ မ​ရ​တော့​ပါ​ဘူး။ ဒါ​က ရှင်း​ရ​ရင် အများ​ကြီး​ရှိ​ပါ​သေး​တယ်။ နောက်မှ ရှင်း​ပါ့​မယ်။

Server ကို သာမန်​ကွန်​ပြူ​တာ​နဲ့ မ​လုပ်​ရ​ခြင်း​က အကြောင်း ​၂ ချက်​ရှိ ပါ​တယ်။ တစ်​ခု​က ​၂​၄ နာရီ​အလုပ်​လုပ်​ရန် သာမန် ကွန်​ပြူ​တာ​က မ​သင့်​တော်​ခြင်း​နဲ့ သ​တင်း​အချက်အလက်​မြောက်​များ​စွာ​ကို လုံခြုံ​စွာ သိမ်းဆည်း​မ​ပေး​နိုင်​ခြင်း​တို့​ကြော​င်း​ပါ။ ဒါ​ကြောင့် Server ဆို​ပြီး သီး​သန့်​စက်​ကြီး​တွေ၊ OS တွေ​နဲ့ run ရ​ပါ​တယ်။

**  Htar Waie Thar

# Shared from winkabarkyaw's blog

Monday, April 22, 2013

Home Network ( Network အသေးစားလေးတည်ဆောက်ခြင်း)


















Home Network ( Network အသေးစားလေးတည်ဆောက်ခြင်း) ဆိုသော စာအုပ်လေးရလာလို့ ပြန်မျှလိုက်မယ်နော် ။

အသေးစား နက်ခ်ဝက် တည်ဆောက်ပုံကို ပြည့်ပြည့်စုံစုံ ရေးသားထားတာကို တွေ့ရမှာပါ ။

စာအုပ်က 299 KB ပဲရှိပါတယ် ။

လိုချင်သူများ ဒေါင်းနိုင်ပါတယ်ခင်ဗျား။

Download 


**  Htar Waie Thar

# ကျွန်တော် စာအုပ်ကို mmithelper ဘလော့ကနေမလာတာနော့် ။

Friday, April 19, 2013

Internet Speed ကို မြန်ဆန်စေသော DNS Sever များ

















DNS Sever ကိုတော့ ကျွန်တော် အတော်ကို ကြိုက်နှစ်သက်ပြီး အသုံးလည်းပြုပါတယ်။

သူက အင်တာနက် Speed ကို ပိုမြန်စေပြီး တခါတလေ Wifi သုံးနေရင်း Connected သာ ဖြစ်ပြီး No Internet Access ဖြစ်ရင်လည်း DNS Sever ကို ပြောင်းလိုက်တာနဲ့ Internet Access ကို ရသွားပါတယ်။

သူ့ကို သာမန်အားဖြင့် ကွန်ပျူတာမှာ Automatic ကို သာရွေးပြီး အသုံးပြုတာများပါတယ်။

ကိုယ်က ကြိုက်ရာ DNS Sever ကို အသုံးပြုချင်ရင်တော့

Start > Control Panel > Network and Sharing Centre > Change Adapter Setting >

အဲ့မှာ ကျွန်တော်တို့ အခုလောလောဆယ် အသုံးပြုနေသော Network Connection ကို ရွေးရပါတယ်။

ကျွန်တော်ကတော့ Wifi ကို အသုံးပြုတာကြောင့် Wireless Connection ကို ရွေးပြီး Right Click > Properties >

Properties Box မှာ Internet Protocol Version 4 ( TCP/IPv4 ) ကို ကလစ် Properties ကို ထပ်ပြီး ကလစ်ပါက

IP Address , DNS Sever ထည့်သွင်းလို့ရသော နေရာသို့ရောက်ပါတယ်။

ကျွန်တော်ကတော့ DNS Sever ကို Manual ထည့်သွင်းချင်တာမို့ အောက်ဘက်အနားက

Use the following DNS Sever Address: ကို Check လုပ်ပြီး ကိုယ်ဘာသာရိုက်သွင်းရမှာပါ ။

