Showing posts with label (q) ဖိုင်မျှဝေရေးဆိုဒ် အသုံးပြုမှုနည်းများ ( Hosting Site Usages ). Show all posts
Showing posts with label (q) ဖိုင်မျှဝေရေးဆိုဒ် အသုံးပြုမှုနည်းများ ( Hosting Site Usages ). Show all posts

Tuesday, July 1, 2014

မြန်မာတို့အတွက် Download MM
























မြန်မာတို့အတွက် Download MM  Easy way to share your files
------------------------------------------------------------------
၂၀၁၄ ဇွန်လ ၂၇ ရက် နေ့မှာတုန်းက မြန်မာတွေအတွက် ဖိုင်များကို Online ပေါ်မှာမျှဝေရာတွင် ပိုမိုအဆင်ပြေစေရရန် ရည်ရွယ်၍ Download MM လို့အမည်ရတဲ့ Site ကိုပြုလုပ်ခဲ့ပါတယ်။ ယခုတော့ Users တွေရဲ့ feedback တွေ ၊ သုံးစွဲကြည့်မှုတွေကိုအခြေခံပြီး Stable Web Version အနေနဲ့ပြန်လည်ပြင်ဆင်ပေးထားပါတယ်။

Online ပေါ်မှာ မိမိတို့မျှဝေလိုတဲ့ File များကို Download MM (www.downloadmm.com) မှာ stable version အနေနဲ့ဝင်ရောက်ပြီး File များကို upload လုပ်နိုင်ပါပြီ။ Download MM မှဖိုင်များကိုလည်းလွယ်ကူစွာ Download ရယူနိုင်ပါပြီ။



- Upload လုပ်နိုင်မည့် File size အနေနှင့် ဖိုင်တစ်ဖိုင်လျှင် 900 MB အထိ upload လုပ်နိုင်ပါမယ်။ (Max Upload Size 900 MB for Guest  Register Users)

- မည်သည့် File format ကိုမဆို upload လုပ်နိုင်ပါမယ်။

- မိမိ upload လုပ်ထားတဲ့ဖိုင်ကို ပြန်လည်မျှဝေနိုင်ရန်အလွယ်တကူ download Link ရယူနိုင်ပါမယ်။

-Download MM မှာတင်ထားတဲ့ဖိုင်များကိုအလွယ်တကူ ရိုရှင်းစွာ Download ရယူနိုင်ရန်ပြုလုပ်ပေးထားပါတယ်။

-Download Link မှ Download ခလုတ်ကိုနှိပ်ပြီး ၄၈ နာရီအတွင်း အချိန်မရွေး resume လုပ်ပြီး download လုပ်နိုင်ပါမယ်။ (Resumable Download Link)

- ကိုယ်တင်ထားတဲ့ဖိုင်တွေကို ကိုယ်တိုင်ကိုယ်ကျစီမံခန့်ခွဲလိုသူများအတွက် Users Account လုပ်ပြီး File တွေကို upload လုပ်နိုင်ပါမယ်။ (Users Account Available Now)

- Account မလုပ်ဘဲ ဒီအတိုင်း File တွေကို Upload လုပ်ချင်သူများအနေနဲ့လည်း Account လုပ်စရာမလိုဘဲ ဒီအတိုင်း upload လုပ်နိုင်ပါမယ်။

-Account ပြုလုပ်ရန်လည်း မည့်သည့် fees မှပေးဆောင်ရန်မလိုပါ။ (သုံးစွဲသူများအတွက်အမြဲတမ်း အခမဲ့)

-Remote URL upload , Copy Files စတဲ့ Function တွေပါ၀င်လာပါပြီ။

မိမိတို့တင်ထားတဲ့ဖိုင်များကို ရိုးရှင်းလွယ်ကူစွာ uploaddownload ပြုလုပ်နိုင်အောင် စီစဉ်ပေးထားတာကြောင့် သုံးစွဲကြည့်ကြဖို့တိုက်တွန်းပါတယ် ။

Thank you

Thet Naing Soe (Myanmar Mobile App Store)



