Showing posts with label (i) စက်ရုပ်ကို အသုံးချခြင်းများ ( Android OS ). Show all posts
Showing posts with label (i) စက်ရုပ်ကို အသုံးချခြင်းများ ( Android OS ). Show all posts

Wednesday, October 8, 2014

Huawei ဖုန်း​တွေ​မှာ Call Flash မီး​မ​လင်း​ခြင်း​ကိစ္စ


































 ဘာမှတော့ဟုတ်ဘူးပေါ့ညော်။ ဒါပေမယ့် ဖုန်းဝင်လာရင် မက်ဆေ့ဝင်လာရင် Flash မီးလေး ဖလက်ဖလက် လင်းချင်လို့  ဆော့ဝဲထည့်ထားကမှ ထည့်ခါစ တစ်ခါ နှစ်ခါ ပဲရပြီး နောက် မလင်းဘဲနေတော့တာကို ကြုံရသူတွေအတွက်သက်သက်ပါ။

ဖြစ်နိုင်တာကတော့ Power Saveing Mode ကြောင့်ပါ။ အဲတော့ အဲဒိလိုကြုံလာရင် အောက်ကနှစ်ခုကိုလုပ်ကြည့်ပေးလိုက်ပါ။

ပထမဆုံး Flash မီးဆော့ဝဲသွင်းပြီးတာနဲ့ Setting >> Power Saveing မှာ normal mode ကိုရွေးပေးလိုက်ပါ။

နော်​တစ်​ခါ Setting >>> Notification Manager မှာ သက်ဆိုင်​ရာ falsh မီး apk ကို​ရှာ​ပြီး Notify ဖြစ်​နေ​ရင် allow လုပ်​ပေးလိုက်​ပါ။


 

 


ကျွန်တော်တွေ့တဲ့အလုံးတွေမှာအဲလိုလုပ်လိုက်ရင် အဆင်ပြေသွားကြပါတယ်။။ version ပေါ်မူတည်ပြီး setting အထားအသိုတွေ လွဲနိုင်ပါတယ်။ အဲဒါလေးတွေနဲ့ ဆိုင်ရာလေးတွေကိုပြင်ပေးကြည့်လိုက်ပါ။


အဆင်ပြေပါစေ...


written by
Hanwailinn-www.sayyoethe.blogspot.com
www.facebook.com/hanwailinn.hanwailinn



အခုပို့စ်ကို ကိုဝင်းဘလော့ဂ်မှာတွေ့မိလို့ ကျွန်တော့်ဘလော့ဂ်အတွက် မျှဝေပေးလိုက်ပါတယ်။


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )              www.htarwaiethar.org

Friday, July 25, 2014

Android နှင့်ပက်သက်၍ အနည်းဆုံး သိသင့်သမျှ ဗဟုသုတ







































Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့ Bootloader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel, ClockworkMod, Flashing , Rooting , Basebandစသဖြင့် စာလုံး အထူး အဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့ သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့် အနှစ်သာရ မဲ့နေတတ်ပါတယ်၊ တကယ်လေ့လာလိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့ အဓီပါယ်နဲ့ အသုံးဝင်ပုံ အသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ သိကိုသိထား ရပါမယ်၊ ဒီပို့စ်မှာ အထက်က စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊ တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက်Open Source ဖြစ်တဲ့ Android က မည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊
စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ System တစ်ခုဖြစ်သွားတဲ့ အထိ ပြုပြင်ယူလို့ရပါတယ်။


Bootloader ဆိုတာဘာလဲ

Bootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Code အစိတ်အပိုင်းလေးကိုခေါ်ပါတယ်၊ Bootloader ထဲမှာ OS kernal ကို စတင်အလုပ်လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေပါပါတယ်၊ Bootloader က Internal Memory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့ ပထမဆုံး Partition မှာ တည်ရှိမှာဖြစ်ပီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Point ပါပဲ။

Bootloader ဘယ်လိုအလုပ်လုပ်တာလဲ

Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊ ပီးရင် Bootloader လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ Boot Strap Firmware ထဲမှာ MBR and GRUB/LILO
တို့ပါ၀င်တယ်၊ Bootloader အလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ် ၊ အရင် ဆုံး BSS segment ကို 0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.c ဖိုင် စ
အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board, keypad, console တို့ကိုစတင်စေမယ်၊ ပီးရင် Linux Tags ကိုဖန်တီးပီး Linux Kernel image ကို Memory ကနေ ၀င်တင်မယ်၊

Bootloader က Phone မှာပါ၀င်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံး စတင်တဲ့ အတွက် မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့ အလွန်အရေးကြီးလှပါတယ်၊ Android OS က Open Source ဖြစ်တဲ့ အတွက် ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့ ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထားကြပါတယ်၊ Android ဖုန်းတွေမှာပါ၀င်တဲ့ Bootloader တွေကို အမြဲတမ်း Locked ချထားပါတယ်၊ ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို
သူတို့ထုတ်လုပ်တဲ့ဖုန်းကို သူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ၊ Bootloader ကို Locked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး၊ ဒါကြောင့် Custom ROM Install
လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်။



Kernel ဆိုတာဘာလဲ

Kernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲ IOS,MacOS,Window,BlackBerry's QNX တို့မှာလဲရှိပါတယ်၊ High Level Operation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါ၀င်ပါတယ်၊
ခု ပြောမှာက Android အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်၊ Android သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်၊ ဒါပေမယ့် Linux Operation System က သုံးတဲ့
Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ Android Kernel မှာ Android အတွက် သီးသန့် Build-in code တွေပါနေပါတယ်၊ ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versions
အသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေ အလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်၊ Gingerbred kernel အတွက် သုံးတဲ့ drivers တွေက Ice Cream Sandwich kernel အတွက် အလုပ်လုပ်မှာ မဟုတ်ပါဘူး၊ ဒီကိစ္စက လဲ အရေးကြီးပါတယ်။
Kernel ရဲ့ အဓီက အလုပ်က Hardware ကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့ ကုတ်တွေလဲ တကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်ကတော့ Hardware နဲ့ Software တို့ကြားမှာ နှစ်ဖက်ညွန်ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊ Software တစ်ခုက ဘယ်လို အလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့ အခါကျရင် Hardware ကို တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကို ညွန်ကြားချက် အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာက
ဖုန်းက လုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်၊ ဖုန်း Screen အလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း အမြင့် ချိန်တာတို့၊ Raido ကို ချိတ်ဆက်ပီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့ စသဖြင့်
အလုပ် မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardware ကိုတိုက်ရိုက် မခိုင်းပဲ Kernel ကိုလှမ်းခိုင်းလိုက်ပါတယ်၊ အဲ့ဒီ့ အခါမှာ Kernal က တဆင့် Hardware ကို
လုပ်မယ့်အလုပ်ကိုညွန်ကြားပါတယ်၊ ဥပမာ ကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ခလုပ် မှာ ခလစ်တစ်ချက်နှိပ်ပီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊ ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က Event တစ်ခုကိုနားထောင်လို့ရမယ် ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊ kernel ကလဲ ရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardware ကိုလှမ်းပို့မယ်၊ Camera
Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်၊ ဒီလို တစ်ခုက Software က Input လုပ်လိုက်တာကို Kernel က ယူပီး Output တစ်ခုအဖြစ် Hardware ကိုပြန်ပေးပါတယ်၊
အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက် အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပီး Hardware ကို ခိုင်းစေရမှာဖြစ်ပါတယ်၊
Kernel က ကြားခံ ပေးထားတဲ့အတွက် Application Developers တွေအနေနဲ့ Android System API's တွေကနေ တစ်ဆင့် Kernel ဆီကို Resquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်ဆက်
အလုပ်လုပ်ဖို့သာ Develop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Develop လုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Develop လုပ်ပေးစရာလို့ပါတယ်။



CWM ဆိုတာဘာလဲ

CWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်း နဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပီး recover လုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊
CWM recovery လုပ်ခြင်းအားဖြင့် Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root access ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROM ထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့် အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်၊ Androidအခြေခံ အဆင့် ကို နားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်ရင်
အခက်အခဲ တွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊ Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်း memory ထဲ ထည်ပီး ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေ Boot တက်နိုင်ပါတယ်၊ အကယ်၍ မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပီးဆိုရင် ကျွန်တော်တို့ Factory Reset သုံးပီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ် zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နို်င်ပါတယ်၊ ဒီလို
အချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့ အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recovery လိုမဟုတ်ပဲ StockRecovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ် ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့ Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမဝင် ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Update လုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင် အသုံးပြုခြင်း User Data အပါအဝင် ဖုန်း Partition တွေအားလုံးကို ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cache များဖြတ်ပစ်ခြင်း Permission များပြောင်းလဲခင်း resotre နဲ့ Backup မှာ စိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သော
အလုပ်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်၊ ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ Android ROM Manager ကို Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Android devices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို ရှာတွေ့နိုင်ပါတယ်။



Firmware နဲ့ ပက်သက်သမျှ

Firmware ဆိုတာက ROM (read only memory) ထဲကိုထည့်ရေးထားတဲ့ Software program ကိုဆိုလိုပါတယ်၊ Window computer တွေမှာသုံးတဲ့ window7 install လုပ်သ လိုပါပဲ၊ ဖုန်းအတွက် Firmware Install လုပ်တယ်ဆိုရင်တော့ Froyo,Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat တို့လို Android Version တွေကို Phone မှာ Install လုပ်ခြင်းပါပဲ၊ ဖုန်းတိုင်းမှာ မတူညီတဲ့ Firmware နဲ့ installation Tool တွေရှိပါတယ်၊ ဒါ့ကြောင့် ကြိုက်တဲ့ ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင်မှာတော့ မဟုတ်ပါဘူး၊ တစ်ခုတော့ရှိတယ်၊ ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memory ကိုဆိုလိုပါတယ်၊ ဒီတော့ read only ဖတ်လို့ပဲရမယ် ရေးလို့မရဘူးဆိုတဲ့ သဘောပေါ့၊ ဒါဆိုရင်
ဘယ်လိုလုပ်ပီး ROM ထဲက Firmware ကို Update လုပ်နိုင်မှာလဲလို့တွေးစရာပါ၊ သဘောတရားအရ တော့ ROM ထဲမှာ Firmware ရှိတယ်ပေါ့ ၊ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့ အပြင်မှာ Firmware ကိုထည့်ရေးကုန်ကြပါတယ်၊ ဖုန်းရဲ့ Firmware ကို ROM လို့လဲခေါ်တယ်၊ အကြောင်းကတော့ သီအိုသီသဘောမှာ Firmware က ROM ထဲမှာရှိတယ်၊ ROM ဆိုတာ Read Only Menory, ရှေ့က ထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROM ထဲမှာရှိတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ယနေ့
အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့ Firmware ကို ROM မထည့်တော့ပါဘူး၊ Firmware ကို ဖုန်းရဲ့ internal flash meonry ထဲမှာ ထည့်ထားတယ်၊၊ internal flash meonry က Read Only မဟုတ်ဘူး၊ ဒါ့ကြောင့်
firmware အသစ်တစ်ခုကို flash လုပ်လို့ရတာပေါ့။



Flashing ဆိုတာဘာလဲ

Flashing လုပ်တယ်ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmware ထည့်သွင်းတာကိုဆိုလိုပါတယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာရှိတဲ့ Data တွေကို ပြန်ရေးခြင်းပါပဲ၊ Android ဖုန်းမှာ Custom ROMs ကို Stock ROMs အစား Flashing လုပ်ပီးတော့ ဖုန်းထုတ်တဲ့ ကုမ္မဏီက ထည့်သွင်းပေးလိုက်တဲ့ Functions တွေကို ပြောင်းလဲ ပီး ပိုမိုကောင်းမွန်တဲ့ Unlimited ၀င်ဆောင်မှူကို ရရှိနိုင်ပါတယ်။


Rooting ဆိုတာဘာလဲ

Android System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကို လိုသလို ထိန်းချုပ်လို့ရနိုင်မယ့် အခွင့်အရေးရချင်လို့ Root access လုပ်ကြပါတယ်၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Access ရတယ်လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကို စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊ Android File System ထဲမှာ အဓိက ပါ၀င်တဲ့ အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင် Booting နဲ့ ပက်သက်တဲ့ Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့
ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ ဒါတင်မကပါဘူး ကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (Hyper Text Transfer Protocol) DHCP (Dynamic Host Configuration
Protocol) (သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲ အသုံးပြုနိုင်ပါပီ၊ Android System ရဲ့ လုပ်ဆောင်မူတွေထဲက ရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင် Arbitrary commands တွေလဲ အသုံးပြုနိုင်သွားပါတယ်၊ အခြားအခြား အခြား သော အချက်တွေအများ အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Root လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ
Rooting လုပ်တယ်လဲခေါ်ပါတယ် ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကိုရောင်းချတဲ့အခါ Software restrictions တွေပါလာပါတယ်၊ ဒီလို Software Restrictions တွေပါလာရတဲ့ အကြောင်း အမျိုးမျိုးရှိပါတယ်၊ တစ်ချို့ကုမ္မဏီတွေကတော့
သူတို့ပစ္စည်းကို အသုံးပြုတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုပီး Restrictions ထည့်ပါတယ်၊ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကန့်သက်ချက်တွေပါ၀င်နေခြင်းဟာ Android ဖုန်း (သို့) Tablet ကို သုံးတဲ့သူ
လိုအပ်တဲ့ ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားတဲ့ အခါ မျိုး (သို့) အဆင့်မြင့်တဲ့ ပြင်ဆင်မှူပြုလုပ်ခြင်းမျိုး ပြုလုပ်တဲ့အခါမျိုးမှာ ကာစီနေတတ်ပါတယ်၊ ဒီလို အကာ အစီးကို ကျော်ဖြတ်ပီး စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root access ရဖို့ကြိုးစားကြပါတယ်၊
Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေက ကန့်သတ်ထားတဲ့ ကန့်သက်ချက်တွေကို ချိုးဖြတ်ပီး software ကို အကန့်အသက် မရှိအသုံးပြုခြင်းပါပဲ၊ ဒီလို Rooting
လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို ကန့်သက်ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ်အပိုင်းမှာ ရေးချင်တာရေးနိုင်သလို ပြုပြင်လိုသမျှကို ပြုပြင်သွားနိုင်ပါတယ်၊



Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ

Stock ROM နဲ့ Custom ROM ဆိုပီးနှစ်မျိုးရှိမယ်၊ Stock ROM က ဖုန်းဝယ်တုန်းက ပါလာတဲ့ Phone Operation System. Stock ROM မှာ Software Restriction တွေထည့်သွင်းထားတဲ့ အတွက်
စိတ်ကြိုက်အသုံးပြုခွင့် မရတဲ့ Operation System ဖြစ်နေပါတယ်၊ Custom ROM ဆိုတာကတော့ OS Version တစ်ခုပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Device တစ်ခုလုံးကို
အလုပ်လုပ်စေတဲ့ Kernel ပါတယ်၊ System Applications တွေပါမယ်၊ Services တွေပါမယ်၊ တစ်ခုပဲကွဲသွားတာက စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ဖြစ်ခြင်းနဲ့ Software Restriction
တွေမပါခြင်းပါပဲ၊ ဒီတော့ Custom ဆိုတဲ့စကားလုံးက ကဘာကိုရည်ညွန်းလဲ၊ Android က Open Source ဖြစ်တဲ့ အတွက် Developers တွေက Stock ROMS တွေ အခမဲ့ယူလို့ရတယ်၊ ပီးရင် စိတ်ကြိုက် ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာ ဖြတ်ထုတ်နိုင်တယ်၊ ထပ်ထည့်လိုတာထပ်ထည့်နိုင်တယ်၊ အရည်အချင်းရှိရင် ရှိသလောက် စိတ်ကြိုက် ပြုပြင်ပြောင်းလဲပီး စိတ်ကြိုက် ROM ကို တည်ဆောက်ယူနိုင်တယ်၊ ဒီလို စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM
လို့ခေါ်တာပါ။



