Showing posts with label (h) Linux and Ubuntu OS အသုံးချခြင်းဆိုင်ရာများ. Show all posts
Showing posts with label (h) Linux and Ubuntu OS အသုံးချခြင်းဆိုင်ရာများ. Show all posts

Saturday, January 30, 2016

Ubuntu မှာ MS Paint လို အသုံးပြုနိုင်သော ဖရီးဆော့၀ဲလ်နှစ်ခု

























Ubuntu OS မှာ ဝင်းဒိုးစ်မှာလိုမျိုး Paint Software လေး သုံးချင်တယ်ဆိုရင်တော့ ကျွန်တော် ဖရီးရသော ဆော့ဝဲလ်လေးနှစ်ခုကို ညွန်းပေးလိုက်ပါမယ်နော့်။


1. Pinta

Install Guide :

From Terminal : sudo apt-get install pinta

From Ubuntu Software Center: Search for “Pinta Image Editor”



2. Pencil

Install Guide :

From Terminal : sudo apt-get install pencil

From Ubuntu Software Center: Search for “Pencil”




Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

Thursday, July 30, 2015

Linux မှာ Office အသုံးပြုဖို့ ThinkFree Office for Linux [63.26 MB]

   Linux OS မှာ Office လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့အတွက် အသုံးပြုရန် Free ပေးထားသော Application လေးပါ။ Think Free Office လေးပါ။ Office Word, Excel, Power Point ဖိုင်များကိုလည်း Linux မှာ ဖွင့်ကြည့်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖန်တီးခြင်းတွေကို လုပ်နိုင်မဲ့ Application လေးပါ။


http://ec.ccm2.net/ccm.net/download/files/ubuntu-14.04-server-amd64.iso
 
 
အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက Comment ဖြင့် မှာခဲ့နိုင်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)


www.mictgarden.com

Window Software များကို Linux OS ပေါ်မှာ တင်သုံးနိုင်ဖို့ Wine for Linux [22.24 MB]

Linux OS အသုံးပြုနေသူများအတွက် အကြောင်းအမျိုးမျိုးကြောင့် Window Application တွေ တင်သုံးဖို့ လိုအပ်လာရင် တင်သုံးနိုင်ဖို့ Wine application လေး Linux ပေါ်မှာ တင်ထားရုံနှင့် ရပါပြီ။






Description
Wine is a software capable of emulating an environment and run Windows applications on Linux and other POSIX compatible operating systems.



http://ec.ccm2.net/ccm.net/download/files/ubuntu-14.04-server-amd64.iso
 
အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက Comment ဖြင့် မှာခဲ့နိုင်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)

www.mictgarden.com

Kali Linux Teaser

Linux နှင့် Security & Hacking သမားတိုင်း လက်ဆွဲထားတဲ့ Kali Linux Application လေးပါ။ Linux OS အားလုံးအပေါ်မှာ အသုံးပြုလို့ရပါသည်။ ကြိုက်နှစ်သက်ရာ Version အလိုက် ဒေါင်းယူနိုင်ပါသည်။ နည်းနည်းတော့ ဖိုင်အရွယ်အစား ကြီးပါသည်။





Description
       Kali Linux Teaser is the application that replaced BackTrack. It is a versatile program for the security of Linux operating system. It offers various utilities such as a firewall or report generator.


http://ec.ccm2.net/ccm.net/download/files/ubuntu-14.04-server-amd64.iso
 
အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက Comment ဖြင့် မှာခဲ့နိုင်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)

www.mictgarden.com

OpenShot Video Editor For Linux [12.93 MB]

     Linux OS ပေါ်မှာ Video Edition လုပ်ချင်သူများအတွက် အလန်းစားလေး Open Shot Video Editor လေးပါ။ Linux Lover တွေအတွက်တော့ အသုံးဝင်မှာပါနော့။ System လိုအပ်ချက်တွေကိုတော့ အောက်မှာ ကြည့်နိုင်ပါသည်။
 
 
 
 
Description
 
OpenShot Video Editor is a free, open-source video editor designed for Linux. It helps you to mix, join, edit and create the film that you have always dreamed of with your videos, photos, and music files.

