Showing posts with label (k) ကွန်ပျူတာ ဗဟုသုတများ. Show all posts
Showing posts with label (k) ကွန်ပျူတာ ဗဟုသုတများ. Show all posts

Saturday, February 13, 2016

Torrent အတွင်းရှိ Downloading နှင့် Seeding လုပ်ငန်းစဉ်အားလေ့လာခြင်း (အပိုင်း ၇)



















ကျွန်တော်လည်း ဒီအကြောင်းအရာကို ရှေ့မဆက်ဖြစ်ပဲ တစ်ခြား အကြောင်းအရာတွေဘက်ရောက်နေရာကနေ အဆုံးသတ်ဖို့ သတိပြန်ဝင်လာလို့ ဒီနေ့ အဆုံးသတ်နိုင်အောင် ကြိုးစားလိုက်ပါတယ်။ တကယ်တော့ ကျွန်တော်ခုပြောနေတဲ့ Torrent အကြောင်းဟာ ပြည့်ပြည့်စုံစုံကြီး မဟုတ်သေးပါဘူး။ Torrent နည်းပညာကို အသုံးချဖို့ ရနိုင်ယုံသာ ကျွန်တော်နားလည်သလောက် ဖတ်မှတ်လေ့လာခဲ့ဖူးသလောက် စုစည်းရေးသားထားခြင်းသာ ဖြစ်ပါတယ်။ လေ့လာမယ်ဆိုရင်တော့ ဒီ့ထက်ကျယ်ပြန့်တဲ့ နည်းပညာ အကြောင်းတရားတွေ ရှိနေသေးတယ် ဆိုတာ ကျွန်တော် အသိပေးပြောကြားလိုပါတယ်။ ဆက်လက်ပြီး ပြောပြချင်တာ Seeder Leecher နှင့် Share Ratio တွေဟာ မိမိ ဒေါင်းလုပ်ချလိုက်တဲ့ ဖိုင်အလိုက် ဘယ်လိုဆက်စပ် နေသလဲ .. သူတို့ဟာ တစ်ခုနဲ့ တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဘယ်လိုရပ်တည်နေသလဲ ဆိုတဲ့ အကြောင်းလေးပါ။ ဒီအကြောင်းအရာကို ကျွန်တော် Torrent အတွင်းရှိ Downloading နှင့် Seeding လုပ်ငန်းစဉ်အားလေ့လာခြင်း ဆိုပြီး အမည်ပေးလိုက်ပါတယ်။



ဥပမာပေး ပြောပြလို့ ရအောင် ကျွန်တော် Torrent နဲ့ Download ၂ ခု ချလိုက်ပါတယ်။

* ကျွန်တော် အနီရောင်နဲ့ ဝိုင်းပြထားတာ power dvd 10.rar နဲ့ VSO ConvertXToDVD 4.0.10.324 Final Incl Serial ဆိုတာပါ။ ဒီ Torrent ဖိုင်နှစ်ခု ကို ဥပမာပေးလို့ ရအောင် အရင် ကျွန်တော် ဒေါင်းလုပ်ချလိုက်ပါတယ်။ Status နေရာမှာ power dvd 10.rar အတွက်က Downloading ဖြစ်နေပြီး VSO ConvertXToDVD 4.0.10.324 Final Incl Serial အတွက်က Seeding ဖြစ်နေပါတယ်။ ဒါက ဘာကို ဆိုလိုတာလဲ ဆိုရင် power dvd 10.rar ဆိုတာဟာ ကျွန်တော် ဒေါင်းလုပ်ချနေဆဲဖြစ်တယ် ၊ ဒေါင်းလုပ်ချမှု မပြီးဆုံးသေးဘူး ဆိုတာကို ဆိုလိုတာပါ။ VSO ConvertXToDVD 4.0.10.324 Final Incl Serial ကတော့ ကျွန်တော့်စက်ကနေ ဒေါင်းလုပ်ချမှု လုပ်ငန်းစဉ် ပြီးဆုံးလို့ တစ်ခြားသူ တစ်ယောက် အတွက် ကျွန်တော်ကနေပြီး ပြန်ပြီး Sharing လုပ်ထားတာကို Torrent စကားအခေါ် Seeding ဆိုပြီး ဖော်ပြထားခြင်း ဖြစ်ပါတယ်။

* ကျွန်တော် အဝါရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာမှာ power dvd 10.rar အတွက် Seeds အရေအတွက် ( Shar ပေးထားသူများ ) 211 ခု ရှိနေတဲ့ အနက်က ကျွန်တော် ချိတ်ဆက်မိထားတဲ့ Seeds အရေအတွက် 21 ခုရှိတယ်ဆိုတာကို ကွင်းစကွင်းပိတ်ရဲ့ အပြင်မှာ ပြပေးထားပါတယ်။ 21 ဆိုတာ ပုံသေဂဏန်း မဟုတ်ပါဘူး။ ရံဖန်ရံခါ Seeder တစ်ယောက်ယောက်က သူ Sharing လုပ်ထားတာကို ဖြတ်ချလိုက်ရင် ကျွန်တော့်ဆီမှာ လတ်တလော မိထားတဲ့ Seeds အရေအတွက် 21 ကနေ 20,19 ... စသဖြင့်လျော့သွားနိုင်သလို ကျွန်တော့်ဘက်က နောက်ထပ် Seeder အသစ် တစ်ယောက် နဲ့ ထပ်ချိတ်မိမယ်ဆိုရင်လည်း လတ်တလော ဖြစ်နေတဲ့ 21 ကနေ 22,23 .. စသဖြင့် Seeds အရေအတွက် တိုးလာမှာ ဖြစ်ပါတယ်။ VSO ConvertXToDVD 4.0.10.324 Final Incl Serial အတွက်ကတော့ ကျွန်တော် ကိုယ်တိုင် Seeder တစ်ယောက် ဖြစ်နေပြီ မို့လို့ ( ဒေါင်းလုပ်ချဖို့ရာ မလိုအပ်တော့တာမို့လို့ ) တစ်ခြား Seeder တွေနဲ့ ချိတ်ဆက်စရာ မလိုတော့ပဲ 0 ( 176 ) အနေနဲ့ ဖော်ပြနေပါတယ်။

* ကျွန်တော် အပြာရောင်နဲ့ ဝိုင်းပြထားတာကတော့ Peers အရေအတွက်ပါ။ တစ်နည်းအားဖြင့် သူ့ကို Leecher လို့လည်း ခေါ်ပါတယ်။ ဆိုလိုတာကတော့ သူဟာ power dvd 10.rar ဆိုရင် ကျွန်တော့်လိုပဲ ဖိုင်တစ်ခုလုံး အပြည့်မရသေးပဲ ဒေါင်းလုပ်ချနေဆဲ User တွေကို ဆိုလိုတာပါ။ ဒီနေရာမှာ ထူးခြားသွားတာ တစ်ခုက Leecher ဆိုတာနဲ့ ဒေါင်းလုပ်ချနေတဲ့ သူချည်းပဲလို့ ပြောလို့ မရပါဘူး။ Leecher ကနေလည်း Seeder ဖြစ်နိုင်နေပါသေးတယ်။ ဆိုလိုတာက ဥပမာ လူ ( ၂ ) ယောက် ( A နဲ့ B ) ဟာ power dvd 10.rar ဖိုင်တစ်ခုကို Seeder တစ်ယောက်ဆီကနေ ဒေါင်းလုပ်ချနေတယ် ဆိုပါစို့။ A ဆိုတဲ့ သူက power dvd 10.rar ဆိုတဲ့ဖိုင်ကိုပဲ ဒေါင်းလုပ်ချနေတာ 90 % ရောက်နေပြီ မကြာခင် သူပြီးတော့မယ်။ ဒီအချိန်မှာ B ဆိုတဲ့ သူက ခုမှ power dvd 10.rar ဆိုတဲ့ဖိုင်ကို ဒေါင်းလုပ်ချနေတာ 25 % ပဲ ရှိနေသေးတယ် ဆိုရင် A ဆိုတဲ့သူက သူ ဒေါင်းလုပ်ချပြီးသွားတဲ့ 90 % ထဲကနေ B ဆိုတဲ့သူအတွက် ဒေါင်းလုပ်မချရသေးတဲ့ အပိုင်းတွေကို Seeder အဖြစ် တစ်ဖန်ပြန်လုပ်ပြီး ဝေမျှလို့ရနေပါတယ်။ ဒါကြောင့် Leecher ဆိုတာ တစ်နည်းအားဖြင့် ပြောရရင် ဒေါင်းလုပ်ချသူ သီးသန့်ချည်း မဟုတ်ပါဘူး။ ဝေမျှသူ Seeders တစ်ယောက် အနေနဲ့လည်း ပြောလို့ တင်စားလို့ ရပါတယ်။ ဒါပေမယ့်သူက တစ်ဝက်တစ်ပျက် ဝေမျှသူလို့ ဆိုရမှာပေါ့။

* ကျွန်တော် အနက်ရောင်နဲ့ ဝိုင်းပြထားတာကတော့ ကျွန်တော် Torrent မှာချနေတဲ့ Download Speed ဖြစ်ပါတယ်။ ဒီ Speed က ဝေမျှသူ များရင် များသလောက် ပိုတက်ပါတယ်။ မိမိသုံးနေတဲ့ Internet Speed ကလည်း အထိုက်အလျောက်တော့ သွက်သင့်တာပေါ့လေ။ ဒါမှလည်း Speed က တက်လာမှာပေါ့။

* ကျွန်တော် အစိမ်းရောင်နု နဲ့ ဝိုင်းပြထားတာကတော့ ကျွန်တော် ဒေါင်းလုပ်ချနေစဉ် အတောအတွင်း တစ်ဆက်တစ်စပ်တည်း ကျွန်တော့်ဆီကနေ ပြန်ဆွဲနေတဲ့သူ Leecher တစ်ယောက်ယောက်ရှိနေရင် ကျွန်တော့်ဘက်ကနေ Upload ပြန်တင်ပေးနေတဲ့ နှုန်းကိုပြတာပါ။

* ကျွန်တော် အညိုရောင်နဲ့ ဝိုင်းပြထားတာကတော့ ETA လို့ ခေါ်တဲ့ ခန့်မှန်းခြေကြာမြင့်နိုင်မယ့်နှုန်းပါ။ ဆိုလိုတာက ကိုယ်က ဒေါင်းလုပ်ချနေတဲ့သူ ဆိုရင် နောက် ဘယ်လောက်လောက် အချိန်တွင်းမှာ ဒီ ဒေါင်းလုပ်ပြီးမယ်။ ဒါမှမဟုတ် ကိုယ်က Seeder အဖြစ် လုပ်ဆောင်နေတာဆိုရင် နောက် ဘယ်လောက်လောက် အကြာမှာမှ ဒီ Uploading လုပ်ငန်းစဉ်ပြီးဆုံးမယ် ဒါကိုဖော်ပြတာပါ။ ဒီနေရာမှာ တစ်ခု မေးစရာရှိလာတာက Uploading လုပ်ငန်းစဉ်က Torrent မှာ တကယ်ရောပြီးဆုံးဦးမှာလား ဆိုတဲ့ မေးခွန်းပါ။ တကယ်တော့ Torrent မှာ လုပ်ဆောင်နေတဲ့ Uploading လုပ်ငန်းစဉ်ဟာ ကိုယ် Seeder ဖြစ်နေသ၍ ကိုယ့်ဆီကနေ Leecher တစ်ယောက်မဟုတ် တစ်ယောက် အမြဲ ဆွဲယူနေသ၍ ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ပါဘူး။ Leecher တစ်ယောက်လောက်က ဆွဲယူနေတာ အကြောင်း မဟုတ်ပေမယ့် ဆွဲယူတဲ့သူ များလာတာနဲ့ အမျှ ကိုယ့်ရဲ့ Internet အသုံးပြုမှုကိုလည်း အနည်းနဲ့ အများထိခိုက်လာနိုင်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ Share ပေးတဲ့ တစ်နည်းအားဖြင့် Seeder အဖြစ်လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်ကို ဘယ်အချိန်မှာ ဖြတ်တောက်ပစ်မလဲ။ အဲ့ဒီ့အတွက် ကျွန်တော်တို့ Share Ratio ကိုကြည့်ရပါမယ်။

* ကျွန်တော်လိမ္မော်ရောင်နဲ့ ဝိုင်းပြထားတာ Share Ratio ပါ။ Share Ratio ဆိုတာ Torrent Network ကို အသုံးပြုပြီး Download ချသူ User တစ်ယောက်ရဲ့ Upload တင်ပေးတဲ့ ပမာဏကို သူ ဒေါင်းလုပ်ချခဲ့တဲ့ ပမာဏနဲ့ စားလို့ ရလာမယ့် ရလာဒ်ကို ဆိုလိုပါတယ်။ ဥပမာ လူတစ်ယောက်က Torrent Network ကို အသုံးပြုပြီး 5GB လောက်ပမာဏ ရှိတဲ့ ဖိုင်တစ်ခုကို ဒေါင်းလုပ်ချခဲ့တယ် ဆိုပါစို့။ သူဟာ ဒေါင်းလုပ်ချလို့ ပြီးပြီးချင်း Seeder တစ်ယောက် အဖြစ်ရပ်တည်ပြီး အခြားသူငါတွေကိုလည်း ဒေါင်းလုပ်ချလို့ ရနိုင်အောင် ကိုယ်ရထားတဲ့ ဖိုင်ပမာဏဖြစ်တဲ့ 5GB အတိုင်း Upload ပြန်တင်ပေးထားမယ် ဆိုရင် သူရဲ့ Share Ration ပမာဏဟာ 5/5 = 1 ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီ Share ratio ပမာဏဟာ 1 ဒါမှမဟုတ် 1 ထက်ကျော်မယ်ဆိုရင် + ဘက်ဆောင်တဲ့ ကောင်းမွန်တဲ့ လက္ခဏာရပ်ဖြစ်ပြီး မိမိရဲ့ လုပ်ဆောင်မှုကြောင့် အခြားသူငါတွေပါ အဆင်ပြေလွယ်ကူစွာ ဒေါင်းလုပ်ချလို့ ရနိုင်အောင် ကူညီပေးတဲ့ သဘောကို ဆောင်ပါတယ်။ တကယ်လို့ ဒေါင်းလုပ်ချတာက 5GB Upload ပြန်တင်ပေးတော့ 2 Gb လောက် တစ်ဝက်တစ်ပျက် တင်ပေးပြီး ဖျက်ပစ်လိုက်မယ်ဆိုရင် Share Ratio 2/5 = 0.4 ဖြစ်သွားပြီး သူ့ရဲ့ အဓိပ္ပါယ်က စိတ်ထားမပြည့်ဝသူ မိမိအလိုရှိရာကိုသူ ယူငင်ပြီး အများအကျိုး သယ်ပိုးဆောင်ရွက်မပေးလိုသူ တစ်ယောက် အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အတိုချုံးပြောရရင် Share Ratio ဟာ 1 သို့မဟုတ် 1 ထက်များမယ်ဆို လူပီသပါတယ်။ 1 အောက်နည်းမယ်ဆိုရင်တော့ လူမပီသသူ တစ်ယောက် ဖြစ်သွားနိုင်ပါတယ်။ ဒီအကြောင်းက အပေါ်မှာ Def: မှာတုန်းက ပြောပြခဲ့ပြီးသားပါ။ ဒါကြောင့် Downloading လုပ်ငန်းစဉ်ပြီးဆုံးသွားလို့ Torrent ဖိုင်ကို List ထဲကနေ ဖျက်ထုတ်ပစ်တော့မယ် ဆိုတဲ့အခါ ကျွန်တော် လိမ္မော်ရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာကို တစ်ချက်ကြည့်ပေးပါ။ အပေါ်က ပုံအရပြောရရင် power dvd 10.rar အတွက် ကျွန်တော့် Share Ratio ဟာ 0.013 ပဲ ရှိပါသေးတယ်။ VSO ConvertXToDVD 4.0.10.324 Final Incl Serial အတွက်ဆိုရင်လည်း Share Ratio ဟာ 0.014 ပဲရှိပါသေးတယ်။ ဖိုင် ( ၂ ) ခုလုံးဟာ Share Ratio ( 1 ) မရသေးတာက တစ်ကြောင်း လတ်တလော အခြေအနေ Peers နေရာမှာလည်း power dvd 10.rar အတွက် Peers ( 6 ) ယောက်ရှိနေပြီး ConvertXToDVD 4.0.10.324 Final Incl Serial အတွက် Peers ( 1 ) ယောက် ရှိနေလို့ မဖျက်ထုတ်သင့်သေးပါဘူး။ Share Ratio ( 1 ) ပြည့်မှ Share ပေးထားတာကို ရပ်ချင်ရပ် သို့တည်းမဟုတ် လတ်တလော မိမိဖျက်ထုတ်မယ့် အခြေအနေမှာ မိမိဆီကနေ Peers လုပ်ဆောင်သူ ရှိမနေဘူး ဆိုရင်သာ ဖျက်ထုတ်သင့်ပါတယ်။

* ကျွန်တော် မရမ်းရောင်နဲ့ ဝိုင်းပြထားတာတော့ ကျွန်တော်ဒေါင်းလုပ်ချပြီးတဲ့ အထဲကမှ Peers တွေကဆွဲယူလို့ ကျွန်တော် ဒေါင်းလုပ်ပြန်တင်ပေးပြီးသွားတဲ့ ပမာဏပါ။ ဒီပမာဏကလည်း ကိုယ် Share ပေးထားသရွေ့ ကိုယ့်ဆီကနေ ဆွဲယူနေတဲ့ Peers တွေရှိနေသရွေ့တက်နေမှာ ဖြစ်ပါတယ်။

ကျွန်တော် အခုပြောခဲ့သလောက်ဆိုရင် Torrent အကြောင်း အတော်များများ နားလည် သဘောပေါက်ပြီး Torrent ဖိုင်တစ်ခုရဲ့ လုပ်ဆောင်ပုံ၊ အခေါ်အဝေါ်တွေနဲ့ မိမိအလိုရှိရာ Torrent ဖိုင်ရှာဖွေပုံတွေကအစ နားလည်သိရှိနိုင်လောက်မယ် ထင်ပါတယ်။ Torrent နဲ့ MF မိသားစုဝင်များ အစစအရာရာ အဆင်ပြေနိုင်ကြပါစေ။


အားလုံးပဲ အဆင်ပြေကြပါစေ။


Credit :  www.myanmarfamily.org ( KznT )



Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

Friday, February 12, 2016

ကမ္ဘာ့ လူသုံးအများဆုံး App အဖြစ် Facebook က ရပ်တည်





















ကမ္ဘာ့ လူသုံးအများဆုံး App အဖြစ် Facebook က ထိပ်ဆုံးမှာ ရပ်တည်ပါတယ်။ ဒုတိယနေရာမှာ Facebook ရဲ့ Messenger က ရပ်တည်ပါတယ်။ ယခု ဖော်ပြထားတဲ့ ဇယားက တစ်ကမ္ဘာလုံးအတွက်တော့ မဟုတ်ပါဘူး။ အမေရိကန် နိုင်ငံ တစ်ခုတည်းအတွက် ဖြစ်ပါတယ်။

အမေရိကန်မှာလည်း လူသုံးအများဆုံး အဖြစ် Facebook App နဲ့ Facebook Messenger App များက ရပ်တည်နေပါသေးတယ်။ ပြီးရင် YouTube, Google Play, Google Map, Google Search, Gmail အစရှိသဖြင့်တို့က အစဉ်လိုက်ရပ်တည် ပါတယ်။ အကယ်၍ မြန်မာပြည်မှာ စာရင်းလုပ်မယ်ဆိုရင်တော့ Faceboook, Messenger လောက်အထိက မှန်ကန်နိုင်ပြီး နောက်ပိုင်းကတော့ ဘာတွေဖြစ်မယ်ဆိုတာ မသိပါဘူး။ သေချာတာကတော့ Pandora Radio တို့ အမေဇုန် မိုဘိုင်း တို့တော့ Top 10 ထဲမှာ ပါဝင်လိမ့်မှာ မဟုတ်ပါဘူး။
ဒီတော့ COC ဟာ Top 10 list ထဲမှာ ပါလေမလားလို့တော့ စဉ်းစားစရာပါ။ Facebook ကတော့ မြန်မာပြည်မှာကော တစ်ကမ္ဘာလုံးမှာ လူသုံးအများဆုံး အဖြစ် နောင်နှစ်ပေါင်း များစွာ ရပ်တည်နေအုံးမှာ ဖြစ်ပါတယ်။
.