ADB ဆိုတာဘာလဲ

ADB ရဲ့ မူရင်းစာလုံးကတော့ Android Debug Bridge ပါ၊ သူ နာမည်အတိုင်းပါပဲ သူက ဖုန်းကို ပြုပြင်ဖို့ အတွက် ကွန်ပြူတာနဲ့ ဖုန်းကြားချိတ်ဆက် နိုင်တဲ့ တံတားတစ်စင်းပါ၊ Android Phone က Linux Kernel
ကို အခြေခံထားပါတယ်၊ ဒီတော့ computer adb server ကိုအသုံးပြုပြီး ကွန်ပြူတာကနေ ဖုန်း ရဲ့ adb Client ကို Linux commands တွေလှမ်းပို့နိုင်ပါတယ်၊ ဒီလိုလုပ်ပီး commands တွေကို
အလုပ်လုပ်စေနိုင်ပါတယ်၊ ဖုန်း အလုပ်လုပ်ပုံတွေမမှန်တော့တဲ့ အခါမျိုးမှာ ဒီနည်းက တော့ အမှားရှာပီး ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့နည်းပါ၊ ဒီနည်းအတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB Client ဖြစ်တဲ့ ဖုန်းကို Linux Commands တွေပို့ပီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADB ရဲ့ အသုံးဝင် မှူကိုခံစားဖူးအုံး မှာ မဟုတ်သေးပါဘူး။



Baseband ဆိုတာဘာလဲ

Baseband ဆိုတာကတော့ ဖုန်းတွေမှာသုံးတဲ့ Raido ကိုဆိုလိုပါတယ်၊ ဖုန်း Version နဲ့ ထုတ်လုပ်တဲ့ ကုမ္မဏီ အလိုက် Raido Version တွေလဲကွာပါတယ်၊ Raido File တွေကို Recovery tools တွေကနေ Flash လုပ်နိုင်သလို ADB/ODIN တို့ကလဲ Flash လုပ်နိုင်ပါတယ်၊ Raido (သို့) Modem နဲ့ ROM Version တို့ ကိုက်ညီမှူမရှိရင် တော့ MMS, 3G data, VM နဲ့ Network ပြသနာ တတ်နိုင်ပါတယ်၊ ဒါကြောင့် အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့) Modem ကို ရွေးချယ်နိုင်ဖို့လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့
network နဲ့ bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်၊ Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functions တွေကိုသုံးပီး Wi-Fi နဲ့ GPS တို့ ချိတ်ဆက်အသုံးပြုနိုင်စေပါတယ်၊ အကယ်၍ ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့
ပြသနာမျိုး Android Device မှာ တွေ့ကြုံနေရပီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပီ၊ Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှူတွေကို ပိုမိုကောင်းမွန်လာ မှာ
ဖြစ်သလို Bettery အသုံးပြုမှူကိုလဲ ရှော့ချပေးနိုင်ပါတယ်၊ ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါ၀င်ပါတယ်၊ ဒီ Chipsets တွေကို ထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက Develop လုပ်ကြပါတယ်။


ကျေးဇူးပြု၍

ဒီပို့စ်ကို BrighterMyanmar အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး
brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့ သေချာ ပြန်စီစစ်ပီး
ပြင်ပါ့မယ်။





Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )       www.htarwaiethar.blogspot.com

Wednesday, July 16, 2014

Android ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင်...စမ်းသပ်သင့်သည့်ကုဒ်များ





























ကျွန်တော်တို့ Android Phone တစ်လုံးကိုဝယ်တော့မယ်ဆိုရင် အများစုက ရုပ်ထွက်ကိုသာ အဓိက စမ်းသပ်ကြတာများပါတယ်ဒီလို Test လုပ်တာက Android Phone မှာတင်မှမ ဟုတ်ပါဘူးကွန်ပျူတာ ၀ယ်တဲ့ အခါမှာလည်း ရုပ်ထွက်ကိုပဲ အများစုကစမ်းသပ်ကြပါတယ်။ တစ်ကယ်တမ်းမှာက ရုပ်ထွက်ဆိုတာထက် အတွင်းပိုင်းက Hardware ပိုင်းတွေနဲ့ ၄င်းတို့ ကြံ့ခိုင်မှုကိုပါတစ်ခါတည်းစစ်ဆေးရမှာဖြစ်ပါတယ်။

 Android Phone တွေမှာဆိုရင်တော့ ကွန်ပျူတာတွေမှာလို System Unit ဖွင့်ပီး Hardware Specification တွေကြည့်လို့ မရသလို Laptop မှာလည်း အောက်ကိုဖွင့်ပီး ကြည့်လို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ Android Phone များဟာ ဖွင့်ဖောက်စစ်ဆေးဖို့ဆိုတာ မလွယ်ကူပါဘူး..ဒါကြောင့် ကျွန်တော်တို့က Dialing Pad ကနေပဲ Hardware Test တွေ Product Test တွေ System Test တွေကိုလုပ်  ဆောင်ရမှာဖြစ်ပါတယ်။အရင်ဆုံး ကျွန်တော်တို့စတင်စမ်းသပ်မယ့် Code ကတော့….

*#*0# ဖြစ်ပါတယ်။

ဘာကြောင့် ဒီကုဒ်ကိုစမ်းသပ်ရသလည်းဆိုတော့ ဒီ Code ထဲမှာပါတဲ့ Testing Mode တွေကတော့ Phone Screen ရဲ့ Colorပေါက်ထွက်မှုရှိမရှိတို့၊ Camera ကောင်းမွန်စွာအလုပ် လုပ်မလုပ်တို့ ၊ Sensor တွေ Touch တွေ ဖုန်းရဲ့စပီကာတွေတစ်ကယ်ကောင်းမွန်စွာအလုပ်လုပ်မလုပ်တို့ကိုစမ်းသပ်ရန်ဖြစ်ပါတယ်။

*#06#

သူ့ကိုကတော့ ကျွန်တော်တို့ IMEI Number ကိုစစ်ဖို့ဖြစ်ပါတယ်။အဲဒီ IMEI Number တွေနဲ့ ပတ်သက်ပီးတော့ နောက်ပိုင်း Postတွေမှာ အလျင်းသင့်လျှင်သင့်သလို ဖော်ပြပေးသွားပါမယ်။ အဲ… တစ်ခုပြောချင်တာက ၄င်း Code ကို စမ်းသပ်တဲ့အခါမှာတော့စုစုပေါင်း Code ၁၅လုံးဖော်ပြပေးပါလိမ့်မယ်။ ၄င်း ၁၅ လုံးထဲမှာမှရလုံးမြောက်နှင့် ၈လုံးမြောက်ကုဒ်ကို ကြည့်ပီး ယခုစမ်းသပ်နေသောဖုန်းရဲ့ Quality ကိုလည် ဘယ်နိုင်ငံထုတ်ပီး ဘယ်လောက် အရည်အသွေးကောင်းလည်းဆိုတာ သိရှိနိုင်ပါတယ်။ အကယ်လို့ ၄င်းကုဒ်ဖြင့် IMEI Number ကိုစစ်ကြည့်တဲ့အခါ ဂဏန်းအားလုံး သုညပြနေမယ်ဆိုရင်တော့ ၄င်းဖုန်းမှာ Firmware Error တစ်ခုခုရှိနေတယ်လို့ ဆိုရပါမယ်။

*#*#197328640#*#*

ဒီကုဒ်ကတော့ Intermediate Level အဆင့်ဖြစ်ပါတယ်။ သူ့ထဲမှာ ဖော်ပြမယ့်အကြောင်းအရာတွေ ကတော့ အောက်ပါပုံအတိုင်းဖြစ်ပီး သူ့ထဲမှာ Software Version တွေရဲ့ Information အကြောင်းတွေ Hardware Version တွေရဲ့ Information အကြောင်းတွေကိုတိကျစုံ လင်စွာဖော်ပြပေးထားတဲ့အပြင် မိမိစိတ်ကြိုက် StringTableValueတွေကိုလည်း ပြင်ဆင်သတ်မှတ်လို့ရပါတယ်။ ၀င်ရောက်လေ့လာ ရုံလောက်ပဲစမ်းသပ်ပီး မည်သည့် တန်ဖိုး (Value) မှ ပြင်ဆင်ရေးသားထပ်တိုးခြင်းများလုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။ အကယ်လို့ သင်ဟာ Phone Developer တစ်ဦးဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး….


 












*#*#1234#*#* နှင့် *#*#0842#*#*



သူကတော့ PDA နဲ့ Firmware Version တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။ သူ့ဆီမှာအသေးစိတ်ဖော်ပြပေး မယ့် ကုဒ်တွေကတော့ PDA Version ၊  PHONE Version ၊ CSC Version တွေကို တိကျစွာဖော်ပြပေး မှာဖြစ်ပါတယ်။ ဘာကြောင့် ဒီကုဒ်ကို အဓိကစစ်ရသလည်းဆိုတော့ အကယ်လို့ သင်ဟာ အကြောင်း တစ်စုံတစ်ရာကြောင့် သင့်ဖုန်းရဲ့ Firmware အား ထိခိုက်သွားတဲ့ အခါမှာ ၄င်းဖော်ပြထားတဲ့ ထဲမှာပါရှိသော Firmware Number ဖြင့် ပြန်လည်ဒေါင်းလုပ် လုပ်ယူပီး ပြုပြင်နိုင်ရန်အတွက်ဖြစ်ပါတယ်။ ဒီကုဒ်ကတော့ ဖုန်း
ပြင်တဲ့ သူတွေအတွက် အဓိက အသုံးဝင်မှာပါ။

*#*#0842#*#*
ဆိုတာကတော့ သင်စမ်းသပ်နေတဲ့ဖုန်းရဲ့ Back Light ရဲ့ အလင်းရောင်  အလင်းဆုံးဘယ်လောက် ရှိသလည်းဆိုတာရယ် ၄င်းဖုန်းအတွင်းမှ Vibrator RPM ဘယ်လောက်ရှိသလည်းဆိုတာကိုစမ်းသပ်ဖို့ပါ။














*#*#2664#*#*
သူကတော့ သင်စမ်းသပ်နေတဲ့ဖုန်းရဲ့ Touch Screen ကို ဘယ်လောက်ထိ Touch ကောင်းသည် မကောင်းသည်ကို စမ်းသပ်ဖို့ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုစမ်းသပ်ရသလည်းဆိုတော့တစ်ချို့ဖုန်းတွေမှာ Screen ရဲ့ ထောင့်နား လေးတွေဆိုရင် မမိ တာမျိုးတွေရှိတတ်ပါတယ်။ ဒါကြောင့်စမ်းသပ်ရတာဖြစ်ပါ  တယ်။ ဒီနည်းကတော့ Single Touch Test ဖြစ်ပါတယ်။ အကယ်လို့ ဖုနး်အမျိုး အစားက 4.0 နှင့်အထက်ဆိုရင်တော့ ၄င်းဖုန်းရဲ့ System Setting ထဲကနေ တဆင့် About Phone ထဲကိုဝင်ပါ။ ထို့နောက် Android Version ဆိုတာကိုသုံးချက်လောက်ဆင့်နှိပ်လိုက်ပါတဲ့အခါမှာတော့ သင့် Android ဖုန်းရဲ့ Sceen ကို Multi Test စမ်းသပ်လို့ရပါမယ်။

 *#*#7780#*#* နှင့် *2767*3855#

သူကတော့ အရမ်းအရေးကြီးသော Code ဖြစ်ပါတယ်။ ဒါကတော့ ၄င်းဖုန်း အား Factory Reset ချတဲ့ Code ဖြစ်သောကြောင့် ၄င်းကုဒ်ကိုစမ်းသပ်မယ် ဆိုရင်သတိထားရပါမယ်။ ဆိုင်က အသစ်ဆိုသော ဖုန်းအားသွားချမိရင်တော့ အရောင်း စာရေးနဲ့ စကားများမှာဖြစ်ပါတယ်။ လက်ရှိကိုင်နေတဲ့ဖုန်းကိုချမိ မယ်ဆိုရင်လည်း သင့်ဖုန်းထဲမှာမှတ်ထားသော Contact List တွေ၊ System Setting တွေ၊ Application တွေ၊ Google Account တွေ၊ Facebook Account  တွေအကုန်လုံးပျက်သွားမှာဖြစ်ပါတယ်။

*#*#4636#*#*

သူကတော့ ဖုန်းနဲ့ ပတ်သက်ပီး Information တော်တော်များများကိုသိနိုင်ပါတယ် ဆိုလိုတာက ဖုန်းရဲ့ Battery Information တွေ ၊ Phone Information တွေစတာတွေအပြင် ကျွန်တော်တို့ GSM ဖုန်းနဲ့ Network ချိတ်ထားသူတွေအတွက် Phone Information မှ WCDMA preferred ဆိုတာကိုရွေးပေး  ခြင်းဖြင့် GSM Phone ကို WCDMA Network Mode ဖြင့် Data Traffic သွားသောကြောင့် သင်က Mobile Network ကို Enable လုပ်လိုက်တာနဲ့ H ဆိုပီးတန်းတက်လာမှာပါ.. ယခု ကျွန်တော်လက်ရှိ GSM ဖုန်းကိုလည်း ထိုနည်းအတိုင်းသုံးနေပါတယ်။ ထိုသို့သုံးခြင်းဖြင့် သာမာန် GSM Phone ချင်းအတူတူတောင် Network Speedကို မြန်မာကျပ်ငွေ နှစ်ကျပ်တည်းဖြင့်WCDMAMode မြန်မာကျပ်ငွေ လေးကျပ်နှုန်းစာ လောက်ရှိသော Data Traffic ကိုရရှိနိုင်မှာဖြစ်ပါတယ်။

*#*#3264#*#*

သူကတော့ ဖုန်းရဲ့ RAM Version ကိုစစ်ဆေးဖို့ဖြစ်ပါတယ်။  ကဲအားလုံးပဲအဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ အခုကျွန်တော်ဖော်ပြထားတဲ့ Code လေးတွေကိုတော့ဖြစ်နိုင်ရင် အလွတ်ကျက် ထားစေချင်ပါတယ်။ ဒါမှလည်း သင့်သူငယ်ချင်းသို့ မဟုတ် သင့် ပိုင်ရာဆိုင်ရာတွေအတွက် ဖုန်းလိုက် ၀ယ်ပေးတာတို့  ဘာတို့ဆိုရင်လည်း အလွယ်တကူဖြစ်နိုင်မယ်လေ။

Credit: Myanmar XDA

Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း     




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )           www.htarwaiethar.blogspot.com

Saturday, June 28, 2014

Huawei Phone Recovery Mode ၀င်းနည်း သုံးမျိုး






















ဒါ ကျွန်တော် သိသလောက်လေးပေါ့နော်။

သိပ်ပြီးတော့ ခက်ခက်ခဲခဲလည်း မဟုတ်ပါဘူး။

မြန်မာပြည်မှာက ဖုန်းလောကမှာ Huawei Phone က အတော်ကို များပြားတာမို့ အသုံးဝင်တဲ့ Recovery Mode ဝင်နည်း သုံးနည်းလေးကို ကျွန်တော် ဖော်ပြလိုက်ပါတယ်။

သိပြီးသားဆိုရင်တော့ ကျော်သွားလိုက်ပါ့နော်။

Recovery Mode ဆိုတာလေးက တကယ်တော့ အတော်ကို အရေးပါပါတယ်။

သူ့ကို ဖုန်း ပါဝါဖွင့်စမှာ အသုံးပြုရတာ ဖြစ်ပြီး သူ့ဆီမှာ အဓိက ပါဝင်တာတွေက

1) Reboot Phone   : Phone ကို Restart ပြန်နိုးတာ။

2) Update from SD Card  : Phone Firmware တွေကို Update လုပ်တာ၊ တစ်ခါတစ်လေ Update.zip နဲ့စသော ဖိုင်တွေကို Firmware တင်တာ။

3) Factory Reset : Phone ကို မူရင်းစက်ရုံက ထုတ်တဲ့ အတိုင်းဖြစ်အောင် ပြန်လုပ်တာ။ ( Root ပြီးသားဖုန်းတွေကတော့ စက်ရုံကအတိုင်း အကုန်လုံး ပြန်မရပါဘူး။ )

4) Cash Wise Partition : Phone Cash တွေကို အကုန်ရှင်းထုတ်တာ။


စသော လုပ်ဆောင်ချက် လေးခု အနည်းဆုံးပါဝင်ပါတယ်။



Recovery Mode ကို ဘာလို့အသုံးပြုမှာလဲ ?????