မှတ်ချက်။  ။ ကိုသက်နိုင်စိုး ဖန်တီးထားတဲ့ Download MM Website လေးက ဖိုင်တွေ တင်ရတာ အတော်ကို အဆင်ပြေပါတယ်။ ကျွန်တော်က အစက Solidfiles ကို အသုံးပြုတာပါ။ အခု Download MM လေးကို အသုံးပြုရတာ အတော်ကို နှစ်သက်မိပါတယ်။ လင့်ခ်ကတော့ ပြောင်းသွားတာကို သတိပြုမိမှာပါ။ http://pro.downloadmm.com  ပဲ ဖြစ်ပါတယ်။ အဲ့မှာ Register ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ နောက် အကောင့်ကို Activate ပြုလုပ်ဖို့အတွက် အီးမေးလ်ကို လင့်ခ်တစ်ခုပို့ပေးပါတယ်။ ကျွန်တော် မှတ်ပုံတင်တုန်းကတော့ Spam ထဲကို အီးမေးလ်ရောက်ပါတယ်။ အဲ့အီးမေးလ်က လင့်ခ်လေးကို ကလစ်ပြီးရင်တော့ Account Activated ဖြစ်ပြီး ဖိုင်များကို စတင်က တင်နိုင်မှာ ဖြစ်ပါတယ်။




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw (BE-EC )         www.htarwaiethar.blogspot.com

Friday, June 27, 2014

ပထမဆုံးသော Myanmar Hosting downloadmm.com


























ကျွန်တော် ဒီနေ့တွေ့ခဲ့သော File Hosting Website လေးဖြစ်ပါတယ်။

ဘာမှကို Register လုပ်စရာမလိုပဲ မြန်မာတွေ အဆင်ပြေပြေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဝက်ဆိုဒ်ကို ဖန်တီးသူကတော့ မိုဘိုင်းလ်လောက က နာမည်ကြီး Thet Naing Soe (Myanmar Mobile App Store)  ပဲ ဖြစ်ပါတယ်။

သူရေးသားထားတာလေးကို မူရင်းအတိုင်း အောက်မှာ ဖော်ပြလိုက်ပါတယ်။



ကျွန်တော့်အနေနဲ့ အင်တာနက်အသုံးပြုသူ မြန်မာတွေကို တတ်နိုင်သလောက်အဆင်ပြေအောင်လုပ်ပေးနေချင်တဲ့အရာလေးတစ်ခုရှိပါတယ်။

အခု အဲဒီဆန္ဒကို ပြုလုပ်ပြီးစီးသွားပြီဖြစ်လို့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့ Online ပေါ်မှာFile တွေတင်တဲ့အခါ နိုင်ငံခြား File Sharing Site တွေကိုအများဆုံးအသုံးပြုကြပါတယ်။

အခု ကျွန်တော်ကမြန်မာတွေအတွက်အဓိကရည်ရွယ်ပြီး Download MM လို့အမည်ရတဲ့ မြန်မာတွေအတွက် File Upload/Download Sharing Site
တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

Website Link: http://www.downloadmm.com/

-Download MM သည် အင်တာနက်သုံးစွဲသူ မြန်မာတို့အတွက် ဖိုင်များကို Online ပေါ်မှာမျှဝေရာတွင် ပိုမိုအဆင်ပြေစေရန်ပေါ်ပေါက်လာသော
File Sharing Service တစ်ခုဖြစ်ပါတယ်။

- Download MM ရဲ့အဓိကရည်ရွယ်ချက်ကတော့ ရိုးရှင်းလွယ်ကူစွာ Upload/Download လုပ်နိုင်ရန်ဖြစ်ပါတယ်။

-Site ကိုမြန်မာဘာသာဖြင့်ပြုလုပ်ထားခြင်းဖြစ်၍ မည်သူမဆိုအလွယ်တကူနားလည်နိုင်ပါမယ်။

-Download MM တွင်မိမိတို့ရဲ့ဖိုင်များကိုမည်သူမဆို Upload/Download အခမဲ့ပြုလုပ်နိုင်ပါသည်။