Ref: dailymail
Credit  Myanmar Mobile App
ဆွေသဟာ(Mobile Sales&Service)
www.swethahar35.blogspot.com



Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.org

Bit and Byte ဆိုတာ ? (သိမှတ်ဖွယ်ရာ နည်းပညာ)


















 Bit ဆိုသည်မှာ ကွန်ပျူတာ၏ အသေးဆုံးပမာဏ (သို့) Electronic Information  Storage ၏ အသေးဆုံးသော ပမာဏတစ်ခုဖြစ်ပါသည်။ ၄င်းအနေဖြင့် Information တွေကို စက်နားလည်အောင် 0 (false) (သို့) 1 (true) ကို ထုတ်ပေးပါသည်။(မီးခလုတ်ချိန်းသကဲ့သို)

8bits = 1byte

Byte

Byte ဆိုသည်မှာ တိုင်းတာသော Unit တခု ဖြစ်သည်။ 1 byte မှာ 8 bit ရှိပါသည်။ ကွန်ပျူတာ၏ Memory ကို ပြောတဲ့အခါ (သို့) Electronic Information (data) တွေကို ပြောတဲ့အခါမှာ အသုံးပြု ပါသည်။
 Byte ကို အများဆုံး English အက္ခရာ အကြီးစာလုံး B ဖြင့် ဖော်ပြပါသည်။ တခါတရံတွင် အသေးစာလုံး b ကို အသုံးပြုပါသည်။


Byte ၏ အကြီးဆုံး Unit အတွက် Name များမှာ....


§  Kilobyte        ကွန်ပျူတာ၏ memory (သို့) hard drives များအကြောင်းကို ပြောသည့်အခါ တွင် အသုံးပြုပါသည်။ 1kilobyte = 1024 bytes ။ တချို ့ကတော့ kilobyte တခုမှာ 1000 bytes ရှိသည်လို ့ပြောပြီး အမှန်တကယ် 1024 bytes ရှိတာက kibibyte လို့ပြောပါသည်။


§  Kibibyte        information ၏ unit (သို့) computer storage တခုဖြစ်ပါသည်။ kibibyte = 1024 bytes ပါ။ 1024 kibibytes ကတော့ mebibyte တခုပဲဖြစ်ပါသည်။


§  Megabyte      ကွန်ပျူတာ၏ memory (သို့) hard drives များအကြောင်း ပြောသည့်အခါ တွင် အသုံးပြုပါသည်။ 1 megabyte = 1 million bytes ။ 1998 ခုနှစ်မတိုင်မှီ  Internat -ional Electro technical Commissions (IEC)က ပထမဆုံး mebibyte တခုဟာ 2^20 (သို့) 1,048,576 bytes ဟူ၍ လည်းကောင်း megabytes ကို 1,048,576 bytes (သို့) 1,024 kilobytes (သို့)1024^2 bytes ဟူ၍ သတ်မှတ်ပါသည်။ ကွန်ပျူတာသုံးသူ အကြမ်းဖျဉ်းအနေဖြင့် megabyte ကို (IEC)မှ ထုတ်သော ဒီ number တွေထဲမှတစ်ခုကို သတ်မှတ် အသုံးပြုနေကြဆဲဖြစ်ပါသည်။


§  Mebibyte      တိုင်းတာသော unit တစ်ခုဖြစ်ပြီး 1024*1024 bytes ကို ကိုယ်စားပြုပါသည်။ mebibyte တစ်ခုသည် information ၏ unit တခု(သို့) ကွန်ပျူတာ၏ storage တစ်ခု ဖြစ်ပါသည်။ အတိုကောက် MiB ဟု ခေါ်ပါသည်။  1MiB=2^20 bytes = 1,048,576 bytes = 1,024 kibibytes ဖြစ်ပါသည်။


§  Mebibyte ဟာ megabyte ဖြင် ့နီးစပ်ပါသည်။ ၄င်းသည် mebibyte အတွက် ညီမျှချက်တစ်ခု ဖြစ်နိုင်ပါသည်(သို့) 10^6 bytes = 1,000,000 bytes ။ ဒီ unit ကိုလည်း(IEC) မှပင် သတ်မှတ်ခဲ့ပါသည်။


1 mebibyte = 1024(2^10) kilobytes

1 gigabytes = 1024 mebibytes


§  Gigabyte (GB or gig)         ကွန်ပျူတာများနှင့် electronic devices များတွင် တိုင်းတာ ခြင်း unit တခုဖြစ်ပါသည်။ 1 gigbyte = 1 billion bytes။ Modern computer တခု၏ Random access memory (RAM) မှာ 1,073,741,824(2^30)bytes ကို အသုံးပြု ပါသည် ။ တချို  ့သူတွေကတော့ Gigabyte ကို 1,073,741,824 bytes အစား 1 billion bytes ကို သုံးသင့်တယ်လို ့ပြောကြပါသည်။


§  Terabyte       ကွန်ပျူတာများနှင့် electronic devices များတွင် တိုင်းတာခြင်း unit တခု ဖြစ်ပါသည်။ 1terabyte = 1000 gigabytes(GB)(သို့) trillion(1,000,000,000,000)bytes အချို ့သောသူများ ကတော့ 1 terabyte =1,099,511,627,776 လို ့ပြောကြပါသည်။ ကြီးမား သော အဖွဲ ့အစည်းများတွင် data များကိုသိမ်းဖို့အတွက် terabytes ရှိသော hard drives များကို အသုံးပြုကြပါသည်။ (ဥပမာအားဖြင့် Microsoft organization များ၊ server များကို ထိန်းချုပ်သော organization များတွင် သုံးကြပါသည်။


§  သေးငယ်သော လုပ်ငန်းများမှာတော့ terabyte ကို မသုံးကြပါဘူး။ အများဆုံးသုံးတာကတော့ gigabytes,megabytes နှင့် kilobytes တို့ကိုသုံးကြပါသည်။ နောင်လာမည့်အနာဂတ်တွင် အိမ်တွေမှာပါ terabytes ကိုသုံးစွဲလာကြမည်ဟု ပြောပါသည်။ 2008 ခုနှစ်တွင် Apple company မှ iMac  computer  ကို 1TB hard drives ဖြင့်ထုတ်လုပ်ခဲ့ပါသည်။


§  Tebibyte       ကွန်ပျူတာများနှင့် electronic devices များတွင် တိုင်းတာခြင်း unit တစ်ခု ဖြစ်ပါသည်။ 1 teribytes =1024 gibibytes (GiB) (သို့) 1,099,511,627,776 bytes။ 1024 teribytes သည် 1exbibyte ကို ပြုလုပ်ပါသည်။ 1024 teribytes=1exbibyte။


§  Petabyte       ကွန်ပျူတာများနှင့် electronic devices များတွင် တိုင်းတာခြင်း unit တစ်ခု ဖြစ်ပါသည်။ 1 Petabytes =1000 terabytes(GB) (သို့) 1,000,000,000,000,000 (a thousand trillion)။ ကြီးမားသောအဖွဲ ့အစညး်များတွင် petabytes ကို data storage ရန် အတွက် အသုံးပြုပါသည်။


§  Pebibyte အနာဂတ်ကွန်ပျူတာတွေအတွက် ကြီးမားသော unit များကို တိုင်းတာရန်အတွက် အသုံးပြုပါသည်။ 1Pebibytes =1024 tebibytes(TiB)(သို့) 1,125,899,906,842,624 bytes။


§  Exabyte        အနာဂတ်ကွန်ပျူတာများအတွက် ကြီးမားသော unit များကို တိုင်းတာရန် အတွက် အသုံးပြုပါသည်။ 1 Exabyte=1000petabytes(PB)(သို့) 1,000,000,000,000, 000,000 bytes ဖြစ်ပါသည်။


§  Exbibyte       အနာဂတ်ကွန်ပျူတာများအတွက် ကြီးမားသော unit များကို တိုင်းတာရန် အတွက် အသုံးပြုပါသည်။ 1 Exbibytes=1024 pebibytes(PiB)(သို့)1,152,921,504,606, 846,976 bytes။ 1024 exbibytes = 1zebibyte


§  Zettabyte(ZB)         အနာဂတ်ကွန်ပျူတာများအတွက် ကြီးမားသော unit များကို တိုင်းတာ ရန်အတွက် အသုံးပြုပါသည်။ 1 zettabyte=1000 exabytes(EB)(သို့) 1,000,000,000, 000,000, 000,000(a billion trillion)bytes။ 2008ခုနှစ်ထိ zettabyte date တစ်ခုကို သိမး်ဆည်းဖို့ ကြီးမားတဲ့ ကွန်ပျူတာမရှိသေးပါဘူး။


§  Yottabyte(YB)         အနာဂတ်ကွန်ပျူတာများအတွက် ကြီးမားသော unit များကို တိုင်းတာ ရန်အတွက် အသုံးပြုပါသည်။ 1yottabytes =1000 zettabytes(ZB)(သို့) 1,000,000,000, 000,000, 000,000,000(a trillion trillion) ဖြစ်ပါသည်။ 2008ခုနှစ်ထိ yottabyte date တစ်ခုကို သိမး်ဆည်းဖို့ ကြီးမားတဲ့ ကွန်ပျူတာမရှိသေးပါဘူး။


Bits - Smallest units

Byte - 8 bits

Kilobits - 1024 Bytes

Megabyte - 1024 Kilo Bytes

Gigabyte - 1024 Mega Bytes

Terabyte - 1024 Giga Bytes

Petabyte - 1024 Tera Bytes

Exabyte - 1024 Peta Bytes

Zettabyte - 1024 Exa Bytes

Yottabyte - 1024 Zetta Bytes

4 Bits = 1 Byte ။
1 KB ကို သာမာန်စာလုံးများနဲ့ဖော်ပြရင် စာမျက်နှာ တစ်မျက်နှာစာလောက်ရှိပါတယ်။
1 MB သည်စာအုပ်တစ်အုပ်စာနဲ့ညီပါတယ်။
1 GB သည် စာအုပ်ရေတစ်ထောင်နဲ့ ညီမျှပါတယ်။

ထိုအရာတွေကို လက်ခံတွက်ချက်နိုင်ဖို့အတွက် Electronic Logic Gate Circuits များကိုတီထွင်ခဲ့ပါတယ်။
Hence one Yottabyte is equal to 9671406556917033397649408 bits. Yes it’s a 25 digit number. Not really sure what database can take that space or rather require that amount of space.


Translate that from : http://en.wikipedia.org/wiki/Byte
 

Sources: http://allnewsliker.blogspot.my


Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.org

Torrent File များအား ရွေးချယ်ခြင်း (အပိုင်း ၆)





















ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ Torrent Client တစ်ခုခု တင်ပြီးပြီ .. ဘယ် Torrent Sites မှာ ကိုယ်လိုချင်တဲ့ ဒေါင်းလုပ်ချမယ် ဆိုတာလည်း ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ နောက်တစ်ဆင့် အနေနဲ့ ကျွန်တော်တို့ အလိုရှိရာ Torrent File တစ်ခု ရရှိဖို့ ဘယ်လိုရွေးချယ်မယ် ဆိုတာ ဆက်ဆွေးနွေးသွားပါမယ်။ Torrent File ရွေးချယ်တတ်မှုဟာ Torrent Network ဆီကနေ မိမိအလိုရှိရာ ဖိုင်တစ်ခုကို တိတိကျကျ ရရှိနိုင်မယ် ၊ မရှိနိုင်ဘူး ဆိုတဲ့ အဖြေအပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ အခု ဥပမာ အနေနဲ့ ကျွန်တော် ThePirateBay  ကို ကျွန်တော်အလိုရှိရာ ဖိုင် ဒေါင်းလုပ်ချဖို့ စံနမူနာ ဆိုဒ် တစ်ခု အနေနဲ့ ရွေးချယ်လိုက်ပါ့မယ်။

ယေဘုယျအားဖြင့် မိမိအလိုရှိရာ torrent ဖိုင်တစ်ခုကို ဖြစ်မြောက်ပြီးဆုံးအောင် ဒေါင်းလုပ်ချနိုင်ဖို့အတွက် အဲ့ဖိုင်ကို ဒေါင်းလုပ်ချထားပြီး share ပေးထားတဲ့ seeder တစ်ယောက် အနည်းဆုံး လိုအပ်ပါတယ်။ တကယ်လို့ seeder နေရာမှာ ( 0 ) ဖြစ်နေတယ် သို့တည်းမဟုတ် seeder အရေအတွက် အရမ်းနည်းနေတယ် ဆိုရင် ကိုယ်လိုချင်တဲ့ ဖိုင်ကို ပြီးဆုံးအောင် ဒေါင်းလုပ်ရယူဖို့ အတော်ကြီး ခက်ခဲပါလိမ့်မယ်။ အောက်မှာ ဖော်ပြထားတဲ့ ပုံ နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါ။ တဆင့်ချင်း ထပ်ရှင်းပြပေးပါမယ်။ Torrent site တစ်ခုကိုရောက်သွားရင် ယေဘုယျအားဖြင့် မြင်ရလေ့ရှိတဲ့ ဒေါင်းလုပ်ချလို့ ရနိုင်တဲ့ Torrent ဖိုင်တွေရဲ့ မြင်ကွင်းက ဒီလိုမျိုးပါ။ ဒီအောက်က ပုံကတော့ ကျွန်တော် ThePirateBay  ကနေ Screen shot လုပ်ထားတာပါ။ ဆိုဒ် တစ်ခုနဲ့ တစ်ခု ပြင်ဆင်ပုံချင်း မတူလို့ လုံးဝကြီး ဆင်တယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီသဘောအတိုင်းပဲ ပြင်ဆင်ထားကြတာ များပါတယ်။ ပုံမှာ ကျွန်တော်အစိမ်းရောင် လေးထောင့်နဲ့ ဝိုင်းပြထားတာ Seeder အရေအတွက်ပါ။ ဆိုလိုတာက သက်ဆိုင်ရာ ဖိုင်အလိုက် - ဒေါင်းလုပ်ချပြီးတဲ့အပြင် သူများတွေပါ ဒေါင်းလုပ်ယူလို့ ရအောင် Share ပြန်ပေးထားတဲ့ တစ်နည်းအားဖြင့် Seed ပြန်လုပ်ထားတဲ့ သူ အရေအတွက် ဖြစ်ပါတယ်။ အနီရောင်နဲ့ ဝိုင်းပြထားတာကတော့ Leecher အရေအတွက်ပါ။ Seeder အရေအတွက်မှာ ပုံမှာထဲကလို ထောင်ဂဏန်း ဖြစ်စေ ဒါမှမဟုတ် ရာဂဏန်းလောက်ဖြစ်စေ အနဲဆုံး ဆယ်ဂဏန်း လောက် ဖြစ်စေ ရှိနေမယ်ဆိုရင် မိမိလိုချင်တဲ့ ဖိုင်ကို ဒေါင်းလုပ်ချဖို့ အဆင်ပြေလွယ်ကူမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ Seeder များလေ မိမိအလိုရှိရာဖိုင်ကို အလျင်မြန်ဆုံး ဒေါင်းလုပ်ချနိုင်လေ ဖြစ်ပါတယ်။ ( မိမိသုံးတဲ့ အင်တာနက် speed ကလည်း အနဲနဲ့ အများတော့ အသင့်အတင့်လောက်ရှိတဲ့ Speed မျိုးတော့ ရှိသင့်တာပေါ့လေ။ ) တကယ်လို့ မိမိအလိုရှိရာဖိုင်ဟာ MB ပမာဏ ၊ သို့တည်းမဟုတ် GB ပမာဏ အရမ်းများမယ်ဆိုရင်တော့ Seeder ပမာဏ ရာဂဏန်းကျော် ထောင်ဂဏန်းကျော် လောက် ဖြစ်မှ ကောင်းမှာပါ။ ၁၀ ဂဏန်းလောက်ပဲ ရှိနေမယ် ဆိုရင် အဲ့ဖိုင် တစ်ခုရဖို့ ၂ ၊ ၃ ရက်လောက် အချိန်ပေးကောင်း ပေးရပါလိမ့်မယ်။



Seeder ပမာဏ များခြင်းအားဖြင့် မိမိအလိုရှိရာ ဖိုင်ကို အလွယ်တကူ လျင်လျင်မြန်မြန်နဲ့ ရရှိနိုင်ယုံမက အဲ့ဒီ့ Torrent ဖိုင်နဲက အတူ တဆက်တစပ်တည်း ဖော်ပြထားတဲ့ ကော်မန့်တွေကို ဖတ်ရှု့လေ့လာကြည့်ခြင်း အားဖြင့် ဒီ Torrent ဟာ Fate လား Real လား။ ဆိုလိုတာ ကိုယ်ဒေါင်းလုပ်ချလိုက်ရင် တကယ်အကျိုးရှိစေမယ့် ဖိုင်လား ဆိုတာ ဒေါင်းလုပ်မချခင်ကတည်းက ဝေခွဲဆုံးဖြတ်နိုင်ပါတယ်။ Seed များတိုင်းလည်း Torrent ကောင်းတစ်ခု မဖြစ်နိုင်ပါဘူး။ သက်ဆိုင်ရာ ဖိုင်နဲ့ အတူ ပူးတွဲပါရှိတဲ့ Comments အရေအတွက်နဲ့ ကိုယ့်လိုမျိုး အဲ့ဖိုင်ကို ဒေါင်းလုပ်ချခဲ့ပြီးသူများရဲ့ ထင်မြင်ချက်ကို ဖတ်ရှု သုံးသပ်ကြည့်ပြီး ဆုံးဖြတ်ခြင်းအားဖြင့်သာ မိမိအမှန်တကယ်အလိုရှိရာဖိုင်ကို တိတိကျကျ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ ပုံတွေကို ဆက်ကြည့်ကြည့်ပါ။