System requirements

  • Operating System: Linux
  • RAM: 0.256GB
  • Hard Disk Drive: 1GB
  • Processor: 600MHz
  • Python, GStreamer, gtk+, GooCanvas, MLT Framework.


http://ec.ccm2.net/ccm.net/download/files/ubuntu-14.04-server-amd64.iso
 
 
အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက Comment ဖြင့် မှာခဲ့နိုင်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)


www.mictgarden.com

AMD Athlon Driver for Linux [25 KB]

Linux OS အတွက် AMD Athlon Driver ပါ။ AMD အသုံးပြုသူများအတွက် Linux OS တင်သုံးပြီး Driver
 ပြဿ      နာ ကြုံနေရသူများအတွက်ပါ။ အောက်မှာဒေါင်းယူနိုင်ပါသည်။





Description
             Driver for AMD Athlon, as the name suggests is a driver for processors of the AMD series. It offers possibilities to enhance the processor's performance and can correct potential bugs.


http://ec.ccm2.net/ccm.net/download/files/ubuntu-14.04-server-amd64.iso
 
အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက Comment ဖြင့် မှာခဲ့နိုင်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)


www.mictgarden.com

Linux OS ချစ်သူများအတွက် Ubuntu 64 bits [591.4 MB]

Linux OS ကိုမှ အသုံးပြုသူတွေအတွက်ပါ လာပါပြီး အလန်းစား Ubuntu 64bit Version လေးပါ။
591.4MB ရှိသည့် iso ဖိုင်လေးဖြစ်ပါသည်။ ကျွန်တော် Linux OS install လုပ်ပုံလေးကို ပုံနှင့်တကွ တင်ပေးပါမည်။ ရေးနေဆဲမို့ပါ။ Linux Application လေးတွေလည်း ထပ်တင်ပေးပါအုံးမည်။




 
http://ec.ccm2.net/ccm.net/download/files/ubuntu-14.04-server-amd64.iso

အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက Comment ဖြင့် မှာခဲ့နိုင်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

MICT Garden

Friday, October 3, 2014

Linux System နှင့် Computer Security ပိုင်းကို လေ့လာလိုသူများအတွက် MrLinuxer Website































ကျွန်တော် အခုမိတ်ဆက်ပေးမဲ့ Mr.Linuxer Website လေးကတော့ Linux System , Computer Security စတာတွေကို စိတ်ဝင်စားသူများအတွက် ရွှေတွင်းပါပဲ။

ဝက်ဆိုဒ်မှာ ဖော်ပြထားသော အကြောင်းရာများကို မြန်မာဘာသာဖြင့်လေ့လာနိုင်မှာ ဖြစ်ပြီး တော်ရုံစကေးနဲ့တော့ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

စိတ်ပါဝင်စားသော သူများအတွက် အထူးသင့်တော်သော ဝက်ဆိုဒ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

လင့်ခ်က http://www.mrlinuxer.net/

ဝက်ဆိုဒ်မှာ Linux , Network , Security , Forensis စတာတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

လိုအပ်ပါကလည်း အသင်းဝင်နိုင်သလို ဝက်ဆိုဒ်ပိုင်ရှင်ထံလည်း အီးမေးလ်ပို့ကာ မေးမြန်းချင်တာများကို မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

ဖေ့ဘုတ်မှာဆိုရင်တော့ https://www.facebook.com/MrLinux3r   မှာ သွားရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။

အားလုံးပဲ ဗဟုသုတ တိုးပွားစေနိုင်ပါစေဗျာ။။။။။။။။။။။။။။။။။။။။။။။။။။။။


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )              www.htarwaiethar.org