-Premium Download / Slow Download ဟူ၍ ခွဲခြားထားခြင်းမရှိပါ။ Download ခလုတ်ကိုတန်းနှိပ်ပြီး
Direct Download ရယူနိုင်အောင်ပြုလုပ်ပေးထားပါတယ်။

- ဖိုင်များဟုဆိုရာတွင် မည်သည့်ဖိုင်မဆို Upload လုပ်နိုင်မှာဖြစ်ပါတယ်။

- File size 200 MB ခန့်ရှိသော ဖိုင်အထိ Upload လုပ်နိုင်မှာဖြစ်ပါတယ်။ (နောင်တွင် ဒီထက်ပိုပြီး MB များများတင်နိုင်အောင်ပြုလုပ်ပေးသွားပါမယ်)

-File နှစ်ခု ၊ သုံးခု တစ်ပြိုင်နက် Upload လုပ်နိုင်မှာဖြစ်ပါတယ်။

- Download MM ကို Myanmar Mobile App Store မှဝန်ဆောင်မှုပေးထားခြင်းဖြစ်ပါသည်။

- Download MM ကိုအသုံးပြု၍ File များကို upload တင်ပြီးမျှဝေနိုင်ကြပါပြီ။

-လောလောဆယ်တော့ Beta အနေနဲ့ ဒီ site ကိုစတင် run ထားပါပြီ။

- အင်တာနက်အသုံးပြုသူများအနေနဲ့ Download MM ကိုပိုမိုသိရှိလာအောင် ဒီပို့စ်ကို Share ပေးကြဖို့လည်းတောင်းဆိုပါတယ်။


Thet Naing Soe (Myanmar Mobile App Store)




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com

Friday, March 28, 2014

MiloShare လေး သုံးကြည့်မလား





















အခုတလော မြန်မာဘလော့ဂ်အတော်များများမှာ ဖိုင်တွေ ရှဲတာတွေက MiloShare မှာပဲ တင်တာများလို့ ကျွန်တော့် အဲ့ဒီ ဆိုဒ်လေးကို သွားလေ့လာမိပါတယ်။

http://miloshare.com  ပေါ့ဗျာ။

ဘလော့ဂ်ဂါများ၊ ဖိုင်တွေကို မျှဝေချင်သူများအတွက် အတော်ကြီးကောင်းမွန်တယ်လို့ ပြောလို့ရသော Hosting Website တစ်ခုပါပဲ။

အဲဒီ ဝက်ဆိုဒ်ကို ဘာသာ စကားအတော်များများနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး၊ မြန်မာဘာသာ ဖြင့်လည်း အသုံးပြုနိုင်သော ရှားမှရှားသည့် ဖိုင်မျှဝေရေး ဝက်ဆိုဒ် တစ်ခုပဲ ဖြစ်ပါတယ်။

ဖိုင်တွေ Upload တင်ပြီးရင်လည်း အခြားသော နာမည်ကြီး Hosting Sites Mediafire, Dev Host, ZippyShare တို့လိုမျိုး ဖျက်ပြစ်တာမျိုး မရှိတာကို တွေ့မိပါတယ်။

ကျွန်တော်သုံးကြည့်ရသလောက်ကတော့ အခြားဆိုဒ်တွေလိုမျိုးပဲ Free , Premium ခွဲခြားမှုရှိပေမဲ့ လုပ်ဆောင်ချက်တွေက မတူတာတော့ တွေ့မိပါတယ်။

Premium အဖြစ် အခကြေးငွေ ပေးသုံးပါက Download Link ကို Direct Link ရယုံသာမက Remote URL Freature ကိုပဲ ရရှိမှာ ဖြစ်ပါတယ်။


ကဲ့ဗျာ...