အဲ့မှာ DNS Sever ကို ရိုက်သွင်းဖို့ နှစ်နေရာရှိပါတယ် ။

Preferred DNS server , Alternate DNS server  တို့ပဲ ဖြစ်ပြီး နှစ်နေရာလုံးမှာ ထည့်သွင်းလည်းရသလို Preferred DNS server  မှာပဲ ရိုက်လည်းရတာ တွေ့မိပါတယ်ခင်ဗျား။

အောက်မှာ ကျွန်တော်သိသော DNS Sever များကို ဖော်ပြထားပါတယ်ခင်ဗျား ။


Level3:
Preferred DNS server – 209.244.0.3
Alternate DNS server – 209.244.0.4

Google:
Preferred DNS server – 8.8.8.8
Alternate DNS server – 8.8.4.4

ScrubIT3:
Preferred DNS server – 67.138.54.120
Alternate DNS server – 207.225.209.77

OpenNIC4:
Preferred DNS server – 69.164.208.50
Alternate DNS server – 216.87.84.211

Public-Root5:
Preferred DNS server – 199.5.157.131
Alternate DNS server – 208.71.35.137

Comodo DNS:
Preferred DNS server – 8.26.56.26
Alternate DNS server – 8.20.247.20

OpenDNS:
Preferred DNS server – 208.67.222.222
Alternate DNS server – 208.67.220.220

DNS Advantage:
Preferred DNS server – 156.154.70.1
Alternate DNS server – 156.154.71.1

Norton DNS:
Preferred DNS server – 198.153.192.1
Alternate DNS server – 198.153.194.1

SmartViper:
Preferred DNS server – 208.76.50.50
Alternate DNS server – 208.76.51.51


**  Htar Waie Thar

Sunday, March 24, 2013

သတင်အချက်အလက်နှင့် ဆက်သွယ်ရေးစနစ်



















ကျွန်တော် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး စနစ် ( Networking ) ဆိုသော စာအုပ်လေး တင်ပေးလိုက်ပါတယ် ။

နက်ဝက်ခ် အကြောင်း အခြေခံ အနေဖြင့် ရှင်းလင်းထားသော စာအုပ်ကောင်း တအုပ်ပါပဲ ။

ဖိုင်ဆိုက်က 509 KB လောက်ပဲ ရှိပါတယ် ။

Download 

**  ကိုကိုဇော် ( BE-EC )


Saturday, March 9, 2013

Complete Network Guide (ဦးဇော်လင်း)




















ကျွန်တော် ဆရာဦးဇော်လင်းရေးသားသော Complete Network Guide ဆိုသော စာအုပ်ကို လိုအပ်သူများ အသုံးလိုသော သူများအတွက် တင်ပေးလိုက်ပါတယ် ။

ဖိုင်းဆိုဒ်က 23 MB ကျော်ကျော်ရှိပါတယ် ။

Networking အကြောင်းကို ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားတာကို တွေ့နိုင်ပါတယ် ။

Download

** ကိုကိုဇော် ( BE-EC )

Friday, February 22, 2013

မိုဘိုင်းဖုန်းကွန်ယက်နည်းပညာ























မိုဘိုင်းဖုန်းများနှင့် အင်တာနက် အသုံးပြုမယ် ကွန်ပျူတာနဲ့ ချိတ်ဆက်မယ် စသော သူများ အတွက် အသင့်တော်သော စာအုပ်ကောင်းပါ ။

ဒီစာအုပ်ကို လည်း ဆရာသန်းထိုက်ရေးတာပါ ။

စိတ်ဝင်စားရင်တော့ ဒေါင်းပါခင်ဗျား ။

Download  http://www.mediafire.com/?obpywtnl4tte31c

**  ကိုကိုဇော် ( BE-EC )

Thursday, February 21, 2013

Network အသုံးပြုနည်းလက်စွဲ (Aung Lin , Moe Kyaw Thu BE,Electronics )






















Networks အပိုင်းစိတ်ဝင်စား စရာကောင်းသော စာအုပ်လေးပါ ။

စာအုပ်အမည်ကိုက Networks အသုံးပြုနည်းလက်စွဲလို့ ဆိုထားတော့ လက်ထဲမှာသာ ဆောင်ထားလိုက်ပါ ။