အောက်ဖော်ပြပါ ပုံကတော့ Microsoft Windows 7 Ultimate Retail(Final) x86 and x64 ဆိုတဲ့ Torrent File ကို ဒေါင်းလုပ်ချဖို့ အတွက် ဖော်ပြထားတဲ့ အသေးစိတ်အချက်အလက်တွေ ဖြစ်ပါတယ်။ သူ့မှာ Seeders အရေအတွက် Leecher အရေအတွက်နဲ့ Comments အရေအတွက်ကိုပါ အသေးစိတ် ဖော်ပြထားပါတယ်။



ဟုတ်ပြီ။ ကျွန်တော်တို့ ဒီ Microsoft Windows 7 Ultimate Retail(Final) x86 and x64 ကို လိုချင်ပြီ။ ဒါပေမယ့် မလောပါနဲ့ဦး။ ကျွန်တော်တို့ သူနဲ့ ပတ်သတ်နေတဲ့ ဖော်ပြချက်တွေ အရင်စစ်ဆေးပါမယ်။ ပထမဆုံး Seeder ကို စစ်ကြည့်ပါတယ်။ Seeder ပေါင်း ၂၉၄၅ ရှိတယ်လို့ ပြပါတယ်။ ဒီလောက်ဆို အဆင်ပြေပါတယ်။ Leecher ပေါင်း ၃၁၆၁ ရှိပါတယ်။ ဒါလည်း မဆိုးပါဘူး။ အကြမ်းအားဖြင့်တော့ သူ့ကို ဒေါင်းလုပ်ချဖို့ ရွေးချယ်လို့ ဖြစ်နိုင်ပါပြီ။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလို Seeder များတိုင်း Torrent ကောင်း တစ်ခု မဖြစ်နိုင်ဘူး ဆိုတဲ့ စကားအတိုင်း သူနဲ့ ဆက်စပ်နေတဲ့ Comments ၁၁၄၈ ကို စစ်ဆေးကြည့်ပါဦးမယ်။ ဒီနေရာမှာတော့ အကြမ်းဖျင်း အနေနဲ့ Comments ၃ ၊ ၄ ခု ကိုပဲ ရွေးချယ်ဖော်ပြပေးသွားပါမယ်။



ကျွန်တော် ဖော်ပြထားသလိုမျိုး Uploader ကိုကျေးဇူးတင်စကား ၊ ချီးမွန်းစကား ၊ အားပေးစကားတွေ များနေပြီ ဆိုရင်တော့ ဒီ Torrent က စိတ်ချရပါပြီ။ ရွေးချယ်သင့်ပါပြီ။ တကယ်လို့ ပြောင်းပြန်အနေနဲ့ ဒီ Torrent ဖိုင်ကို အကြီးအကျယ် ရှုံချတာတွေ. ဆဲဆိုတိုင်းထွာတာတွေ ဆိုရင်တော့ Seeder များနေလည်း မချပါနဲ့ အချိန်ကုန်ပြီး အကျိုးမရှိတာတွေပဲ ရပါလိမ့်မယ်။ တဆက်တစပ်တည်း အောက်ဖော်ပြပါ ပုံကို ဆက်ကြည့်ပေးပါ။ Games > XBOX360 ဆိုတဲ့ 10.37GB ပမာဏ ရှိတဲ့ ဖိုင်တစ်ခုကိုတွေ့ပါလိမ့်မယ်။ သူ့မှာဆိုရင် ဒေါင်းလုပ်ချရမယ့် ပမာဏက များ Seeder ကိုကြည့်တော့ ၁ ၊ Leecher ကိုကြည့်တော့ ၃ ဒီလိုဆိုရင်တော့ ဝေးဝေးကသာ ရှောင်ပါ။ အရမ်းလိုချင်လို့ ချမယ်ဆိုရင်တောင် Week နဲ့ ချီပြီး ကြာနိုင်တဲ့ အပြင် ရဖို့ မရဖို့ ဆိုတာလည်း မသေချာပါဘူး။ တစ်ခြား Torrent ဖိုင်တွေလည်း ဒီသဘောပါပဲ။



မိမိသဘောကျရာ ဖိုင်ကို တွေ့ပြီး ကျန်တဲ့ အချက်အလက် အားလုံးလည်း စစ်ဆေးပြီးပြီ ဆိုရင်တော့ အဲ့ဒီ Torrent ဖိုင်ကို ဒေါင်းလုပ်ချဖို့ ဒီလို နေရာမျိုးကို ရှာပါ။ ပြီးရင် click ပေးလိုက်ပါ။



အဲ့အချိန်ကျရင် တကယ်လို့ ကိုယ့်စက်မှာသာ Torrent Client တစ်ခုတင်ထားပြီးသား ရှိနေမယ်ဆို အောက်ဖော်ပြပါ ပုံစံမျိုး တက်လာပါလိမ့်မယ်။



ဖော်ပြပါ နေရာကနေ တစ်ဆင့် မိမိ အလိုမရှိ တစ်ခုခုပါနေမယ် ဆိုရင် Click ဖြုတ်ပြီး ဒေါင်းလုပ်ချတဲ့ နေရာမှာ ပါမလာအောင် ချန်ထားခဲ့နိုင်ပါသေးတယ်။ အားလုံးပြီးသွားရင်တော့ စတင် ဒေါင်းလုပ်ချဖို့ အတွက် OK ကို Click ပေးလိုက်ပါ။ ကျွန်တော် ခု ဆွေးနွေးခဲ့သလောက်ဆိုရင် ဘယ်လို Torrent ဖိုင်မျိုးကို ရွေးချယ် ဒေါင်းလုပ်ချရမယ် ဆိုတာ အနဲအကျဉ်း သဘောပေါက်လောက်မယ် ထင်ပါတယ်။ ဆက်လက်ပြီး ဒေါင်းလုပ်ချနေစဉ် အတောအတွင်းမှာ Seeder နဲ့ Leecher တွေ ဘယ်လိုအလုပ်လုပ်သလဲ Share Ratio ကို မြင့်တက်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတာ ဆက်လက် ဆွေးနွေးသွားပါ့မယ်။


ဆက်ရန် .....



Credit :  www.myanmarfamily.org ( KznT )



Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

Sunday, February 7, 2016

Torrent Network တွင်းသို့ စတင်ဝင်ရောက်ခြင်း (အပိုင်း ၄)





















Torrent Network ထဲကို ဝင်ရောက်ပြီး မိမိအလိုရှိရာ အချက်အလက်တွေ ရယူရင်း အခြားသူတွေ အတွက်လည်း ဝေမျှမှု လုပ်ဆောင်မယ်ဆိုရင် ပထမဆုံးအနေနဲ့ အပေါ်မှာ ပြောပြခဲ့ပြီး ဖြစ်တဲ့ Torrent Client တစ်ခု ရွေးချယ်ရပါမယ်။ ကျွန်တော်ကတော့ အားလုံးထဲက uTorrent ကိုပဲ ရွေးချယ်လိုက်ပါတယ်။ သုံးနေကျဖြစ်ပြီး စွမ်းဆောင်ရည်လည်း ကောင်းလို့ပါ။ uTorrent ကို သုံးရင် ကျွန်တော်ကတော့ Beta version ကိုပဲ သုံးဖြစ်ပါတယ်။ Beta version ဆိုတာ တည်ငြိမ်ပြီးသား version တစ်ခုကနေ features အသစ်ထပ်မံဖြည့်သွင်းထားတဲ့ version အသစ်တစ်ခုဆီ တက်လှမ်းနိုင်ဖို့အတွက် စမ်းသပ်ပြင်ဆင်ဆဲကာလ အမှားမကင်းသေးတဲ့ version ကို ဆိုလိုတာပါ။ မူရင်းဆိုဒ်မှာ ဒေါင်းလုပ်ချမယ်ဆိုရင် သူတို့ကတော့ Stable Version ကိုပဲ ဒေါင်းလုပ်ချဖို့ ဦးစားပေးပါတယ်။ ဒါပေမယ့် Beta ကိုပဲ သုံးကြည့်ပါ။ ဘာလို့လည်း ဆိုတော့ Beta ဆိုပေမယ့် ထင်သလောက်ကြီး Error မများပါဘူး။ အသုံးပြုရလည်း ပိုပြီးလွယ်ကူလာပါတယ်။ မူရင်းဆိုဒ်ကနေ Beta version ကို ဒေါင်းလုပ်ချလို့ ရသလို ဒီနေရာကနေ http://www.filehippo.com/download_utorrent/ လည်း ဒေါင်းလုပ်ချလို့ ရပါတယ်။ ဒေါင်းလုပ်ချလို့ ရလာရင် install လုပ်လိုက်ပါ။ install လုပ်ပြီးနောက်မှာ ပထမဆုံးအကြိမ် utorrent ကို စ run ပြီ ဆိုတာနဲ့ အောက်ဖော်ပြပါ box တစ်ခု တက်လာပြီး ပြင်ဆင်မှု အနည်းငယ် လုပ်ဆောင်ရပါလိမ့်မယ်။ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း utorrent setup guide တက်လာပြီ ဆိုရင် အနီနဲ့ ကျွန်တော် ဝိုင်းပြထားတဲ့ နေရာမှာ မိမိယခုလက်ရှိနေထိုင်ရာ နေရာနဲ့ အနီးဆုံးနေရာဒေသ တစ်ခုကို Down arrow ကနေ တစ်ဆင့်ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ အစိမ်းရောင်နဲ့ ဝိုင်းပြထားတဲ့နေရာမှာတော့ ကိုယ့်ရဲ့ Upload Speed ကို အနီးစပ်ဆုံး ခန့်မှန်း ဖြည့်သွင်းပေးရပါမယ်။ တကယ်လို့ ကိုယ့်ရဲ့ Upload Speed ကိုကိုယ် မသိဘူးဆိုရင်တော့ ဒီနေရာကနေ http://www.dslreports.com/speedtest သွားရောက် စစ်ဆေးပြီး ရလဒ်ကို ဖြည့်သွင်းနိုင်ပါတယ်။


ကျွန်တော်ကတော့ အဲ့ဒီ့နေရာမှာ အောက်မှာ ဖော်ပြထားသလို ကျွန်တော်နေထိုင်ရာ နေရာနဲ့ နီးစပ်ရာ ဒေသ တစ်ခုရယ် ၊ ကျွန်တော် တင်ပေးနိုင်မယ့် Upload Speed ရယ်ကို ဒီအောက်က ပုံလို ဖြည့်သွင်းလိုက်ပါတယ်။ အားလုံးရွေးချယ် ဖြည့်သွင်းပြီးရင်တော့ သူ့အောက်ဆုံးမှာ ကျွန်တော် အမည်းရောင်နဲ့ ဘောင်ခတ်ပြထားတဲ့ Run Tests ကို နှိပ်ပါမယ်။ ဒီအဆင့်တွေကို ကျွန်တော်တို့ ဘာကြောင့်လုပ်ဆောင်နေရလဲ ဆိုရင် ကျွန်တော်တို့ uTorrent ကို သုံးပြီး ဒေါင်းလုပ်ချတာ Upload တင်တာတွေမှာ မိမိနေထိုင်ရာဒေသအလိုက် မှန်ကန်သင့်တော်မယ့် Bandwidth ကို ရရှိနိုင်စေဖို့ပါ။ ဒီလိုရရှိထားမှလည်း Upload တင်တဲ့ အခါမှာ ဖြစ်စေ ဒေါင်းလုပ်ချတဲ့ အခါမှာ ဖြစ်စေ သင့်တော်တဲ့ Speed ကို ရရှိပြီး အလျင်မြန်ဆုံး အလိုရှိရာကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။


မိမိရွေးချယ်ရာ ဒေသနဲ့ မိမိရွေးချယ်ဖြည့်သွင်းလိုက်တဲ့ Upload Speed ဟာ မိမိ Bandwidth မိမိ Network နဲ့ ကိုက်ညီမှုရှိရင် အောက်ဖော်ပြပါပုံလို Run Tests နှိပ်ပြီး စစ်ဆေးလိုက်တဲ့နောက်မှာ အစိမ်းရောင် အမှန်ခြစ်နဲ့ ဖော်ပြမှာ ဖြစ်ပြီး တကယ်လို့ မသင့်တော်ဘူး ဆိုရင်တော့ အမှားလက္ခဏာနဲ့ ဖော်ပြမှာဖြစ်ပါတယ်။ အားလုံးပြီးသွားရင်တော့ ကျွန်တော် အစိမ်းရောင်နဲ့ ဝိုင်းပြထားတဲ့ Save & Close ကိုနှိပ်ပေးပါ။


တကယ်လို့ နောက်အချိန်များမှာ ဒီလုပ်ငန်းစဉ်အတိုင်း မိမိရဲ့ Speed Test ကို ပြန်စမ်းသပ်ချင်တယ် ဆိုရင်လည်း uTorrent toolbar မှာ ရှိနေတဲ့ Options > Speed Guide ကနေ နောက်တစ်ကြိမ် ပြန်လည် စမ်းသပ်ကြည့်နိုင်ပါတယ်။ အားလုံး ပြီးဆုံးသွားရင်တော့ ကျွန်တော်တို့ Torrent Network ထဲက Torrent ဖိုင်တွေကို ဒေါင်းလုပ်ချဖို့ အားလုံး အဆင်သင့် ဖြစ်ပါပြီ။


ဆက်ရန် ..


Credit :   www.myanmarfamily.org (KznT)


Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.org

Saturday, February 6, 2016

စမတ်ဖုန်းများအတွက် Firefox OS အထောက်အပံ့ကို မေလတွင် ရပ်ဆိုင်းမည်ဟု Mozilla ကြေညာ























စမတ်ဖုန်းများအတွက် version 2.6 ကို ဖြန့်ချိပြီးသည့်နောက် Firefox OS ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်မှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း Mozilla က ကြေညာလိုက်သဖြင့် စမတ်ဖုန်းများအတွက် Firefox OS ၏ အနာဂတ်အပေါ် ထင်ကြေးပေးသုံးသပ်ပြောကြားမှုများ အဆုံးသတ်သွားပြီ ဖြစ်သည်။

အဆိုပါကြေညာချက်သည် အနာဂတ်တွင် Firefox OS platform ကို မိုဘိုင်းဖုန်းများအတွက် ဆက်လက်ထောက်ပံ့တော့မည် မဟုတ်ကြောင်း ကုမ္ပဏီကပြောကြားပြီး နှစ်လအကြာတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ Mozilla သည် စမတ်ဖုန်းထုတ်လုပ်သူများက စျေးအလွန်သက်သာသော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် Firefox OS ကို မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။

“Firefox OS 2.6 ကိုဖြန့်ချိပြီးတဲ့နောက် စမတ်ဖုန်းအတွက် ထောက်ပံ့ပေးမှုတွေကို ရပ်ဆိုင်းဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် မေလ ကျော်လွန်သွားတာနဲ့ စမတ်ဖုန်းတွေအတွက် Firefox OS ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆက်လက်ဆောင်ရွက်တော့မှာမဟုတ်ပါဘူး" ဟု Mozilla ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Firefox OS ထုတ်ကုန်များအတွက် ဖန်တီးထားသော app များကို တစ်နေရာတည်းတွင် ရရှိနိုင်မည့် Marketplace ကမူ Android, desktop နှင့် tablet အတွက် app တင်သွင်းလျှောက်ထားမှုများကို မတ်လ ၂၉ ရက်မှစတင်ကာ လက်ခံတော့မည် မဟုတ်ကြောင်း၊ ထို့အပြင် Firefox OS ကို အထောက်အပံ့မပေးသော app များအားလုံးကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။ Firefox OS app များကို လာမည့်နှစ်မတိုင်မီအထိ ဆက်လက်လက်ခံသွားမည်ဖြစ်သော်လည်း အဆိုပါ app များ လက်ခံမှုရပ်ဆိုင်းမည့်အချိန်ကိုမူ ပြောဆိုခဲ့ခြင်း မရှိပေ။

Mozilla သည် Firefox OS ကို စျေးသက်သာသည့် ဟန်းဆက် ဝယ်လိုအားများသော ကမ္ဘာတစ်ဝန်းရှိ စျေးကွက်များအတွက် ရည်ရွယ်ဖန်တီးခဲ့ခြင်းဖြစ်သည်။ Firefox OS မိုဘိုင်းဖုန်း ထုတ်လုပ်သူများအနက် ZTE က တစ်ခုအပါအဝင်ဖြစ်သော်လည်း အဆိုပါဟန်းဆက် ရောင်းချရမှုနှုန်း မှာ မျှော်မှန်းသလောက် မအောင်မြင်ခဲ့ပေ။

Ref: Ubergizmo
Credit to ==> InternetJournal



Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.org

Torrent နှင့် Copyright Laws များ အကြောင်း (အပိုင်း ၃)






