ကျွန်တော် ဖရီးဗားရှင်းလေးကို စမ်းသပ်ထားပါတယ်။

ဖရီးအသုံးပြုသူ အနေဖြင့် Stroage 10GB Free ရရှိမှာ ဖြစ်ပါတယ်။

Upload တင်ရတာလည်း အဆင်ပြေပါတယ်။ ( မြန်မာအနေနဲ့ ပြောတာပါ။ )

တင်ပြီးသား ဖိုင်ကို စီမံရတာလည်း အခြားဆိုဒ်တွေလိုမျိုးပဲ လွယ်ကူပါတယ်။ နောက် မြန်မာလို အသုံးပြုနိုင်မှာပါ။


အသုံးပြုလိုသူများအနေဖြင့် အမှန်ကန် အီးမေးလ် အကောင့်တစ်ခု လိုအပ်ပါတယ်။ အဲ့ဒီ ဆိုဒ်ကမှာ အကောင့်ဖွင့်ပါက ကိုယ့်အီးမေးလ်က Confirm လုပ်ရမှာမို့ပါ။


အသုံးပြုချင်ပါက ပထမဆုံး ဝက်ဆိုဒ် လိပ်စာဖြစ်သော http://miloshare.com  သို့ သွားရောက်ပြီး Sign Up ဆိုတာလေးကို ရှာပြီး ကလစ်လုပ်ပါ။

အောက်က လိုမျိုး ပုံလေးနဲ့ Register Form ကို တွေ့နိုင်ပါတယ်။








User Name : ကိုယ်နှစ်သက်သော အမည်ကို ကြိုက်သလို အသုံးပြုနိုင်ပါတယ်။

E-Mail :  ကိုယ့်မှာ သုံးနေသော အီးမေးလ်အကောင့်တစ်ခုကို အသုံးပြုပါ။

Password : နှစ်သက်သော စကားဝှက်ကို အနည်းဆုံး ရှစ်လုံး အသုံးပြုပါ။

Retype Password : Password မှာ ရိုက်ထည့်လိုက်သော စကားဝှက်ကို ပြန်ရိုက်ထည့်ပါ။

Payment Info : Premium အသုံးပြုချင်ရင်တော့ Paypal , Myanpay Account တစ်ခုခုကို အသုံးပြုနိုင်ပါတယ်။ ဖရီးသုံးရင်တော့ ဘာမှ မဖြည့်ပါနဲ့။

Type the two words : မှာ သူပေးထားသော စကားလုံးနှစ်ခုကို မှန်ကန်အောင် ရိုက်ထည့်ရပါမယ်။



အကုန်လုံးပြီးရင်တော့ Sent ကို ကလစ်လုပ်လိုက်ပါ။ အချက်လက်တွေ မှန်ကန်ပါက ကိုယ့်ဆီ အီးမေးလ်ပို့လိုက်တယ်ဆိုသော စာတန်းလေး ပေါ်လာပါတယ်။ အဲ့ဒီအခါကျရင်တော့ http://miloshare.com  မှာ အကောင့်ဖွင့်တုန်းက အီးမေးလ် Inbox ကို စစ်ကြည့်ပါ။ http://miloshare.com  က အီးမေးလ်တစ်စောင်ရောက်နေပါတယ်။ အဲ့ဒီ အီးမေးလ်ကို ဖွင့်လိုက်ပါက အကောင့် Confirm Link ကို တွေ့နိုင်မှာ ဖြစ်ပြီး အဲ့ဒီလင့်ကို ကလစ်လုပ်လိုက်ရင် အကောင့်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုရတာ လွယ်ပါတယ်။

Upload Buttom လေးကို ကလစ်ပြီး ဖိုင်တွေကို Upload တင်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်တင်လိုက်သော ဖိုင်များကို စီမံဖို့ My Files ဆိုတာလေးမှာ စီမံနိုင်မှာပါ။ အဲ့ဒီမှာ Folder တွေ ဘာတွေလည်း ဖွဲ့နိုင်ပါတယ်။


စိတ်ဝင်စားရင်တော့ သုံးကြည့်လိုက်နော့်။ ဖရီး 10 GB ဆိုတော့ မဆိုးဘူးပေါ့။ နောက် မြန်မာဘာသာလည်း အသုံးပြုနိုင်တယ်ဆိုတော့ ပိုလွယ်တာပေါ့ဗျာ။


အဆင်ပြေပါစေနော့်...............