Tuesday, April 8, 2014

Linux Sever ကို သုံးသင့်သည့် အချက်များ






















1. Stability
Shutdown မလုပ်ပဲ နှစ်တွေနဲ့ချီပြီး Run ထားပေ့မယ့် Linux ဟာ Crash မဖြစ်ပါဘူး။ Process တွေအများကြီးကို Linux က ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်။ Data သိမ်းဆည်းမှု အပိုင်းမှာလဲ Windows OS တွေလို fragment မဖြစ်တဲ့အတွတ် Defragment လုပ်ရချိန် ကို လျှော့ချနိုင်ပါတယ်။

2. Security
Linux မှာ viruses တွေ၊ malware နဲ့ vulnerabilities တွေဟာ Windows ထက် စာရင် တော်တော် နည်းပါတယ်။ ဒါဟာလဲ အားသာချက်တစ်ခုပါ။ Security အတွတ် အရေးပါတဲ့ kernel bug တစ်ခု အား ပြင်ဆင်ထားပြီးဖြစ်လို့ exploited လုပ်လို့မရပါဘူးလို့ဆိုထားပါတယ်။

3. Hardware
Hardware လိုအပ်ချက်ကတော့ အတော်နည်းပါတယ်...။ ဒါအပြင် ကိုယ့်ရဲ့ Business လုပ်ငန်းအလိုက် Server တွေကို လွယ်ကူစွာ ပြောင်းလဲတပ်ဆင်နိုင်ပါတယ်။ ပြောရရင် Hardware တော်တော်များများနဲ့ အဆင်ပြေတယ်ပေါ့ဗျာ။

4.TCO
Software Cost အနေနဲ့ ကြည့်ရင်လဲ ပုံမှန်အားဖြင့် Free ပေးထားကြပါတယ်။ Enterprise Software တွေဖြစ်တဲ့ ဥပမာ- RedHat Sattelite Server လိုမျိုးဆိုရင် Windows Software တွေ ထက်စာရင် အများကြီးသက်သာတာကို တွေ့ရပါတယ်။

5. Freedom
Linux Company တွေမှာ Product တွေနဲ့ Protocol တွေကို ပိတ်ပင်ထားတာမျိုးမရှိပါဘူး။ ဒါကြောင့် ကိုယ်တိုင် စိတ်ကြိုက် Code တွေကို ပြန်လည်ပြင်ဆင်နိုင်ပါတယ်။

သင်ဟာ ကိုယ်ပိုင် Business Server တစ်ခုလုပ်ဖို့ စဉ်းစားခဲ့မယ်ဆိုရင် Centos ( Enterprise No-Paid), RedHat(Enterprise PaidVersion ) နှင့် SUSE Enterprise Paid တို့ကို ဦးစားပေးစဉ်းစားသင့်ပါတယ်။ Admin တစ်ယောက်ဟာ Linux Enterprise Server တစ်ခု ကို အမှားအယွင်းမရှိ ကိုင်တွယ်နိုင်ဖို့ဆိုတာ ခက်ခဲပြီး ရှုးသွပ်ဖို့လိုအပ်ပါတယ်။



Credit ::  Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Tuesday, April 1, 2014

Linux ၏ကောင်းကျိုး ၇ ချက်



















Linux ၏ကောင်းကျိုး ရ ခုကိုဆရာဦးဇော်လင်း ၏ 3 In 1 Linux စာအုပ်မှ ထုတ်နုတ်ဖေါ်ပြမှာဖြစ်ပါတယ်။အောက်မှာဖတ်နိုင်ပါတယ်။

(၁) Linux ကအခမဲ့ရရှိတာဖြစ်ပါတယ်။

(၂) Kernel အပါအဝင် အားလုံးသော System Program တွေရဲ့ Source Code ကိုဖတ်ခွင့်ရခြင်းနှင့် ပြုပြင်ခွင့်ရခြင်း တို့ကြောင့် သင့်အနေနဲ့ အစိတ်အပိုင်းအားလုံးကို စိတ်ကြိုက် Customize လုပ်နိုင်ပါတယ်။