အတော်များများကတော့ ဖုန်းကို Factory Reset ချတဲ့နေရာမှာ အသုံးပြုပါတယ်။ တစ်ခါတစ်လေ ဖုန်းက အရမ်းကို လေးလံထိုင်းမှိုင်းနေတာမျိုး၊ နောက် အကြောင်းမျိုးမျိုးကြောင့် ဖုန်းက မတက်တော့တာမျိုး၊ Phone Pattern , Pin , Password မေ့သွားတာမျိုး အခြေနေမှာ ကျွန်တော်တို့ အနေနဲ့ ဖုန်းကို Factory Reset ချလိုက်ရင် အတော်များများကို အဆင်ပြေသွားတာမျိုးရှိပါတယ်။

ဖုန်းက မတက်တော့ရင်တော့ တစ်ချို့ဖုန်းတွေက Factory Reset ချလိုက်ရင် အဆင်ပြေပေမဲ့ တစ်ချို့ဖုန်းတွေက Official တင်မှ အဆင်ပြေမှာပါ။

တစ်ခါတစ်လေ Phone Firmware တင်ရတာ 2) Update from SD Card  ကို အသုံးပြုရင်လည်း ကျွန်တော်တို့က သေချာပေါက်ကို Recovery Mode ကို ဝင်မှကို ရမှာပါ။


Recovery Mode ကို ဝင်ဖို့ အဓိက လုပ်ရတာ ???

Recovey Mode ကို ဝင်ဖို့ဆိုရင် ပထမဆုံး ဖုန်းကို ပါဝါပိတ်ပြီး ဘက်ထရီကို ခဏဖြုတ်လိုက်ရပါတယ်။ နောက် ဘက်ထရီကို ပြန်တပ်ပြီးမှသာ Recovery Mode ကို ဝင်ဖို့ သက်ဆိုင်ရာ ကီးတွေကို နှိပ်ဝင်ရတာပါ။


Factory Reset ချနည်း

Recovery Mode ထဲရောက်သွားလျှင် Factory Reset ချဖို့အတွက် 3) Factory Reset နဲ့ 4) Cash Wise Partition  ကို ပြုလုပ်ပြီး 1) Reboot Phone  ကို အဆင့်ဆင့်လုပ်ရပါတယ်။

Recovery Mode မှာ Vol- , Vol + က အပေါ်အောက်ရွေ့တာဖြစ်ပြီး ကိုယ်ရွေးထားတာကို အမိန့်ပေးချင်တာဆိုရင်တော့ Power ကို တစ်ချက်နှိပ်ပေးရပါတယ်။

Factory Reset ချဖို့ဆိုရင် Vlo - နဲ့ 3) Factory Reset ကို ရောက်အောင်လုပ်ပါ။ နောက် Power ကို တစ်ချက်နှိပ်ပါ။ ပြီးရင် Yes , All Account Delete ... ဆိုသော စာတန်းနဲ့ ဆင်တူတာလေးကို ( ကျွန်တော် သေချာမမှတ်မိတော့လို့ No ဆိုတာတွေကို ရွေးလို့မရ ) Vol - နဲ့ နေရာရွေ့ပြီး Power ကို တစ်ချက်နှိပ်ပါက စာတန်းတွေ အများကြီးပေါ်လာပြီး လုပ်စရာရှိတာတွေ လုပ်သွားပါတယ်။ ပြီးသွားရင် မူရင်း Recovery Mode နေရာကို ပြန်ရောက်လာပါတယ်။ အဲ့အခါမှ 4) Cash Wise Partition ဆီကို Vol - အသုံးပြုပြီး နေရာ ရွေ့ Power ကို တစ်ချက်နှိပ်။ ပြီးသွားရင် မူရင်း Recovery Mode ကို ပြန်ရောက်ပါတယ်။ အဲ့အခါကျရင်တော့ ဖုန်းကို Restart ချဖို့အတွက် 1) Reboot Phone   ကိုရောက်အောင် Vol + ကို အသုံးပြုပြီး နေရာ ရွေ့ Power ကိုတစ်ချက်နှိပ်ပါက ဖုန်း Reset ချတာ အဆင်ပြေတယ်လို့ ပြောရပါတယ်။



2) Update from SD Card   နဲ့ Official Firmware တင်နည်း

တစ်ချို့သော Huawei Phone Firmware တွေက ဒေါင်းလို့ရလာရင် dload ဆိုသော ဖိုဒါလ်လေးအောက်မှာ update.zip ဆိုသော ဖိုင်လေး ဖြစ်နေတက်ပါတယ်။ အဲ့လိုမျိုး ဖိုင်လေးဆိုရင်တော့ အခုပြောသော နည်းလမ်းလေးနဲ့ Firmware ပြန်တင်လို့ရပါတယ်။

ပထမဆုံး SD Card ကို Format ရိုက်ပြီး update.zip ပါသော dload folder လေးတစ်ခုပဲ SD Card မှာ ထည့်သွင်းပါ။ နောက် ဖုန်းမှာ အဲ့ SD Card ကို ထည့်သွင်းပါ။

ဖုန်းကို ဘက်ထရီဖြုတ်၊ နောက် ပြန်တပ်ပြီး Recovery Mode ကို ဝင်ရောက်ပြီး 2) Update from SD Card ကို ရောက်အောင် Vol - လေးနဲ့ ရောက်အောင်သွား ပြီးရင် Power တစ်ချက်နှိပ်လိုက်ရင် Firmware ကို သူဘာသာ တင်ပေးပါတယ်။



ကဲ့ အခုလောက်ဆို Recovery Mode ကို ဘာလို့ အသုံးပြုတယ်ဆိုတာ သိလောက်ပါပြီနော့်။

Recovery Mode ဝင်းနည်း သုံးနည်းကို ရေးပါမယ်။


၁)  ဖုန်းဘက်ထရီကို ဖြုတ်၊ ပြန်တပ်၊ ပြီးရင် Vol + and Power ကို ပြိုင်နှိပ်ထားရင် Recovery Mode ကို ရောက်ပါတယ်။ ( ဖုန်းအတော်များများက အဲ့လိုတွေပဲ ဖြစ်ပါတယ်။ )

၂) တစ်ချို့ဖုန်းတွေက နံပါတ်တစ်နည်းနဲ့ မရပါဘူး။ ဖုန်းက ဘက်ထရီဖြုတ်၊ ပြန်တပ်၊ ပြီးရင် Vol - and Power ကို ပြိုင်နှိပ်ရင် Recovery Mode ကို ရောက်ပါတယ်။

ပြောစရာတော့ ကျန်သွားပါတယ်။ တစ်ချို့သော ဖုန်းတွေက စက်ရုပ်ပုံလေးပဲ ပေါ်နေပါက Power ကို တစ်ချက်ထပ်နှိပ်ပေးလိုက်ပါ။ မိတ်ဆွေတို့ လိုချင်သော Recovery Mode ကို ရောက်ပါတယ်။

၃) နံပါတ် (၁) နဲ့ (၂) နှစ်ခုလုံး အဆင်မပြေပဲ တရုတ်စာတွေပဲ ပေါ်နေတဲ့ ဖုန်းတွေကို အခု နည်းလေးနဲ့ Recovery Mode ဝင်နိုင်ပါတယ်။

Power ကို သုံးစက္ကန့်လောက် နှိပ်၊ ပြီးရင် လွတ်လိုက်၊ ချက်ခြင်း Vol - and Vol + ကို ပြိုင်တူနှိပ်ရင် Recovery Mode ကို ရောက်ပါမယ်။

အဲ့လိုမှ မလုပ်ချင်ရင် Vol - and Vol + and Power သုံးခုလုံး ပြိုင်နှိပ်ပါ။



ကျွန်တော်သိတာတော့ အခု ပြောပြတဲ့ နည်းလမ်းသုံးခုပဲဗျ။ အခြားသော Recovery Mode ဝင်မရသော ဖုန်းများရှိရင် Comment လေး ချန်ထားပါနော်။



အားလုံး အဆင်ပြေပါစေဗျာ။။။။။။။။။။။။။။။။။။။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Monday, June 9, 2014

ဖုန်းနံပါတ်ဖျောက်ပြီး ဖုန်းခေါ်နည်း























စက်ရုပ်ဖုန်း အသုံးပြုသော သူငယ်ချင်း မိတ်ဆွေတွေအတွက် ဖုန်းနံပါတ်ကို ဖျောက်ပြီး ခေါ်နိုင်သော နည်းလမ်းလေးကို အီးမေလ်းမှာ လာမေးတာ တွေ့တာနဲ့ အင်တာနက်မှ ရှာဖွေတွေ့ရှိသော နည်းလမ်းလေး ဖြစ်ပါတယ်။

စမ်းသပ် အသုံးပြုလိုသူများအတွက် ကျွန်တော် မျှဝေလိုက်ပါတယ်။

ကျွန်တော့်မှာ ဖုန်းတကယ်ကို မရှိသည့်အတွက် စမ်သပ်လို့မရခဲ့ပါဘူး။

မိတ်ဆွေတို့ အကူညီနဲ့သာ ကျွန်တော် မျှသော နည်းလမ်းလေးက အဆင်ပြေမပြေ သိရမှာပါ။

ကျွန်တော် သိသော နည်းလမ်းက ဆော့ဝဲလ်နှစ်ခုကို အသုံးပြုရပါတယ်။

Secret Call and HiddenCall-hide your Caller ID Software နှစ်ခု ကို ပေါင်းစပ်ပြီး ဖုန်းနံပါတ်ကို ဖျောက်လိုက်တာမျိုးပါ။

လိုအပ်သော မိတ်ဆွေများအတွက် ကျွန်တော် အဲ့ဆော့ဝဲလ်နှစ်ခုကို တင်ပေးလိုက်ပါတယ်။

ဒေါင်းလုပ်ခ်ရယူပြီး စမ်းကြည့်နိုင်ပါတယ်ခင်ဗျာ။

တစ်ခုခုများ အဆင်မပြေရင် Comment , Email ဖြင့် ဆက်သွယ်နိုင်ပါတယ်ခင်ဗျား။



Download   http://www.solidfiles.com/d/a920e3f764/Hide_Phone_Number.rar



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com

Saturday, May 17, 2014

eMMC လဲနည်း .pdf Hello TharGyi eMMC.pdf




















Credit to - ဟယ်လို သားကြီး  & Myo Htet Lin 

ကိုသားကြီးရေးထားတဲ့ eMMC လဲနည်းပါ၊ မြန်မာ pdf စာအုပ်ပါခင်ဗျ ။
Phone Service သမားများအတွက် အလွန်အသုံးဝင်မယ့် pdf စာအုပ်ကောင်းလေးမို့
မူရင်းလင့်အတိုင်း ပြန်လည်ဝေမျလိုက်ရပါတယ်ခင်ဗျ....။
အားလုံးပဲ အောင်မြင်ကြပါစေ....

https://db.tt/5oz9Hvk3
< OR >
https://www.mediafire.com/?abhyba4m6cl45jz



Posted From

ကိုမြတ် (BE Mechatronics)

Wednesday, May 14, 2014

Android ဖုန်းက သုံးရတာ နှေးနေပါသလား ၊ Speed ကိုပိုမိုမြန်ဆန်လာအောင်ပြုလုပ်ကြရအောင်


























Android ဖုန်းတွေကို ၀ယ်ကာစကတော့ သုံးရတာသွက်သွက်လက်လက်ပါပဲ ။ ဒါပေမယ့် ၀ယ်ပြီး တစ်လ (သို့မဟုတ်) ရက်သတ္တပတ်များစွာအကြာမှာတော့ ဖုန်းရဲ့ performance က အနည်းငယ်ကျဆင်းစပြုနေပါပြီ။

ဘာကြောင့် လေးလံလာရသလဲ ?


အဓိကအကြောင်းအရင်းကတော့  ဖုန်းထဲမှာဆော့ဝဲပေါင်းများစွာ တစ်ပြိုင်နက် run နေကြတဲ့အချက်ဖြစ်ပါတယ်။ ကိုယ်က ဆော့ဝဲကိုဖွင့်မထားပေမယ့်လည်း ဖုန်းထဲကဆော့ဝဲတစ်ခုကိုအသုံးပြုပြီးတိုင်း ဆော့ဝဲထဲကနေ ပြန်ထွက်သော်လည်း Android OS က ယင်းဆော့ဝဲကိုအပြီးတိုင်ပိတ်မပေးပါဘူး ။ နောင်တစ်ချိန် ဒီဆော့ဝဲကိုပြန်သုံးတဲ့အခါ လျင်လျင်မြန်မြန်နဲ့တက်လာစေရန်အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းကဲ့သို့ ဖုန်းထဲမှာဆော့ဝဲတွေတစ်ပြိုင်နက် run ကုန်တဲ့အခါကျတော့ ဖုန်းက သုံးရတာနှေးလာပါတယ်။ ဖုန်းမှာ ပါ၀င်တဲ့အတွင်း hardware ပစ္စည်းတွေရဲ့လုပ်ဆောင်နိုင်စွမ်း ၊ quality ကလည်း ဖုန်း performance ကျဆင်းရခြင်းရဲ့အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။


ဒါဆိုရင် အသုံးပြုရတာ ပြန်လည်ကောင်းမွန်လာအောင် ဘာတွေလုပ်ရမလဲ?

ဖုန်းရဲ့ Performance , speed ကိုပြန်လည်မြှင့်တင်ပေးတဲ့ ၊ ဖုန်းထဲက အသုံးမလိုတဲ့ ဖိုင်တွေကိုဖယ်ရှားရှင်းလင်းပေးတဲ့ Cleaner ဆော့ဝဲတွေများစွာရှိပါတယ်။ ဖုန်းထဲမှာ ကိုယ်သုံးလိုက်တဲ့ဆော့ဝဲတွေဟာ နောက်ကွယ်( Background) မှာအမြဲ run နေပြီး ဖုန်းရဲ့ memory နေရာလွတ်တွေကို ဒီဆော့ဝဲတွေက အမြဲနေရာယူနေတဲ့အတွက် ဖုန်းရဲ့ performance ကိုကျဆင်းစေပါတယ်။ တစ်ချို့ users တွေကတော့ ဖုန်းသုံးရတာလေးနေရင် Task Killer ဆော့ဝဲတွေသုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် task killer ဆော့ဝဲတွေဟာ Background မှာ run နေတဲ့ဆော့ဝဲတွေတင်သာမက တစ်ချို့ မဖြစ်မနေ run ရမယ့် system app တစ်ချို့ကိုပါ ရပ်ဆိုင်းဖြစ်တာကြောင့် အသုံးပြုဖို့မသင့်ပါဘူး ။ ဒါကြောင့် ဖုန်းသုံးရတာလေးလံလာပြီဆိုရင် ဖြေရှင်းရမယ့် အဓိကအချက်က နောက်ကွယ်မှာ အမြဲ run နေဖို့မလိုအပ်တဲ့ ဆော့ဝဲတွေကိုရွေးချယ်ရပ်ဆိုင်းပစ်ခြင်းကသာ အဓိကဖြေရှင်းနည်းဖြစ်ပါတယ်။