Torrent Network ကို အသုံးပြုတော့ မယ် ဆိုရင် မဖြစ်မနေ သိထားသင့်တာ Copyright Laws အကြောင်းပါ။ လိုရင်းကို မရောက်နိုင်ပဲ ဒီအကြောင်းကို အရင်စပြောရတယ်ဆိုတာကလည်း မဖြစ်မနေ သိထားသင့်လို့ ပြောပြခြင်းသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ခိုးကူးခွေတွေနဲ့ ပတ်သတ်ပြီး အဆိုတော်တွေ ထုတ်လုပ်သူတွေ တော်တော် ဒုက္ခရောက်ကြရပါတယ်။ ပရိတ်သတ်တွေက မူရင်းခွေတွေ မဝယ်ကြတော့ပဲ ဈေးပေါပေါနဲ့ ရတဲ့ ခိုးကူးခွေတွေ ဝယ်ကြတယ်။ ခိုးကူးခွေနဲ့ ပတ်သတ်ပြီး မရောင်းချကြဖို့ မဝယ်ယူကြဖို့ သတိပေးစာတွေ တိုက်တွန်းချက်တွေ ရှိနေပေမယ့် အမြစ်ပျက်အောင်တော့ မနှိမ်နှင်းနိုင်သေးပါဘူး။ ဒီအကြောင်းအရာနဲ့ Torrent က ဘယ်လို ပတ်သတ်သလဲ ဆိုရင် Torrent Network ကို အသုံးပြုပြီး Share လုပ်ထားတဲ့ Software, VCD, Ebooks ဆိုတာတွေထဲမှာ မူရင်းထုတ်လုပ်သူကနေ Copyright လုပ်ထားပြီးသား အရာတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ Torrent Network ကို အသုံးပြုပြီး Copyright လုပ်ထားတဲ့ Software, VCD, Ebooks တွေကို ဒေါင်းလုပ်ချတယ် အသုံးပြုတယ် ဖြန့်ဝေတယ်ဆိုတာ Copyright ဥပဒေသကို ချိုးဖောက်ရာရောက်ပြီး ပြစ်မှုလည်းမြောက်ပါတယ်။ ခိုးကူးခွေရောင်းသူကို အားပေးတဲ့သူနဲ့ အတူတူပါပဲ။ နောက်ပြီး အပေါ်မှာ ပြောခဲ့တဲ့ definitions ထဲကလို Seeder အဖြစ်ကိုယ်ကကိုယ်ရထားတဲ့ Files ကို Sharing ပြန်လုပ်ပေးမှာ ဖြစ်လို့ ခိုးကူးခွေကို အားပေးသူ အဖြစ်ကနေ အလိုလိုနေရင်း ခိုးကူးခွေရောင်းသူ ဘဝကို ရောက်ပြီးသား ဖြစ်သွားပါတယ်။ ဒါက နားလည်လွယ်အောင် ဥပမာပေးတာပါ။ Peer to Peer file sharing ဆိုတာ ဥပဒေဘောင်အတွင်းက လုပ်ဆောင်ချက် ဖြစ်ပေမယ့် Copyright လုပ်ထားတဲ့ ဖိုင်တစ်ခုကို digital distribution ကို အသုံးချပြီး လက်ဝယ်ထားရှိမယ်ဆိုရင်တော့ Copyright Laws ကို ချိုးဖောက်ရာ ကျပါတယ်။ တစ်ချို့နိုင်ငံ အနည်းငယ်မှာတော့ Copyright လုပ်ထားတဲ့ ဖိုင်တွေကို ဒေါင်းလုပ်ချ အသုံးပြုတဲ့ နေရာမှာ Personal use အတွက် ခွင့်ပြုပေးထားပြီး ဖြန့်ဖြူးခွင့်ကိုတော့ ပိတ်ပင်ထားပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Copyright ဥပဒေသကို တင်းတင်းကျပ်ကျပ် ပြဌာန်းထားတာ မရှိသေးလို့ လတ်တလော အခြေအနေမှာ ခိုးကူးခွေတွေကိုပဲ မူရင်းခွေလို သဘောထားပြီး User တွေက သုံးနေကြပါတယ်။

တစ်ချို့နိုင်ငံတွေမှာ ဆိုရင် နိုင်ငံမှာ ပြဌာန်းထားတဲ့ Copyright နည်းဥပဒေအရ Torrent trackers တွေကို သက်ဆိုင်ရာနိုင်ငံအလိုက် ပိတ်ပစ်တဲ့ အဖြစ်အပျက်တွေလည်း အမြောက်အများရှိနေပါတယ်။ အမေရိကန်နိုင်ငံက Org တွေဖြစ်တဲ့ RIAA ( Recording Industry Association of America ) နဲ့ MPAA ( Motion Picture Association of America ) တွေဟာ ဆိုရင်လည်း Copyright ထိမ်းချုပ်မှုမှာ လူသိများတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

Copyright ပြဿနာရပ်နဲ့ ပတ်သတ်ပြီး Torrent Site တွေထဲက နာမည်ရှိတဲ့ Site တစ်ခုဖြစ်တဲ့ Mininova ရဲ့ဖော်ပြချက်ကို ဒီနေရာကနေ  သွားရောက် ဖတ်ရှုနိုင်ပါတယ်။ နောက်တစ်ခုသိထားသင့်တာက အင်တာနက်ကပဲ လူမသိနိုင်ပါဘူး ဆိုပြီး ရှောင်ပြေးလို့ မရပါဘူး။ သူတို့အားလုံးမှာ downloader အားလုံးရဲ့ IP addresses ကိုလိုက်ပြီး အသေးစိတ်အချက်အလက်တွေ စုံစမ်းရယူနိုင်တာကြောင့် ရှောင်ပြေးဖို့ဆိုတာလည်း မလွတ်နိုင်ပါဘူး။ အားလုံးကို သိပြီ နားလည်ပြီ ဆိုရင်တော့ Torrent Network ထဲကို စဝင်လို့ ရပါပြီ။


ဆက်ရန် ...



Credit :   www.myanmarfamily.org ( KznT )


Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.org

Thursday, February 4, 2016

Torrent ဆိုတာ ဘာလဲ ?? အပိုင်း ( အပိုင်း ၂ )




















ကျွန်တော်တို့ User အတော်များများဟာ File sharing လုပ်ကြပြီဆိုရင် သာမန် လုပ်ရိုးလုပ်စဉ် လုပ်ဆောင်နေကျ FTP ဒါမှမဟုတ် Email စတာတွေနဲ့ပဲ လုပ်ဆောင်ဖို့ အတွက် အကျွမ်းတဝင်ရှိကြပါတယ်။ Torrent ဆိုတာကတော့ သူတို့နဲ့ မတူပါဘူး။ သူက ကျွန်တော်တို့ အလွယ်တကူ အသုံးချနိုင်ဖို့ အတွက် ဘယ်လိုလုပ်ကိုင် ဆောင်ရွက်ရမယ်ဆိုတဲ့ ညွှန်ကြားချက် အပြည့်အစုံပါဝင်တဲ့ သီးခြား File sharing protocol တစ်ခုပါ။ Email ဒါမှမဟုတ် FTP ကို အသုံးပြုပြီး File sharing လုပ်တယ် ဆိုတာဟာ မိမိအလိုရှိရာဖိုင်ကို သိမ်းဆည်းသိုလှောင်ပေးထားတဲ့ ကွန်ပြူတာတစ်ခုနဲ့ သူ့ကို လာရောက်ဆက်သွယ်ပြီး ဖိုင်လက်ခံရယူမယ့် အခြားကွန်ပြူတာတို့ရဲ့ ဆက်သွယ်ချက်ကို ကိုယ်စားပြုတဲ့ Sharing လုပ်ဆောင်နည်း ဖြစ်ပါတယ်။ Torrent ကတော့ သူတို့နဲ့ မတူပါဘူး - FTP မှာ ဖိုင်တစ်ခုကို နေရာတစ်ခုတည်းမှာ သိုလှောင်ပြီး အခြားနေရာ အနှံ့အပြားမှာ ရှိနေတဲ့ ကွန်ပြူတာတိုင်းက မိမိအလိုရှိရာဖိုင်ကို ဆွဲကြပေမယ့် - Torrent မှာကတော့ Peer-to-Peer ဆိုတဲ့ နည်းပညာရပ်ကို သုံးပြီး ဒီ ဖိုင်တစ်ခုတည်းကိုပဲ နေရာအနှံ့အပြားမှာ ရှိနေတဲ့ ကွန်ပြူတာတိုင်းမှာ သိမ်းဆည်းပေးသလို နေရာအနှံ့အပြားမှာရှိနေတဲ့ ကွန်ပြူတာတိုင်းကနေလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း ဒေါင်းလုပ်ချလို့ ရနိုင်အောင် စီစဉ်ပေးထားပါတယ်။ ကျွန်တော်တို့တွေ Torrent နည်းပညာကို အသုံးပြုပြီး မိမိမှာရှိနေတဲ့ exe, mp3, AVI, JPEG, Doc စတဲ့ ဖိုင်အမျိုးအစား မျိုးစုံကို Share ပေးလို့ရသလို .. Download ချပိုင်ခွင့်လည်း ရှိပါတယ်။


အထက်ဖော်ပြပါပုံကနေ တစ်ဆင့် ပုံမှန် ကျွန်တော်တို့ လည်ပတ်နေကျ Network Sharing တစ်ခုနဲ့ Torrent Network ပေါ်မှာ ရှိနေတဲ့ Sharing တစ်ခုရဲ့ ကွာခြားပုံကို သိသာစေနိုင်ပါတယ်။ အကြောင်းအရာ တစ်ခုကို မစတင်သေးခင် စိတ်ပျက်မသွားပါနဲ့ဦး။ ပုံကိုကြည့်လိုက်ရင် မျက်စိရှုပ်စရာ ကောင်းနေပေမယ်လို့ သူ့အကြောင်းအရာက ဒီလောက်ထိ ခက်ခက်ခဲခဲ နက်နက်နဲနဲကြီး မဟုတ်ပါဘူး။

Torrent Language အား စတင်လေ့လာခြင်း

နည်းပညာရပ် တစ်ခုအကြောင်းကို စုံစုံစေ့စေ့ နားလည်နိုင်ဖို့ဆိုရင် သူ့နည်းပညာရပ်ထဲမှာ အသုံးပြုနေတဲ့ စကားလုံးတွေ အကြောင်းကို အရင်ဆုံး ထိတွေ့ထားဖူး ပြီးသား ဖြစ်သင့်ပါတယ်။ ဒီအောက်က စကားလုံးတွေနဲ့ ရှင်းလင်းချက်တွေကတော့ ကျွန်တော်တို့ Torrent နည်းပညာအကြောင်းကို ရှင်းလင်းတဲ့ အခါမှ အလွယ်တကူ နားလည်လွယ်အောင် ယဉ်ပါးပြီးသား ဖြစ်နေသင့်တဲ့ Torrent Language ထဲက စကားလုံး တစ်ချို့ပါ။

( ၁ ) Torrent - အစပထမဆုံး စပြောရရင်တော့ အပေါ်မှာလည်း အစပျိုး ပြောထားခဲ့ပြီးသား torrent ဆိုတဲ့ စကားလုံးနဲ့ပဲ စပါ့မယ်။ ကျွန်တော်တို့ Torrent ဖိုင်တွေ အစပထမဆုံး ဒေါင်းလုပ်ချလိုက်တဲ့ အချိန်မှာ .torrent ဆိုတဲ့ စာလုံးနဲ့ဆုံးတဲ့ ဖိုင်တစ်ခု ကို အဦးဆုံးတွေ့ရပါလိမ့်မယ်။ အဲဒီ့ ဒေါင်းလုပ်ချလို့ ပထမဆုံး ရလာတဲ့ .torrent ဆိုတာ ကျွန်တော်တို့ လိုချင်နေတဲ့ ဖိုင်တစ်ခုလုံး မဟုတ်သေးပါဘူး။ သူ့ပမာဏက အရမ်းသေးငယ်ပြီး .torrent နဲ့ အဆုံးသတ်ထားတဲ့ သူ့ထဲမှာ ပါဝင်တာက ကျွန်တော်တို့ လိုချင်နေတဲ့ ဖိုင်ရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ လတ်တလောမှာ အဲ့ဒီ့ဖိုင်ကို ဘယ်သူတွေက Sharing လုပ်ထားတယ် ဆိုတာကိုပဲ ရည်ညွှန်းဖော်ပြချင်တဲ့ ဖော်ညွှန်းချက်ပဲ ပါဝင်တာပါ။ သူက ဘာနဲ့ တူသလဲ ဆိုရင် Torrent အတွက် အသုံးပြုတဲ့ မြေပုံညွှန်းတစ်ခုနဲ့ တူပြီး ကိုယ်အလိုရှိရာဖိုင်ကို ဘယ်နေရာကနေ စုစည်းရယူနိုင်မယ်ဆိုတဲ့ သတင်းအချက်အလက်ကို စုစည်းပေးထားတဲ့ ဖိုင်အမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။

( ၂ ) BitTorrent client - BitTorrent client ဆိုတာ Torrent နည်းပညာကို အသုံးပြုပြီး .torrent နဲ့ အဆုံးသတ်ထားတဲ့ ဖိုင်တွေထဲမှာပါဝင်နေတဲ့ သတင်းအချက်အလက် အကြောင်းအရာတွေကို ဖတ်ရှုပြီး အလိုရှိရာ ဖိုင်တွေကို တည်နေရာ အသီးသီးက စုစည်းဒေါင်းလုပ် ရယူနိုင်အောင် စွမ်းဆောင်ပေးတဲ့ Software တစ်ခုပဲ ဖြစ်ပါတယ်။ Torrent Client အမျိုးအစား အမျိုးမျိုးရှိပြီး လူသုံးများကြတဲ့ Client တွေကတော့



* uTorrent  

* Azureus  

* Deluge   

* Yet ABC  

* BitTornado  

* BitComet  

* G3Torrent  

* Shareaza  

* BitTorrent  

* BitPump   



ဒီဖော်ပြထားတာတွေ အားလုံးက လူသိများတဲ့ Torrent Client တွေပါ။ တစ်ခြား Client တွေလည်း အများအပြားရှိနေပါသေးတယ်။

( ၃ ) Peer - Peer ဆိုတာ Torrent ဖိုင်တစ်ခုချင်းစီရဲ့ Download ဒါမှမဟုတ် Upload လုပ်နေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်ပတ်သတ်နေတဲ့ ကွန်ပြူတာ အားလုံးကို ဆိုလိုပါတယ်။

( ၄ ) Seeder - Seed သို့တည်းမဟုတ် Seeder ဆိုတာ Torrent Network အတွင်းမှာရှိနေတဲ့ Share ပေးထားသမျှ ဖိုင်တွေထဲက မိမိအလိုရှိရာ ဖိုင်တစ်ခုခုကို ဖြစ်မြောက်ပြီးဆုံးအောင် ဒေါင်းလုပ်ချပြီးသွားတဲ့ သူကို ဆိုလိုပါတယ်။ ဒီလောက်နဲ့တင် မပြည့်စုံသေးပါဘူး။ Seeder ရဲ့ အကြောင်းတရားက Torrent မှာ တော်တော်လေး အရေးပါပါတယ်။ ကျန်တဲ့ ဝေါဟာရတွေ မသိနားမလည်ရင် နေပါ။ ဒီ Seeder အကြောင်းကိုတော့ ကောင်းကောင်း နားလည်ထားဖို့ လိုပါတယ်။ Torrent Network အတွင်းက မိမိအလိုရှိရာ ဖိုင်တစ်ခုကို ဖြစ်မြောက်ပြီးဆုံးအောင် ဒေါင်းလုပ်ချပြီးသွားယုံနဲ့ Seeder တစ်ယောက် မဖြစ်ပါဘူး။ Torrent ဆိုတာ Peer-to-Peer နောက်တစ်မျိုးအခေါ် User to User Share ပေးထားတဲ့ သဘောထားမျိုး ဖြစ်တာမို့လို့ ကိုယ် ဒေါင်းလုပ်ချချင်တဲ့ ဖိုင်ကို ဖြစ်မြောက်ပြီးဆုံးအောင် ဒေါင်းလုပ်ချနိုင်ဖို့အတွက် ကိုယ်လိုချင်တဲ့ ဖိုင်ရှိနေပြီးသား User တစ်ယောက် သို့တည်းမဟုတ် အများကနေ Seeder အမည်ခံပြီး ကိုယ့်ကို Share ပေးထားရတာ ဖြစ်သလို၊ ကိုယ် အဲ့ဒီ့ဖိုင်ကို ရရှိပြီးသွားတဲ့ အချိန်မှာလည်း ကိုယ့်လိုပဲ အဲ့ဖိုင်ကို လိုချင်နေကြမယ့် တစ်ခြား User တွေအတွက် ကိုယ်ကတစ်ဖန် ပြန်ပြီး Seeder အဖြစ်နဲ့ Share ပေးနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲလို Torrent Network ကနေ ကိုယ်လက်ခံရရှိပြီးသား ဖိုင်တစ်ခုကို Seeder အမည်ခံနဲ့ Upload တင်ပြီး share ပေးထားသူမျိုးကိုသာ ကျွန်တော်တို့က Seeder အစစ်အမှန် တစ်ယောက် အဖြစ် သတ်မှတ်လို့ ရပါတယ်။ တကယ်လို့ ကိုယ်က Torrent Network ကနေ ဖိုင်တစ်ခုခုကို ပြီးဆုံးအောင် download ချခဲ့တယ် ဒါပေမယ့် သူများတွေ အဲ့ဖိုင်ကို ဒေါင်းလုပ်ချနိုင်ဖို့ အတွက်ကျတော့ ကိုယ်က seeder တစ်ယောက်အဖြစ်နဲ့ ကိုယ်ဒေါင်းလုပ်ချခဲ့တဲ့ ဖိုင်ကို Upload တင်ပြီး share မပေးခဲ့ဘူးဆိုရင် သူ့လိုလူမျိုးကို Seeder အဖြစ် မသတ်မှတ်ပါဘူး။ Leecher အဖြစ်ပဲ သတ်မှတ်ပါတယ်။

( ၅ ) Leecher - Leecher ဆိုတာ Torrent Network အတွင်းမှာရှိနေတဲ့ Share ပေးထားသမျှ ဖိုင်တွေထဲက မိမိအလိုရှိရာ ဖိုင်တစ်ခုခုကို Download ချနေဆဲ ဒေါင်းလုပ်ချမှု မပြီးဆုံးသေးသူများကို ဆိုလိုပါတယ်။ Leecher ဆိုသူတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာသက်ဆိုင်ရာ ဒေါင်းလုပ်ချမှု လုပ်ငန်းစဉ်ပြီးဆုံးသွားမယ့် အချိန်မှာတော့ Network အတွင်းမှာ သူ ဒေါင်းလုပ်ချထားရာ ဖိုင်ကို Share ပြန်ပေးရင်းနဲ့ Seeder ဖြစ်လာနိုင်ချေရှိသူများ လို့ ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် Leecher တိုင်းက Seeder ဖြစ်လာမယ်လို့ ပြောလို့ မရပါဘူး။ ဆိုလိုတာက Leecher တစ်ယောက်ဟာ သက်ဆိုင်ရာဖိုင်တစ်ခုကို ဒေါင်းလုပ်ချလို့ ပြီးသွားရင်တောင် တစ်ခြားသူအတွက် Share ပြန်မပေးခဲ့ဘူးဆိုရင် သူဟာ Seeder ဖြစ်လာမှာ မဟုတ်ပဲ Leecher နေရာမှာပဲ ရပ်တည်နေမှာ ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ သဘောတရားနဲ့ ဆင်ပါတယ်။