(၃) Linux က Hardware Requirement အများဘူးဗျ။ တင်စားပြီးပြောရမယ်ဆိုရင် Memory 4 MB နှင့် 386 ကွန်ပျူတာလောက်နဲ့တင် server ထိုင်မယ်ဆိုရင်လည်း ထိုင်လို့ရတယ်။

(၄) Linux ရဲ့ အဓိကဦးတည်ချက်ကို Effecient ဖြစ်ဖို့ဖြစ်တာကြောင့် Linux ဟာ မြန်ဆန်တယ်။ တည်ငြိမ်တယ်။ ပြောရရင်တော့ Powerful ဖြစ်တယ်ပေါ့ဗျာ။ နောက်ပြီးတော့ Failure ဖြစ်ခဲတယ်။ နောက်ပြီးသူ့ကို Maintanance လုပ်နေရတာမျိုး သိပ်မရှိဘူး။

(၅) Linux Kernel ကတကယ့်ကို ကျစ်ကျစ်လစ်လစ် သိပ်သိပ်သည်းသည်းဗျ။ Root Files System နှင့် Kernel ကို Image ရိုက်လိုက်မယ်ဆိုရင် 1.44 MB Floppy Disk တစ်ချပ်စာလောက်သာ ရှိလိမ့်မယ်။

(၆) Linux က အခြားသော Operating System တွေနှင့်လည်း Compatible ဖြစ်တယ်ဗျ။ ဥပမာ ကျွန်တော်တို့ သိထားပြီးသားဖြစ်တဲ့ MS-DOS တို့၊ Windows တို့ သူတို့ရဲ့ File System တွေအပြင် အခြားသော Mac OS တို့၊ OS/2 တို့၊ Solaris တို့နှင့်လည်း အဆင်ပြေပါတယ်။ ထို့အပြင် ၄င်း system တွေမှာ အသုံးပြုတဲ့ Application တွေနှင့်လည်း အဆင်ပြေပါတယ်။ network နှင့်ပတ်သက်ကရင်လည်း Ethernet တို့၊ Token Ring တို့၊ FDDI တို့နှင့်လည်း အဆင်ပြေပါတယ်။

(၇) နောက်တစ်ခုက Linux က Supporting လည်းကောင်းတယ်ဗျ။ ဒါကတော့ ယုံရခက်ခက်ပဲ ဆိုပေမဲ့ တကယ်တမ်းမှာ Linux အတွက် Patch တွေ Update တွေက ပုံမှန်မူပိုင်ခွင့်နဲ့ အလုပ်လုပ်နေတဲ့ Operating System တွေထက်တောင် များနေပါတယ်။

အချုပ်ဆိုရသော် - Linux ကိုသုံးရင် ငွေကုန်ကြေးကျသက်သာမယ်။

သုံးရတဲ့ Operating System ကလည်း တည်ငြိမ်မှုရှိတယ်။ Performance ကလည်း ကောင်းပြန်တယ်။

network ပုံစံမျိုးစုံသုံးမယ်ဆိုလည်း ရတယ်။ စိတ်ကြိုက် Customize လည်း လုပ်နိုင်တယ်။

အခြားသော Common ဖြစ်တဲ့ File Format တွေနဲ့လည်း Compatible ဖြစ်ပါတယ်။ Linux မူကွဲများစွာရှိတဲ့အတွက်ကြောင့် သင့်အနေနဲ့ ကိုယ်သုံးချင်တဲ့ Linux ကိုရွှေးချယ် အသုံးပြုနိုင်မှာပါ။

ဒါကလည်း ကောင်းတဲ့ အချက်ပေါ့။ Linux တိုင်းဟာလည်း Installation လုပ်ရတာလွယ်ကူမှု ရှိပါတယ်။ နောက်မြန်လည်း မြန်တယ်။ Linux က သင့်ရဲ့ Hard Disk ပြည့်လုနီးပါးဖြစ်နေတဲ့ အချိန်ထိတိုင် ကောင်းစွာအလုပ်လုပ်နိုင်နေသေးတယ်။