နောက်ကွယ်မှာ run နေကြတဲ့ ဆော့ဝဲအရေအတွက် ၊ အမျိုးအစားများအား ကန့်သတ်ပစ်ခြင်း
--------------------------------------------------------------------------------------
Google Play မှာအခမဲ့ရယူနိုင်တဲ့ ဆော့ဝဲဖြစ်တဲ့ Greenify ဟာ သင့်ဖုန်းမှာ သွင်းထားတဲ့ ဆော့ဝဲတွေကို auto မ run နိုင်အောင်ပြုလုပ်ပေးနိုင်ခြင်း ၊ Background မှာ run နေတဲ့ဆော့ဝဲတွေထဲကမှ အမြဲ run နေဖို့မလိုအပ်တဲ့ဆော့ဝဲများကိုသာရွေးချယ် ပိတ်ပစ်ပေးခြင်း နဲ့အခြားသော Cleaning process တွေလုပ်ဆောင်ပေးနိုင်ပါတယ်။ Greenify ဆော့ဝဲဟာ ၂၀၁၃ ခုနှစ်ရဲ့ အကောင်းဆုံး Android Application စာရင်းထဲမှာပါ၀င်ခဲ့တဲ့ ဆော့ဝဲတစ်ခုဖြစ်ပါတယ်။ Greenify ကိုတော့ အောက်က link ကနေရယူနိုင်မှာပါ။

https://play.google.com/store/apps/details?id=com.oasisfeng.greenify


Live Wallpaper နဲ့ Animation များကိုဖယ်ရှားခြင်း

ဖုန်းမှာ Live wallpaper နဲ့အခြားသော Animation များကို run ထားစေခြင်းဟာလည်း ဖုန်းကိုအသုံးပြုရနှေးကွေးစေတဲ့အကြောင်းအရင်းထဲမှာ အပါအဝင်ပဲဖြစ်ပါတယ်။  ဒါကြောင့် Animation တွေကိုမလိုအပ်ဘူးဆိုရင် ပိတ်ထားသင့်ပါတယ်။ Android version 2.3 ရဲ့ Display Setting ထဲမှာ Animation function ပါပြီး ယင်း function ထဲကို၀င်ပြီး No Animation လုပ်ထားနိုင်သလို Android version 4.0 နှင့်အထက်မှာလည်း setting ထဲက Developer Option ထဲမှာ Windows Animation Scale ဆိုတဲ့ function ပါ၀င်ပါတယ်။ ယင်း function ထဲကို၀င်ပြီး Animation Off လုပ်ထားနိုင်ပါတယ်။

ဖုန်းရဲ့ Internal Memory Free space ကိုတိုးစေခြင်း

ဖုန်းမှာ Background app process တွေ run မထားသော်လည်း ဖုန်းရဲ့ Internal Memory Free space နည်းနေရင်လည်း အသုံးပြုရတာလေးလံနေဦးမှာဖြစ်ပါတယ်။  Android app , game တစ်ချို့ဟာ ဖုန်းရဲ့ Internal Memory ကိုသူတို့ရဲ့ data တွေသိမ်းဆည်းဖို့အသုံးပြုလေ့ရှိပါတယ်။ ဒါမျိုးဆော့ဝဲတွေကိုများများသွင်းထားရင်တော့ ဖုန်းက သိပ်မကြာခင်မှာပဲအသုံးပြုရတာလေးလံလာမှာပါ။ ဖုန်းရဲ့ Internal Memory Free space ကိုသေချာရှင်းလင်းပေးနိုင်ဖို့ဆိုရင်တော့  AppMgr III (App 2 SD)   လိုမျိုးဆော့ဝဲကို သုံးသင့်ပါတယ်။ ယင်းဆော့ဝဲက ဖုန်းရဲ့ internal memory ထဲမှာသိမ်းဆည်းထားတဲ့ဖိုင်များကို SD Card ထဲသို့လွယ်ကူစွာရွှေ့ပြောင်းပေးနိုင်ပါတယ်။ ဖုန်းရဲ့ Internal Memory ထဲမှာ ခဏတာသိုလှောင်ထားတဲ့ Temporary file များနဲ့ cache file တွေကိုတော့ Clean Master    ကဲ့သို့သော ဆော့ဝဲမျိုးကိုအသုံးပြု၍ ရှင်းလင်းနိုင်ပါတယ်။


Home Screen ပေါ်မှာမလိုအပ်တဲ့ Widget များကိုဖယ်ရှားပစ်ခြင်း

Home Screen ပေါ်မှာတင်ထားတဲ့ Widget များ ၊ ဥပမာအားဖြင့် သတင်း widget လိုအရာမျိုးတွေဟာ ဆော့ဝဲကိုမဖွင့်ရင်တောင်မှ Widget ပေါ်မှာ သတင်းကတော့ ပုံမှန်ပေါ်နေမှာဖြစ်ပါတယ်။ ယင်းကဲ့သို့ သတင်း update ပုံမှန်တက်နေဖို့အတွက် Background မှာလည်း ယင်း widget ရဲ့ process ကအမြဲ run နေမှာဖြစ်ပါတယ်။ ဒီလို Widget မျိုးတွေဖုန်းရဲ့ Home Screen ပေါ်မှာများများတင်ထားမယ်ဆိုရင်လည်း Background process တွေများသွားတဲ့အတွက် ဖုန်းကအသုံးပြုရတာ နှေးနေ လေးနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် သိပ်မလိုတဲ့ Widget တွေကိုလည်း ဖုန်းရဲ့ Home Screen ကနေဖယ်ရှားထားသင့်ပါတယ်။

ဒီအချက်တွေပြည့်စုံစွာလုပ်ဆောင်ပြီးပြီဆိုရင်တော့ သင့်ဖုန်းဟာ ၀ယ်ကာစနဲ့မခြား သုံးစွဲရတာအမြဲပေါ့ပါးနေမှာဖြစ်ပါတယ်။

သက်နိုင်စိုး (Myanmar Mobile Application Store)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com 

Friday, April 25, 2014

Android Phone အတွက် သိထားသင့်သော အချက်များ




















Android ဖုန်းဆိုတာ အားလုံး သိပြီးသားဖြစ်တဲ့ Powerful Platform OS တစ်ခုပါပဲ။ အဲဒါကြောင့် အဲဒီ စွမ်းဆောင်ရည် ပြည့်ဝမှုတွေကို တကယ်လို့သာ သင်ဟာ Android ဖုန်းတစ်လုံး ကိုင်နေတဲ့သူ ဆိုရင်တော့ ဂုဏ်ပြုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Android ဟာ အတော်လေး ပြည့်စုံတဲ့ စနစ်တစ်ခု ဖြစ်ပြီး စိတ်ကြိုက် ပြုပြင်နိုင်ခွင့် များစွာ ရှိနေပါတယ်။ ဒါကြောင့် ပုံမှန်အတိုင်း ပြည့်ဝနေတဲ့ Android ကို ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်နည်းလေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီအတွက် သင့်မှာ Android ဖုန်းတစ်လုံး ရှိပြီဆိုရင် ရပါပြီ။ မရှိသေးဘူး ဆိုရင်တော့ Samsung Galaxy S4, HTC One အစရှိတဲ့ စမတ်ဖုန်းများက စပြီး နောက်ဆုံး ငွေကြေးချွေတာနိုင်တဲ့ Android ဖုန်းတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။


1. Home Screen လေးကို အလှဆင်ကြမယ်

Widgets ဆိုတာကတော့ အလွယ်တကူ အသုံးပြုနိုင်အောင် ဖန်တီးပေးထားတဲ့ စနစ်တစ်မျိုးပါပဲ။ သူရဲ့ အစွမ်းက ဘာလဲဆိုတော့ မိမိရဲ့ ဖုန်းမျက်နှာလေးတွေမှာ အလှပဲ ဖြစ်ဖြစ်၊ အလွယ်တကူပဲ ဖြစ်ဖြစ် အသုံးပြုနိုင်အောင် လုပ်ပေးထားပါတယ်။ ပထမဆုံး ဖုန်းအသစ်မှာ ဆိုရင်တော့ ထုတ်တဲ့ ဖုန်းကုမ္ပဏီက ပေးလိုက်တဲ့ မူလအတိုင်းပဲ ရှိနေဦးမှာ ဖြစ်ပြီး နောက်ထပ် အသစ်လိုချင်ရင်တော့ App Launcher ဆိုတဲ့ apps တွေ အားလုံးစုထားတဲ့ နေရာကို သွားပြီး အဲဒီကနေမှ Widgets ဆိုတာ သွားလို့ရသလို Home Screen လေးကို နှိပ်ထားပြီး ပေါ်လာတဲ့ အခါမှ Widgets ဆိုတာကို ရွေးချယ်လို့လည်း ရပါတယ်။ Android OS ဖြစ်တဲ့အတွက် သာမာန်အားဖြင့်တော့ ဖုန်းအားလုံးနီးပါးရဲ့ အဓိက လုပ်ဆောင်ချက်တွေ အားလုံး အတူတူနီးပါး ဖြစ်ပါတယ်။ ဒါဆိုရင် မိမိလိုချင်တဲ့ widgets လေးအပေါ်ကို ဖိထားပြီး မိမိလိုချင်တဲ့ Screen ပေါ်ကို ဆွဲတင်လိုက်ရုံပါပဲ။ တစ်ကြိမ်မှာ တစ်ခုနှုန်းဖြင့် ထည့်သွင်းနိုင်ပြီး မိမိဖုန်းရဲ့ အများဆုံးပေးနိုင်တဲ့ Home Screen အတိုင်း အသုံးပြုနိုင်ပါတယ်။ ဥပမာအနေဖြင့် ရာဦဥတုဆိုင်ရာတွေ၊ နာရီလှလှလေးတွေ၊ အိမ်ကို အမြန်ဆုံး ပြန်နိုင်မယ့် လမ်းကို ညွှန်ပြနိုင်မယ့် widgets တွေ၊ နုတ်တွေကို အလွယ်တကူ မှတ်နိုင်တဲ့ Note Pad၊ bookmarks တွေနဲ့ အခြား မြောက်များစွာသော Widgets တွေကို ထည့်သွင်းထားနိုင်ပါတယ်။ ဒါဟာ မိမိဖုန်းကို လှတပတလေး ဖြစ်စေတာမို့ ကြည့်မိသူတိုင်းလည်း လိုချင်စိတ်လေး ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် အခြားသော ဖုန်းရဲ့ shortcuts များကိုလည်း တင်ထားနိုင်ပါသေးတယ်။


2. အလွယ်တကူ ဖုန်းခေါ်ဆိုနိုင်မယ့် widgets

စာရေးသူအနေနဲ့ အကြံပြုချင်တဲ့ widgets လေး ရှိပါတယ်။ ဘာလဲဆိုတော့ Android ကနေ ထုတ်ကတည်းက ပါဝင်လာပြီးသား ဖြစ်တဲ့ 1 by 1 Contact widget ဖြစ်ပါတယ်။ ဒါက ဘာလဲဆိုတော့ အဲဒါက မိမိအတွက် အမှတ်တရ ဖြစ်တဲ့သူ၊ မိမိ အမြဲတမ်းနီးပါး ဖုန်းခေါ်တတ်တဲ့ သူလိုမျိုးကို တင်ထားသင့်သည့် widget ဖြစ်သည်။ အဲဒီမှာ အလွယ်တကူ လုပ်ချင်တယ် ဆိုရင်တော့ သူရဲ့ widgets လေးပေါ်ကို နှိပ်လိုက်တာနဲ့ call, Message တို့ကို တိုက်ရိုက် သွားနိုင်သော စနစ်ကို အသုံးပြုနိုင်သည့်အတွက် contact တွင် နာမည်ကို လိုက်ရှာနေစရာ မလိုတော့ပေ။ ယခုနှစ် နောက်ဆုံးထွက်တဲ့ Samsung Galaxy S4 တို့မှာဆိုရင် အဲလိုမျိုး တိုက်ရိုက် ခေါ်ဆိုနိုင်တဲ့ contact တွေကို အများကြီး ထားနိုင်တာကို တွေ့ရတယ်။ လုပ်ဆောင်နည်းကလည်း လွယ်ကူပါတယ်။ ဖုန်းမျက်နှာပြင်ရဲ့ လွတ်နေတဲ့ နေရာမှာ ခဏလေး ဖိထားယုံဖြင့် အလွယ်တကူ widgets တွေကို တွေ့နိုင်ပြီး အဲဒီ အထဲမှာ မိမိလိုချင်တဲ့ widgets တွေကိုလည်း စိတ်ကြိုက် ရှာဖွေနိုင်ပါသေးတယ်။


3. Google Play ကနေ သီချင်းတွေကို နားထောင်နိုင်တယ်

Apple တွေကို အသုံးပြုကြတဲ့ သူတွေဟာ iTunes ပေါ်ကနေ သီချင်းတွေကို နားထောင်နိုင်သလို ယခုလည်း Android အသုံးပြုသူတွေအတွက် Google Play ကနေပြီး သီချင်းတွေကို နားဆင်နိုင်နေပါပြီ။ iTunes ကနေ ရနိုင်တဲ့ သီချင်းတွေအတွက် iTunes ကနေ ရနိုင်သော်လည်း ဒီထက်ကျော်ရင်တော့ DubleTwist လိုမျိုးတွေကို သုံးရပါတယ်။ Google Play ကတော့ Space ပေါ်မှာ နေရာလွတ် ရှိသလောက်ကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ apps တွေကို သိမ်းနိုင်တဲ့ အပြင်ဂိမ်းတွေကိုလည်း အသုံးပြုနိုင်သလို နောက်ဆုံး သီချင်းတွေကိုလည်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Music Manager လိုမျိုး Software ကို ကွန်ပျူတာပေါ်မှာ တင်ထားမယ်ဆိုရင် ဘယ်နေရာပဲ ရောက်ရောက် သင့်ကွန်ပျူတာထဲမှာ Music Library က တည်ရှိနေမှာ ဖြစ်ပါတယ်။ ဒါဟာ Apple ရဲ့ iTuneMatch နှင့် အလားသဏ္ဍာန် တူနေပါတယ်။ ထို့အပြင် မတူညီတဲ့ သီချင်းတွေကိုလည်း upload တင်ထားနိုင်ပါတယ်။ ထို့နောက် မိမိသီချင်းတွေကို Google Play Music Player ကို အသုံးပြုပြီး နားဆင်နိုင်မှာ ဖြစ်ပါတယ်။


4. Google Play ဝဘ်ဆိုက်ကနေ install လုပ်နိုင်မယ်

တစ်ခါတရံမှာ ကိုယ်က ဖုန်းနဲ့မဟုတ်ဘဲ ရိုးရိုး သာမာန် ကွန်ပျူတာနှင့် အသုံးပြုရင်း မိမိ ထည့်သွင်းလိုတဲ့ apps လေးတွေကို တွေ့တတ်ပါတယ်။ အဲဒီ အချိန်မျိုးမှာ Google Play Store ကို ဝဘ်ဆိုက်နေ တစ်ဆင့် တိုက်ရိုက်သွားပြီး မိမိဖုန်း အတွင်းကို တိုက်ရိုက် ထည့်သွင်းနိုင်ပါတယ်။ လုပ်နည်းကတော့ လွယ်ပါတယ်။ မိမိဖုန်းဟာ အင်တာနက်မရှိချိန် ဖြစ်နေမယ်၊ မိမိကလည်း ရိုးရိုးလက်တော့ပ်၊ desktop ကွန်ပျူတာများကနေ သုံးနေမယ် ကိုယ်လိုချင်တဲ့ apps လေးတွေကိုလည်း Google Play Store မှာ ရှိလို့ တစ်ခါတည်း သွင်းချင်ပေမယ့် ဖုန်းထဲကို တိုက်ရိုက် ထည့်ဖို့ နည်းမရှိ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် Google mail အကောင့်ရှိသူများ အတွက်ကတော့ ဒါကို အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ မိမိဖုန်းမှာ အင်တာနက်ရတဲ့ အချိန်မှာ အလိုအလျောက် သူ့ဘာသာ download လုပ်ပေးနိုင်တဲ့အတွက် Google Play Store ကနေ တိုက်ရိုက် ဝင်ရောက်ပြီး မိမိလိုချင်သော apps တွေကို install ပြုလုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် Google Play Store ထဲကို ဝင်တဲ့အကောင့်နဲ့ ဖုန်းထဲကို ထည့်သွင်းထားတဲ့ အကောင့်က အတူတူပဲ ဖြစ်ရပါတယ်။