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Monday, February 10, 2014

google drive လေးသုံးကြည့်ရအောင် ( For File Sharing )


















ကျွန်တော်တို့ ဘလော့ဂ်ဂါတွေက ဖိုင်တွေကို မျှဝေချင်တဲ့အခါမှာ Hosting Site အမျိုးမျိုးကို အသုံးပြုကြပါတယ်။ သို့သော်လည်း ကျွန်တော်တို့က ပိုက်ဆံမတက်နိုင်တဲ့အတွက် Free Hosting Site တွေမှာ ဖိုင်တွေတင်တဲ့ အခါမှာ Direct Download Link တွေကို သုံးစွဲသူတွေကို ဖရီးမပေးနိုင်ပါဘူး။

အခု ကျွန်တော် Google Drive လေးကို သုံးကြည့်တာ ဖရီးလည်းရတဲ့အပြင် Direct Download Link ကိုပါထုတ်ပေးနိုင်တာ တွေ့မိတယ်ဗျ။

နောက်ပြီး Google Drive က Google ထုတ်ကုန်ဖြတ်မို့လို ဘာမှထွေထွေထူထူ မှတ်ပုံတင်တာတွေ လုပ်စရာမလိုအပ်ပဲ Google Account ရှိတာနဲ့တင် အဆင်ပြေပါတယ်။

Google Account ကတော့ မိတ်ဆွေတို့မှာ ရှိတယ်လို့ထင်မိပါတယ်။ ဟုတ်တယ်လေ www.blogger.com မှာ ဘလော့ဂ်ရေးတယ်ဆိုကတည်းက မိတ်ဆွေတို့မှာ Google Account ရှိလို့သာ ရေးနိုင်တာပေါ့နော့်။

သိမ်းနိုင်တဲ့ ပမာဏကလည်း မနည်းဘူးဗျ။ 15GB တောင်ဆိုတော့ အေးဆေး တစ်ခြား Hosting Site ကိုတောင် သုံးစရာမလိုတော့ဘူးလို့တောင်ဆိုနိုင်တယ်။

Upload လုပ်ရတာ အဆင်ပြေတာ၊ Direct Download Link ရတာ၊ Download ဆွဲရင် Resume ရတာ၊ ဖိုင်သိမ်းနိုင်တာ 15GB နဲ့ နောက် မှတ်ပုံတင်တာကလည်း ဘာမှ ထွေထွေထူးထူး လုပ်စရာမလိုတာတွေက ကျွန်တော့်ကို Google Drive ကို အသုံးပြုဖို့ကို ဖိတ်ခေါ်နေတာမို့ ကျွန်တော်နောက်များမှာ ဖိုင်များကို Google Drive မှာပဲ တင်ဖို့ ဆုံးဖြတ်မိပါတယ်။

ပြုလုပ်နည်း အကျဉ်းကို ဖော်ပြလိုက်မယ်နော့်။


**  www.drive.google.com မှာ မိမိ Google Account နှင့် ဝင်ရောက်ပါ။

** နောက် Upload တင်ဖို့အတွက် Upload Buttom လေးကို ကလစ်လုပ်ပါ။

** Upload Buttom လေးကို ကလစ်လုပ်လိုက်ရင် File, Enable Folder Upload ဆိုပြီး နှစ်ခု ကျလာပါတယ်။

ဆိုလိုတာက ဖိုင်ပဲ ဖြစ်ဖြစ်၊ ဖိုလ်ဒါတစ်ခုလုံး ဖြစ်ဖြစ် ဆွဲတင်လို့ရတယ်ဆိုတာပါပဲ။ ဖိုင်တစ်ခုပဲ တင်ချင်တာ ဆိုရင် File ကို ကလစ်လုပ်ပါ။ Folder တစ်ခုလုံးကို တင်ချင်တာဆိုရင်တော့ Enable Folder Upload ကို ကလစ်လုပ်ပါ။ ကျွန်တော်ကတော့ ဖိုင်ကို ဆွဲတင်မှာမို့ File Buttom လေးကို ကလစ်လုပ်ပါတယ်။

