Showing posts with label (l) ကွန်ပျုတာ ပြဿနာဖြေရှင်းနည်းများနှင့် အသုံးပြုမှုနည်းများ. Show all posts
Showing posts with label (l) ကွန်ပျုတာ ပြဿနာဖြေရှင်းနည်းများနှင့် အသုံးပြုမှုနည်းများ. Show all posts

Sunday, January 31, 2016

Flash Drvie များကို Data Transfer အမြန်နှုန်း မြှင့်တင်ခြင်း



















ကွန်ပြူတာနှင့် စပ်ဆက်လုပ်ကိုင်နေသော သူများအတွက် Flash Drive ဆိုသည့် Electronic Device သည်လည်း အရေးပါသော အရာဝတ္တုတစ်ခုဖြစ်သည်။ Flash Drive များသည် စတင်ဝယ်လာသည့်အချိန်တွင် အသစ်ဖြစ်ခြင်းကြောင့် Computer မှ Flash Drive ထဲသို့ဘဲ ကော်ပီကူးကူး Flash Drive မှ Computer ထဲသို့ဘဲ ကော်ပီကူးကူး Data Transfer အမြန်နှုန်းသည် မြန်ဆန်နေမည်ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် အသုံးပြုသည့် အချိန်ကြာလာခြင်း ဟောင်းနွမ်းလာခြင်းတို့ကြောင့် ပစ္စည်းတို့၏ သဘောတရားအတိုင်း စွမ်းဆောင်ရည် ကျဆင်းတတ်ပါတယ်။ Flash Drive များကို ရွေးချယ်ဝယ်ယူရာတွင် Data Transfer အမြန်နှုန်းအပေါ်မူတည်ပြီး ဈေးနှုန်းလည်း ကွာခြားတတ်ပါတယ်။ ယခုဖော်ပြမည့် နည်းလမ်းများသည် Flash Drive ၏ Data Transfer အမြန်နှုန်းကို ထိန်းသိမ်းပေးနိုင်မည် ဖြစ်သည်။
.
Flash Drive ၏ Data Transfer အမြန်နှုန်းများသည် Flash Drive ၏ သက်တမ်း ၊ ကော်ပီကူးသော File Type အမျိုးအစား USB Port Version စသည်တို့ အပေါ်တွင်လည်း များစွာ မူတည်ပါသည်။
.
Flash Drive အား Data Transfer အမြန်နှုန်းမြှင့်ချင်ပါက အောက်ပါတိုင်း ဆောင်ရွက်ပါ။
.
Flash Drive ကို ကွန်ပြူတာနှင့် ချိတ်ဆက်လိုက်ပါ။ Flash Drive အပေါ်တွင် Right Click နှိပ်ပြီး Properties သို့သွားလိုက်ပါ။ ထို့နောက် File system နေရာတွင် NTFS ကို ရွေးပေးပြီး Quick Format ကို ဖြုတ်ပြီး Flash Drive ကို Format ချပါ။ Format ချနေစဉ်အတွင်း Flash Drive ထဲတွင် မည်သည့် Data မျှ သိမ်းဆည်းမထားမိစေရန်သတိပြုပါ။ Flash Drive ထဲတွင် Data များရှိနေပါက Format ချလိုက်သောအခါ အကုန်လုံး ပျောက်ကွယ်သွားမည် ဖြစ်သည်။
.
ပုံ - ၁
.
FAT32 File System တွင် Single File တစ်ခုသည် 4GB ထပ်ပိုမို မသိမ်းဆည်းနိုင်ပေ။
.
File System ကို ပြောင်းလဲပြီးပါက Device Policy ကို ပြောင်းလဲပါ။ Flash Drive Properties မှ Hardware ကို သွားလိုက်ပါ။ မိမိ၏ Flash Drive အမျိုးအစားကို ရွေးချယ်ပြီး Properties ကို နှိပ်ပါ။
.
ပုံ - ၂
.
Properties ကို နှိပ်ပြီးသည့်နောက်တွင် Dialog Box တစ်ခုကို မြင်တွေ့ရမည်ဖြစ်ပြီး Change Setting ကို နှိပ်ပါ။ ထို့နောက် နောက်ထပ် Dialog Box တစ်ခု ထပ်မံ ပေါ်ထွက်လာသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ထို့နောက် Policies ကို ရွေးချယ်ပါ။ Better performance ကို ရွေးချယ်ပြီး OK ကို နှိပ်ပါ။
.
ယခုဆိုလျှင် စာချစ်သူ၏ Flash Drive ကို အမြန်နှုန်း ထိန်းသိမ်းထားပြီဖြစ်ပါသည်။