( ၆ ) Share Ratio - Share Ratio ဆိုတာ Torrent Network ကို အသုံးပြုပြီး Download ချသူ User တစ်ယောက်ရဲ့ Upload တင်ပေးတဲ့ ပမာဏကို သူ ဒေါင်းလုပ်ချခဲ့တဲ့ ပမာဏနဲ့ စားလို့ ရလာမယ့် ရလာဒ်ကို ဆိုလိုပါတယ်။ ဥပမာ လူတစ်ယောက်က Torrent Network ကို အသုံးပြုပြီး 5GB လောက်ပမာဏ ရှိတဲ့ ဖိုင်တစ်ခုကို ဒေါင်းလုပ်ချခဲ့တယ် ဆိုပါစို့။ သူဟာ ဒေါင်းလုပ်ချလို့ ပြီးပြီးချင်း Seeder တစ်ယောက် အဖြစ်ရပ်တည်ပြီး အခြားသူငါတွေကိုလည်း ဒေါင်းလုပ်ချလို့ ရနိုင်အောင် ကိုယ်ရထားတဲ့ ဖိုင်ပမာဏဖြစ်တဲ့ 5GB အတိုင်း Upload ပြန်တင်ပေးထားမယ် ဆိုရင် သူရဲ့ Share Ration ပမာဏဟာ 5/5 = 1 ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီ Share ratio ပမာဏဟာ 1 ဒါမှမဟုတ် 1 ထက်ကျော်မယ်ဆိုရင် + ဘက်ဆောင်တဲ့ ကောင်းမွန်တဲ့ လက္ခဏာရပ်ဖြစ်ပြီး မိမိရဲ့ လုပ်ဆောင်မှုကြောင့် အခြားသူငါတွေပါ အဆင်ပြေလွယ်ကူစွာ ဒေါင်းလုပ်ချလို့ ရနိုင်အောင် ကူညီပေးတဲ့ သဘောကို ဆောင်ပါတယ်။ တကယ်လို့ ဒေါင်းလုပ်ချတာက 5GB Upload ပြန်တင်ပေးတော့ 2 Gb လောက် တစ်ဝက်တစ်ပျက် တင်ပေးပြီး ဖျက်ပစ်လိုက်မယ်ဆိုရင် Share Ratio 2/5 = 0.4 ဖြစ်သွားပြီး သူ့ရဲ့ အဓိပ္ပါယ်က စိတ်ထားမပြည့်ဝသူ မိမိအလိုရှိရာကိုသူ ယူငင်ပြီး အများအကျိုး သယ်ပိုးဆောင်ရွက်မပေးလိုသူ တစ်ယောက် အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အတိုချုံးပြောရရင် Share Ratio ဟာ 1 သို့မဟုတ် 1 ထက်များမယ်ဆို လူပီသပါတယ်။ 1 အောက်နည်းမယ်ဆိုရင်တော့ လူမပီသသူ တစ်ယောက် ဖြစ်သွားနိုင်ပါတယ်။

( ရ ) Swam - Swam ဆိုတာ Torrent Network ထဲမှာ ရှိနေပြီး Torrent Process အတွင်းမှာ ရှိနေသူ Seeders နဲ့ Leechers များ ( ကွန်ပြူတာများ ) အားလုံးရဲ့ စုစုပေါင်း အရေအတွက်ကို ခေါ်ပါတယ်။

( ၈ ) Tracker - Tracker ဆိုတာ Sever တစ်ခုဖြစ်ပြီး သူ့အထဲမှာမှ Torrent Network ထဲမှာ ရှိနေတဲ့ ကွန်ပြူတာတွေထဲက ဘယ်သူ့ဆီမှာ ဘယ်ဖိုင်တွေ ရှိနေပြီး ဘယ်သူကတော့ ဘယ်ဖိုင်တွေ လိုအပ်နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို တံတားတစ်စင်းပမာ Seeders တွေနဲ့ Leechers တွေကြား ဆက်သွယ်ပေါင်းကူးပေးတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ Tracker အများစုကတော့ Public ဖြစ်ပြီး တစ်ချို့ Tracker တွေကတော့ Register လုပ်ဖို့ လိုအပ်တဲ့ Private Tracker တွေ အဖြစ်လည်း ရှိနေတတ်ပါတယ်။

( ၉ ) Index - Index ဆိုတာ Website ပေါ်မှာ သိမ်းဆည်းထားတဲ့ .torrent ဖိုင်စာရင်းတွေကို ရှာဖွေနိုင်ဖို့ ရည်ညွှန်းပေးတဲ့ ရည်ညွှန်းအမည် တစ်ခု ဖြစ်ပါတယ်။



Credit :   www.myanmarfamily.org (KznT)


Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.org

Wednesday, February 3, 2016

ကမ္ဘာလူဦးရေ၏ ၁၁% သည် Facebook Messenger ကို လတိုင်းပုံမှန် သုံးစွဲနေကြပါသည်။


















Facebook မှ အသုံးပြုများအားလုံးကို ၂၀၁၆ တွင် တီထွင်မှု အသစ်ဖြင့် မိတ်ဆက်ပေးမည့် အစီအစဉ်ကို ဖော်ပြထားပါသည်။ ထိုအသစ်ပါဝင်လာမည့် Features အသစ်တွင် အထင်ရှားဆုံးနှင့် စိတ်ဝင်စားမှု အများဆုံးဖြစ်သည့် M ( Messenger ) သည် သင့်၏ ပုဂ္ဂိုလ်ရေး ကိုင်တွယ်သူတစ်ဦးကဲ့သို့ လုပ်ဆောင်ပေးပါမည် ဟုဖော်ပြထားပါသည်။ အခုလက်ရှိတွင် M ( Messenger ) သည် နေ့စဉ် ပုံမှန်လုပ်ဆောင်ကြဖြစ်သည့် စားသောက်ဆိုင် အော်ဒါ မှာခြင်း၊ ပန်းများ ပို့ပေးခြင်း ၊ နေ့စဉ် ပုံမှန် အချိန်ဇယားဆွဲပေးခြင်း တို့ကို လုပ်ဆောင်ပေးလျက်ရှိပါသည်။ ထိုကဲ့သို့ လုပ်ဆောင်နိုင်မှု ကြောင့််လည်း နိုဝင်ဘာလတွင် သန်း ရ၀၀ ကျော်အသုံးပြုသူ ရှိခဲ့ပြီး အခု အချိန်တွင် သန်း၈၀၀ ကျော်အထိ များပြားလာခဲ့ပါသည်။ တိုးတက်လာသည့် အစိတ်အပိုင်းတွင် Facebook Administrator Account မပါဘဲ unlock လုပ်ပြီး အသုံးပြုနိုင်ပါသည်။


WhatsApp ဆိုသည့် Application သည်လည်း Facebook ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သလို တစ်လအတွင်း အမြဲတမ်း အသုံးပြုသူ သန်း၉၀၀ ကျော် အထိရှိပါသည်။ အကယ်၍ Platform အသီးသီး အကို အသုံးပြု နေသည့် သုံးစွဲသူများ သည် တစ်ဦးနှင့် တစ်ဦး ထပ်မနေပါက Facebook မှ ပိုင်ဆိုင်သည့် Platform ကို အသုံးပြုသူ အရေအတွက်သည် လူပေါင်း ၁.၇ ဘီလီယံ ကျော် အထိ သုံးစွဲနေပြီဖြစ်ပါသည်။ လေ့လာချက်များ အရ ကမ္ဘာ ပေါ်ရှိလူအားလုံး၏ ၂၃% သည် Facebook ကို အသုံးပြုကြပြီး ၁၁% ကျော် (ဒါမှမဟုတ်) လူပေါင်း သန်း၈၀၀ ကျော်သည် Messenger ကို လတိုင်းပုံမှန် သုံးစွဲနေကြပါသည်။



Credit : www.ReadyPlanet.com.mm



Posted By

<<  Zaw Lay  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.org

Torrent ဘာလဲ Torrent ဘယ်လဲ ?? ( အပိုင်း ၁ )




















ကျွန်တော်အပါအဝင် လူအတော်များများ တစ်နေ့နဲ့ တစ်နေ့ အင်တာနက် သုံးဖြစ်တယ်ဆိုတာ ဟိုဝင်လိုက် ဒီထွက်ထိုက် .. ဟိုဂိမ်းဆော့လိုက် ၊ ဒီဂိမ်းဆော့လိုက် ၊ Facebook ဝင်လိုက် ၊ Blogging လိုက် … စာအုပ်ဖတ်လိုက် ၊ သီချင်းနားထောင်လိုက် ဆိုပြီး ပုံစံမျိုးစုံနဲ့ အင်တာနက်ဆိုတာကြီးကို အသုံးချနေခဲ့ကြတယ်။ တစ်ခါတစ်လေ သီချင်းလေး နားထောင်ရင်းနဲ့ ဒီသီချင်းလို့ ကြိုက်လို့ ဒေါင်းလုပ်ချပြီး သိမ်းထားလိုက်ချင်တယ် .. တစ်ခါတစ်လေကျ တော့ Sherlock Holmes, Avater, တို့လို အခွေကောင်းလေးတွေတွေ့ရင် ကိုယ်လည်းကြည့် သူများလည်း ပြရအောင် စက်ထဲမှာ ထည့်ထားလိုက်ချင်တယ် .. တစ်ခါတစ်လေ ကွန်ပြူတာ အတွက် မဖြစ်မနေလိုလို့ အရေးကြီး ဆော့ဖ်ဝဲလ်လေးတွေ အပူတပြင်းလိုက်ရှာ ပြီး ဒေါင်းလုပ်ချရတယ် .. တစ်ခါတစ်လေ အလုပ်က ၊ ကျောင်းကစသဖြင့် ပေးတဲ့ Projects တွေ ၊ Assignments တွေ အတွက် အထောက်အကူပြု မှီငြမ်းကိုးကား လို့ ရအောင် E-Books လေးတွေ လိုချင်ပြန်ရော .. အဲလိုနဲ့ တစ်နေ့နဲ့တစ်နေ့ ကျွန်တော်တို့တွေ ရလိုမှုတပွေ့တပိုက်ကို ရင်မှာပိုက်ပြီး နေ့ရက်တိုင်းကို ဖြတ်သန်းခဲ့ကြတယ်။ ခုလည်း ဖြတ်သန်းနေတယ်။ နောက်လည်း ဖြတ်သန်းနေရဦးမယ်။ အဲတော့ ဖြတ်သန်းနေရမယ့် ကာလတစ်လျှောက်လုံးမှာ ကျွန်တော်တို့အတွက် အမြဲပတ်သတ်နေမှာ ဘာလဲလို့ ကျွန်တော် စဉ်းစားကြည့်မိတယ်။ အဲဒါကတော့ ကျွန်တော်တို့ အတွက် ဘယ်တော့မှ ဖြည့်တင်းလို့ မပြည့်နိုင်တဲ့ “ Downloading “ လုပ်ငန်းစဉ်ကြီးပါပဲ။

Downloading ဆိုတာ File Sharing လုပ်ခြင်းကနေ ပေါက်ဖွားလာတဲ့ နောက်ဆက်တွဲ ရလာဒ်တစ်ခုပါ။ File Sharing ဆိုတာ စီးပွားရေး ရှုဒေါင့်ကနေ ကြည့်ရင် ဝယ်လိုအား နဲ့ ရောင်းလိုအားကြားက ပေါင်းကူး တံတားတစ်ခုလိုပါပဲ။ ဝယ်လိုအားလို့ ပြောလို့ရတဲ့ Downloader တွေရဲ့ တောင်းဆိုမှု တွေကြောင့် ရောင်းလိုအားလို့ဆိုလို့ရတဲ့ Up loader တွေပေါ်ပေါက်လာပြီး သူတို့ ၂ ယောက်ကြားမှာ ဆက်သွယ်ပေါင်းစည်းမှု အဖြစ် File Sharing ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ File Sharing ကိုအရင်တစ်ချိန်ကတော့ ဘယ်သူမှ ဒီလောက်ကြီး စိတ်လည်းမဝင်စားခဲ့ကြဘူး။ စိတ်ကူးထဲလည်း မရှိခဲ့ကြဘူး။ ဒါပေမယ့် ခုခေတ်မှာတော့ အရာရာ အင်တာနက် ခေတ်ဖြစ်လာခဲ့ပြီ .. ဘယ်လောက်ထိတောင်လဲ ဆို အရင်တစ်ချိန်က Applications တွေ ဗြွတ်လိုက်တင်ပြီး အလုပ်လုပ်နေကြတဲ့ Desktop တွေ ၊ Laptop တွေကိုတောင် အသုံးမလိုတော့ သယောင်ထားခဲ့ပြီး ipad တို့ netbook တို့ဆိုတာ ပေါ်လာခဲ့ပြီ .. စီးပွားရေး သမားတွေက အင်တာနက်ရဲ့ အသုံးဝင်ပျံ့နှံ့လာမှုနဲ့ File Sharing အကြောင်းကို ကောင်းကောင်း ရိပ်စားမိပြီး RapidShare တို့လို .. Megaupload တို့လို့ Hotfile တို့လို Uploading တို့လို အစရှိသဖြင့် Downloader နဲ့ Up loader တွေကြားမှာ Hosting Service ဆိုတဲ့ နာမည်လှလှ သုံးပြီး စီးပွားရေးတွေ လုပ်လာကြပြီ။ RapidShare မှာဆို FreeUser တစ်ယောက်အတွက် Applications လေး တစ်ခုဒေါင်းလုပ်ချဖို့ သွားရင် Wait ….. Minutes ဆိုတာကြီး တက်လာပြီ .. တစ်ခါတစ်ခါ ကိုယ်လည်း ဘာမှဒေါင်းလုပ်မချရသေးပဲ မင်း ip က ဒေါင်းလုပ်ချနေပြီလည်း ပြောရဲ့ .. ရံဖန်ရံခါ ကျတော့ ခုလေးတင် မင်းဒေါင်းလုပ်ချပြီးတာ နောက်ထပ် ဘယ်နမိနစ်စောင့်ပါဦးလို့လည်း ဆိုရဲ့ .. နောက်ပြီး နောက်ထပ် လာသေးတာက လတ်တလော ဆိုဒ်မှာ ဒေါင်းလုပ်ချသူတွေ အရမ်းပြည့်ကျပ်နေလို့ မင်းလို FreeUser တွေအတွက် နေရာလပ်မရှိဘူးလို့လည်း ပြောရဲ့ .. မျက်နှာငယ်လိုက်ရတာ။ နာရီလိုလိုဘာလိုလို Speed တိုင်းတဲ့ ဟာကြီးနဲ့လည်း ပြထားသေးတယ် Free User ဆိုရင် Download speed က 0 နားမှာ .. Premium User ဆို Max: ( Premium user ဆိုတာ အဲ့ဒီ Hosting ပေးထားတဲ့ ဆိုဒ်မှာ ပိုက်ဆံထည့်ပြီး သုံးတဲ့သူကို ပြောတာ။ )

သူပြတဲ့ ဘယ်နမိနစ်စောင့်ပါ ဆိုတာကြီးသာ ထိုင်စောင့်နေရလို့ကတော့ အိုသေရချည်ရဲ့ .. ဒါပေမယ့်လည်း ဒီပြဿနာ ကို ယှဉ်ပြိုင်အံတုဖို့ နည်းပညာ သစ်တွေ ဆက်တိုက် ဆက်တိုက် ပေါ်လာခဲ့ပါတယ်။ KaZzA , Morpheus , WinMX သူတို့တွေဟာ ဒီ File Sharing ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကနဦးပေါ်ပေါက်လာခဲ့တဲ့ ဆော့ဖ်ဝဲလ်တွေပါပဲ။ ဒီ ပရိုဂရမ်တွေရဲ့ လုပ်ဆောင်မှုက Download လုပ်ချင်သူ နဲ့ Upload လုပ်ပေးမယ့်သူကို ချိတ်ဆက်ပေးပြီး File Sharing လုပ်စေတဲ့ သဘောမျိုးပါ။ ဒီလိုလုပ်လိုက်ခြင်း အားဖြင့် ကိုယ်လိုချင်တဲ့ ဖိုင်တွေ ဒေတာတွေကို ကြားခံနယ်မလိုပဲ ရရှိနိုင်မယ်။ ငွေကုန်ကြေးကျလည်း မများတော့ဘူး။ ဒီ Software တွေရဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်။ ဒါပေမယ့် ထင်သလောက် မအောင်မြင်နိုင်ခဲ့ပါဘူး။ ဘာလို့လည်း ဆိုတော့ ဒီ File Sharing type ကို သုံးမယ် ဆိုရင် Downloader ဘက်က ဒေါင်းလုပ် Speed ဘယ်လောက်ကောင်းကောင်း Up loader လုပ်သူဘက်က Speed မကောင်းလို့ မြန်မြန်ဆန်ဆန် တင်မပေးနိုင်တဲ့ အခါ File တစ်ခု ရရှိဖို့အရေး အရမ်းကြန့်ကြာ သွားတတ်လို့ပါ။ ဒါအတော် စိတ်ပျက်ဖို့ ကောင်းတဲ့ လက္ခဏာရပ်ပါပဲ။

ဒါပေမယ့်ခုတော့ ဒီပြဿနာရပ်ကို ဖြေရှင်းဖို့ အတွက် နောက်ထပ် နည်းပညာရပ်တစ်ခု ရှိနေခဲ့ပါပြီ။ ဒါကတော့ BitTorrent ( ခေါ် ) Torrent နည်းပညာရပ်ပါပဲ။ Torrent ဆိုတာ P2P protocol ခေါ် method တစ်ခု ဖြစ်ပြီး အဲ့ကောင်က ဒေါင်းလုပ်ချမယ့်သူနဲ့ ရှယ်ယာပေးမယ့်သူရဲ့ ကြားမှာ Speed ကောင်းကောင်း အရည်အသွေးမြင့်မြင့်နဲ့ File Sharing လုပ်နိုင်တဲ့ Method လို့ ပြောရမှာပါ။ လူတော်တော်များများက Torrent အကြောင်းကို ကြားဖူးနားဝ ရှိကြပေမယ့် သူ့ရဲ့ လုပ်ဆောင်မှု ကိုတော့ ခုချိန်ထိ စမ်းတဝါးဝါးပဲ သိကြပါသေးတယ်။ အဲ့ဒီ့ စမ်းတဝါးဝါးသိကြတဲ့ အတွေးကြောင့် Torrent ဆိုတဲ့ နယ်ပယ်သစ်ဆီ ဘယ်သူမှ ခြေဦးမလှည့်ချင်ခဲ့ကြဘူး။

နေ့စဉ် ပုံမှန်လည်ပတ်နေကျ ဒီသမားရိုးကျ Internet Download Manager တို့Download Accelerator တို့ကိုပဲ အားကိုးပြီး ယက်ကန်ယက်ကန် ကော်နက်ရှင်မှာ ချလိုက်ပျက်လိုက်နဲ့ Rapidshare တို့ Hotfile တို့ Uploading တို့ဆီပဲ သွားသွား ဒူးထောက်နေခဲ့ကြရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲကာလ ၊ နည်းပညာနဲ့မယဉ်ပါးနိုင်သေးတဲ့ နိုင်ငံဆို ပိုဆိုးပေါ့။ တကယ်တော့ ဘာမှမသိတာ ရှက်စရာ မဟုတ်ပါဘူး။ ရယူလိုစိတ်တစ်ခုပဲ လိုပါတယ်။ အဲဒီ့စိတ်ရှိရင် အရာအားလုံး ပိုင်ဆိုင်နိုင်ပါတယ်။

ကျွန်တော်တို့ ခဏလောက် ဖြစ်ဖြစ် Rapidshare တို့ Hotfile တို့ ကနေခွဲထွက်ပြီး Torrent ကမ္ဘာ ထဲကို တိုးဝင်ကြည့်ရအောင်ဗျာ .. ဒီ အတိုင်းတော့ တိုးဝင်ခိုင်းလို့ မရဘူး ကျွန်တော်သိတယ်။ Torrent နဲ့ ဒေါင်းလုပ်ချမယ် ဆိုရင် ဘာလိုဟာမျိုးတွေ ဒေါင်းလုပ်ချနိုင်မလဲ .. ဘယ်လိုတန်ဖိုးကြီးတဲ့၊ တန်ဖိုးရှိတဲ့၊ Software မျိုး၊ Ebooks မျိုး၊ Games မျိုး၊ သီချင်း VCD မျိုးတွေ ကို ကန့်သတ်ချက်မရှိ နာရီကန့်သတ်မှု မရှိ Free charge နဲ့ ဒေါင်းလုပ်ချလို့ ရနိုင်မလဲ ဆိုတာ ဥပမာ ပြပြီးဆွဲဆောင်သွားပါ့မယ်။