** File Explorer ပေါ်လာပြီမို့ ကွန်ပျူတာမှာ ကိုယ်ဆွဲတင်ချင်သော ဖိုင်ကို ညွန်းပြီး Open Buttom ကို ကလစ်လုပ်ပါ။

** File ကို စတင်ကာ Upload လုပ်နေပါတယ်။ ပြီးသွားအောင်စောင့်လိုက်ပါ။

** Upload ပြီးသွားပါက အဲ့ဒီဖိုင်ကို Right Click > Share > Private မှာ Change ကို ကလစ်လုပ်။

** Public on Web ကို အမှန်ခြစ်လုပ်၊ ပြီးရင် Save ကို ကလစ်လုပ်။ ပြီးရင်တော့ Done ပေါ့။

** အဲ့ဒီဖိုင်ကို Right Click > Open With > Google Drive Viewer ကို ကလစ်လုပ်ပါ။

** အဲ့ဒီနေရာမှာ File ID ကို ရယူရပါမယ်။

** File ID ဆိုတာက ကျွန်တော်တို့ ဖိုင်တွေကို ဘလောက်ဇာမှာ  https://docs.google.com/file/d/0B-U6u3i6Oto3WkdHY05GWUVrbWs/edit   လိုမျိုး ပေါ်ပါတယ်။

File ID ဆိုတာကတော့ file/d/   နောက်က အရာလေးကို ပြောတာပါ။ / edit ကို မယူပါဘူး။
ကျွန်တော်ပြထားသော ဖိုင်မှာဆိုရင် File ID က 0B-U6u3i6Oto3WkdHY05GWUVrbWs  ပဲ ဖြစ်ပါတယ်။
တစ်ဖိုင်နဲ့ တစ်ဖိုင်ကတော့ တူမှာ မဟုတ်ပါဘူး။

** ကျွန်တော်တို့မှာ File ID ရှိရင် One Click Download Link ဖန်တီးလို့ရပါပြီ။

** ပြုလုပ်နည်းက
https://drive.google.com/uc?export=download&id=FILE_ID  ပဲ ဖြစ်ပါတယ်။
FILE_ID နေရာမှာ ကိုယ် One Click Download ဖန်တီးချင်သော ဖိုင်ရဲ့ ID ကို အစားထိုးရမှာ ဖြစ်ပါတယ်။
ကျွန်တော် အပေါ်က ပြထားသော လင့်ခ်အရဆိုရင်တော့
https://drive.google.com/uc?export=download&id=0B-U6u3i6Oto3WkdHY05GWUVrbWs ပဲ ဖြစ်ပါတယ်။

အသေးစိတ်ပုံနှင့် တကွ ရှင်းပြချက်ကို လိုချင်ပါက အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်သော ဖိုင်လေးကို ကျွန်တော်ပေးထားပါတယ်။

ဖိုင်ဆိုဒ်က 295 KB ရှိပါတယ်။


Download    



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Sunday, September 15, 2013

Solidfiles ကို အသုံးပြုပြီး ဖိုင်တွေတင်မယ် ပြန်မျှမယ်
















ဒီတစ်ခါတော့ မြန်မာဘလော့ဂ်ဂါအတော်များများနှင့် ကျွန်တော်ကိုယ်တိုင် အသုံးများသော ဖိုင်မျှဝေရေးဆိုဒ် ဖြစ်သော Solidfiles မှာ ဖိုင်တင်နည်း၊ ပြန်မျှနည်းလေးကို နည်းနည်းလေး ပြန်ရေးပေးလိုက်ပါမယ်။

ကျွန်တော် အခုလော်လော်ဆယ် မှတ်ပုံတင်တုန်းကတော့ သူ့ဆိုဒ်မှာ အသုံးပြုသူများအတွက် Plan သုံးမျိုးကို ချပြထားတာကို တွေ့မိပါတယ်။

၁) Premium 100 User  € 14.99/Month (1T Stroage , No Limit File Size)