စိတ်ဝင်စားရင်တော့ ရဲရဲသာ ဒေါင်းပါ ခင်ဗျား ။

Download 

**  ကိုကိုဇော်  ( BE-EC )

Sunday, January 6, 2013

WI FI NETWORK လုံခြုံရေး



















www.winkabarkyaw.blogspot.com ရေးသားသော ပို့စ််ကို ကူးယူ Share လိုက်ခြင်းဖြစ်သည် ။

Wi Fi Network လုံခြုံရေးအတွက် အချက်များ

ကျနော်တို့ မြန်မာနိုင်ငံတွင် WiFi ကို တော်တော်များများအသုံးပြုလာကြသော်လည်း အသုံးပြုသူအများစု နှင့် တပ်ဆင်ဆောင်ရွက်ပေးသူ အများစုသည် WiFi Network Security ကို အလေးထားအသုံးပြုကြခြင်းမရှိကြသလို အသုံးပြုတတ်ခြင်းများလည်း မရှိကြပါ။ မိမိ၏ WiFi Network ကို ခိုးယူသုံးစွဲ၍ အင်တာနက်အသုံးပြုခြင်း၊ အလွဲသုံးစား ပြုလုပ်ခြင်း နှင့် မလိုအားလပ်သော ပြသနာများမဖြစ်စေခြင်းတို့ အတွက် သင်၏ WiFi Network ကို လုံခြုံရေး အကာကွယ်များ ရယူတပ်ဆင်ထားရှိသင့်သည်။

အောက်တွင် သင်၏ WiFi Network လုံခြုံရေးနှင့် ပက်သက်၍ ရှောင်ရန်၊ ဆောင်ရန် အချက်များကို ကျနော် သိရှိလေ့လာထားသလောက် ပြန်လည် ဝေငှ ရေးသားပေးပါမည်။

1.Change Default Administrator Passwords ( User Names )

သင် အသုံးပြုနေသော WiFi Router သို့မဟုတ် WiFi Access Point တွင် network setting configuration ပြုလုပ်ရန် web access ပါရှိသည်။ ၎င်းတွင် Login Screen ပါရှိပြီး user name & password ရိုက်ထည့်ပေးရသည်။

WiFi access point နှင့် Router ထုတ်လုပ်သော စက်ရုံမှ ထုတ်လုပ်လိုက်စဉ်က တစ်ပါတည်းပါလာသော user name & password များကို ပြောင်းလဲပစ်ရမည်။ အဘယ်ကြောင့်ဆိုသော Product အလိုက် Default password များကို internet ပေါ်တွင် အလွယ်တကူ ရှာဖွေ၍ သုံးစဲွနိုင်သောကြောင့်ဖြစ်သည်။
ဥပမာ။ ။ Linksys router အတွက် password သည် admin ဖြစ်ပြီး၊ SMC router အတွက် password သည် smcadmin ဖြစ်သည်။ ထို့ကြောင့် သင်၏ WiFi Network ကိုခိုးယူသုံးစွဲရန် ကြိုစားအားထုတ်သူသည် သင်၏ password ကို အလွယ်တကူ ခန့်မှန်းသိရှိနိုင်သည့်အတွက် Default Password များကို ပြောင်းလဲသုံးစွဲပါ။ သင်၏ WiFi access point နှင့် Router ကို ခိုးယူသုံစွဲသူသည် ၀င်ရောက်ချိတ်ဆက်နိုင်သွားပါက သင်၏ WiFi Network တစ်ခုလုံးကို မောင်ပိုင်စည်း၍ စိတ်တိုင်းကျ လုပ်ချင်တိုင်း လုပ်နိုင်သွားပေတော့သည်။ ပိုင်ရှင်ဖြစ်သော သင်ကိုယ်တိုင်ပင်လျှင် WiFi Network ကို အသုံးမပြုနိုင်အောင် လုပ်သွားနိုင်ပေမည်ဖြစ်ရာ ဤအချက်သည် အလွန်တရာ အရေးကြီးပေသည်။

သင်၏ password ကို ပေးရာတွင် ခန့်မှန်းရလွယ်ကူသော စကားလုံးများ၊ အမည်များကို မပေးသင့်ပေ။ ရှုပ်ထွေးသောစကားလုံးများကို အနည်းဆုံး စာလုံးရေ 8 လုံး ထားရှိပေးရမည်။