Code:

Windows

Applications > Windows  Microsoft Windows 7 Ultimate Retail(Final) x86 and x64

Applications > Windows  Windows 7 Ultimate AIO Activated

Applications > Windows  Adobe Photoshop CS4 Extended

Applications > Windows  Microsoft Office Enterprise 2007

Applications > Windows  Nero 9 Reloaded 9.4.26.0 + keygen [GR420]

Applications > Windows  Adobe CS3 Photoshop Extended and Illustrator - All Cracked

Mac

Applications > Mac         Final Cut Studio 3 - Complete Suite

Applications > Mac         Mac OS X 10.6 Snow Leopard (Final Retail)

Applications > Mac         Microsoft Office 2008 for Mac - Standard Edition + 14 serials

Applications > Mac         Logic Studio 9 Install DVD

Applications > Mac         PwnageTool_3.1.4.dmg

Applications > Mac         PwnageTool_3.1.5.dmg

Linux

Applications > UNIX       Linux Mint 8 Helena iso

Applications > UNIX       liveandroidv0.3.iso

Applications > UNIX       Mathworks.Matlab.R2009b.UNIX.ISO-TBE (Mac OS X, Linux, Solaris)

Applications > UNIX       Backtrack 3 Final - ISO

Applications > UNIX       Mandriva 2010.0 Powerpack (i586)

Games

Games > PC      Mass_Effect_2-Razor1911

Games > PC      Aliens Vs Predator Proper-Razor1911-[tracker.BTARENA.org].iso

Games > PC      BioShock_2-Razor1911

Games > PC      Call of Duty Modern Warfare 2 PROPER-SKIDROW

Games > PC      Dragon Age Origins-SKIDROW(No Rars)

Movies

Video > Movies  Sherlock Holmes (2009) DVDSCR XviD-MAX

Video > Movies  Legion.2010.R5.LiNE.Xvid {1337x}-Noir

Video > Movies  Avatar (2009) PROPER TS XviD-MAX

Video > Movies  Legion.R5.LINE.XviD-MENTiON.avi

Video > Movies  My Name Is Khan 2010 Hindi Repack Pre-DVDRip XviD E-SuB xRG

Ebooks

Other > E-books            543 For Dummies E-Books - )_)ReUpLd)_)

Other > E-books            Windows 7 Secrets (2009) - (Malestrom)

Other > E-books            65+ Poker Strategy EBooks Collection (Doyle Drunson, Dan Harring

Other > E-books            Adobe Photoshop CS4 for Photographers (PDF) (2008) - (Malestrom)



ဒီ ကျွန်တော်ပြထားတဲ့ ဖိုင်တွေဆိုတာ Torrent ဆိုဒ်တစ်ခုဖြစ်တဲ့ Thepiratebay  တစ်ခုက အလကား မျှဝေပေးထားတဲ့ Full version တွေချည်းပါ။ လက်ရှိလည်း သူတို့အားလုံး Torrent မှာ တကယ်ရှိနေပါတယ်။ သူ့လို ဆိုဒ်မျိုးတွေလည်း နောက်ထပ် အများကြီး အင်တာနက်ပေါ်မှာ ရှိနေပါသေးတယ်။ ဘာကန့်သတ်ချက် တားဆီးမှုမှ မရှိပဲလည်း ဒေါင်းလုပ်ချလို့ ရနေပါတယ်။ ဖိုင် တစ်ခုချဖို့ ငွေပေးစရာလည်း မလိုပါဘူး။ ပြောရရင် ဒါဟာ User အချင်းချင်း Free File Sharing ပေးထားတဲ့သဘောပါ။ ဒီလိုအသုံးတည့်တဲ့ အရာမျိုးတွေကို ငွေပေးစရာမလိုပဲ ဒေါင်းလုပ်ချနိုင်ဖို့ Torrent နည်းပညာအကြောင်း သိထားဖို့ မလိုဘူးလား။ ဒါကို တစ်ချက်တွေးကြည့်စေချင်ပါတယ်။Torrent နဲ့ အကြောင်းအရာကို ကျွန်တော်မဆွေးနွေးခင်မှာ Forum ထဲမှာ ဆွေးနွေးထားပြီးသား သူ ရှိမရှိ ကျွန်တော်လိုက်ရှာ ကြည့်တော့ ဒီနေရာတွေမှာ ( ၁ ၊ ၂ ) ဆွေးနွေးထားတာလေး တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ဆွေးနွေးမယ့် အကြောင်းအရာက နဲနဲ များမယ် ထင်လို့ ကျွန်တော် Thread အသစ်ဖွင့်ဖြစ်လိုက်တာပါ။ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။

အဲတော့ Torrent ဆိုတာ ဘယ်လိုမျိုးလဲ .. သူဘယ်လို အလုပ်လုပ်သလဲ .. သူ့ရဲ့ အခေါ်အဝေါ်တွေက ဘာတွေလဲ .. Torrent ဆို Speed မကောင်းဘူးပဲ ပြောကြတယ် .. Speed ကောင်းအောင် ဘယ်လိုရွေးချယ်မလဲ ၊ ဘယ် Torrent မျိုးကို သုံးမလဲ .. ဘယ် Torrent Search Engines တွေနဲ့ Torrent Files တွေရှာမလဲ .. ဘယ် Torrent ဆိုဒ်တွေက ကောင်းသလဲ .. Torrent ရဲ့ ကောင်းကျိုးက ဘာလဲ .. ဆိုးကျိုးတွေက ဘာလဲ … စသဖြင့် ကျွန်တော် နားလည်သိရှိထား သလောက် အချိန်တစ်ခုပေးပြီး ပြောပြသွားပါမယ်။ Torrent ကို သုံးစွဲဖူးပြီးသား လူလည်းပါမယ် .. အခုမှ အသစ်စမယ့် သူတွေလည်းပါမယ်။ ခပ်ရဲရဲ တိုးဝင်ကြည့်ပါ .. အရှုံးမရှိပါဘူး .. ဘာမှ မရရင်တောင် ဗဟုသုတတော့ ရတာပေါ့ ..



Credit : www.myanmarfamily.org ( KznT )



Posted By

<<  Zaw Lay  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.org

Sunday, January 31, 2016

Ransomware အကြောင်း






















Ransomware ဆိုတာကတော့ Malicious Software တစ်မျိုးဖြစ်ပြီး Malware အမျိုးအစားထဲတွင် ပါဝင်ပါတယ်။ Attacker or Hacker များသည် Ransomware ပေါင်း မြောက်များစွာရေးသားပြီး အင်တာနက်ပေါ်တွင် လွှင့်တင်ထားတတ်ကြပါတယ်။ User များသည် Ransomware များကို မသိဘဲ Installation လုပ်လိုက်ပါက Ransomware များ၏ တိုက်ခိုက်မှူ့ကို ခံရမည်ဖြစ်သည်။ Ransomware သည် System တစ်ခုကို Block လုပ်ပစ်လိုက်ပြီး ထို ပြုလုပ်လိုက်သည့် Block ပြန်ဖြည်ချင်ပါက Email လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်တစ်ခုပေးထားပြီး ထို လိပ်စာအတိုင်း ငွေပေးချေပါက Block ကို ပြန်ဖြည်ပေးမည်ဟု ဆိုသော စာတန်းများကို ရေးသားထားမည်ဖြစ်သည်။
.
ဒီနေရာမှာ ကျွှန်တော့်ကိုယ်တွေ့လေးတစ်ခု ဖောက်သည်ချချင်ပါတယ်။ တနေ့ ကျွှန်တော့်ဆီကို လက်တော့ပ် တစ်လုံးရောက်လာပါတယ်။ ဘာဖြစ်တာလဲမေးကြည့်တော့ သူလည်း ဘာဖြစ်မှန်းမသိဘူးတဲ့ ကွန်ပြူတာသုံးနေရင်း ရုတ်တရက် ဝင်းဒိုးကျသွားပြီး ပြန်တက်လာတော့ အခုလို Computer Screen မှာ စာတန်းတွေ မြင်တွေ့နေရတာပါဘဲတဲ့။ ကွန်ပြူတာကို Shut Down လုပ်လုပ် Restart လုပ်လုပ် စာတန်းတွေဘဲ ပေါ်လာပြီး ဘယ်လိုမှ ဆက်လုပ်လို့မရတော့ဘူးဆိုပြီး ကွန်ပြူတာကို ယူလာပြပါတယ်။ ကျွှန်တော်ကြည့်လိုက်တော့ သူပြောတဲ့အတိုင်းပါဘဲ။ ကွန်ပြူတာမှာ ရေးသားထားသည့် အကြောင်းအရာကတော့ “သင်သည် Window License Version မသုံးသည့်အတွက် ကျွှန်တော်တို့မှ သင်၏ ကွန်ပြူတာကို ဘလော့လုပ်ပစ်ရခြင်း ဖြစ်ပါတယ် ဘလော့ပြန်ဖြည်ချင်ပါက ဖော်ပြပါ ဖုန်းနံပါတ်သို့ ငွေပေးချေပါဆိုပြီး” ရေးသားထားသော စာတန်းကို တွေ့ရပါတယ်။ အမှန်မှန်ကတော့ အသုံးပြုသူသည် Ransomware ကို မသိဘဲ Installation လုပ်မိသည့်အတွက် Ransomware သည် System ကို ဘလော့ထားခြင်း ဖြစ်သည်။ Attackers or Hackers များသည် Ransomware များဖန်တီးပြီး Victim သားကောင်များထံမှ ငွေညှစ်ခြင်း ခြိမ်းခြောက်ခြင်း အစရှိသည့် ဆိုက်ဘာရာဇဝတ်မှူ့များကို ကျူးလွန်တတ်ကြပါတယ်။
.
Attackers or Hackers များ Ransomware များဖန်တီးပုံကို အနည်းငယ် ဗဟုသုတဖြစ်ဖွယ် ပြောပြချင်ပါသေးတယ်။ Attackers or Hackers များသည် Malicious Code များဖြင့် Software or Exe File များ ဖန်တီးကာ အင်တာနက်အပေါ်တွင် လွှင့်တင်ထားတတ်ကြပါတယ်။ Software or Exe Files များ ဖန်တီးရာတွင် အမှန်တကယ် အစစ်အမှန် ပုံစံမျိုးပေါက်အောင် ဖန်တီးတတ်ကြပါတယ်။ ဥပမာ - Internet Download Manager ကို ဒေါင်းလုပ်ချတယ်ဆိုပါစို့။ Attackers or Hackers များသည် Internet Download Manager နှင့် ထပ်တူဆင်တူသည့် Icon ပုံစံကို အသုံးပြုကာ Malicious Code များကို အသုံးပြုပြီး Software or Exe File များ ဖန်တီးကာ အင်တာနက်အပေါ်တွင် လွှင့်တင်ထားတတ်ပါတယ်။ User များသည် Internet Download Manager ကို အင်တာနက်တွင်ရှာဖွေသောအခါ များစွာသော Websites များတွင် Download Links များကို မြင်တွေ့ရမည်ဖြစ်သည်။ ထိုအထဲကမှ ကံဆိုးစွာ Attackers or Hackers မှ ဖန်တီးထားသော Ransomware ကို Download ချမိပြီး Installation လုပ်မိပါက Ransomware ၏ တိုက်ခိုက်မှူ့ကို မလွဲမသွေခံရမည်ဖြစ်သည်။
.
Ransomware များကို ကာကွယ်နည်းများရှိပါသည်။ အဓိက ကတော့ မသိသည့် Software များကို Download ချပြီး Installation မလုပ်သင့်ပါဘူး။ Software များကို Download ချရာတွင် မူရင်း Websites များမှသာ Download ချသင့်ပါတယ်။ တွေ့ကရာ Websites များတွင် တင်ထားသော Software များကို Download ချပြီး Installation မလုပ်သင့်ပါဘူး။ Software များကို Installation မလုပ်ခင် သေချာစွာ စစ်ဆေးကြည့်ရူ့သင့်ပေသည်။ အကယ်၍ Software များသည် အစစ်လား အတုလား မခွဲခြားနိုင်ပါက နီးစပ်ရာနည်းပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီး အကြံဥာဏ်ရယူပါ။ ကောင်းမွန်သော Antivirus များ Malware Remover များကို အသုံးပြုပါ။ အသုံးပြုသော Antivirus များ Malware Remover များကိုလည်း အမြဲတစေ Update ပေးပါ။ စာချစ်သူများအနေဖြင့် Ransomware များအကြောင်းကို ဗဟုသုတရစေပြီး တိုက်ခိုက်ခံရခြင်းမှ ကင်းဝေးစေရန် စိတ်ရည်သန်လျှက် စီစဉ်ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။
.
.
28-1-2016
ကိုရီချင်


Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.org

Friday, December 18, 2015

No Need Software.... Simple Hider Folder On PC

No Need Software.... Simple Hider Folder On PC

အခုကြဵန်တော် ခဵမ်းလေးေူပာူပပေးမယ့် အေုကာင်းလေးကတော့...

ဆော့ဖ်ဝဲလ် အသုံူးပစြရာမလိုဘဲ... Pc ပေၞမြာတင်... မိမိရဲႛ Folder တေကြို...

တစ်ူခားသူတေကြို မူမင်နိုင်အောင်... File လည်းဖေဵာက်လိုႛရမယ်/Data လည်းမဆုံး အောင်...

ဗဟုသုတ အလိုႚငြာ...ူပန်လည်ေူပာူပပေးမြာူဖစ်ေုကာင်းပၝ...ခင်ဗဵာ...။

အောက်ကပုံလေးတေကြိုကည့်ူပီး... လိုက်လုပ်ုကလိုက်ပၝနော်...။


Next >>>


Next >>>



Next >>>



Next >>>



 Next >>>


Next >>>


Next >>> And Finished Level !!



ေကဵနပ္ဳကလိမ့္မယ္လိုႚ ေမႀဵာ္လင့္ပၝတယ္ ခင္ဗဵာ...

အဆင္မေဴပမႁတစ္စံုတရာ နားလည္မႁမရႀိမရႀိခဲ့ပၝက... ကၾဵန္ေတာ္ ခဵမ္းေလးရဲႛ...မႀားယၾင္းမႁပၝခင္ဗဵာ...။

 ကၾဵန္ေတာ္ရဲႛ Page လေးမြာ Post လေးတေမြဵား ၀င်ရောက်ူပီး ေရးသားနိုင္ပၝတယ္ခင္ဗဵာ...။

maungmaungyoker.mmy@gmail.com

Thursday, July 30, 2015

Write protected လုပ်ထားသော USB Flash Disk ကို Format ချနည်း

     ကျွန်တော်ရဲ့ Memory Stick လေးက Write protected ဖြစ်သွားလို့ တိုင်ပတ်ရာကနေ ရှာတွေ့ခဲ့တာပါ။ ဘယ်လို Format ချချ This disk is write protected ပဲ ပြနေပါသည်။ cmd ဖြင့်လည်း မရ သိသမျှနည်းလမ်းနဲ့ မရတဲ့အဆုံး ကျွန်တော်ရဲ့ ငတလေးအားကိုးစရာ ဖြစ်တဲ့ Google လေးရဲ့ အကူအညီနဲ့ ရရှိခဲ့တယ်ပေါ့ဗျာ။ 
နည်းလမ်းလေးကတော့
Run ဖွင့်ပြီး regedit ရိုက်ပြီး Register Editor ဆီသွားရမှာဗျာ။
Run ကတော့ Start ---> Run သို့ Window Key + R တစ်ခုခုပေါ့။ အဲဒိထဲမှာပဲ regedit ရို်က်ပြီး Enter နှိပ်လိုက်ပါ။ ဒါဆို Register Editor ပွင့်လာပါလိမ့်မည်။ အောက်က ပုံကတော့ Run Box မှာ regedit ရိုက်ပုံ ပြထားပါသည်။
ဒါကတော့ Registry Editor ပါ။ အဲဒိထဲကမှ တတိယမြောက် HKEY_LOCAL_MACHINE သို့သွားရမှာပါ။
အောက်က ပြထားသည့်အတိုင်း HKEY_LOCAL_MACHINE  ကနေ SYSTEM ပြီးတော့ CurrentControlSet ထဲဝင်ပြီး Contol ထဲမှာ StorageDevicePolicies ဆိုတာကို ရှာပါ ရှိနေလားဆိုတာ။
       ရှိနေတဲ့သူက ခဏစောင့်ပါ။ ဒါက မရှိနေတဲ့သူတွေအတွက်ပါ။ မရှိဘူးဆိုရင် အပေါ်က Control ကို R.clik နှိပ်ပြီး New Key နှိပ်လိုက်ပါ။ ရလာတဲ့ New Key ကို StorageDevicePolicies လို့အမည်ပေးပြီး Key Folder တည်ဆောက်လိုက်ပါ။ ပြီးရင် ရှိနေတဲ့သူကော မရှိလို့ဆောက်ထား လိုက်ရတဲ့ သူပါ အောက်က ပြထားသည့်အတိုင်း StorageDevicePolicies ကို R.Click နှိပ် New ပြီးတော့ မိမိ Window Version အတိုင်း 32 bit သမားက DWORD (32-bit), 64 bit များကလည်း DWORD (64-bit) ကိုရွေးချယ်လိုက်ပါ။ အမည်ကိုတော့ WriteProtect လို့အမည်ပေးပါ။


အောက်ပါအတိုင်း ရလာပြီးဆိုရင်တော့  WriteProtect Key ကို double click နှိပ်ပြီး တန်ဖိုးကို hexadecimal ရွေးထားပြီး Value အကွက်မှာ "0" ရွေးပေးပါ။
      ပြီးရင်တော့ ကွန်ပျူတာကို Restart ချပြီး ပြန်တက်အလာမှာ Memory Stick တက်ပြီးတော့ Format ချလို့ရပါပြီး။ နောက်လည်း Data တွေ အထည့်အသွင်းရသွားမှာပါ။


အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက Comment ဖြင့် မှာခဲ့နိုင်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)

www.mictgarden.com

Wednesday, April 15, 2015

သင့် Laptop မှာ Keyboard ကောင်စွာ အလုပ်မလုပ်ဖြစ်နေပါသလား


























 သင့် Laptop မှာ Keyboard ကောင်စွာ အလုပ်မလုပ်ဖြစ်နေပါသလား ?