.
.
26-1-2016
ကိုရီချင်

Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.org

Friday, December 4, 2015

IDM Resume Fail ကို ပြန်ရအောင် လုပ်နည်း



























ဒီနည်းလမ်းကတော့ သိတဲ့ လူတွေလည်း သိမှာပါ။

မသိသေးသောသူများအတွက် ရည်ရွယ်ပါတယ်။

Computer မှာ Internet Download Manager ကိုအသုံးပြုပြီး အတော်များများက ဒေါင်းလုပ်ခ်ဆွဲပါတယ်။ အဲ့အခါမှာ ဖိုင်ဆိုဒ်အကြီးတွေ ဒေါင်းလုပ်ခ်ဆွဲတဲ့ နေရာမှာ ဉပမာ Official Download Link က ဖိုင်တွေကို ဒေါင်းလုပ်ခ်ဆွဲတဲ့ နေရာမှာ ပြဿနာက ဘာမှ မဖြစ်ပဲ ဘလော့ဂ်ဂါများအသုံးများတဲ့ Hosting Site ( mediafire, pcloud, usercloud, ... ) စသော ဆိုဒ်တွေမှာ ဒေါင်းလုပ်ခ်ဆွဲတဲ့အခါ Resume Support လုပ်ပေးတယ်ဆိုပေမဲ့ အချိန်အကန့်သတ်နဲ့သာ Support လုပ်တာကို ကြုံဖူးတဲ့လူတွေ ကြုံဖူးမှာပါ။

ကျွန်တော့်ပြောသော ဆိုဒ်တွေက Resume Support ကတော့ ရပါတယ်။ ခက်တာက တစ်ချို့ဆို အချိန်နာရီ အကန့်သတ်နဲ့ ရတာမျိုးဖြစ်ပြီး တစ်ချို့ကတော့ တစ်နေ့စာအတွက် ကန့်သတ်တာမျိုးတွေပါ။ အချိန်ကာလ ကျော်လွန်သွားရင် ကိုယ်ဒေါင်းလုပ်ခ်ရထားသော ဖိုင်တစ်ဝက်တစ်ပျက်က Resume လုပ်လို့ မရတော့ပဲ Refresh Download Link from website ဆိုသော စာတန်းမျိုးတက်လာပြီး ဖိုင်ဒေါင်းလုပ်ဆက်ဆွဲလို့ မရတာမျိုး ဖြစ်တက်ပါတယ်။

ဖိုင်ဆိုဒ်အသေးလေးတွေ ဒေါင်းလုပ်ခ်လုပ်ရင် သိပ်မသိသာသော်လည်း 1 GB ဝန်းကျင်လောက် ဖိုင်တွေဆိုရင်တော့ ကြုံတွေ့တက်ပါတယ်။ ကျွန်တော်က မနေ့က ကြုံရတာမျိုးပါ။ ဖိုင်က 600 MB ကျော်ကျော်ပဲ ရှိပါတယ်။ ဒေါင်းထားတာကလည်း ၅၉၀ ကျော်နေပါပြီ။ ဖရီးဝိုင်ဖိုင်လေးနဲ့ ကြုံတုန်းလေးဆွဲလိုက်တာပေါ့။ အဲ့မှာ ကိစ္စမရှိပါဘူးလေပေါ့။ မနက်ဖြန်မှာ ကျန်တာလေးကို ဆက်ဆွဲမယ်ဆိုပြီး လုပ်လိုက်တာ မနက်ရောက်တော့ ကျွန်တော် အခုပြောတဲ့ ကွိုင်လေးက စတင်တာပဲ ဖြစ်ပါတယ်။