Linux က တစ််ချိန်တည်းမှာပဲ အလုပ်အများကြီးကို လုပ်နိုင်ပါတယ်။

Multitasking ပေါ့။ ဥပမာ Background job တွေပေါ့။ နောက်ကွယ်ကနေ အလုပ်လုပ်တာမျိုး။ သင်က Print အများကြီးထုတ်မယ်။

ပြီးတော့ အလုပ်ကို ဆက်လုပ်နေမယ်။ Print ကသူ့ဘာသာသူ ထွက်နေမယ်။ အဲ့ဒီလို ထုတ်နေလို့ သင်လုပ်နေတဲ့ အလုပ်မှာ နှေးကျသွားတာမျိုးမရှိဘူး။

နောက်ပြီး Security အရပြောမယ်ဆိုရင်လည်း Linux ကသိပ်ကို Security ကောင်းတဲ့ Operating System တစ်ခုတည်းမှာ ပါတယ်ဗျ။ မကြည့်စေချင်တဲ့သူတွေ ၊ Viruses တွေရဲ့ ရန်ကနေမှ ကိုယ့်ရဲ့ File System ကိုကာကွယ်ပေးပါတယ်။

နောက်ဆုံးတစ်ခုပြောချင်တာကတော့ အကယ်၍သာ သင်ဟာ Software Development လည်းလုပ်တက်မယ် သို့တည်းမဟုတ် Operating System နှင့်လည်း ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှု လုပ်တဲ့နေရာမှာ လုပ်တက်ကိုင်တက်မယ်ဆိုရင် Linux ဟာသင့်အတွက် လက်ညှိးညွှန်ရာ ရေဖြစ်စေမှာ ဖြစ်ပါတယ်။


Credit:: Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Saturday, March 22, 2014

အားလုံးအတွက် Linux ( မြန်မာစာအုပ် )




















အားလုံးအတွက် Linux စာအုပ်ကို မြန်မာမိသားစု ဖိုရမ်မှ ကျွန်တော်တို့ စီနီယာ KznT ရေးသားထား ခြင်း ဖြစ်ပါတယ်။

Linux အကြောင်းကို လေ့လာလိုသူများအတွက် အထူးသင့်လျှော်သော စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။

စာအုပ်ထဲမှာ ပါဝင်သော အကြောင်းအရာများက အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁) ဝေါဟာရများ

၂) Linux, FLOSS နှင့် GPL License များ၏ နိဒါန်း

၃) Distribution ရွေးချယ်ခြင်း

၄) ဘာကြောင့် Linux က ကောင်းသလဲ ?? - အပိုင်း ( ၁ )

၅) ဘာကြောင့် Linux က ကောင်းသလဲ ?? - အပိုင်း ( ၂ )

၆) ဘာကြောင့် Linux က ကောင်းသလဲ ?? - အပိုင်း ( ၃ )

၇) Ubuntu ဆိုတာ ဘာလဲ ??

၈) Ubuntu Versions များ၏ ကွာခြားချက်များ

၉) Ubuntu ၏ Nickname များနှင် Version Number များအကြောင်း

၁၀) Ubuntu - Download ရယူနိုင်သော နေရာများ

၁၁) Ubuntu CD ပြုလုပ်နည်းများ

၁၂) Minimum System Requirement များအား စစ်ဆေးခြင်း

၁၃) Ubuntu Installation အမျိုးအစားများ

၁၄) Windows နှင့် Ubuntu အား Dual-Booting စနစ်ဖြင့် ယှဉ်တွဲ အသုံးပြုခြင်း - အပိုင်း ( ၁ )

၁၅) Windows နှင့် Ubuntu အား Dual-Booting စနစ်ဖြင့် ယှဉ်တွဲ အသုံးပြုခြင်း - အပိုင်း ( ၂ )

၁၆) Ubuntu 10.04 Lucid Lynx Installation လုပ်ဆောင်ခြင်း ( နိဂုံး )