5. Apps တွေကို အလိုအလျောက် Update စနစ်ထားခြင်း

ဒါကတော့ ပြည်တွင်း အခြေအနေနဲ့ သိပ်မကိုက်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဖုန်းက အင်တာနက် အမြဲတမ်း မရတဲ့ အတွက်ပါပဲ။ ဒါပေမယ့်လည်း အဆင်ပြေနိုင်တဲ့ နည်းလမ်းကတော့ Wifi ရနိုင်တဲ့ အချိန်မှာ ချိတ်လိုက်တဲ့ အချိန်မျိုးမှာ အလိုအလျောက် စနစ်နဲ့ လိုအပ်တဲ့ apps တွေရဲ့ update version တွေကို Download လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ လုပ်ဆောင်နည်းကတော့ Menu button ကို သွားရမယ်။ ထို့နောက် Settings ကို သွားပြီး Auto-update apps ဆိုတာမှာ check mark လေးတွေ လုပ်ထားနိုင်ယုံပါပဲ။ ကိုယ့်ဆီမှာ မိုဘိုင်းဖုန်းကနေ တိုက်ရိုက်သုံးတဲ့ အင်တာနက်စနစ် ရှိနေမယ်ဆိုရင် အင်တာနက် ဖွင့်တာနဲ့ အလိုအလျောက် update မလုပ်နိုင်အောင် Wi-Fi only ဆိုတာလေးကိုပါ check mark ပေးထားနိုင်ပါတယ်။ ဒါမှသာ Wi-Fi ရတဲ့ အချိန်ကျမှ သူ့ဘာသာ အလိုအလျောက် စနစ်နဲ့ update လုပ်နေမှာ ဖြစ်ပါတယ်။


6. Gesture Keyboard ထည့်သွင်းခြင်း

ဒီစနစ်ကို မသုံးဖူးသေးတဲ့သူ အတွက်ကတော့ အနည်းငယ် စိတ်ရှုပ်စရာ တစ်ခုလို့ ထင်ကောင်းထင်ပါမယ်။ ဒါပေမယ့် အသုံးပြုတတ်သူများ အတွက်ကတော့ အတော်လေး ကောင်းမွန်တဲ့ ကီးဘုတ်စနစ်တစ်ခု ဖြစ်ပါတယ်။ မိမိ ရိုက်ချင်တာကို တပြိုင်နက်တည်းမှာ မလွှတ်ဘဲဆွဲကာ အသုံးပြုနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ Gesture ကီးဘုတ်စနစ်ကတော့ Swype သို့ SwiftKey တို့နဲ့ အနည်းငယ် တူသလို ရှိပါတယ်။ တကယ်လို့ Gesture အလုပ်လုပ်ပုံ လုပ်နည်းကို မသိဘူး ဆိုရင်တော့ အင်တာနက်က ဗီဒီယို်တွေမှာ လေ့လာနိုင်ပါတယ်။ အခမဲ့ ရနိုင်တဲ့ Gesture apps တွေ အများကြီး ရှိသလို ငွေပေးဝယ်မှ ရနိုင်တဲ့ ကီးဘုတ်များအထိ ရှိနေပါတယ်။


7. Google Now ကို ထည့်သွင်းခြင်း

Google Now ဆိုတာကတော့ တော်တော်လေး ကောင်းမွန်တဲ့ Google ရဲ့ ထုတ်ကုန်တစ်ခု ဖြစ်ပြီး Android ဖုန်းအသစ်တွေအတွက် ထုတ်လုပ်ပေးထားခြင်း ဖြစ်ပါတယ်။ ဒီစနစ်က သင့်အတွက် သတင်း အချက်အလက်တွေကို အလိုအလျောက် ချိတ်ဆက်ပေးနိုင်ပြီး သင်ဘာကို ရှာနေလဲ၊ ဒါမှမဟုတ် အခြား ဘယ်လို သတင်းမျိုး အချက်အလက်မျိုးကို လိုအပ်လဲ အားလုံးကို ရှာဖွေပေးနိုင်ပါတယ်။ ဥပမာအနေနဲ့ ဆိုရင် အဲဒီဘူတာကို ရထား ဘယ်အချိန် ဆိုက်ရောက်မလဲ ဆိုတဲ့ သတိပေးမှုမျိုးကို လုပ်ပေးနိုင်ပါတယ်။ ထို့အတူပဲ ရထားပေါ်မှာ ဆိုရင်လည်း နောက်ရောက်မယ့် ဘူတာကို သတိပေးပါလိမ့်မယ်။ ထို့အတူပဲ သင့်ရဲ့ နေထိုင်ရာ တည်နေရာကို မူတည်ပြီး ကားလည်း ကျပ်မှုတွေ ဖြစ်တဲ့ အခါမှာလည်း သင့်ရဲ့ မေးလ်ဆီကို အကြောင်းကြားစာ ရောက်လာပါလိမ့်မယ်။ ဒီထက် လုပ်ဆောင်နိုင်တာတွေ အများကြီး ရှိနေပေမယ့် ပြည်တွင်းမှာကတော့ သိပ်ပြီး အလုပ်ဖြစ်မယ့် apps တစ်ခု မဟုတ်ပါဘူး။


8. တကယ်လို့ မရှိသေးဘူးဆိုရင် Chrome ကို ထည့်ထားပါ

အမှန်တကယ်ဆိုရင် Chrome ဆိုတာ Android အတွက် default အနေဖြင့် ပါလာတဲ့ ဘရောဆာတစ်ခု ဖြစ်ပေမယ့် အချို့ ဖုန်းထုတ်လုပ်သူတွေကတော့ Chrome အစား သူတို့ ထုတ်လုပ်တဲ့ ဘရောက်ဆာတွေကို အစားထိုး အသုံးပြုကြပါတယ်။ ဒါကြောင့် Chrome က ပါမလာဘဲ ကျန်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ Android နှင့် အသုံးတည့်မည့် Chrome ကို ပြန်လည် ထည့်သွင်းထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ Chrome ဟာ မြန်ဆန်တယ်၊ ရိုးစင်းတယ်၊ တကယ်လို့သာ ကွန်ပျူတာမှာလည်း အသုံးပြုတယ် ဆိုရင်တော့ အလိုအလျောက် ဖုန်းအတွင်းကို bookmark တွေကို sync လုပ်ထားနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာမှာ သိမ်းထားသမျှ bookmarks တွေကို ဖုန်းအတွင်းက Chrome မှာ အသုံးပြုနိုင်ပါတယ်။ တကယ်လို့ ဖုန်းအတွင်းမှာ မရှိဘူး ဆိုရင်တော့ Google Play Store ကနေ တိုက်ရိုက် ဒေါင်းနိုင်ပါတယ်။ ထို့နောက် ဘရောက်ဆာကို တစ်ကြိမ်ဖွင့်ကာ Chrome ကို Default အနေနဲ့ ပေးထားခြင်းဖြင့် နောက်တစ်ကြိမ် အသုံးပြုတာနဲ့ တိုက်ရိုက် ရောက်လာမှာပါ။


9. သင့်ရဲ့ ကွန်ပျူတာပေါ်ကနေ Text Message တွေကို ဖတ်နိုင်

သင့်ရဲ့ ကွန်ပျူတာ၊ တက်ဘလက်ကနေ ဖုန်းကို ပေးပို့တဲ့ စာသားတွေကို ဖတ်နိုင်၊ ပြန်လ် ပေးပို့နိုင်စေဖို့အတွက် third-party apps တွေ များစွာ ရှိပါတယ်။ အဲဒီ apps တွေထဲကမှ လူသုံးအများဆုံးလဲဖြစ် စာရေးသူလည်း အကြိုက်တွေ့တဲ့ apps ကတော့ Mighty Text ဆိုတဲ့ apps ပဲ ဖြစ်ပါတယ်။ အဲဒီ apps လေးကို ဖုန်းထဲကို instal လုပ်ပါ။ ထို့နောက် အသေးစိတ် လုပ်ဆောင်ချက်များအတွက် Mighty Text ၏ ဝဘ်ဆိုက်ကို သွားရောက် လေ့လာကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ www.mighty-text.net/install မှာ လေ့လာနိုင်ပါတယ်။ ထို့နောက် သင့်ရဲ့ Message တွေကို ကွန်ပျူတာကနေ ဖြစ်စေ၊ တက်ဘလက်ကနေ ဖြစ်စေ တိုက်ရိုက် ဖတ်ရှုနိုင်ပါပြီ။


10. “Share” စနစ်အား ထိရောက်စွာ အသုံးပြုခြင်း

စာဖတ်သူတို့အတွက် Android ဖုန်းတစ်လုံး ကိုင်ထားပြီဆိုရင် သူ့မှာ ပါဝင်တဲ့ built-in feature တွေကို ပြည့်ဝစွာ အသုံးချနိုင်မှု အားနည်းတာကို တွေ့ရပါတယ်။ Share စနစ်ဟာ အလွယ်တကူ လုပ်ဆောင်နိုင်ရုံတင် မကဘဲ ဘယ်လို apps နှစ်မျိုးကိုမဆို သင့်ဖုန်းကနေ အခြားဖုန်းတစ်လုံးကို ဆက်သွယ်ပေးနိုင်ပါတယ်။ မိမိဖုန်းကနေ ဘယ်လိုမျိုး အရာကိုမဆို အလွယ်တကူ အခြားသူအား မျှဝေနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဥပမာ Bluetooth ကနေ ဆက်သွယ်မလား၊ အီးမေးလ်ကနေ ဆက်သွယ်မလား အခြား Share လို့ရနိုင်တဲ့ နည်းလမ်းပေါင်းစုံကနေ မျှဝေနိုင်ရန်အတွက် ထည့်သွင်းပေးထားသည့် feature တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် မိမိဖုန်းအတွင်းက ဟာတွေကို အခြားအကောင့် တစ်ခုခုကနေ မျှဝေချင်တာပဲ ဖြစ်ဖြစ်၊ dropbox လိုမျိုး နေရာမျိုးမှာ သိမ်းထားချင်တာမျိုးပဲ ဖြစ်ဖြစ် အလွယ်တကူ သိမ်းထားနိုင်အောင် လုပ်နိုင်ပါတယ်။


11. Maps Offline အဖြစ် အသုံးပြုနိုင်ခြင်း

ဒါက အရင်တုန်းကဆိုရင် မရနိုင်ခဲ့ပါဘူး။ နောက်ပိုင်း Android OS ဗားရှင်းတွေ မြင့်လာတော့မှ ရရှိလာတဲ့ features တစ်မျိုးပါပဲ။ Maps ကို Google Maps ဖြင့် ချိတ်ဆက်ထားပြီး အင်တာနက်မရှိသည့် အချိန်များတွင် အလွယ်တကူ အသုံးပြုနိုင်စေဖို့အတွက် မိမိလိုချင်တဲ့ မြေပုံတွေကို Offline ပြုလုပ်ထားခြင်း နည်းလမ်းဖြင့် အလွယ်တကူ ပြန်လည် အသုံးချနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် GPS စနစ်ဖြင့် ပူးတွဲ အလုပ်လုပ်ပါက အလွယ်တကူ အသုံးပြုနိုင်ပြီး အင်တာနက် ချိတ်ဆက်ထားစရာ မလိုဘဲ အသုံးချနိုင်ပါတယ်။ လုပ်ဆောင်နည်းကတော့ Google Maps မြေပုံ apps ကို မိမိဖုန်းအတွင်းမှာ ထည့်သွင်းထားရပါမယ်။ ထို့နောက် Menu botton ကို နှိပ်ကာ Make Available Offline ဆိုတာကို နှိပ်လိုက်ရုံပါပဲ။ ထို့နောက် maps ပေါ်မှာ မိမိလိုချင်တဲ့ မြေပုံနေရာကို နေရာချကာ download ပြုလုပ်ထားရုံ ဖြစ်ပါတယ်။ အဲဒီ offline လုပ်နေချိန်မှာတော့ ပထမဆုံး အင်တာနက် ချိတ်ဆက်ထားရပါမယ်။ နောက်ပိုင်းတွေမှာ မလိုတော့ပါဘူး။


12. ကွန်ပျူတာကို အလွယ်တကူ ချိတ်ဆက်ကာ အမြန်ဆုံး လွှဲပြောင်းနိုင်ခြင်း

Android ဖုန်းတွေရဲ့ အားသာချက် တစ်ခုကတော့ Apple ရဲ့ iPhone တွေလိုမျိုး iTune ပါမှ ချိတ်ဆက်နိုင်တာမျိုး စနစ်တွေမရှိဘဲ အလွယ်တကူပဲ ချိတ်ဆက်ပြီး ဖိုင်တွေ၊ ဓာတ်ပုံတွေနဲ့ အခြားအရာတွေကို ဝေမျှနိုင်ခြင်း ဖြစ်ပါတယ်။ တကယ်လို့ ကွန်ပျူတာမှာ ဖုန်းနဲ့ ပတ်သက်တဲ့ driver မျိုး မရှိဘူး ဆိုရင်တောင်မှ ဖုန်းထဲက အချက်အလက်တွေကို အလွယ်တကူပဲ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ရွှေ့ပြောင်းနိုင်ခြင်းက Android ဖုန်းတွေရဲ့ အားသာချက် တစ်ခုပါပဲ။ ဒါကို လုံခြုံရေး အပိုင်းက ကြည့်ရင်တော့ အားနည်းတယ်လို့ ဆိုနိုင်ပေမယ့် အားသာချက်ကို ပြန်ကြည့်မယ် ဆိုရင်တော့ အကောင်းဆုံး အသုံးချနိုင်စွမ်းကို ရရှိစေတာပဲ ဖြစ်ပါတယ်။ သာမန် အသုံးပြုသူများအဖို့ မိမိဖုန်း အတွင်းမှာ အရေးကြီးတဲ့ စီးပွားရေးဆိုင်ရာ လျှို့ဝှက်ချက်မျိုး၊ အခြား အချက်အလက်တွေကို သိမ်းဆည်းထားလေ့ မရှိကြတဲ့ အတွက်ပါပဲ။ သာမန် အသုံးပြုမှုမျိုးအတွက် iTune လိုမျိုး Software တင်ပြီးမှ ကွန်ပျူတာနှင့် ချိတ်ဆက်နိုင်တာမျိုးထက် စာရင် ယခုလိုမျိုး အလွယ်တကူ ပြောင်းရွှေ့နိုင်ခြင်းက အားသာချက် တစ်ခုပါပဲ။ ဖုန်းကို USB ကြိုးကနေ တစ်ဆင့် အလွယ်တကူပဲ ချိတ်ဆက်ပြီး ကွန်ပျူတာကနေ ဖုန်းအတွင်းမှာ ရှိတဲ့ အချက်အလက်တွေကို ရယူနိုင်ပါတယ်။ ဖုန်းအတွင်းမှာ DICM ဆိုတဲ့ ဖိုလ်ဒါဆိုတာကတော့ ဖုန်းကင်မရာကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အလွယ်တကူ ကွန်ပျူတာဆီကို ရွှေ့ပြောင်းနိုင်အောင် စုစည်းထားတဲ့ ဖိုလ်ဒါပဲ ဖြစ်ပါတယ်။ ထို့အတွက် ဖုန်း USB နဲ့ ချိတ်ဆက်လိုက်တာနဲ့ ဖုန်းရဲ့ notification မှာ USB ကို ချိတ်ဆက်နိုင်ဖို့အတွက် စနစ်တစ်ခု ပါဝင်လာပြီး အဲဒီစနစ်ကို on ပေးလိုက်တာနဲ့ ကွန်ပျူတာနဲ့ ဖုန်း တိုက်ရိုက် ချိတ်ဆက်နိုင်ပြီ ဖြစ်ပါတယ်။