ကဲ့ အိုကေ။ စာတွေကလည်း အတော်ကို များသွားပြီနော့်။ ဖြေရှင်းနည်းလမ်းလေးကို ရေးပေးပါမယ်။ အဲ့မျိုးကေ့စ်က တကယ်တမ်း Resume လုပ်လို့မရတာတော့တာမျိုးမဟုတ်ပဲ Download Link ပြောင်းသွားတာမျိုးပဲ ဖြစ်ပါတယ်။ ကဲ့ ကိုယ်ဒေါင်းလုပ်ဆွဲထားပြီး Resume မရတော့သော ဖိုင်ကို IDM မှာ Right Click > Reflesh Download Link ဆိုတာလေးကို နှိပ်ပေးပါ။ အောက်က ပုံမှာ ပြပေးထားပါတယ်။

















အဲ့အခါရောက်ရင် Browser ဖြင့်တက်လာပြီး ဒေါင်းလုပ်ခ်လင့်ခ်ကို ပြန်ရောက်ပါတယ်။ အဲ့မှာ ဒေါင်းလုပ်ခ်လေးကို ကလစ်ပြီး နောက်တစ်ခါ ဒေါင်းလုပ်ဆွဲလိုက်ပါ။ ပြီးရင် Pause လုပ်လိုက်ပါ။ အိုကေပါတယ်နော့်။ နောက် အဲ့ Pause လုပ်လိုက်သော ဖိုင်လေးကို IDM မှာ Right Click > Properties > အောက်က ပုံမှာ ပြထားသော လင့်ခ်လေးကို Copy ကူးယူလိုက်ပါ။






နောက် အရင်က Resume မရတော့သော ဖိုင်လေးကို IDM မှာ Right Click > Properties > ပုံမှာ ပြပေးထားသော နေရာလေးမှာ လင့်ခ်လေးကို အစားထိုးပေးလိုက်ပါ။ အဲ့လိုမျိုးအစားထိုးပြီးရင် အခု ဖိုင်လေးကို Right Click > Resume ဆိုပြီး လုပ်ပေးလိုက်ပါ။ Resume ရသွားတာကို တွေ့ရပါမယ်။


 



အဆင်ပြေပါစေနော့်။

နည်းလမ်းက တကယ်တမ်းတော့ Resume မရတော့သော လင့်ခ်ကို Resume ရနိုင်သော လင့်ခ်လေးနဲ့ အစားထိုးလိုက်တာပဲ ဖြစ်ပါတယ်။


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

Thursday, August 27, 2015

ကဲ......ကွန်ပျူတာ သုံးနေသောသူများအတွက် RUN Commands များ






















ကဲ......ကွန်ပျူတာ သုံးနေသောသူများအတွက် RUN Commands များ
un Command တွေကို ကွန်ပျူတာသုံးသူ တော်တော်များများ ရင်းနှီး ပါတယ်... ကိုယ်လိုချင်တဲ့ နေရာကို ချက်ချင်းရောက်အောင် သွားနိုင်တဲ့ အတွက် အသုံးလည်းများပါတယ်...

Run Command ကိုအသုံးပြုချင်ရင် Start + Run ကနေသွားလို့ရသလို... Window + R ကို တစ်ပြိုင်ထဲနှိပ်ပြီးလည်း ခေါ်လို့ရတယ်ဆိုတာကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ... အခု Run Command တွေအများကြီး ရှိတဲ့ထဲက နည်းနည်းအသုံးဝင်မယ် ထင်တာတွေကို စုစည်းဖော်ပြပေး လိုက်ပါတယ်...