1. Microsoft word သို့မဟုတ် notepad ကဲ့သို့ စာစီစာရိုက်လုပ်ငန်းသုံး ပရိုဂရမ်းတစ်ခု
ကိုသုံး၍ စာပိုဒ်ရိုက်ကြည့်ပါ။


2. အကယ်၍ သုံးနေကျမရပါက မရသည့်ခလုတ်ကို မှတ်ထားပြီး လေမှုတ်ဘူးဖြင့် ကီးဘုတ်အောက် ဘက်သို့မှုတ်ပါ။


3. အကယ်၍ သုံးနေကျမဟုတ်သည့် အက္ခရာများကို ရိုက်လိုပါက Start > Control Panel > Clock, Language and Region ကိုရွေးပါ။ Region and Language ကိုရွေးပါ။


4. Change Keyboard ခလုတ်ကိုနှိပ်ပါ။ Keyboard တွင် သင်အသုံးပြုနေကျ Keyboard Language ကိုရွေးထားကြောင်း သေချာပါစေ။


5. မှတ်ကန်သည့် Language ကိုရွေးထားကြောင်းသေချာပါစေ။ Start > Control Panel> Ease of Access ကိုရွေးပါ။ Ease of Access Center ခေါင်းစဉ်အောက်မှ Change How Your Keyboard Works ကိုရွေးပြီး၊ Turn on Mouse Key, filter Keys နှင့် Sticky Keys ဘေးရှိ အမှန်ခြစ်ကို ဖြုတ်ပါ။


6. အကယ်၍ အထက်တွင် ဖော်ပြထားသည့်အဆင့်များဖြင့် အလုပ်မလုပ်ပါက ပြင်ပ ကီးဘုတ်တစ်ခုတပ်၍ ၄င်းကီးဘုတ်ဖြင့် အလုပ်လုပ်သလား စမ်းကြည့်ပါ။ ပြင်ပ ကီး ဘုတ်တွင် ပုံမှန် အလုပ်လုပ် ပါက သင့် Laptop ၏ ကီးဘုတ်တွင် ပြဿနာရှိနေပြီးဖြစ်သည်။ ကျွမ်းကျင်သည် ပညာရှင်နှင့် တိုင်ပင်ပြီးလဲလှယ်သင့်ပါကြောင့် အကြံပြုချင်ပါတယ်။


မှတ်ချက်။ ။Mouse Keys, Filter Keys, နှင့် Sticky Keys တို့၏ အလုပ်လုပ်ပုံကို အမှတ်တကယ် နားလည်ပြီး အသုံးပြုရန် လိုအပ်မှသာ အမှတ်ခြစ်ပါ။



လေးစားစွာဖြင့်…


IT-Guide..(N..L..H)    


Credit : www.winkabarkyaw.net



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )        www.htarwaiethar.org

ဒါဖတ်ပြီးမှ Latop Computer ဝယ်ပါ



























 ဒါဖတ်ပြီးမှ Latop Computer ဝယ်ပါ

ကျွန်တော် ဒီအကြောင်းလေးကို ရေးချင်နေတာတော့ ကြာပါပြီ .. ဒါပေမယ့် အကြောင်း အမျိုးမျိုး ကြောင့် အရှိန်ယူလိုက် ပျက်သွားလိုက်နဲ့ မရေးဖြစ် ဖြစ်နေတာပါ .. တကယ် တော့ ဒါက ရေးသင့်တဲ့ အကြောင်းအရာလေး တစ်ခုပါပဲ .. အခုနောက်ပိုင်းမှာ ကျွန် တော်တို့ မြန်မာလူမျိုးတွေ တော်တော် များများ ကွန်ပျူတာနဲ့ အကျွမ်းတဝင် ရှိလာ သလို ကွန်ပျူတာကို အသုံးပြုတဲ့ အခါမှာလည်း အိမ်မှာ ထိုင်ပြီးတော့ တစ်နေရာထဲမှာပဲ အသုံးပြုနိုင်မဲ့ Destop Computer အစား ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင် သလို သွားလေ ရာ ယူဆောင် သွားနိုင်တဲ့ Latop Computer တွေကိုသာ ပိုပြီးတော့ အသုံးများ လာ တာ တွေ့ရပါတယ် .. အဲ့ဒီအတွက် အများစုအသုံးများတဲ့ Latop Computer တွေဝယ် တော့မယ် ဆိုရင် မဝယ်ခင် သိထားသင့်တဲ့ လေ့လာထားသင့်တဲ့ အချက်လေးတွေကို နားလည်အောင် အကြမ်း မျဉ်းရေးပေးသွားပါမယ် ..

ဒီနေရာမှာ အသေးစိတ် မရေးပဲနဲ့ ဘာလို့ အကြမ်းမျဉ်း ရေးပေးရလည်း ဆိုတာကို ရှင်း ပြချင်ပါတယ် .. ကွန်ပျူတာနဲ့ အရမ်းကြီး အကျွမ်းတဝင် မဖြစ်သေးတဲ့ သူတစ်ယောက် အနေနှင့် ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာ တစ်ခုကို အသေးစိတ်ကျကျ ရှင်းပြနေတဲ့ အခါမှာ သူအနေနှင့် ဖတ်ရတာ တွေများလာရင် ဆိုလိုရင်းကို နားမလည် တော့ပဲ လည်ထွတ်သွားတက်ပါတယ် .. ဒါကြောင့် အများစု နားလည်နိုင်မဲ့ ပုံစံမျိုးနဲ့ ကျွန်တော် ရေးပေးသွားမှာ ဖြစ်ပါတယ် ..ကျွန်တော် ခေါင်းစဉ် နှစ်ခု ထားပြီး ရေးပေး သွားပါမယ် ..


(၁ ) မဝယ်မှီဆန်းစစ်လေ့လာခြင်း

(၂) Latop ၀ယ်ရန်ရွေးချယ်ခြင်း တို့ဖြစ်ပါတယ် ..

(၁) မဝယ်မှီဆန်းစစ်လေ့လာခြင်း


နံပါတ် (၁) အချက်လေးက အားလုံးအတွက် လိုအပ်ပါတယ်.ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တို့ မြန်မာနိုင်ငံမှာ လူတန်းစား ပေါင်းစုံရှိပါတယ် .. ချမ်းသာတဲ့သူ၊ အလယ် အလတ် တန်းစား၊ ဆင်း ရဲ တဲ့သူ စသည်ဖြင့် အမျိုးမျိုး ရှိပါတယ် .. ဒါကြောင့် လက် တော့ မဝယ်မှီမှာ မိမိကိုယ်ကိုယ် အရင်ဆုံး ဆန်းစစ်ဖို့ လိုအပ်ပါတယ် .. စျေးကြီးပေးရမှ ဒီပစ္စည်းက ကောင်းမယ် ဆိုတာလည်း မမှန်ပါဘူး ..


ဒီပစ္စည်းကတော့ ဘာကြောင့် စျေးကြီးနေတာ (ဥပမာ ။ ။ဒီဇိုင်းပိုင်းမှာ ပိုပြီးတော့ ဆန်း သစ်နေလို့ အဲ့ဒီအတွက် တန်ဖိုး ပိုကြီးနေတာလား၊ ဒါမှမဟုတ် အထဲမှာ ပါ၀င်တဲ့ Hard ware ပိုင်းဆိုင်ရာ ဆက်စပ်ပစ္စည်း တွေကပဲ ကောင်းနေလို့ စျေးကြီးနေတာလား) ဒါမှမ ဟုတ် ဘာကြောင့် စျေးသက်သာ နေတာ လည်း (ဥပမာ ။ ။ အထဲမှာဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ် ပစ္စည်းတွေကတော့ ကောင်း နေပြီး ပုံစံက ပုံတုန်းကြီး ဖြစ်နေလို့လား၊ အထဲမှာ ဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ်ပစ္စည်း တွေက အနိမ့်စားတွေ ဆင်ထားလို့လား ဆိုတာကို) ကွဲကွဲပြားပြား သိဖို့လိုပါတယ် .. ဒါမှသာ မိမိတို့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Latop မျိုးကို သင့်တင့်တဲ့ စျေးနှုန်းမျိုး ပေးပြီး ၀ယ် နိုင်မှာ ဖြစ်ပါတယ် ..


အရင်ဆုံး မိမိက Latop ကိုဘာအတွက် ၀ယ်မှာလည်း ဆိုတာကို ဆန်းစစ်ပါ .. ပိုက်ဆံ ချမ်းသာလို့ ငွေဘယ်လောက် ကုန်ကုန် ဆိုရင်တော့ အခုနောက်ဆုံးပေါ် Core i7 Latop မျိုးကို ဒီဇိုင်းပုံစံ လန်းလန်းလေးနဲ့ Brand ကောင်းကောင်း လေးနဲ့ စျေးကြီး ပေး ၀ယ်လိုက်တာ ပြသနာ မရှိပေမယ့် ကိုယ် ကလည်း လက်ထဲမှာ ငွေကို ချင့်ချိန်နေရတဲ့ သူ တကယ်လည်း လိုအပ်နေပါတယ် ဆိုတဲ့ သူမျိုး၏ အတွက်ကျတော့ အရွေးမမှားဖို့ လိုအပ်ပါတယ် .. ဒါမှသာ မိမိတက်နိုင်တဲ့ ငွေကြေးပမာဏနဲ့ ကိုယ့် အတွက် တကယ် အသုံးဝင်တဲ့ Latop မျိုးကို ရွေးချယ် နိုင်မှာ ဖြစ်ပါတယ် ..


အရင်ဆုံး Latop တစ်လုံး ၀ယ်တော့မယ် ဆိုရင် မိမိတို့က ဘာအတွက် သုံးမှာလည်း ဆိုတာကို စဉ်းစားပါ .. ဖျော်ဖြေမှုသက်သက် အတွက်ပဲ သုံးမှာလား၊ ရုံးလုပ်ငန်း အ တွက် သုံးမှာလား၊ ကွန်ပျူတာ ပိုင်းဆိုင်ရာတွေ လေ့လာဖို့အတွက် သုံးမှာလား၊ မိမိက လက်တော့ ၀ယ်ပြီးရင် ဂိမ်းအကြီးစားတွေ ဆော့ဖို့ အထိ စဉ်းစားထားလား ဆိုတာတွေ ကို ထည့်ပြီးတွေးဖို့လိုပါတယ် .. ဒါမှသာ မိမိလုပ်ချင်တာ နဲ့ သင့်တင့် မျှတတဲ့ ပစ္စည်း မျိုးကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ် ..


ဖျော်ဖြေမှု အတွက်ပဲ သုံးချင်တယ် .. မိမိက သက်သက်မှတ်မှတ်ကြီး သုံးစရာတော့ မရှိဘူး အဝေးမှာ ရှိနေတဲ့ သူငယ်ချင်းတွေနဲ့ အင်တာနက်သုံးပြီးတွေ့မယ် မိသားစု တွေထဲက အဝေးရောက်နေသူတွေ ရှိရင်လည်း အင်တာနက်မှာ တွေ့မယ် ပျင်းတဲ့ အ ခါတွေမှာ ရုပ်ရှင်ကြည့်မယ် သီချင်းနားထောင်မယ် ဆို တဲ့သူမျိုးကတော့ Hardware ပိုင်းဆက်စပ်ပစ္စည်းတွေ အရမ်းကြီး မမြင့်ရင်တောင် ဒီဇိုင်းလှလှ လေးနဲ့ စျေးနှုန်း သင့်တင့်တာမျိုးလေးတွေ ဆိုရင် အဆင်ပြေပါတယ် ..


နောက်တစ်ချက်ကတော့ ရုံးသုံး စာစီစာရိုက်သုံးမယ် လိုအပ်တဲ့ ဆော့ဝဲလ် တစ်ခုရမ်း ထားပြီး အမြဲသုံး နေလို့ ရပါတယ် ဆိုတဲ့ သူမျိုးကျတော့ လည်းအပေါ်နဲ့ အရမ်းကြီး မကွာပါဘူး .. ကိုသုံးမဲ့ ရုံးသုံးလုပ် ငန်းတွေကို အဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်ယုံနဲ့ ရုံးတွေဘာတွေကို ယူသွားမယ် ဆိုရင် လည်းအမြင်တင့် စေမဲ့ ပုံစံမျိုးနဲ့ Hardware ဆက်စပ်ပစ္စည်းတွေက အရမ်းကြီး မမြင့်ရင်တောင် အလယ်အလတ် တန်း စားလောက် ဆိုရင်ကို သူ့အတွက် အဆင်ပြေစေပါလိမ့်မယ် ..


နောက်တစ်ချက် ကွန်ပျူတာပိုင်း ဆိုင်ရာတွေမှာ သုံးချင်ပါတယ်ဆိုတဲ့ သူမျိုးကျတော့ ပုံ စံဒီဇိုင်း အရမ်း မကောင်း ရင်တောင် Hardware ပိုင်းဆက်စပ် ပစ္စည်းတွေကိုတော့ အ ကောင်းဆုံး ဖြစ်တာမျိုးတွေ ကို သုံးသင့်ပါတယ် .. မိမိတို့က ဆော့ဝဲတွေ ရမ်းမယ် စမ်း သပ်ချင်တာ တွေကို စမ်းသပ်မယ် ဖြုတ်မယ် တပ်မယ် ဒေါင်းလော့တွေ ခဏခဏ ချ မယ် Upload တွေတင်မယ် ပြီးရင် စက်ကို အမြဲတမ်း ၂၄ နာရီ ပါတ်လုံး အသုံးပြုဖြစ် နေတဲ့ အခါတွေ ရှိမှာ ဖြစ်တဲ့ အတွက် မိမိတို့ ၀ယ်မဲ့ကောင်က Hardware ပိုင်း ဆက် စပ် ပစ္စည်း မြင့်တာနဲ့ အကြမ်းခံမဲ့ ကောင်မျိုးကို ရွေးချယ်ပြီး ၀ယ်ယူတာ ကပိုပြီး အ ဆင်ပြေစေ ပါလိမ့်မယ် .. ဖြစ်နိုင်ရင်တော့ Latop မဝယ်ပဲ Destop သာဝယ်ပေါ့ဗျာ ..


ကျွန်တော်က Latop Crazy ဖြစ်တဲ့ သူအတွက် ရွေးချယ်လို့ရအောင် ပြောပြတာပါ .. ဒီ လိုလူမျိုး အတွက်တော့ ဒီဇိုင်းပိုင်းထက် Hardware ပိုင်းစပ်ဆက် ပစ္စည်းတွေ ကောင်းမွန်တာမျိုးကို ရွေးချယ်သင့်ပါတယ် ..


နောက်ဆုံးတစ်ချက် ဂိမ်းသမားတွေကတော့ မိမိတို့ဝယ်မဲ့ လက်တော့မျိုးကို Hardware ပိုင်း သင့် တင့်ပြီး Ram , Graphic ပမာဏ များတာ မျိုးကို ရွေးချယ်ပြီး ၀ယ်ယူထား သင့်ပါတယ် .. အခုနောက် ပိုင်း မှာ ဆိုရင် Gamer တွေအတွက် သီးသန့် ထုတ်ပေး ထားတဲ့ Latop Brand မျိုးတွေကို တောင်တွေ့ နေရပါပြီ ..
အပေါ်မှာ ကျွန်တော် နှိုင်းယှဉ်ပြ ထားတာ ကတော့ မိမိတို့အသုံးပြုမဲ့ ပုံစံနဲ့ အတက်နိုင် ဆုံး သင့်လျော် မဲ့ ပုံစံကို ရွေးချယ် နိုင်အောင် ဖော်ပြပေးထားခြင်း ဖြစ်ပါတယ်.. တ ကယ်လို့ မိမိက ပိုက်ဆံလည်း တက်နိုင်တယ် ကောင်းကောင်းလည်း လိုချင်တယ် ဆို ရင်တော့ ဒီဇိုင်းပုံစံ လန်းလန်းနဲ့ ့Hardware ပိုင်းမြင့်တာတွေကိုသာ ၀ယ်သုံးပါ အဆင်ပြေပါတယ် .. ကျွန်တော်က ချင့်ချိန်ဝယ်ယူရမဲ့ သူမျိုးတွေ အတွက် နှိုင်း ယှဉ်ပြပေးတာ ဖြစ်ပါတယ် ..


( ၂ ) Latop ၀ယ်ရန်ရွေးချယ်ခြင်း


ကဲ မိမိကလည်း အပေါ်မှာ ပြောခဲ့တဲ့ အချက်လေးတွေနဲ့ ဆန်းစစ်ပြီးသွားပြီ လက်တော့ ၀ယ် တော့ မယ်ဆိုရင် Hardware ပိုင်းဆက်စပ် ပစ္စည်းတွေကို ဘယ်လိုကြည့်ပြီး ရွေးချယ်နိုင်မလည်း Brand ချင်းအတူတူ Processor Series ချင်းတူရင်တောင် စျေးနှုံးချင်း ဘာလို့ ကွာခြား နေတာလည်း ဆိုတဲ့ ခြားနားချက်လေးတွေကို ကြည့်တက် အောင် ရေးပေးသွားပါမယ် ..


နောက်တစ်ချက်ကတော့ Latop ၀ယ်မယ်ဆိုရင် Graphic ပါတာကို ရွေးဝယ်မလား Ram အနည်းအများကို ကြည့်ပြီး ၀ယ်မလား ဆိုတာကိုတော့ သိထားသင့်ပါတယ် .. ဘာလို့လည်း ဆိုတော့ Latop မှာ Ram နည်းရင် ထပ်တိုးလို့ ရပေမယ့် Graphic မ ပါရင်တော့ ထပ်ြ့ပီး အသစ်စိုက်လို့ မရပါဘူး .. ။ ဒါကြောင့် မိမိတို့က မဝယ်ခင်ထဲက မိမိ တို့ဝယ်မဲ့ Latop မှာ Graphic ပါသလား မပါဘူးလား ဆိုတာကို လေ့လာသင့်ပါတယ် ဟုတ်ပြီ အဲ့ဒီ အချက်တွေကို ဘယ်လို ကြည့်ကြမလည်း .. အောက်မှာ ဆက် သွားရအောင် ..


ကျွန်တော်တို့ Laptop တွေ ၀ယ်တဲ့ အခါမှာ စျေးနှံုးကိုလည်း အရမ်းကြည့်လို့မရပါဘူး ကိုယ်ရဲ့ လိုအပ်ချက် ပေါ်လိုက်ပြီး ဆန်စစ်ပြီးမှ ၀ယ်သင့်ပါတယ် .. တစ်ချို့ Latop တွေ က Design ပိုင်းကို ဦးစားပေး ထားတဲ့ အတွက် ပါ၀င်တဲ့ Hardware အမျိုးစားချင်း တူရင်တောင် စျေး ပိုကြီး နေတက်ပါတယ် .. တစ်ခါ တစ်လေ သတိထားပြီး ကြည့်ပါ .. Brand ချင်းလည်း တူတယ် ကျန်တဲ့ အမျိုးအစားချင်းလည်း တူတယ် .. ဒါပေမယ့် အဖြူ ရောင်နဲ့ အနက်ရောင် ပုံစံလေး နည်းနည်း ကွာသွားတာနဲ့ စျေးလည်း ကွာဟ သွား တာမျိုး တွေ့ရပါလိမ့်မယ် ..