13. ဓာတ်ပုံတွေကို အွန်လိုင်းမှာ သိမ်းထားမယ်

မိမိအတွက် အမှတ်တမဲ့ ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံတွေကို သိမ်းဆည်းနိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ မိမိဖုန်းဟာ အကြောင်း တစ်စုံတစ်ရာကြောင့် ပျောက်ဆုံးသွားမယ် ဆိုရင် မိမိဖုန်းအတွင်းက ဓာတ်ပုံတွေကို ပြန်လည် ရယူနိုင်မယ့် နည်းလမ်း ဖြစ်လို့ပါပဲ။ ဒါဟာ ဘာမှ အပန်းမကြီးတဲ့အလုပ် ဖြစ်ပေမယ့် တကယ် အသုံးဝင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိဖုန်း အတွင်းက ဖုန်းတွေကို Google + လို့ခေါ်တဲ့ Google ရဲ့ စနစ်တစ်ခုတည်းမှာ အလိုအလျောက် သိမ်းထားပေးတဲ့ စနစ် ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပုံတွေကို အွန်လိုင်းမှာ ရောက်သွားပေမယ့် အခြားသူများကို ပြသခြင်းမျိုး အဟုတ်ဘဲ မိမိတစ်ဦးတည်းသာ အွန်လိုင်းမှာ အကောင့်ဖွင့်ကာ ကြည့်နိုင်ခြင်းမျိုး ဖြစ်သည့်အတွက် လုံခြံုရေး အတွက်လည်း စိတ်ချရပါတယ်။ နောက်ပိုင်း မိမိ ဝေမျှချင်တယ် ဆိုတော့မှသာ အလွယ်တကူ အခြားသူများကို ဝေမျှနိုင်ပါတယ်။ Google + app ကို ဖွင့်ကာ Settings ထဲကနေ Instant upload ဆိုတာကို ရွေးချယ်ထားလိုက်မယ် ဆိုရင် မိမိဖုန်းဟာ အွန်လိုင်းကို ရောက်တာနဲ့ အလိုအလျောက် စနစ်နဲ့ ဖုန်းအတွင်းက ဓာတ်ပုံတွေကို အွန်လိုင်းပေါ်ကို တင်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းပျောက်သွားမယ် ဆိုရင်တောင်မှ မိမိရဲ့ အမှတ်တရ ဓာတ်ပုံတွေကို မဆုံးရှုံးတော့ပါဘူး။ တကယ်လို့ သင့်အနေနဲ့ Google + ကို အသုံးပြုမှု မရှိဘူး ဆိုရင်တောင်မှ အခြားနည်းလမ်းတွေ ဖြစ်တဲ့ dropox, SugarSync လိုမျိုး အွန်လိုင်း Cloud စနစ်တွေမှာ ချိတ်ဆက်ပြီး တင်ထားနိုင်ပါတယ်။ ဒါပေမယ့် အဲဒါတွေကတော့ သိုလှောင်နိုင်မှုစနစ် အကန့်အသတ် ရှိတဲ့အတွက် ဓာတ်ပုံတွေ များများ သိမ်းချင်ရင်တော့ Google + မှာ သိမ်းတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။



14. Remote Find and Wipe အတွက် App ရယူထားခြင်း

ဒီစနစ်ကတော့ Android ဖုန်းတွေမှာ မပါဝင်တဲ့ feature တစ်ခုပါပဲ။ တကယ်လို့ ဖုန်းက ပျောက်သွားတာပဲ ဖြစ်စေ၊ အခိုးခံလိုက်ရတာပဲ ဖြစ်စေ မိမိဖုန်းကို ပြန်လည် ရယူနိုင်ဖို့အတွက် နည်းလမ်းတစ်ခုပါပဲ။ ဒါပေမယ့် ထည့်သွင်းထားတဲ့ feature မပါဝင်တဲ့အတွက် third-party လိုမျိုး App တွေကို အသုံးပြုရပါမယ်။ ဥပမာအနေနဲ့ သုံးနိုင်တဲ့ app တစ်ခုကတော့ Android lost ဆိုတဲ့ app ဖြစ်ပါတယ်။ ဒါဟာ သိပ်အကောင်းကြီး မဟုတ်ပေမယ့်လည်း အခမဲ့ အသုံးပြုနိုင်တဲ့ app တစ်ခု ဖြစ်ပါတယ်။ ဒီ app မှာ သင့်ဖုန်းအတွက် ထိန်းချုပ်နိုင်မယ့် remote control စနစ်တွေ အမြောက်အများ ပါရှိပါတယ်။ အခြား အသုံးဝင်တဲ့ app တွေလည်း အများကြီး ရှိပါသေးတယ်။ အဲဒီ app တွေကနေ မိမိဖုန်းဆီကို message တွေကို ပေးပို့နိုင်သိလို screen ကိုလည်း lock လှမ်းလုပ်နိုင်ပါတယ်။ နောက်ထပ် ကောင်းမွန်တဲ့ app တစ်ခုကတော့ Cerberus ဆိုတာ ဖြစ်ပြီး မိမိဖုန်းရဲ့ တည်နေရာကို မြေပုံမှာ ပြသပေးတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါကလည်း carries တွေနဲ့ ဆိုင်သေးသလို အမမဲ့ အနေနဲ့ကလည်း တစ်ပတ်ပဲ ပေးသုံးပါတယ်။


15. အသစ်ပါဝင်လာတဲ့ Refunds button

တကယ်လို့ ကိုယ်ကသာ Aindroid apps တွေကို ငွေပေးပြီး သုံးနေတဲ့ သူတစ်ယောက် ဖြစ်မယ်ဆိုရင် အဲဒီ refunds button လေးက အတော်လေး အသုံးဝင်မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ငွေပေးချေပြီး ဝယ်ရတဲ့ အခါမှာ မိမိက မှားပြီး ဝယ်လိုက်မိတဲ့ app တစ်ခုကို ငွေချေပြီးသွားရင် ဘယ်တော့မှ ပြန်တောင်းလို့ မရတော့ပါဘူး။ ဒါပေမယ့် အခု Refunds button လေးကတော့ ကူညီနိုင်ပါတယ်။ တကယ်လို့ ကိုယ်သွင်းလိုက်တဲ့ app ကို မကြိုက်လို့ မဝယ်ချင်တော့ဘူး ဆိုရင် ၁၅ မိနစ်အတွင်း ပြန်ပြီး cancel လုပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါဟာ လုံလောက်တဲ့ အချိန်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ၁၅ မိနစ် ကျော်သွားရင်တော့ မိမိ app ကို မရနိုင်တော့ပါဘူး။ ဒါပေမယ့် အခြား ဘယ်အချိန်မဆို အဲဒီ app ကို မိမိအကောင့်ကနေ အသုံးနိုင်ခွင့်တော့ ရရှိမှာ ဖြစ်ပါတယ်။ app တွေကို ဝယ်ပြီး အသုံးမလိုတဲ့ အခါမျိုးတွေအဖြစ် မိမိဖုန်းနဲ့ app က အဆင်မပြေတာမျိုး၊ ဒါမှမဟုတ် သုံးဖို့အတွက် ဆိုပြီး ဝယ်ပြီးခါမှ မသုံးချင်တော့သောကြောင့် ဖြစ်စေ အဲလိုမျိုး အကြောင်းအမျိုးမျိုးအတွက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ငွေပေးဝယ်လိုက်ပြီးတဲ့ app ဖြစ်မယ်ဆိုရင် ကိုယ်မလိုချင်ရင် ချက်ချင်း ၁၅ မိနစ်အတွင်း စဉ်းစားကာ မသုံးချင်တော့ရင် Refunds ကို နှိပ်နိုင်ပါတယ်။ ဒါဟာ အသုံးပြုသူတွေအတွက် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။



Credit ::  Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

Sunday, April 20, 2014

MTK Android Device ဆိုတာ




















MTK ဆိုတာကတော့ MediaTek လို့ခေါ်တဲ့ Android CPU Chipset ကိုရည်ညွန်းခြင်းဖြစ်ပါတယ်။

MTK Android processor တွေဟာ Dual Core အဆင့်ရှိပြီး စျေးနှုန်းချိုသာပြီး အရည်အသွေးသိပ်မမြင့်တဲ့ Android CPU တွေဖြစ်ပါတယ်။

အရည်အသွေးမြင့်မားလှတဲ့ CPU Chipset မဟုတ်ပေမယ့် Speed ပိုင်းမှာရော ၊ Graphic ပိုင်းမှာရော အရည်အသွေးမြင့် processor များကိုယှဉ်နိုင်အောင်ပြုလုပ်ထားပါတယ်။

MTK Processor တွေကို အရည်အသွေးနိမ့် Android Phone/Tablet များ (Clone ဖုန်းများ) မှာအများဆုံးအသုံးပြုပါတယ်။

MTK processor သုံးထားတဲ့ လူသုံးများ android ဖုန်းတစ်ချို့ကတော့ i Mobile IQ2 , Galaxy S3 (Clone) , Star N9970 Galaxy S2 Clone , Smart THL W3 အစရှိတဲ့ တရုတ် Clone ဖုန်းများမှာအများဆုံးအသုံးပြုပါတယ်။

MTK Devices များဟာ Android version 4.0.4 မှစ၍ Android 4.1.2 အထိအသုံးပြုထားကြတဲ့ Android Clone ဖုန်းများမှာအသုံးပြုထားပါတယ်။

MTK processor များကတော့ MTK6573, MTK6515,MTK 6577 စသည်ဖြင့် ထုတ်လုပ်ထားပါတယ်။

MTK Device တွေကို သာမာန် Root Tool တွေနဲ့ root လို့မရတတ်ပါဘူး ။

Android 4.0 နောက်အသုံးအများဆုံး MTK chipset ကတော့ MTK 6577 အမျိုးအစား chipset ဖြစ်ပါတယ်။

နောက်ထပ်ထွက်ရှိလာတဲ့ MTK(MT 6589) processor ကတော့ Quad Core Processor အဆင့်ရှိပါတယ်။

ဒီလောက်ဆိုရင်တော့ MTK based android devices များအကြောင်းကို သိရှိကြမယ်လို့ထင်ပါတယ်။



Credit ::  Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Tuesday, April 1, 2014

Android OS သမိုင်းအကြောင်း ( ၂)




















Android OS သမိုင်းအကြောင်း လေးကို သိချင်တဲ့ဖတ်သလောက်/မှတ်သလောက်  Android OS Device များအသုံးပြုတဲ့သူတွေအတွက် Android OS သမိုင်းအကြောင်း လေးကို ပြန်တင်ပြပေးလိုက်ပါတယ်။

Internet ကို သုံးသူတိုင်း Google ဆိုတာ နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။

Google ရဲ့ Search Engine ဆိုတာ ကျွန်တော်တို့ အားလုံး အတွက် မရှိမဖြစ် တဲ့ အရာတစ်ခု လို့တောင် ပြောလို့ ရပါတယ်။

၉၉.၉၉% သော Internet သုံးတဲ့ မြန်မာတိုင်း အနည်းဆုံး Gmail Account တစ်ခုတော့ရှိပြီးသားဆိုတာ မငြင်းနိုင်ပါဘူး။ Google Chat, Google Earth, Google Map စတဲ့ အခြား အသုံးဝင်တဲ့ Software တွေဟာလည်း Google ကနေ ထုတ်လုပ်တဲ့ နံမည်ကြီး Software တွေဆိုလည်း မမှားပါဘူး။

အဲဒီလို ကျွန်တော်တို့ အတွက် အသုံးတည့်တဲ့ Software တွေကို ထုတ်လုပ်ပေးတဲ့ Google ဟာ၂၀၀၅ ခုနှစ် သြဂုတ်လ မှာ Android Inc ဆိုတဲ့ ကုမ္ပဏီ ငယ်လေး တစ်ခုကို ထပ်ဝယ်လိုက်ပါတယ်။

Android Inc. ဆိုတာ Palo Alto, California မှာ Andy Rubin, Rich Miner, Nick Sears နဲ့ Chris White စသူတို့က ၂၀၀၃ ခုနှစ် အောက်တိုဘာလ မှာ စတင်တည်ထောင်ခဲ့ပြီး သူတို့ရဲ့ ပထမ ဦးတည်ချက်က ပိုင်ရှင်ရဲ့ တည်နေရာနဲ့ ပိုင်ရှင်ကြိုက်နှစ်သက်ချက် တွေကို ပိုမိုနားလည်နိုင်စွမ်းရှိမဲ့ Mobile တစ်ခုကို ဖော်ထုတ်ဖို့ဖြစ်ပါတယ်။

Google ကနေ Android Inc. ကို စဝယ်စဉ်ကာလ မှာ Google ရဲ့ ဦးတည်ချက် က ဘာလဲဆို တာ ဘယ်သူမှ သေချာမသိကြပါဘူး ။

၂၀၀၇ ခုနှစ် နိုဝင်ဘာလ မှာတော့ Google အပါအဝင် အခြား Hardware, Software နဲ့ ဆက်သွယ်ရေး နည်းပညာ ဆိုင်ရာ နယ်ပယ်မှ ကုမ္ပဏီပေါင်း ၃၄ခု စုပေါင်းဖွဲ့စည်းထားတဲ့ Open Handset Alliance ဆိုတဲ့ အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းလိုက်ပြီး တစ်ချိန်ထဲမှာဘဲ Open Handset Alliance ကနေ Linux Kernel ၂.၆ မှာအခြေခံ တည်ဆောက်ထားတဲ့ Android Mobile Platform ကို ပထမဆုံး စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

Google ကနေ Android Code ကို Open Source (Under Apache License) အဖြစ် ဖြန့်ချီပြီး Google ဦးဆောင်တဲ့ AOSP (The Andriod Open Source Project) အဖွဲ့ကနေ Android ရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး နဲ့ ဆက်လက်ဖွံဖြိုးရေး အတွက် တာဝန်ယူ ဆောင်ရွက်လျှက် ရှိပါတယ်။

Android ရဲ့ Beta Version ကို၂၀၀၇ ခုနှစ် နိုဝင်ဘာလ Open Handset Alliance စတင်ဖွဲ့စည်းချိန်မှာ စတင်မိတ်ဆက် ပေးခဲ့ပြီး၊သူ့ရဲ့ပထမဆုံး commercial version ဖြစ်တဲ့ Android 1.0 ကိုတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ဖြန့်ချီပေးခဲ့တာပါ။Android 1.0 စတင်ဖြန့်ချီတဲ့ အချိန်ကစပြီး ၂၀၀၉ ခုနှစ် April လအထိ Android ကနေပြီး update တော်တော်များများ ဖြန့်ချီ ပေးခဲ့ပါသေးတယ်။

၂၀၀၉ ခုနှစ် April ကနေမှ စပြီး Android ဟာသူ့ရဲ့ Development တွေကို codename အဖြစ် အချိုပွဲ (Dessert/Sweet) နံမည်တွေကို အင်္ဂလိပ် အက္ခရာစဉ်အတိုင်း စတင်အသုံးပြုလာတာ အခုချိန်ထိ ပါပဲ။

လက်ရှိထွက်ရှိပြီးသား Android ရဲ့ အချိုပွဲတွေကတော့ Cupcake, Donut, Eclair, Froyo (FROzen YOugurt), Gingerbread, Honeycomb နဲ့ Ice Cream Sandwich တို့ပဲဖြစ်ပါတယ်။

ပထမပိုင်းမှာ Android ဟာ Astro, Bender စတာတွေကို သုံးဖို့ ရည်ရွယ်ခဲ့​ပေမဲ့ Trademark ပြဿနာတွေကြောင့် အသုံးမပြူဖြစ်ခဲ့ပါဘူး။ အခုနောက်ဆုံး ထွက်ရှိထားတဲ့ Version ကတော့ Jelly Bean V 4.2.2 ဖြစ်ပါတယ်။အသေးစိတ်ကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။

Android Beta (2007)
Android Beta – November 05, 2007

Android 1.0 (2008)
Android 1.0 – September 23, 2008

Android 1.1 (2009)
Android 1.1 – February 09, 2009

Cupcake 1.5 (2009)
Cupcake 1.5 – April 30, 2009

Donut 1.6 (2009)
Donut 1.6 – September 15, 2009

Eclair 2.0 – 2.1 (2009 – 2010)
Eclair 2.0 – October 26, 2009
Eclair 2.0.1 – December 03, 2009
Eclair 2.1 – January 12, 2010

Froyo 2.2 – 2.2.3 (2010 – 2011)
Froyo 2.2 – May 20, 2010
Froyo 2.2.1 – January 18, 2011
Froyo 2.2.2 – January 22, 2011
Froyo 2.2.3 – November 21, 2011