1. Add Hardware Wizard - hdwwiz.cpl
2. Add/Remove Programs - appwiz.cpl
3. Administrative Tools - control admintools
4. Calculator - calc
5. Certificate Manager - certmgr.msc
6. Character Map - charmap
7. Check Disk Utility - chkdsk
8. Command Prompt - cmd
9. Component Services - dcomcnfg
10. Computer Management - compmgmt.msc
11. Control Panel - control
12. Date and Time Properties - timedate.cpl
13. Device Manager - devmgmt.msc
14. Direct X Troubleshooter - dxdiag
15. Disk Cleanup Utility - cleanmgr
16. Disk Management - diskmgmt.msc
17. Disk Partition Manager - diskpart
18. Display Properties - control desktop
19. Display Properties - desk.cpl
20. Driver Verifier Utility - verifier
21. Event Viewer - eventvwr.msc
22. Files and Settings Transfer Tool - migwiz
23. File Signature Verification Tool - sigverif
24. Firefox - firefox
25. Folders Properties - control folders
26. Fonts - control fonts
27. Fonts Folder - fonts
28. Game Controllers - joy.cpl
29. Group Policy Editor - gpedit.msc
30. Iexpress Wizard - iexpress
31. Internet Explorer - iexplore
32. Internet Properties - inetcpl.cpl
33. Keyboard Properties - control keyboard
34. Local Security Settings - secpol.msc
35. Local Users and Groups - lusrmgr.msc
36. Logs You Out Of Windows - logoff
37. Malicious Software Removal Tool - mrt
38. Microsoft Paint - mspaint
39. Microsoft Syncronization Tool - mobsync
40. Mouse Properties - control mouse
41. Mouse Properties - main.cpl
42. Network Connections - control netconnections
43. Network Connections - ncpa.cpl
44. Notepad - notepad
45. ODBC Data Source Administrator - odbccp32.cpl
46. On Screen Keyboard - osk
47. Paint - pbrush
48. Performance Monitor - perfmon.msc
49. Performance Monitor - perfmon
50. Phone and Modem Options - telephon.cpl
51. Phone Dialer - dialer
52. Power Configuration - powercfg.cpl
53. Printers and Faxes - control printers
54. Regional Settings - intl.cpl
55. Registry Editor - regedit
56. Remote Access Phonebook - rasphone
57. Remote Desktop - mstsc
58. Resultant Set of Policy - rsop.msc
59. Scheduled Tasks - control schedtasks
60. Security Center - wscui.cpl
61. Services - services.msc
62. Shared Folders - fsmgmt.msc
63. Shuts Down Windows - shutdown
64. Sounds and Audio - mmsys.cpl
65. SQL Client Configuration - cliconfg
66. System Configuration Editor - sysedit
67. System Configuration Utility - msconfig
68. System Information - msinfo32
69. System Properties - sysdm.cpl
70. Task Manager - taskmgr
71. . Utility Manager - utilman
72. Windows Address Book - wab
73. Windows Address Book Import Utility - wabmig
74. Windows Explorer - explorer
75. Windows Firewall - firewall.cpl 7
6. Windows Magnifier - magnify
77. Windows Management Infrastructure - wmimgmt.msc
78. Windows Media Player - wmplayer
79. Windows System Security Tool - syskey
80. Windows Version - winver
81. Wordpad - write


ကိုဒီမွန်းနှင့် သက်ဆိုင်သူများကို Credit ပေးပါတယ်ဗျာ.....



Credit: All Supporters


Posted By

<<  Zaw Lay  >>

Ko Ko Zaw (BE-EC)       www.htarwaiethar.org

Sunday, August 16, 2015

Window တွင် boot record error ဖြေရှင်း ခြင်း























 Windows Operating System အသုံးပြုသူတွေ အနေနဲ့မိမိ ကွန်ပျူတာမှာ Dual Boot တင်ထားပြီး Linux ကို
ဖျက်ပစ်လိုက်တဲ့ အခါနဲ့ Boot Record မှာ Error ဖြစ်တဲ့အချိန်မျိုးမှာ Windows Boot ပြန်မတက်နိုင်တဲ့
အခြေအနေမျိုးကို ကြုံရမှာ ဖြစ်ပါတယ်။ ဒီလို Boot File တွေ ပျက်စီးသွားတဲ့ အခါမျိုးနဲ့ Boot Record Error ဖြစ်တဲ့ အချိန်မျိုးတွေမှာ
Windows ရဲ့ Boot File တွေကိုပြန်လည် ပြင်ဆင်နိုင်မယ့် နည်းလမ်းကို ဖော်ပြပေးလိုက် ပါတယ်။