2. Turn on ( Compatible ) WPA/ WEP Encryption

အခုနောက်ပိုင်း ထုတ်လုပ်သော WiFi equipment တော်တော်များများတွင် encryption အထောက်အပံ့များ ပါ၀င်ကြသည်။ Encryption နည်းပညာကို အသုံးပြု၍ Data နှင့် Message များ ပေးပို့ခြင်းသည် အလွယ်တကူ ကြားဖြတ်ပြီး ခိုးယူသုံးစွဲရန် ခက်ခဲသဖြင့် wireless network ကို စိတ်ချစွာ အသုံးပြုနိုင်စေသည်။ WiFi နည်းပညာကို အသုံးပြုရာတွင် အမျိုးမျိုးသော Encryption နည်းပညာများကို အသုံးပြုနိုင်သည်။

နည်းပညာများမှာအောက်ပါအတိုင်းဖြစ်သည်။

1. IEEE 802.11( WEP Encryption ) နည်းပညာ

၎င်းနည်းပညာတွင် open system နှင့် shared key authentication methods ကို အသုံးပြုသည်။ WEP Encryption တွင် 40 bits သို့မဟုတ် 104 bits encryption key ကို အသုံးပြုသည်။ WEP နည်းပညာတွင် encryption key တစ်ခုတည်းကို အများ ၀ိုင်းဝန်းသုံးစွဲရသည်။ လုံခြုံမှု အားနည်းချက်များစွာရှိသောကြောင့် လုံခြုံမှု အနည်းငယ်သာလိုအပ်သောလုပ်ငန်းနှင့် အိမ်တွင်းသုံး WiFi Network များမှာသာ အသုံးပြုသင့်သည်။

(802.11 with WEP (Windows Vista, Windows XP, Windows Server 2003, and Windows Server 2008)

1. IEEE 802.1X

IEEE 802.1X နည်းပညာသည် IEEE 802.11 ထက်ပိုမို၍ လုံခြုံမှု ရှိသည်။ Network အရွယ်အစား အလယ်အလတ်နှင့် အကြီးစားတို့တွင် အသုံးပြုသည်။ user တစ်ဦးချင်း ကိုယ်ပိုင် user name နှင့် password တို့ကို အသုံးပြု၍ ရရှိရန်အတွက် IEEE 802.1X network တွင် RADIUS Server, Account Data Base Server / Active Directory Domain Controller Server တို့ကို တွဲဖက် အသုံးပြုကြရသည်။ Extensible Authentication Protocol (EAP) ကို အသုံးပြုသည်။

(802.1X (Windows Vista, Windows XP, Windows Server 2003, and Windows Server 2008))

မှတ်ချက်။ ။ အချို့ WLAN Card များသည် IEEE 802.1X တွင် အလုပ်မလုပ်ပါ။

1. Wi-Fi Protected Access (WPA)

အားနည်းချက်ရှိသော WEP Encryption ကို ပို၍ ကောင်းမွန်သော Wi-Fi Protected Access (WPA)

နည်းပညာဖြင့် အစားထိုးသည်။ ပိုမို၍ ခိုင်ခံကောင်းမွန်သော Temporal Key Integrity Protocol ( TKIP )ဖြင့် အစားထိုးတပ်ဆင်သည်။ optional အနေဖြင့် Advanced Encryption Standard ( AES ) ကိုလည်းအသုံးပြုနိုင်သည်။

1. WPA-Personal

Preshared key ကို အသုံးပြုထားသဖြင့် လုပ်ငန်းငယ် နှင့် ကွန်ယက်ငယ်များတွင် အသုံးပြုနိုင်သည်။

1. WPA-Enterprise

အလယ်အလတ်စားကွန်ယက်နှင့် ကြီးမားသောကွန်ယက်တို့တွင် အသုံးပြုရန်အတွက် တည်ဆောက်ထားပါသည်။

WPA (Windows Vista, Windows XP with SP2, Windows XP with Service Pack 1 [SP1] and the Wireless update rollup package for Windows XP, Windows Server 2003 with Service Pack 2, Windows Server 2003 with Service Pack 1, and Windows Server 2008)