Gingerbread 2.3 – 2.3.7 (2010 – 2011)
Gingerbread 2.3 – December 06, 2010
Gingerbread 2.3.3 – February 09, 2011
Gingerbread 2.3.4 – April 28, 2011
Gingerbread 2.3.5 – July 25, 2011
Gingerbread 2.3.6 – September 02, 2011
Gingerbread 2.3.7 – September 21, 2011

Honeycomb 3.0 – 3.2.6 (2011 – 2012)
Honeycomb 3.0 – February 22, 2011
Honeycomb 3.1 – May 10, 2011
Honeycomb 3.2 – July 15, 2011
Honeycomb 3.2.2 – August 30, 2011
Honeycomb 3.2.1 – September 20, 2011
Honeycomb 3.2.4 – December 2011
Honeycomb 3.2.6 – February 2012

Ice Cream Sandwich 4.0.1 – 4.0.4 (2011 – 2012)
Ice Cream Sandwich 4.0.1 – October 19, 2011
Ice Cream Sandwich 4.0.2 – November 28, 2011
Ice Cream Sandwich 4.0.3 – December 16, 2011
Ice Cream Sandwich 4.0.4 – March 29, 2012

Jelly Bean 4.1 _  4.2.2 (2012 _ 2013)
Android 4.1 Jelly Bean (API level 16)
Android 4.2 Jelly Bean (API level 17)
Jelly Bean 4.2 _ November 13, 2012
Jelly Bean 4.2 _ November 13, 2012
Jelly Bean 4.2.1 _ November 27, 2012
Jelly Bean 4.2.2 _ February 11, 2013

KitKat 4.4_ October 31, 2013

ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်ပါတော့မယ်။


Credit :: Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

Sunday, March 30, 2014

MPT Net Setting ဖြင့် Y320 C00 Internet Setting ချိန်နည်း






















 Y320 C00 ဖုန်းအချို့သည် အင်တာနက် Setting ချိန်သော်လည်း အင်တာနက်လိုင်းမတတ်ဘဲ သုံးမရဖြစ်နေပါသည်။ အဲဒိပြဿနာဖြေရှင်းနည်းကို အရင် Post တစ်ခုအဖြစ်တင်ပေးခဲ့ရာ
အဆင်မပြေပါက ဖုန်းဆက်ရန် ဖုန်းနံပါတ်ပါ ထည့်ပေးခဲ့ပါသည်။ ယခု Apk ဖြင့် အလွယ်ချိန်နိုင်ပါသည်။
သတိပြုရန်မှာ ဖုန်းတွင် Root Access ရှိရပါမည်။ ပြီး မိမိချိန်ထားသော Access Point Names တွင် ဘာတစ်ခုမှ မထားပါနှင့်။ Menu Key နှိပ်ကာ Restore to Default ပြန်နှိပ်ပြီးမှ Apk ဖွင့်ကာ CDMA Setting ကိုနှိပ်ပေးခြင်းဖြင့် ရနိုင်ပါမည်။

မြန်မာ့ဆက်သွယ်ရေးရဲ့ ဖုန်းတွေဖြစ်တဲ့ GSM/WCDMA ဖုန်းတွေရဲ့ Internet Setting များကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အင်တာနက် setting များကို auto ဖြည့်ပေးမယ့် MPT Net Setting ဆော့ဝဲလေးကိုရေးသားလိုက်ပါတယ်။ Android ဖုန်းတွေအတွက်ပါ။ အရင်က APN Insert ဆိုတဲ့နာမည်နဲ့ရေးခဲ့ပြီး အခုတော့ MPT Net Setting ဆိုတဲ့နာမည်နဲ့ ဒီဆော့ဝဲလေးကိုပြန်လည်ပြင်ဆင်ရေးသားထားပါတယ် ။ GSM/WCDMA ဖုန်းတွေရဲ့ internet setting တွေကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့   Setting ထည့်ပြီးဖြစ်စေမှာပါ။ MPT Net Setting ဆော့ဝဲလေးကိုရေးသားသူကတော့ ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas ) ဖြစ်ပါတယ်။ MPT Net Setting v1.0 for Android ကို အောက်က link များမှာရယူနိုင်ပါပြီ။


    MPT Net Setting v1.0 for Android (zippyshare link)  

    MPT Net Setting v1.0 for Android (d-h.st link)  



Posted From::

ကိုမြတ် (BE-Mechatronics)    http://www.mcmyatkyawthu.blogspot.com/

Friday, March 28, 2014

Android OS သမိုင်းအကြောင်း (၁)





















Android Operating System ဆိုတာ Linux ကို အခြေခံထားတဲ့ Operating System တစ်ခုဖြစ်ပြီး Smart Phone တွေနဲ့ Tablet တွေမှာ အသုံးပြုဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။

Android Inc. ဆိုတဲ့အဖွဲ့အစည်းတစ်ခုက 2003 ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး 2005 ခုနှစ်မှာတော့ Google ကဝယ်ယူခဲ့ပါတယ်။

Android OS စနစ်ပထမဆုံး အသုံးပြုထားတဲ့ဖုန်းကတော့ HTC Dream ပဲဖြစ်ပါတယ်။ iPhone ထက် ၁ နှစ်ခန့်နောက်ကျပြီးမှ ထွက်လာတာဖြစ်ပါတယ်။

Android ဟာ open source OS တစ်ခုဖြစ်ပါတယ်။ Open Source ဆိုတာကတော့ Source Code တွေကို ရယူခွင့်၊ ပြင်ဆင်ခွင့်ရရှိပါတယ်။

တစ်ခါတစ်ရံ အခကျေးငွေပေးရပေမဲ့ Google ရဲ့ Android ကတော့ Free And Open Source ဖြစ်ပါတယ်။ Apache License ကတော့ Android ရဲ့လိုင်စင်ပဲဖြစ်ပါတယ်။ Mobile Developer တွေအတွက်လည်း Android ဟာ စွဲဆောင်မှုရှိတဲ့ Platform တစ်ခု ဖြစ်ခဲ့ပါတယ်။

Mobile Developer တွေရဲ့ 71% ဟာ Android Developer တွေဖြစ်တယ်လို့ စစ်တမ်းတစ်ခုအရသိရပါတယ်။ ဒါပေမဲ့ crack တွေများတဲ့ အတွက် developer တွေအတွက် အမြတ်အစွန်း များများစားစား မရရှိပါဘူး။

Google Play Store ကဝင်ငွေကို Google ကမှီခိုနေရတာမဟုတ်တဲ့အတွက် Google အနေနဲ့ Google Play ကမဟုတ်တဲ့အတွက် တခြား Google Play မှာမရှိတဲ့ software တွေကိုပေးသွင်းထားပါတယ်။

အဲ့ဒါကလည်း Developer တွေကိုစွဲဆောင်နိုင်တဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ 

2010 နှစ်ကုန်ခါနီးမှာတော့ Symbian OS ကိုကျော်တက်ခဲ့ပါတယ်။ Smart Phone ကုမ္ဗဏီ တွေအနေနဲ့လည်း ပြုပြင်ပြောင်းလဲလွယ်တဲ့ Android OS ကိုနှစ်ချိုက်သဘောကြပါတယ်။ ( Nokia တော့မပါဘူးပေါ့ဗျာ ) ။

Android ဟာအခုုဆိုုရင် ဈေးကွက်ဝေစု 64% ရရှိထားပါပြီး Apple iOS ရဲ့ အဓိက ပြိုင်ဖက်ဖြစ်နေပါတယ်။ Apple ကတော့ Device ရောင်းတာအပြင် Software ရောင်းတဲ့ အမြတ်အစွန်းရတော့ Android ကိုုကောင်းကောင်းယှဉ်ပြိုင်နိုင်ပါတယ်။

Blackberry OS နဲ့ Windows OS ကတော့ Mobile OS မှာတတိယနေရာကို လုနေတာဖြစ်ပြီးယခုဆို Ubuntu OS ကပါတတိယနေရာအတွက်ဝင်ရောက်လာတာကိုတွေ့နိုင်ပါတယ်။နောက်ပိုင်းဆိုရင်တော့ဘယ်သူတွေထိပ်ရောက်မလဲမသိပေမဲ့ Android OS ကတော့အခုလောလောဆယ်လူအသုံးများဆုံး OS ဖြစ်နေပါတယ်။Android OS ကို လူအသုံးအများဆုံးဖြစ်စေတဲ့ Samsung ဟာ Android နဲ့လမ်းခွဲတော့မယ်လို့သိရပါတယ်။သေချာတာကတော့နောက်ပိုင်း Mobile OS တွေဟာတိုက်ပွဲပြင်းထန်လာနိုင်ပြီးအသုံးပြုသူတွေအနေနဲ့လည်း Features အသစ်တွေမြောက်များစွာ မြင်ရနိုင်ပါတယ်။ ဒါကတော့ Android OS အဆင့်ဆင့်ပါ။

1.Cupcake
2.Donut
3.Eclair
4.Froyo
5.Gingerbread
6. Honeycomb
7.Ice Cream Sandwich
8.Jelly Bean
9.KitKat



Credit :: သက်ဆိုင်သူများ အားလုံး


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

Monday, March 24, 2014

Huawei Y511-U00 Firmware တင်နည်း



















Huawei Y511-U00 တစ်လုံးကို မြန်မာစာ ထည့်တာ Logo မှာတင် ရပ်နေတာနဲ့
ကွန်တော် လိုက်ရှာလိုက်ရတယ်ဗျာ...
တော်တော်လေး ရှာလိုက်တော့မှ china site တစ်ခုကနေ တွေ့တယ်...
အခုတော့ firmware ပြန်တင်လိုက်တာ အဆင်ပြေသွားပါပြီ...
အဲဒါနဲ့ သူငယ်ချင်းတွေလည်း အဲလိုဖြစ်ရင် ပြန်တင်လို့ ရအောင် ပြန်တင်ပေးလိုက်ပါတယ်ဗျာ...
အောက်က link မှာ ဒေါင်းလိုက်ပါနော်...

Huawei Y511-U00 Firmware 

အဲဒီမှာ 3 file ရှိတယ်...
01_HUAWEI_Y511-U00_XSJZB_ydss_by_ZX.zip တစ်ဖိုင်ပဲ ဒေါင်းပြီး ရေးရင် အဆင်ပြေပါတယ်...
ကွန်တော်တော့ သုံးဖိုင်လုံး ဆွဲလိုက်ရတယ်...
Huawei Y511-U00 firmware ပြန်တင်သူအားလုံး အဆင်ပြေကြပါစေဗျာ...

ရေးနည်းကတော့

    01_HUAWEI_Y511-U00_XSJZB_ydss_by_ZX.zip ကို အရင်ဆုံးဖြည်ချပါ...

    SP_Flash_Tool_v3.1316.0.150 ဖိုဒါ ထဲမှ အပြာရောင်လေးနဲ့ Flash_tool.exe ကို run ပေးပါ...

    Scatter-loading နေရာတွင် ဖြည်ထားသော ဖိုဒါထဲမှ MT6572_Android_scatter_emmc.txt ကို ရွေးပေးပါ...

    Firmware -> Upgrade ဆိုတာလေးကို နှိပ်ပါ...

    ဖုန်းကို battery ဖြုတ်ပြီး 5seconds လောက်ထားပါ...

    battery ပြန်တပ်ပြီး မည့်သည့် ခလုတ်ကိုမှ မနှိပ်ပဲ USB ကြိုးချိတ်ပါ...

    Driver မသိလျင် ကွန်ပျူတာ ရဲ့ Device Manager မှ  ကွန်တော်တို့ ဖြည်ထားခဲ့တဲ့ ဖိုဒါထဲမှ MTK USB Driver ဆိုသော ဖိုဒါလေးကို ရွေးပေးလိုက်ရင် အဆင်ပြေသွားပါပြီ...

သက်ဆိုင်သူအားလုံးကိုCreditပေးပါတယ်ခင်ဗျာ..

တောင်းဆိုထားတဲ့ ကိုမင်းမင်း အဆင်ပြေပါစေဗျာ။


Posted From::

ကိုမြတ် (BE-Mechatronics)    http://www.mcmyatkyawthu.blogspot.com/


C8815 firmware step2fail ကျော်ဖြတ်ရန် နည်းလမ်း





















ကဲ့ ဒီတစ်ခါတော့ အီးမေးလ်၊ CBox တို့မှာ မေးမြန်းထားတဲ့ C8815 Step2 Fail ကို ဖြေရှင်းနည်းလေးကို ကျွန်တော် ရေးပေးလိုက်ပါတယ်။


Step 2 Fali ကို ဖြေရှင်းနိုင်သော dload

ဒီနည်းကို ကျွန်တော်  www.koye9992.blogspot.com  ဘလော့ဂ်မှာ တွေ့မိတာပါ။

ဘလော့ဂ်မှာ ရေးသားချက် အရတော့ အဆင်ပြေတယ်လို့ တွေ့မိပါတယ်။

လိုအပ်ရင်အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။ ကျွန်တော် ဒေါင်းလုပ်ခ်ရယူလာသော www.koye9992.blogspot.com  က လင့်ခ်နှင့် ကျွန်တော် ပြန်တင်ထားသော လင့်ခ်နှစ်ခု ပေးထားပါတယ်။ နှစ်သက်ရာ လင့်ခ်က ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။


Download Link 1      Zip File Password :  www.koye9992.blogspot.com

Download Link 2       No Need Password



Credit::  www.koye9992.blogspot.com


Posted By

<< HTAR WAIE THAR >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Saturday, March 22, 2014

Huawei smart phone တွေမှာ IMEI ပျောက်ပြီးဖုန်းခေါ်မရတဲ့ သူတွေအတွက်ပါ။















ပထမဆုံးအနေနဲ့ ကိုယ့်ဖုန်းရဲ့ IMEI ပျောက်မပျောက်သိရအောင် *#06# ကိုနှိပ်ပါ။

IMEI နံပါတ်မှာ ဘာမှမပေါ်ပဲ null ပေါ်နေတယ်ဆိုရင်တော့ သေချာပါပြီ လိုင်းပျောက်နေတာ။

ကဲ စလိုက်ရအောင် . . .