၂) Premium 50 User € 3.99/Month (250GB Stroage , 2GB File Size)

၃) Free User (50 GB Stroage, 500MB File Size)

ဆိုပြီး သုံးမျိုးခွဲထားပါတယ်။

ပိုက်ဆံတက်နိုင်သူတွေကတော့ ပထမနှစ်မျိုးကို ဝယ်ယူသုံးနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဖရီးကိုပဲ အသုံးပြုကာ ရှင်းပြသွားပါမယ်။

Solidfiles  က ဖရီးအသုံးပြုသူများအတွက် ပေးထားသော အစီစဉ်က မဆိုးလှဘူးလို့ ပြောလို့ရပါတယ်။

Stroage အနေနဲ့ ကျွန်တော်တို့ 50 GB လောက်အသုံးပြုနိုင်မယ်၊ နောက် ဖိုင်ကို တစ်ဖိုင်ကို အများဆုံး 500 MB လောက်တင်ခွင့် ရှိပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့လည်း 500 MB လောက်ရှိသော ဖိုင်ကို တင်နိုင်မယ်လို့တော့ မထင်ဘူးဗျ။

ကျွန်တော်ဆိုရင်တော့ 30 MB လောက်ဆိုရင်တောင် မနည်းစဉ်းစားနေရတယ်။

ကဲ့ ပထမဆုံးအနေနဲ့ Solidfiles ကို အသုံးပြုဖို့ ကျွန်တော်တို့ဆီမှာ အီးမေးလ်အကောင့်တစ်ခု လိုအပ်ပါတယ်။

အီးမေးလ်အကောင့်ရှိရင်တော့ www.solidfiles.com ကို သွားရောက်ကာ ကိုယ်လိုချင်သော User Name , Password , Email ဖြည့်စွက်လိုက်ရင် ကိုယ့်အီးမေးလ်ကို Solidfiles က မေးလ်တစ်စောင်ပို့ပေးပါတယ်။

Account Activate ပြုလုပ်ဖို့အတွက် ဖြစ်ပါတယ်။ အဲ့ဒီမေးလ်က လင့်ခ်လေးကို ကလစ်နှိပ်လိုက်ရင် ကိုယ့်အကောင့်က အသုံးပြုလို့ရသွားမှာ ဖြစ်ပြီး ဖိုင်တွေကို စတင်ကာ တင်နိုင်၊ မျှဝေနိုင်မှာ ဖြစ်ပါတယ်။

အကောင့်လုပ်နည်း အပြည့်အစုံကို သိချင်ရင်တော့ ကျွန်တော့် အကောင့်လုပ်တုန်းက Record လုပ်ထားတာလေးကို PDF File လုပ်ထားတာရှိပါတယ်။

အောက်မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Download   










**  ကိုကိုဇော် ( BE-EC )

Sunday, July 7, 2013

Zippy Share မှာ ဖိုင်တွေ တင်မယ် ပြန်ရှဲမယ်
















www.zippyshare.com မှာ ပေါ့ဗျာ။

ကျွန်တော် လိုအပ်သော ဖိုင်တွေကို တင်လိုက်မယ်၊

နောက် ကိုယ့်သူငယ်ချင်းတွေနဲ့ အခြားသော ကိုယ်ပြန်မျှဝေချင်သော သူများကို လင့်ခ်လေးတွေ ပေးလိုက်ရင် ကိုယ်တင်ထားသော ဖိုင်လေးကို ဒေါင်းလုပ်ခ်ချပြီး ရယူနိုင်တာပေါ့ဗျာ။

Zippy Share ကတော့ လူသိများသလို ဘလော့ဂါတွေလည်း အတော်ကို အသုံးများသော File Sharing Hosting Site ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ကျွန်တော် အဲ့ဒီဆိုဒ်မှာ မှတ်ပုံတင်တာ ၊ နောက် ဖိုင်တင်တာ၊ လင့်ခ် ပြန်မျှဝေတာလေးတွေ နည်းနည်းလေးရေးထားလိုက်ပါတယ်။