1. Wi-Fi Protected Access 2 (WPA2)

WEP Encryption နည်းပညာနှင့် IEEE 802.11၏ အခြားလုံခြုံမှုအားနည်းချက်များကို ပြင်ဆင်ထားသော IEEE 802.11i စံနစ်ဖြစ်သည်။ TKIP နှင့် AES encryption နည်းပညာနှစ်မျိုးစလုံးကို အသုံးပြုရသော နည်းစံနစ် ဖြစ်သောကြောင့် WLAN Card တော်တော်များများနှင့် ကိုက်ညီရန် လိုအပ်ချက်များစွာရှိသည်။ လုံခြုံရေးအဆင့်အတန်း မြင့်မားပါသည်။

1. WPA2-Personal

Preshared key ကို အသုံးပြုထားသဖြင့် လုပ်ငန်းငယ် နှင့် ကွန်ယက်ငယ်များတွင် အသုံးပြုနိုင်သည်။

1. WPA2-Enterprise

အလယ်အလတ်စားကွန်ယက်နှင့် ကြီးမားသောကွန်ယက်တို့တွင် အသုံးပြုရန်အတွက် တည်ဆောက်ထားပါသည်။

WPA2 (Windows Vista, Windows XP with SP2 and the Wireless Client Update for Windows XP with Service Pack 2, Windows Server 2003 with Service Pack 2, and Windows Server 2008)

သင် အသုံးပြုသော WiFi router, WLAN Access Card equipment နှင့် OS ပေါ်တွင် မည်သည့် Encryption နည်းပညာကို အသုံးပြုနိုင်သည်ကို ဦးစွာပထမ လေ့လာရမည်။ သို့မှသာ မည်သည့်နည်းပညာကို သုံးစွဲရမည်ကို ဆုံးဖြတ်ရမည်။

3. Change the Default SSID

Access Point နှင့် Router တော်တော်များသည် SSID ဟူသော ကွန်ယက်အမည် စံနစ်ကို အသုံးပြုကြသည်။

ပစ္စည်းထုတ်လုပ်သူတို့သည်၎င်းတို့၏ပစ္စည်းများတွင် ကုန်အမှတ်တံဆိပ်၏အမည်ဖြင့် SSID ကို သတ်မှတ်ပြီး ရောင်းချလေ့ရှိသည်။

ဥပမာ။ ။ Linksys သည် သူ၏ SSID ကို Linksys ဟု သတ်မှတ်ပေးထားသည်။

ထိုကြောင့် SSID ကို network security setting စတင်အသုံးပြုလျှင် ပြုခြင်း ပြောင်းလဲသုံးစွဲပစ်မှသာ မိမိသုံးစွဲနေသော Access Point နှင့် Router အမျိုးအစားတို့ကို မသက်ဆိုင်သူများ အလွယ်တကူ မသိရှိနိုင်သဖြင့် ခိုးယူသုံးစွဲရန် ခက်ခဲစေသည်။

4.Enable MAC Address Filtering

Access Point , Router နှင့် WLAN Access Card equipment များတွင် မတူညီနိုင်သော သီးခြားသတ်မှတ်ထားရှိသော ကိုယ်ပိုင်အမှတ်ဟုနားလည်နိုင်သည့် physical address ခေါ် MAC Address တစ်ခုစီပါရှိသည်။ မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များတွင် ပါသော frame အမှတ်ကဲ့သို့ဖြစ်သည်။ Access Point , Router တို့သည် ၎င်းတို့လာရောက်ချိတ်ဆက်သော WLAN equipment များ၏ MAC Address များကို ကိုင်တွယ်သိမ်းဆည်းထိမ်းသိမ်းကြသည်။ သင်၏ WiFi Network တွင် အသုံးပြုမည့် WLAN equipment များ၏ MAC Address များကိုသာ စီစစ်ကန့်သတ်၍ ချိတ်ဆက် ခွင့်ပြုခြင်းသည် လုံခြုံမှုကာကွယ်ရေး အဆင့်တစ််ဆင့်အနေဖြင့် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

သို့သော် Hacking program တစ်ချို့ကို အသုံးပြု၍ hacker များသည် MAC Address clone ပြုလုပ်ပြီး network ကို ချိုးဖောက် ခိုးယူအသုံးပြုနိုင်ပါသေးသည်။