ဖုန်းခေါ်တဲ့နေရာကနေပြီးတော့

*#*#2846579#*#* ကိုနှိပ်ပြီး engineering mode ကိုဝင်လိုက်ပါ။ ပြီးရင်တော့ ProjectMenu/Background setting/Usb post setting and select Manufacture mode ကိုရွေးပေးပါ။

ပြီးရင် back key ကိုနှိပ်ပြီး Background setting ကိုဝင်ပြီး Qualcomm background open setting ကိုသွားပါ။ ပြီးရင်တော့ background open ကိုရွေးပါ။

password တောင်းပါလိမ့်မယ်။

zero လို့ရိုက်ပေးလိုက်ပါ။

ဖုန်းကို unknown source နဲ့ usb debugging ကို on ထားပြီး phone ကို Restart ချလိုက်ပါ။

Computer မှာ DFS tool ကို install လုပ်လိုက်ပါ DFS toolကိုတော့ Google မှာ DFS cdma tool ဆိုပြီးရိုက်ရှာပေတော့။

file size ကသေးသေးလေးပါ။

DFS tool ကို run ပြီးရင် phone ကို computer နဲ့ချိတ်လိုက်ပါ။

portsကိုသွားပြီး dbAdapter Reserved Interface ကို double click နှိပ်လိုက်ပါ။

ပြီးရင် ports window ကိုပိတ်လိုက်ပါ။ Programming tab ကိုရွေးပါ။

ပြီးရင် ကိုယ်မှတ်ထားတဲ့ ဓါတ်ခဲအောက်က IMEI လေးကိုIMEI အကွက်လေးထဲမှာရိုက်ပြီး write လုပ်လိုက်ပါ။

ပြီးရင် ports ကိုပြန်သွားပြီး dbAdapter Reserved Interface ကို disable လုပ်လိုက်ပါ ပြီးရင်ဖုန်းကိုဖြုတ်လိုက်ပါ။

နောက်တစ်ခေါ်က် engineering menu ကိုပြန်ဝင်ပါ။

ပြီးရင် ProjectMenu/Background setting/Usb ports setting and select Normal mode ကိုပြန်ရွေးပေးပါ။

ပြီးရင်Background setting ကိုပြန်ဝင်ပြီး Qualcomm background open setting ကိုဝင်ပြီး background close ကိုရွေးလိုက်ပါ။

 ပြီးရင် ဖုန်းကို Restart ချလိုက်ပါ။


ပြန်တတ်လာရင် simcard ထည့်ပြီးသုံးရုံပါပဲ အဆင်ပြေကြပါစေဗျာ



Credit::   မောင်ပေါ်ဉီး ( မြန်မာမိသာစု ဖိုရမ် ) 



Posted By

<< HTAR WAIE THAR >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Friday, March 21, 2014

Android Phone တွေမှာ developement options ပျောက်နေတာကို ပြန်ဖော်နည်း






















Android Phone တွေမှာ Developement Options ပျောက်သွားတာမျိုးက ရှားပါတယ်။

သို့သော်လည်းပဲ ကျွန်တော်တော့ ဖုန်းတစ်လုံးမှာ အဲ့လိုမျိုး အဖြစ်ကို တွေ့ဖူးတယ်ဗျ။

ဖုန်းကိုဗျာ Root လုပ်တာတို့၊ နောက် ကွန်ပျူတာကနေပြီး တစ်ခုခုကြောင့် ဆက်သွယ်ချင်တယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ USB Debugging ကို ဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။

USB Debugging ဆိုတာကလည်း Developement Options ထဲမှရှိနေတာမျိုးပါ။


ကျွန်တော်ပြောသလိုမျိုး Developement Options ပျောက်နေရင်တော့ နည်းနည်းတော့ စဉ်းစားရ ကျပ်တယ်ဗျ။

USB Debugging ကို ကိုယ်က ဖွင့်ချင်တယ်။ Developemet Options က လည်းရှာမတွေ့။


Developement Options ကို Phone > Setting > Developement Options လိုမျိုး တွေ့ရှိနိုင်သလို၊ တစ်ချို့ Android Version အနိမ့်တွေမှာ Phone > Setting > Applications > Developement Options ဆိုပြီးလည်း တွေ့နိုင်ပါတယ်။

တစ်ချို့သော ဖုန်းတွေမှာတော့ Developement ဆိုပြီးလည်း တွေ့နိုင်ပါတယ်။


ကဲ့ ဖုန်းတွေမှာ Developement Options ပျောက်သွားရင် ပြန်ပေါ်အောင်လုပ်ဖို့ နည်းလေးပြောပါမယ်။

နည်းက အတော်ကို လွယ်ပါတယ်။


Phone > Setting > About Phone ကို နှိပ်လိုက်ပါ။

About Phone မှာ Build Number ဆိုတာလေးကို ရှာလိုက်ပါ။ ဖုန်းတိုင်းမှာ ပါပါတယ်။

အဲ့ဒီ Build Number ဆိုတာလေးကို ခုနှစ်ချက် ဆက်တိုက် နှိပ်ပေးပါ။

မိတ်ဆွေတို့ ဖုန်းမှာ ပျောက်နေသော Developement Options လေး ပြန်ပေါ်လာပါလိမ့်မယ်။


မူရင်းဖော်ပြချက်။   ။

Settings > about phone. Scroll down to the build number and tap it seven times. It will unlock the developer options.



ကျွန်တော်တုန်းကတော့ အတော်ကို အကြပ်ရိုက်သွားတယ်။ ဘာလုပ်ရမှန်းကို မသိအောင်ပဲ။ အင်တာနက်က ရှာလိုက်တော့လည်း နည်းလေးက အလွယ်သားနော့်။


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Y310-5000 တွေအတွက် error fixer pac ဖိုင်































Y310-5000 တွေ အတွက် Research Downloader .exe နဲ့ ပြန်ရေးလို. ရမယ်.
Y310-5000_Fixer-by-MPPG.pac ထုတ်ပေးလိုက်ပါတယ်
New version ဖြစ် ပြီး Dead boot ဖြစ်နေခြင်း၊ Screen ဖွေးနေခြင်းး ၊ Network မတက်ခြင်း ၊
Screen ဇောက်ထိုးဖြစ်နေခြင်း ၊ Touch Screen ဆွဲမရခြင်း ၊ Camera ဇောက်ထိုးဖြစ်နေခြင်း စသော အခြားအခြား Software error တွေ Fix လုပ်ပေးနိူင်မှာ ဖြစ်ပါတယ်
အားလုံးးအဆင်ပြေကြပါစေဗျားးးး



Credit to ကိုဖြိုးညီညီ @MMPG


Updat Info::

ညီတစ်ယောက်က Comment မှာ အဆင်မပြေဘူးလာ ပြောထားလို့ ပို့စ်ကို Update လုပ်လိုက်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ PAC File တွေကို ဒီအတိုင်းကြီး အသုံးပြုလို့မရပါဘူး။

ကျွမ်းကျင်သူတွေကတော့ သုံးတက်မှာပေါ့နော်။

ကျွန်တော်လည်း pac File အသုံးပြုတာလေးကို Y220T ကို Root လုပ်ရင်း အသုံးပြုတက်လာပါတယ်။

ကျွန်တော်တို့အနေနဲ့ ဖုန်းမှာ pac file လေးကို အသုံးပြုပြီး ပြုပြင်ဖို့ ဆိုရင် အဓိက လိုအပ်ချက် အဆင့်သုံးဆင့် လိုအပ်ပါတယ်။


1) SPD driver

SPD driver ကို ကျွန်တော် ဒီနေရာလေးမှာ  တင်ပေးထားပါတယ်။  ဖိုင်ဆိုဒ်က 4MB ကျော်ကျော်ရှိပါတယ်။


2) RSDOWNLOADER

RSDOWNLOADER  ကို ကျွန်တော် ဒီနေရာမှာ  တင်ပေးထားပါတယ်။ ဖိုင်ဆိုဒ်က 1MB ကျော်ကျော်ပဲ ရှိပါတယ်။


3) လိုအပ်သော pac file

ဒီပို့စ်မှာတော့ အပေါ်ဆုံးက ဒီဖိုင်လေးကို  ဒေါင်းရမှာ ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်က 300 MB ကျော်ပါတယ်။ 



ပြုလုပ်နည်း။   ။

ပထမဆုံး SPD driver  ကို ကွန်ပျူတာမှာ Install ပြုလုပ်ရပါမယ်။

SPD driver  ကို ကွန်ပျူတာမှာ တင်ပြီးသွားရင်တော့ RSDOWNLOADER  ကို Win Rar လိုမျိုး ဆော့ဝဲလ်ကို သုံးပြီး ဖြေထုတ်လိုက်ပါ။

RSDOWNLOADER  ဖိုလ်ဒါလေး အောက်မှာ ResearchDownload  ဆိုသော ဖိုင်လေးကို Double Click နဲ့ Run ပေးပါ။

အောက်က လိုမျိုး ပုံလေး ပေါ်လာပါတယ်။




ပုံမှာ ပြထားသည့်အတိုင်း နံပါတ် 1 နေရာလေးကို တစ်ချက် ကလစ်လိုက်ပါ။ အသုံးပြုမည့် pac file လေးကို ညွန်းပေးပြီး open ကို ကလစ်လုပ်လိုက်ပါ။

pac file လေးကို ညွန်းပြီးပါက ပုံမှာ ပြထားသည့် အတိုင်း နံပါတ် 2 လေးကို ကလစ်တစ်ချက် နှိပ်ပါ။


မိမိ ဖုန်းကို ပါဝါပိတ်၊ ဘက်ထရီဖြုတ်၊ ခဏနေရင် ဘက်ထရီ ပြန် တပ်၊ ဖုန်းမှ Vol Down ( Or ) Vol - ကို ဖိထားပြီး ဖုန်းကို USB ကြိုးတပ်ပြီး ကွန်ပျူတာနှင့် ချိတ်လိုက်ပါ။

အဲ့ဒီ အခါကျရင်တော့ ကွန်ပျူတာမှာ ဖွင့်ထားသော ResearchDownload  ဆော့ဝဲလ်လေးက Flashing လုပ်နေတာကို တွေ့နိုင်ပါတယ်။ အားလုံးပြီးသွားရင်တော့ Pass ဆိုပြီး အစိမ်းရောင်လေး ပေါ်လာမှာပါ။


အဲ့ဒီအခါကျရင်တော့ ကွန်ပျူတာနှင့် ချိတ်ဆက်မှုကို ဖြုတ်လိုက်နိုင်ပါပြီ။

ဖုန်းက ဘက်ထရီဖြုတ်၊ ခဏနေရင် ပြန်တပ်ပြီး ပြန်ဖွင့်လိုက်ပါ။

မိတ်ဆွေတို့ လိုအပ်သော အရာလေးတွေ အဆင်ပြေသွားတာကို တွေ့နိုင်ပါတယ်။

ဒီပို့စ်မှာတော့  Y310-5000  Error တွေ ကင်းစင်သွားမှာပေါ့နော့်။



အဆင်ပြေပါစေနော့်............


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Thursday, March 20, 2014

Samsung Galaxy Note 2 (GT-N7100) အတွက် Android 4.3 Official Firmware တင်နည်း






























1-Computer မှာ Samsung USB Driver မရှိသေးရင် Download လုပ်ပြီး Install လုပ်ပါ။

Download Samsung USB Driver 

2- Odin_v3.09.zip ကို Download လုပ်ပြီး Desktop ပေါ်မှာ Extract လုပ်ပါ။

Download Odin_v3.09.zip  

3- Firmware ကို Download လုပ်ပြီး Desktop ပေါ်မှာ Extract လုပ်ပါ။

Download Firmware  

4-ဖုန်းမှာ USB Debugging ကို On ထားပြီး Battery 80% ရှိရန် လိုအပ်ပါတယ်။

5- Download mode ဝင်ပါမယ်။ ဖုန်းကို ပါဝါပိတ်ပြီး Volume Down + Home + Power Button သုံးခုကို တစ်ပြိုင်တည်း တွဲနှိပ်ပါ။ Warning! ပေါ်လာရင် Volume Up တစ်ချက်နှိပ်ပါ။

6-Download Mode ရောက်ရင် Odin ကို Run ပြီး ဖုန်းကို Computer နဲ့ ချိတ်ဆက်ပါ။ ID:COM Box မှာ အရောင်သမ်းလာရင် ဆက်လုပ်မယ်နော်။

7-Odin ထဲမှာ AP Button ကလွဲပြီး ကျန်တာဘာမှ မနှိပ်ပါနဲ့။ AP ဆိုတာ အရင်က PDA ပါပဲ။ Odin Version မြင့်လာတာကြောင့် မတူတော့ပါ။ အဲဒီ AP ကို နှိပ်ပြီး Desktop ပေါ်မှာ Extract လုပ်ထားတဲ့ .tar.md5 file ကို ထည့်ပါ။

8-အားလုံး စစ်ဆေးပြီး မှန်တယ်ဆိုရင် Start Button ကို နှိပ်ပါ။

9-Install ပြီးလို့ ID:COM Box မှာ PASS!! ပြရင် ဖုန်းက Reboot ဖြစ်သွားပါလိမ့်မယ်။

ပုံမှန်အနေအထား ပြန်ရောက်လာရင် ကြည့်လိုက်ပါ။ Note 2 က Android 4.3 Firmware နဲ့ လန်းနေပါလိမ့်မယ်။ မြန်မာစာ မှန်ပါတယ်။


Posted From::

ကိုမြတ် (BE-Mechatronics)    http://www.mcmyatkyawthu.blogspot.com/

Tuesday, March 11, 2014

Y320-U01 မှာ ဆော့ဝဲတွေ သွင်းလိုမရခြင်း အကြောင်း သိကောင်းစရာ



















ပိုစ့်ရေးသားသူ - ကိုအောင်မင်းဟန်
Huawei Y320-U01 မှာ ဆော့ဝဲတွေကို သွင်းရင် Activated nofound ဘဲ
ပြနေတတ်ပါတယ်။အဲဒါဘာကြောင့်လဲဆိုရင် သူရဲ့ နဂိုပါတဲ့ System software
တစ်ခုကြောင့် ဖြစ်နေတာပါ။သူရဲ့ System ထဲက software ကိုလညး် လွယ်လွယ်
ကူကူ ဖြုတ်လို့မရပါဘူးခင်ဗျာ။ဆော့ဝဲသုံးပေးမှ ရမှာ ဖြစ်ပါတယ်။
Huawei Y320-U01 မှာ Vroot နဲ့ ဖောက်ပေမဲ့လည်း Superuser request မပေး
ပါဘူးခင်ဗျာ အဲဒီအတွက်ကြောင့် ကျန်တော်ပေးတဲ့ ဆော့ဝဲလေးကို သုံးပေးပါခင်ဗျာ
Proroot APK ကို သုံးပေးပါ။ APK နဲ့ root ဖောက်ချင်း ဖြစ်ပါတယ်။
Proroot APK နဲ့ root ဖောက်ပြီးသွားရင် Superuser request ပေးလာတာကို တွေ့
ရပါလိမ့်မည်။ပြီးပြီဆိုရင် System_app_remover APK ကို သုံပေး ရပါလိမ့်မည်။
System app remover APk ဆိုတာကတော့ သူရဲ့ နဂိုပါတဲ့ system apk တွေကို
ဒီဆော့ဝဲလေး သုံးပြီး ဖျက်ပြစ်မှာ ဖြစ်ပါတယ်။
အဲဒီတော့ အောက်မှာ ပေးထားတဲ့ တရုတ်စာလေးနဲ့ APK လေးကို System app remover
apk သုံးပြီး ဖျက်ပစ်လိုက်ပါ။အဲဒီ တရုတ်ဆော့ဝဲလေး ပျက်သွားပြီဆိုရင် မိမိထည့်ချင်တဲ့
APK တွေ ထည့်သုံးလို့ရပါပြီ။

Download Here >>
Pro root apk >> ဒီနေရာမှယူပါ။ <<   

System app remover apk >> ဒီနေရာမှယူပါ။ <<  

ကျေးဇူးတင်ပါသည်
Credit To - (Ko Aung Min Han)


Posted From

Myat Kyaw Thu ( BE-MC )    www.mcmyatkyawthu.blogspot.com

Samsung Galaxy တွေ Pattern lock , Pin lock ကျတာတွေကို Root Access မလိုပဲ ဖြည်မယ်။

























Samsung Galaxy တွေမှာ Pattern Lock , Pin Lock ကျနေတဲ့အခါမှာ

မိမိဖုန်းမှာ Root ကလည်းမရှိ Debugging လည်း on

မထားမိတဲ့အချိန်မှာ ပြန်ဖြည်ရန်အတွက်ပါ။

သူက CWM.zip နဲ့ Pattern & pin lock ဖြည်ရန် zip file လေးပါ။

Recovery mode ဝင်ပြီး CWM.zip လေးကို Flash ပေးလိုက်ရင်

Custom CWM လေးသွားပါမယ်။

Custom CWM ထဲရောက်သွားပြီဆိုရင် Pattern & pin lock ဖြည်ရန် zip file လေးကို Flash

ပေးလိုက်ပြီး Reboot system now လုပ်ပေးလိုက်ပါ။

Phone မှာ Power ပြန်တက်လာပြီဆိုရင် Lock လေးမရှိတော့တာကို တွေ့မြင်ရပါမယ်။


မှတ်ချက်  တော်တော်များများ အဆင်ပြေပါတယ်။

                Custom CWM ဆိုပေမဲ့ Original CWM ကို ပျက်သွားခြင်းမရှိပါ။



လိုအပ်လို့ ယူမယ်ဆိုရင်တော့.......



                                                  


>>>>>>> ဒီကနေယူလိုက်ပါ <<<<<<< 


ကျတော်ပြန်လည်မျဝေပေးလိုက်တဲ့ အရာတစ်ခုဟာ တစ်ဦးတစ်ယောက်အတွက်

အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။

..........::::: အဆင်ပြေပါစေ :::::..........
Ref & Credit :
Kaung Htoo San


Posted From

Myat Kyaw Thu ( BE-MC )   www.mcmyatkyawthu.blogspot.com