စသော အခန်း ၁၆ ခု ပါဝင်ပါတယ်။


Linux စနစ်ကို သေသေချာချာ ရှင်းလင်းထားသော စာအုပ်ကောင်းမို့ ဒေါင်းလုပ်ခ်ရယူသင့်ပါတယ်။

ဖိုင်ဆိုဒ်က 3MB ကျော်ကျော်ရှိပါတယ်။


Download   



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Sunday, November 24, 2013

Ubuntu OS မှာ မြန်မာဖောင့်သွင်းနည်း ( မြန်မာစာအုပ် )

















Ubuntu Linux OS အပေါ်မှာ မြန်မာဖောင့်သွင်းနည်း စာအုပ်လေး ကျွန်တော်ရလာလို့ ဘလော့ဂ်မှ တစ်ဆင့်ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျား။

စာအုပ်ကို ရေးသားသူကတော့  thebox02@gmail.com  ဖြစ်ပါတယ်။

စာအုပ်ဖိုင်ဆိုဒ်က 800 KB လောက်ပဲ ရှိပါတယ်။

လိုအပ်သူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။


Download 


**  ကိုကိုဇော် ( BE-EC )

Friday, June 7, 2013

Linux OS ( or ) Open Source OS အကြောင်း ( မြန်မာလို စာအုပ် )

















ဒီစာအုပ်ကတော့ ဘယ်သူရေးမှန်း ကျွန်တော် မသိပါဘူး။

အင်တာနက်မှာ လျှောက်လည်ရင်းရပြီး စာအုပ်က ဖတ်လို့ကောင်းတာမို့ ပြန်လည်မျှဝေလိုက်ပါတယ်။

Linux အကြောင်းကို သေသေချာချာ ရှင်းလင်းဖော်ပြထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

လိုအပ်သူများ အောက်မှာ ဒေါင်းနိုင်ပါတယ်ခင်ဗျား။

ဖိုင်ဆိုဒ်က 4 MB ကျော်ကျော်ရှိပါတယ်။

Download  


**  ကိုကိုဇော် ( BE-EC )

Friday, May 10, 2013

Ubuntu13.4 အသုံးပြုနည်း( Myanmar Ubuntu Logo Team )



















ကျွန်တော် ဉီးဘန်တု အသုံးပြုနည်း စာအုပ်လေးတွေ့မိလို့ လိုအပ်သူများ အသုံးပြုနိုင်အောင် ပြန်မျှလိုက်ပါတယ်။

စာအုပ်က မြန်မာဗားရှင်းပါ။ အင်တာနက် ဂျာနယ်မှာအမြဲလို ဉီးဘန်တု အကြောင်းသင်ကြား ပို့ချနေသော အဖွဲ့က ရေးသားသော စာအုပ်လေးပါ။

စာအုပ်ဖိုင်ဆိုဒ်က 3MB ကျော်ကျော်ရှိပါတယ်။

Download 

**  Htar Waie Thar

# Shared from mmithelper's blog

Monday, February 18, 2013

Learning Linux 3 in 1 Installation Guide and Using ( Zaw Lin Youth )


















ကျွန်တော် ဖတ်ကြည့်တာ အတော်ကို ကောင်းပါတယ် ။

ဆရာ ဦးဇော်လင်းရေးတာမို့လား မသိဘူး ။

စာအုပ်ထဲမှာ Linux Platform များအကြောင်း

Ubuntu

Fedora

Red Hed   စသော OS သုံးမျိုးလုံး အသုံးပြုခြင်းများ Installation အကုန်ပါပါတယ် ။

မူရင်းစာအုပ်ဝယ်ရင်တော့ Fedora Installer Disc , Linux Package တွေကိုလည်းရမှာ ဖြစ်ပါတယ် ။

စိတ်ဝင်စားရင်တော့ ဒေါင်းကြပါ ။

Download  

**  ကိုကိုဇော် ( BE-EC)