အရင်ဆုံး ကျွန်တော်တို့ Laptop ၀ယ်ဖို့အတွက် သူ့မှာ ပါ၀င်တဲ့ အမျိုးအစားတွေကို သိဖို့ လိုပါလိ်မ့်မယ် .. အဲ့ဒီအတွက် ပြည်ပမှာ နေတဲ့ သူတွေပဲ ဖြစ်ဖြစ် မြန်မာပြည်က ဆိုင်တွေမှာ ၀ယ်မဲ့ သူတွေပဲ ဖြစ်ဖြစ် ဆိုင်က ပြထားတဲ့ Laptop နဲ့ ပါတ်သတ်တဲ့ အချက်အလက် တွေကို ဘယ်လို ကြည့်ပြီး ရွေးချယ်နိုင်မလည်း ဆိုတာကို အောက်မှာ ကျွန်တော် အမျိုးအစား တစ်ခုချင်း အလိုက် ရှင်းပြပေးထားပါတယ် ..

Processor

အရင်ဆုံး Processor ကိုကြည့်ပါ ... မိမိ၀ယ်မဲ့ လက်တော့က Intel လား AMD လား အရင်ဆုံး ခွဲခြားပါ .. ကိုက Intel ထဲကပဲ ၀ယ်ချင်တယ် ဆိုရင် မိမိ၀ယ်မဲ့ လက်တော့က Core i3 လား Core i 5 လား Core 2 Dual လား Core 2 Quad လား စသည်ဖြင့် ကြည့်ပါ .. ပြီးရင် မိမိတက်နိုင်တဲ့ စျေးနှုံးနဲ့ Processor အမျိုးအစားကို ရွေးချယ်လိုက်ပါ .. ပိုက်ဆံတက်နိုင် ရင်တော့ နောက်ဆုံး ထွက်တဲ့ Processor အမျိုးအစားကို ရွေးချယ် ၀ယ်ထားတာ ပိုကောင်းပါတယ် ..


Operating system


နောက်တစ်ချက် Laptop Detail ထဲမှာ Operating System ဆိုပြီး ပါပါလိမ့်မယ် .. အဲ့ဒါက ဘာကို ပြတာ လည်းဆိုတော့ မိမိတို့ ၀ယ်မဲ့ Laptop မှာ အသုံးပြုမဲ့ Windows အမျိုးအစားကို ပြောတာ ဖြစ်ပါတယ် .. ကျွန်တော် တို့ အနေနဲ့ Laptop ၀ယ်တဲ့ အခါ မှာ ပေးရမဲ့ တန်ဖိုးထဲမှာ အဲ့ဒီ Windows အတွက်ပါ ပါပြီးသား ဖြစ်ပါတယ် .. ကျွန်တော် တို့ Windows ကို ၀ယ်ပြီး သုံးရတာပါ .. Microsoft ® Windows 7 Home Basic စသည် ဖြင့် ဖော်ပြပေးပါလိမ့်မယ် ..


Memory

Memory ပမာဏ ကိုတော့ Detail ထဲမှာ Mb နဲ့ ဖော် ပြမှာ ဖြစ်ပါတယ် . အဲ့ဒီအတွက် Laptop မှာ Ram ဘယ်နှစ် Gb ပါတယ် ဆိုတာကို သိဖို့ အတွက် အောက်မှာ ဖော်ပြ ထားတဲ့ Unit ရေတွက် ပုံလေးကို သိထားဖို့ လိုပါလိမ့်မယ်...


1 Bits = အငယ်ဆုံး unit
1 Byte= 8 Bits
1 kbyte =1024 Byte
1 Megabyte = 1024 kbyte
1 Gegabyte = 1024 Megabyte
1 Tetrabyte = 1099 Gegabyte


ဒါမှသာ ကျွန်တော်တို့ အနေနဲ့ 4096 Mb ဆိုရင် 4 Gb ၊ 3072 Mb ဆိုရင် 3 Gb စသည်ဖြင့် အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် .. ဒါဆိုရင် မိမိတို့ ၀ယ်မဲ့ Laptop မှာ Ram ဘယ်လောက် ပါတယ် ဆိုတာကို ခွဲခြားနိုင်လိမ့်မယ်လို့ ထင်ပါတယ် .. ဒီနေရာ မှာ တစ်ခု သိထားရမှာက Laptop မှာ Ram ကို ထပ်ပြီး တိုးလို့ ရပါတယ် .. ဥပမာ ။ ။ ကျွန်တော်တို့က Ram 2 Gb ပဲ ပါတဲ့ Laptop ၀ယ်ထားတာ ဆိုရင် နောက်ထပ် 1Gb , 2 Gb ထပ်တိုးတာတို့ လုပ်နိုင်ပါတယ် ..


Screen

ဒီမှာက ဘာကို ကြည့်ရမလည်း ဆိုတော့ ကျွန်တော်တို့ ၀ယ်မဲ့ Laptop ရဲ့ Screen အရွယ် အစားကို ကြည့်ရမှာ ဖြစ်ပါတယ် .. Screen အရွယ်အစား အကြီး အသေးကို လိုက်ပြီး မိမိရဲ့ Laptop အရွယ်အစားကလည်း အကြီး အသေး ကွာသွားပါလိမ့်မယ် .. 14" , 15.6" , 17.3" စသည်ဖြင့် အသီးသီး ရှိပါလိမ့်မယ် .. မိမိတို့ စိတ်ကြိုက် ရွေးချယ် နိုင်ပါတယ် ..



Hard disk

Hard Disk မှာ မိမိတို့ ၀ယ်မဲ့ Laptop မှာပါ ၀င်တဲ့ Hard Disk ရဲ့ ပမာဏကို ဖော်ပြပေး ပြီးသား ဖြစ်ပါတယ် .. 320 GB , 500 GB , 640 GB စသည်ဖြင့် အသီးသီး Hard Disk ရဲ့ Data တွေကို Store လုပ်ပေးနိုင်တဲ့ ပမာဏကို ဖော်ပြပေးမှာ ဖြစ်ပါတယ် ..



Optical Drive

ဒီကောင်လေးကတော့ ဘာမှ အရေးမပါသလိုနဲ့ တော်တော် အရေးပါပါတယ် .. မိမိတို့ ၀ယ်မဲ့ Laptop မှာ Optical Drive ပါမပါတော့ သေချာ ကြည့်ဖို့ လိုပါတယ် .. ဘာ လို့လည်း ဆိုတော့ ကျွန်တော်တို့ အနေနဲ့ Optrical Drive မပါတဲ့ Laptop ကို ၀ယ် မိပြီ ဆိုရင် နောက်ပိုင်း Windows အသစ်ပြန် တင်ချင်တာပဲ ဖြစ်ဖြစ် Software တွေ Install လုပ်ဖို့ အခွေထည့်ချင်ရင်ပဲ ဖြစ်ဖြစ် အဆင်ပြေမှာ မဟုတ်ပါဘူး .. ဒါကြောင့် Optical Drive ပါတာကို ရွေးချယ် ၀ယ်ယူဖို့ တိုက်တွန်းချင်ပါတယ် .. Optical Drive ပါတဲ့ Laptop တွေမှာ DVD-Super Multi Double Layer စသည်ဖြင့် ဖော်ပြထားပြီး တော့ Optical Drive မပါဘူး ဆိုရင်တော့ no ဆိုပြီး ဖော်ပြနေပါလိမ့်မယ် ..

Video Card

အများစု မသိကြတဲ့ အထဲမှာ ဒီကောင်လေး ပါပါတယ် .. ဆိုင်က ပြတဲ့ Detail ကို ကြည့်ပြီး အများစုက မိမိ၀ယ်မဲ့ Laptop မှာ Video Card ပါမပါတောင် မသိကြပါဘူး .. Laptop မှာ Video Card မပါဘူး ဆိုရင် ကိုယ့်ဘာသာ အသစ် စိုက်လို့ ရမှာ မဟုတ် ပါဘူး .. ဒါကြောင့် ကိုယ်ဝယ်မဲ့ Laptop မှာ Video Card ပါမပါလည်း သေချာလေး ကြည့်သင့်ပါတယ် ..


Video Card က Brand နှစ်မျိုးရှိပါတယ် .. Nividia နဲ့ ATI ပါ .. မိမိတို့ ကြိုက်တဲ့ Brand ကို ရွေးချယ် နိုင်ပါတယ် .. တကယ်လို့ Video Card ပါတဲ့ Laptop တွေရဲ့ Detail ထဲမှာ Nividia Geforce ® GT 520MX 1024Mb ၊ ATI ™ Mobility Radeon ™ HD6630 1024Mb စသည်ဖြင့် ဖော်ပြပေးပါလိမ့်မယ် .. ဒီနေရာမှာ တစ်ခု သိထား ရမှာက ပါ၀င်တဲ့ Graphic ပမာဏ ကို Gb နဲ့ မဖော်ပြပဲ MB နဲ့ ပဲ ဖော်ပြမှာ ဖြစ်ပါတယ် .. 1 Gb ဆိုရင် 1024 MB ၊ 512 MB စသည်ဖြင့် ဖော်ပြပေး မှာ ဖြစ်ပါတယ် .. တကယ်လို့ Video Card မပါတဲ့ Laptop တွေမှာ ဆိုရင် Intel ® HD Graphics 3000 Intel ® GMA HD စသည်ဖြင့် ဖော်ပြပေးမှာ ဖြစ်ပါတယ် .. ဒါ ဆိုရင် မိမိတို့ ၀ယ်မဲ့ လက်တော့မှာ Video Card ပါမပါ ရွေးချယ် နိုင်လိမ့်မယ်လို့ ထင်ပါတယ် ..


ဒါကတော့ ကျွန်တော်တို့ လက်တော့ ၀ယ်မယ်ဆိုရင် အဓိကထားပြီး သိထားသင့်တဲ့ ရွေးချယ်နိုင်တဲ့ အချက်လက် လေးတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ် .. ကျန်တဲ့ Wifi , Bluetooth ပါမပါ သူ့မှာပါတဲ့ Battery Card က ဘယ်လောက် အသုံးခံလည်း ( 2 hour , 3 hour ) Laptop ရဲ့ အလေးချိန် စတာတွေကိုတော့ ကျွန်တော် တစ်ချက် ချင်း ရေးမပေးတော့ပါဘူး .. အပေါ်မှာ ရေးပေးခဲ့တဲ့ အချက်တွေကို ကြည့်ပြီး Laptop တစ်လုံး ၀ယ်ဖို့ အတွက် အနည်းနဲ့ အများ အထောက် အကူ ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ် ..


PDF ဒေါင်းရန်......


Ref: http://thinkyunthar.blogspot.in/



 လေးစားစွာဖြင့်

IT-Guide...(N..L..H) 



Credit:   www.winkabarkyaw.net


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

Tuesday, February 3, 2015

Google မှာ I'm feeling lucky ဆိုတာ

























မြန်မာ ဂူဂဲလ်မှာ www.google.com.mm မှာ I'm Feeling Lucky ကို ဉုံဖွလို့ ရေးသား ဖော်ပြပါတယ်။

ဉုံဖွလို့ဆိုတဲ့အတိုင်း Google က နေရာတစ်ခုကို ချက်ခြင်း ပို့လိုက်ခြင်းဖြစ်ပါတယ်။

ဉပမာ book လို့ရိုက်ပြီး I'm Feeling Lucky ကို နှိပ်လိုက်ရင် ထိပ်ဆုံး ညွန်းပေးလိုက်တဲ့ဆိုဒ်က Wikipedia ဖြစ်ပါတယ်။ အကြောင်းက Wikipedia က Search Engine Optimization Ranking မှာ နံပါတ် တစ်ဖြစ်နေလို့ ဖြစ်ပါတယ်။ ခပ်လွယ်လွယ်ရှင်းရရင် အဲ့ဆိုဒ်က book ကို ရှာတဲ့ အကြိမ်က ပိုများမယ်။

Link Building , Back Linking ကောင်းမယ် အစရှိသဖြင့်ပေါ့ဗျာ။

SEO ဖြစ်စေမဲ့ အချက်ငါးချက်ကြောင့် Google ရဲ့ အယ်လ်ဂိုရစ်သန်အရ စာလုံးတစ်လုံးကို ရှာလိုက်ရင် Wikipedia က ထိပ်ဆုံးကို ရောက်ပြီး ဉုံဖွကို နှိပ်တဲ့အခါ ယင်းဆိုဒ်ကိုသာ တိုက်ရိုက်သွားစေခြင်း ဖြစ်ပါတယ်။ Google က အဲဒါကို ခပ်လွယ်လွယ်ရှာ၊ အမြန်ရှာချင်သူများအတွက် ရည်ရွယ်ပြီး ထည့်ပေးထားသော Feature ဖြစ်ပါတယ်။ သို့ပေမဲ့ တော်ရုံ သိပ်မသုံးကြပါဘူး။ အများစုကတော့ research လုပ်ဖို့အတွက် သုံးဖြစ်ကြလိမ့်မယ်လို့ ယူဆရပါတယ်။



Credit: All Supporters



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )               www.htarwaiethar.org

Saturday, January 31, 2015

Web App အကြောင်း

























Web Apps ဆိုတာဘာလဲ?????

Web Application လို့လည်း ခေါ်ဆိုနိုင်တဲ့ Web Apps ဆိုတာကတော့ ကွန်ပျူတာပေါ်မှာ Install လုပ်စရာမလိုပဲ Colud ပေါ်မှာ အသုံးပြုနိုင်တဲ့ Application များ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ Cloud Apps လို့လည်း ခေါ်ဆိုပါတယ်။ Web Apps ဉပမာတစ်ချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Online Email Services:

Yahoo! Mail နှင့် Gmail ကဲ့သို့သော ဝန်ဆောင်မှုများဟာ Browser အတွင်းမှာ အသုံးပြုနိုင်ပြီး ယင်းတို့ဟာ Microsoft Outlook လိုမျိုး Email Program တွေကဲ့သို့ တူညီစွာ လုပ်ဆောင်ပေးနိုင်ပါတယ်။ အဆိုပါ အွန်လိုင်းအီးမေးလ်ဝန်ဆောင်မှု ( Online Email Service ) တွေကို အသုံးပြုလိုတဲ့အခါ အသုံးပြုလိုတဲ့ Online Email Service တစ်ခုကို Sign Up ပြုလုပ်ပြီးတာနဲ့ Installation လုပ်စရာမလိုပဲ ချက်ခြင်း အသုံးပြုနိုင်ပါတယ်။ အဆိုပါ Email တွေကို ကွန်ပျူတာပေါ် သိမ်းဆည်းမည့်အစား Cloud ပေါ်မှာသာ သိမ်းဆည်းထားခြင်းဖြစ်ပါတယ်။



Google: Google Docs ဟာလည်း Browser အတွင်းမှာ အသုံးပြုနိုင်တဲ့ Office Suite တစ်ခုဖြစ်ပါတယ်။ Microsoft Office နဲ့ အလွန်တူညီပြီး Document များ၊ Spreadsheets များနဲ့ Presentation များစတာတွေကို ဖန်တီးပြုလုပ်နိုင်ပါတယ်။ အဆိုပါ Document တွေကို Colud ပေါ်မှာ သိုလှောင် သိမ်းဆည်းနိုင်ပြီး တစ်ခြားသူတွေထံကိုလည်း အလွယ်တကူဝေမျှနိုင်ပါတယ်။


Facebook: Facebook ဆိုတာကတော့ Online Profile တစ်ခုဖန်တီးပြီး သူငယ်ချင်းများနဲ့ အပြန်လှန်ချိတ်ဆက်နိုင်စေမည့် Social Network Site တစ်ခုဖြစ်ပါတယ်။ Profile များနဲ့ သတင်းအချက်လက်ဖလှယ်ခြင်းများ အဆက်မပြတ်ပြုလုပ်နိုင်ပြီး Web App နည်းပညာအသုံးပြုထားသည့်အတွက် Site တစ်ခုလုံးရှိ နောက်ဆုံးပေါ် အချက်လက်တွေကို ရယူနိုင်ပါတယ်။ ဒါ့အပြင် ဂိမ်းများနဲ့ အခြား Web App များကိုလည်း အသုံးပြုသူရဲ့ Facebook Profile မှာ ထည့်သွင်းထားနိုင်ပါတယ်။ Web App တွေကို Website များမှာ ပိုမိုထည့်သွင်းလာသည်နှင့်အမျှ Web Application နဲ့ သာမာန်ဝက်ဆိုဒ်တို့အကြား ခွဲခြားသိမြင်မှုက ပိုမို ခက်ခဲ့လာပါတယ်။ အများစုကတော့ အသုံးပြုသူတွေဟာ Web App ကိုသတိမမူပဲ အသုံးပြုနေမိတက်ပါတယ်။


Web Apps ဘယ်လိုအလုပ်လုပ်လဲ???????

Web App တစ်ခုကို အသုံးပြုတဲ့အခါမှာ ကွန်ပျူတာနဲ့ မိုဘိုင်းထုတ်ကုန်ပေါ်ကနေ ပြုလုပ်နိုင်ပေမဲ့ တကယ်တမ်းမှာတော့ ဆာဗာတွေရှိတဲ့ ကွန်ယက်တစ်ခုကြောင့်သာ လုပ်ဆောင်ချက်ပြီးဆုံးခြင်း ဖြစ်ပါတယ်။ အဲ့ဒီဆာဗာတွေဟာ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ လုပ်ဆောင်ချက်အားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ ဒါ့အပြင် အသုံးပြုသူရဲ့ အချက်လက်သိုလှောင်ခြင်းနဲ့ အခြားအသုံးပြုသူများရဲ့ အချက်လက်တွေကို သိုလှောင်ခြင်းအတွက် အထူပြုလုပ်ထားသော ဆာဗာတွေကို အသုံးပြုကြပါတယ်။ လုပ်ဆောင်ချက်အားလုံးကို အထစ်ငေါ့မရှိပဲ ချောမွေ့စွာပြုလုပ်နိုင်တဲ့အတွက် ကွန်ပျူတာပေါ်မှာ Application တွေကို အသုံးပြုသကဲ့သို့ ပြုလုပ်စေနိုင်ပါတယ်။ ဉပမာအားဖြင့် Document တစ်ခုကို Google Docs နဲ့ ဖွင့်လိုက်တဲ့အခါ စာဖတ်သူအသုံးပြုတဲ့ Web Browser ဟာ အဲ့ဒီ Document ကိုဖွင့်ဖို့အတွက် ဆာဗာတွေရဲ့ ကွန်ယက်ကို ချိတ်ဆက်ပါတယ်။ ယင်း Document ကို ပြင်ဆင်တဲ့အခါမှာလည်း Browser ဟာ ဆာဗာတွေနဲ့ ဆယ်သွယ်လုပ်ဆောင်ပြီး အရာအားလုံး Up-to-Date ဖြစ်အောင် ပြုလုပ်ပါတယ်။



Credit: All Supporters


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )             www.htarwaiethar.org