Boot Record ပြဿနာကို ကြုံတွေ့ရပြီဆိုရင် Command Prompt ကနေ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ Command Prompt ကို
အသုံးပြုဖို့အတွက် Windows Opearting System ကို စတင် Install ပြုလုပ်တဲ့အခါမှာ မြင်ရတဲ့ Install Windows Now ဆိုတဲ့နေရာကို သွားရပါမယ်။
ဒီနေရာမှာ Install Now ဆိုတဲ့ Button ကို နှိပ်ရမှာ မဟုတ်ဘဲ၊ Repair your Computer ဆိုတာကို နှိပ်ရမှာဖြစ်ပါတယ်။
ဒါဆိုရင် System Recovery Option ဆိုတဲ့ Box လေးပေါ်လာမှာ ဖြစ်ပါတယ်။

System Recovery Option Box မှာ Windows 7 ဒါမှမဟုတ် မိမိတင်ထားတဲ့ Windows 8 အစရှိတာတွေကို ရွေးချယ်ပေးပြီး၊ Next Button ကို
နှိပ်ရပါမယ်။ နောက်တစ်ဆင့် ရောက်သွားရင် Boot Record File တွေကို Command

Prompt ကနေ ပြင်ဆင်မှာ ဖြစ်တဲ့အတွက် Command Prompt ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

စတင်ပြင်ဆင်မယ့် အပိုင်းမှာ Command Prompt ထဲရောက်ပြီဆိုရင် လမ်းကြောင်းက X:\Sources>ဆိုတဲ့ လမ်းကြောင်းအောက်ကို
ရောက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ Boot Record တွေကို ပြင်ဆင်မှာ ဖြစ်တဲ့အတွက် bootrec ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။
bootrecနဲ့ ပထမဦးဆုံး Master boot record ကို ပြင်ဆင်မှာ ဖြစ်တဲ့အတွက် bootrec /fixmbr ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။

ပြီးသွားရင် Boot ကို ပြန်လည် ပြင်ဆင်မှာဖြစ်တဲ့အတွက် bootrec /fixboot ဆိုတဲ့ Command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

ပြီးသွားရင် Boot Configuration Data ကို ပြင်ဆင်ရမှာ ဖြစ်တဲ့အတွက် bootrec /rebuildbcd ဆိုတဲ့ Command ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။
ပြီးသွားရင် အချိန်အနည်းငယ်ခန့် စောင့်ပေးလိုက်ပါ။ လုပ်ငန်းပြီးစီး သွားပြီဆိုရင် နောက်တစ်ဆင့် သွားရမှာ ဖြစ်ပါတယ်။
ဒါကတော့ Dual Boot တင်ထားတဲ့ လူတွေအတွက်သာ ဖြစ်ပါတယ်။ Dual Boot တင်ထားတဲ့ သူတွေအတွက် မိမိ Boot အတွင်း OS တွေကို
Scan ပြုလုပ်ပေးပြီး Boot Configuration Data တွေ ပြန်လုပ်နိုင်ဖို့အတွက် bootrec / scanos ဆိုတဲ့ Command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။
ဒီအဆင့်တွေ ပြီးသွားပြီဆိုရင်တော့ Boot Record Error ကို ပြန်လည် ပြင်ဆင်တဲ့ လုပ်ငန်းစဉ် ပြီးစီးသွားပြီ ဖြစ်ပါတယ်။


Credit : လွမ်း ( နည်းပညာ )  