5.Disable SSID Broadcast

WiFi Network တွင် AccessPoint နှင့် Router တို့သည် ပုံမုန်အားဖြင့် network name ( SSID) ကို လေထုထဲသို့ အကွာအဝေးတစ်ခုအထိ ပုံမှန် (Broadcast )လွှင့်ထုတ်ပေးသည်။ ၎င်း feature သည် access point အား သုံးစွဲသူ client တို့က WiFi Network ချိတ်ဆက်ရာတွင် အသုံးပြုနိုင်သည့် ဧရိယာ (WiFi Network Range ) အတွင်း ရှိခြင်း၊ မရှိခြင်း ကို သိသာထင်ရှားစွာ မြင်တွေ့နိုင်ရန်အတွက် အသုံးပြုသည်။ ၎င်း feature ကြောင့်ပင်လျှင် Hacker များအား WiFi network ရှိကြောင်းကို အလွယ်တကူ သိရှိစေနိုင်သည်။ ကံကောင်းထောက်မစွာပင် AccessPoint နှင့် Router တို့တွင် SSID Broadcast ကို Disable လုပ်နိုင်သော setting ပါရှိသည်။ မိမိ၏ အိမ် နှင့် လုပ်ငန်းတွင် ၎င်း feature ကို မလိုအပ်လျှင် ပိတ်ထားခြင်းဖြင့် မသက်ဆိုင်သူများ မိမိ၏ WiFi Network ကို အလွယ်တကူ မတွေ့မြင်နိုင်စေ၍ လုံခြုံမှု အဆင့်အတန်း တိုးမြှင့်ရာ ရောက်ပါသည်။

6.Do Not Auto-connect to Open WiFi netwoks

သင်၏အိမ် (သို့) လုပ်ငန်း ပတ်ဝန်းကျင်အနီးအနားတွင် router များ accesspoint များ ရှိနေပါက သင်၏ ကွန်ပျူတာနှင့် WiFi ချိတ်ဆက်နိုင်သော equipment များတွင်ပါရှိသော WiFi connection အလိုအလျောက် ချိတ် ဆက်နိုင်သည့် "Automatically connect to available networks" setting များကို ပိတ်ထားပါ။ ထိုသို့ ပြုလုပ်ခြင်း သည် သင်၏ data နှင့် network လုံခြုံရေးကိုအဆင့်မြှင့် ထိန်းသိမ်းဆောင်ရွက်ရာ ရောက်ရှိစေသော အချက်တစ်ချက် ပင်ဖြစ်သည်။

7. Assign Static IP address to Devices

များသောအားဖြင့် အိမ်သုံး WiFi network များတွင် ကွန်ယက် ချိတ်ဆက်မှုလွယ်ကူစေရန် DHCP Setting များကို တပ်ဆင်ထားကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် မသက်ဆိုင်သူများအား မိမိ၏ WiFi ကွန်ယက် Configuraton Setting များကို အလွယ်တကူရရှိ ချိတ်ဆက်နိုင်စေပြီး မိမိ၏ ကွန်ယက်ကို ချိုးဖောက်ဝင်ရောက်ရန် အတွက် လွယ်ကူသောနည်းလမ်းတစ်ခု ပေးထားသလိုဖြစ်နေပေသည်။ ထို့ကြောင့် DHCP ကို အသုံးမပြုဘဲ static ip address များကို သာ သတ်မှတ် သုံးစွဲသင့်သည်။ static ip address များကိုသုံးစွဲရာတွင်လည်း အများစု အသုံးပြုတတ်သော ip address များကိုအသုံးပြုခြင်းများမှ ရှောင်ရှားသင့်သည်။

ဥပမာ။ ။ အများစု အသုံးပြုတတ်သော static ip address များ= 192.168.1.x ,192.168.x.x

8.Enable Firewalls on Each computer and the Router

ခေတ်မီ router များတွင် Firewall ကာကွယ်ရေးစံနစ်များ တပါတည်းပါရှိကြပါသည်။သို့သော် များသောအားဖြင့် Firewall ကာကွယ်ရေးစံနစ်များ ကာကွယ်ရေးစံနစ်များကို အသုံးမပြုကြဘဲ ပိတ်ထားကြသည်သာများပါသည်။ သင်၏ ကွန်ယက်လုံခြုံမှု ရှိစေရန် Firewall ကာကွယ်ရေးစံနစ်များ ကို သေချာ စွာတပ်ဆင်သင့်ပါသည်။ ထို့အတူ သင်၏ ကွန်ပျူတာတိုင်းတွင်လည်း Firewall ကာကွယ်ရေးစံနစ်များကိုသေချာစွာတပ်ဆင်အသုံးပြုရပါမည်။