ကျွန်တော်ရေးထားသော ဖိုင်လေးက ဖိုင်ဆိုဒ် 3MB လောက်ရှိပါတယ်။

လိုအပ်သူများ အောက်မှာ ဒေါင်းလုပ်ခ် ရယူနိုင်ပါတယ်ခင်ဗျား။

Download 


**  ကိုကိုဇော် ( BE-EC )

ကျွန်တော် ဘလော့ဂါထဲကို မရောက်ဖြစ်တာ ကြာပါပြီ။ အခုမှ လိုင်းနည်းနည်းကောင်းလို့ရောက်လာပြီး ပထမဆုံး ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။

ပို့စ်တွေ မတင်ဖြစ်သော နေ့တွေအတွက် ခွင့်လွတ်ပေးပါခင်ဗျား။

Monday, May 20, 2013

Sharebeast ကို အသုံးပြုပြီး ဖိုင်တွေတင်မည်၊ ပြန်ရှဲမယ်















Sharebeast ကိုလည်း ဖိုင်တွေ အွန်လိုင်းမှာ တင်ပြီး ပြန်မျှဝေဖို့အတွက် အသုံးပြုသူများပြားသော လင့်တစ်ခုပါ။

လင့်က http://www.sharebeast.com ပါ။

သူ့ဆီမှာ ဖိုင်တွေတင်ဖို့ ပြန်ရှဲဖို့ဆိုရင်တော့ အကောင့်အသစ်တစ်ခု ဖွင့်ရပါမယ်။

မေးလ်အကောင့် တစ်ခုရှိပါက ဖွင့်လို့ရပါတယ်။

Sharebeast ကနေပြီး ဖရီးအသုံးပြုသူများအတွက် 15 GB Free ပေးသုံးပါတယ်။

ဆိုဒ်က အကောင့်ဖွင့်တာလွယ်ကူပါတယ်။ နောက် Email Verification တွေဘာတွေလည်း လုပ်စရာမလိုပါဘူး။

အခု ကျွန်တော် စမ်းသပ်ထားသော ရလဒ်ကို စာအုပ်လေးအဖြစ်ပြောင်းလဲကာ မျှဝေလိုက်ပါတယ်။

လိုအပ်သူများ အောက်မှာ ဒေါင်းနိုင်ပါတယ်။

ဖိုင်ဆိုဒ်က 2 MB လောက်ရှိပါတယ်။

Download  


** ကို​ကိုဇော် ( BE-EC )

Wednesday, May 15, 2013

Mediafire ကို အသုံးပြု​ကာ ဖိုင်​များ​ရှဲ​မယ်
















Mediafire ဆိုတာ ဖိုင်တွေ မျှဝေရေး ဆိုဒ်တွေထဲမှာ နာမည်ကြီး ဆိုဒ်တစ်ခုပါပဲ။

ဘလော့ရေးသော သူများ၊ ဝက်ဆိုဒ်ရေးသော သူများ သာမက ကွန်ပျူတာ အသုံးပြုသူအတော်များများ အသုံးပြုသော Hosting Site တစ်ခုဖြစ်ပါတယ်။

အခု ကျွန်တော် ဆရာမဒေါ်ထားထားလွင် ရေးထားသော ဖိုင်လေးကို PDF ပြောင်းပြီး တင်ပေးလိုက်ပါတယ်။

စာအုပ်ထဲမှာ အကောင့်လျှောက်တာ၊ ဖိုင်တွေ Upload လုပ်တာ၊ ပြန်မျှတာတွေ အကုန်ပါပါတယ်။

ကျွန်တော်လည်း ကျွန်တော်အသုံးပြုသော အခြားဖိုင်မျှဝေရေးဆိုဒ်တွေကို ပြန်ရေးပေးပါမယ်။

အောက်မှာ ကျွန်တော်စာအုပ်လေးကို ဒေါင်းဖို့ပေးထားပါတယ်။ လိုအပ်သူများဒေါင်းနိုင်ပါတယ်ခင်ဗျား။

Download

**  Htar Waie Thar