9.Position the Router or Access Point Safely

WiFi signal များသည် သင်၏ လုပ်ငန်း (သို့) အိမ် ၏ပြင်ပသို့ ရောက်နိုင်ပါသည်။ အိမ်၏ပြင်ပ သို့ အင်အားနည်းပါးသော WiFi signal များသာ ရောက်ရှိနေလျှင် အကြောင်းမဟုတ်သော်လည်း WiFi ကွန်ယက်ကောင်းမွန်စွာ ချိတ်ဆက်နိုင်သည့် WiFi signal များ ပြင်ပသို့ရောက်ရှိနေပါက မသက််ဆိုင်သူများအား သင်၏ WiFi ကွန်ယက်သို့ ချိုးဖောက်ဝင်ရောက်သုံးစွဲနိုင်ခွင့်ပေးထားသလိုဖြစ်နေပါသည်။

ထို့ကြောင့် Router (သို့) Access Point များကိုတပ်ဆင်ရာတွင် WiFi signal များ ပြင်ပသို့မရောက်ရှိအောင် သင်၏ အိမ် (သို့) လုပ်ငန်း နေရာအလယ် တည့်တည့်တွင် တပ်ဆင်သင့်ပါသည်။ ပြတင်းပေါက်များ အနီးတွင် တပ်ဆင်ခြင်းရှောင်ကြင်ရပါမည်။

အဆင့်မြင့် Router နှင့် Access Point များတွင် WiFi signal များ လိုအပ်သလို ချိန်ညိှနိုင်သော setting များပါရှိ၍ သင် လိုအပ်သော singal power ကို ချိန်ညိှထားရှိချင်းဖြင့် သင်၏ လုပ်ငန်း (သို့) အိမ် ၏ပြင်ပသို့ WiFi signal များ ရောက်ရှိပြီး မသက််ဆိုင်သူများက သင်၏ WiFi ကွန်ယက်သို့ ချိုးဖောက်ဝင်ရောက်သုံးစွဲနိုင်ခွင့်ကို ကာကွယ်တားဆီး ရာရောက်ပါသည်။

10. Turn off the Network During Extended Periods of Non-Use

WiFi Network လုံခြုံမှုများကိုတိုင်းတာချက်အရ WiFi စနစ်ကို အသုံးပြုရန် မလိုအပ်သောအခါတွင် ပိတ်ထားခြင်းသည် ၁၀၀ရာခိုင်နှုန်း လုံခြုံစိတ်ချရ ခြင်းဖြစ်ပေသည်။ သင်သည် တခါတရံမျှသာ WiFi စနစ်ကို အသုံးပြုသူဖြစ်လျှင် အသုံးမပြုသော အချိန်များ၌WiFi စနစ်ကို ပိတ်ထားပါ။

ဥပမာ။ ။ သင်သည် desktop computer များကို ကြိုးဖြင့်ချိတ််ဆက်အသုံးပြုသော Ethernet စနစ်ကို အသုံးပြုပြီး၊ WiFi စနစ်ကို laptop များသာ အသုံးပြုလျှင် laptop ကို အသုံးမပြုသည့်အချိန်တွင် သင်၏ router ရှိ Wireless စနစ်ကို ပိတ်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။

အထက်ပါလုံခြုံရေးအချက်များသည် အခြေခံကျသော ကာကွယ်မှုစံနစ်များဖြစ်သော်လည်း အကောင်းဆုံး ကာကွယ်ရေးစံနစ်များဟု မပြောပါ။ လုံးဝ ကာကွယ်တားဆီးမှုမရှိသော အခြေအနေဖြင့်ဆိုလျှင် အထက်ပါ လိုက်နာဆောင်ရွက်သင့်သော အချက်များကို လိုက်ရွက်လျှင်ပင် အတော်အသင့် စိတ်ချစွာ သုံးဆဲွနိုင်ပါမည်။


                                                                                  **  Htar Waie Thar  **

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။