Posted By

<<  Zaw Lay  >>

Ko Ko Zaw ( BE-EC )        www.htarwaiethar.org

Window Color and Appearance ကို Enable or Disable လုပ်မယ် For Windows 7 All Versions























အရင် ဆုံး Group Policy ကို ဝင်လိုက်ပါ ။
Win + R ==>> gpedit.msc လို့ ဝင်လိုက် ပါ ။
ပြီးရင် User Configuration ==>> Administrative Templates ==>> Control Panel ==>> Personalization
ထိ သွားလိုက်ပါ ။ ညာဘက် မှာ Prevent changing window color and appearance တွေ့အောင် ရှာ ပြီး D.click နှိပ်ပြီး enable ပေးလိုက်ပါ ။
Not Configured နဲ့ Disabled ကတော့ ပုံမှန် ပါ ။ အခု ဆိုရင် Window Color and Appearance ကို နှိပ်လို့ မရ တော့ ပါဘူး ။
ပြန် ပြောင်းချင် ရင်တော့ Not Configured နဲ့ Disabled တခု ခု ကို ပြန်ထား လိုက်ပါ ။
အဆင် ပြေပါ စေ ။


 နောက်တစ်နည်း

To Allow Changing Window Color and Appearance
Enable Window Color and Appearance

 Windows Registry Editor Version 5.00

; Created by: Lwan
; Tutorials : https://www.facebook.com/profile.php?id=100008563504765

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\System]
"NoDispAppearancePage"=-

[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Policies\System]
"NoDispAppearancePage"=-


To Disable Windows Key Hotkeys for All Users

 Windows Registry Editor Version 5.00

; Created by: Lwan
; Tutorials : https://www.facebook.com/profile.php?id=100008563504765

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\System]
"NoDispAppearancePage"=dword:00000001



Credit : လွမ်း ( နည်းပညာ )



Posted By

<<  Zaw Lay  >>

Ko Ko Zaw ( BE-EC )         www.htarwaiethar.org

USB device is not recognized ကို ဖြေရှင်းနည်း
























 ဒါကတော့အကိုတစ်ယောက်မေးထားတာလေးပါ..။ကျွန်တော်တို့ကွန်ပျူတာမှ USB Drive ကိုတပ်လိုက်တဲ့
အခါမှာ USB device is not recognized ဆိုပြီးသတိပေး Box လေးပေါ်လာ ရင်ဘယ်လိုဖြေရှင်းရမ လဲဆိုတဲ့နည်းလမ်းလေးတွေ ကိုကျွန်တော်လေ့လာမိ သလောက်ပြန်ပြီးတော့မျှဝေပေး သွားပါမယ်..။

အရင်ဆုံးကီးဘုတ်မှ Windows + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ..။ပြီးရင် Run Box ထဲမှာ
Devmgmt.msc လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..။ဒါဆိုရင် Device Manager လေးပွင့်လာ
ပါလိမ့်မယ်.. ။ပြီးရင် Menu နေရာလေးကို Right Click ပေးပြီး Scan for hardware changes
လေးပေးလိုက်ပါ..။ဒါဆိုရင်မိမိတို့ကွန်ပျူတာကနေပြီးတော့ USB Drive လေးကို Scan ဖတ်ပြီးရှာ ပေးခြင်းဖြင့်လည်းအဆင်ပြေနိုင်စေပါတယ်..။တကယ်လို့ဒီနည်းလမ်းနဲ့ အဆင်မပြေဘူးဆိုရင်အောက် ကနည်းလမ်းလေးကိုဆက်ပြီးသုံးကြည့်ပါ..။


 အပေါ်ကနည်းလမ်းလေးနဲ့အဆင်မပြေဘူးဆိုရင်တော့အောက်ကနည်းလမ်းလေးကိုဆက်ပြီးလုပ်ကြည့်လိုက်
ပါ..။အပေါ်မှာပြထားတဲ့နည်းလမ်းလေးအတိုင်း Drive Manager ကိုဖွင့်လိုက်ပါ..။
Universal Serial Bus controllers ကိုဆက်ပြီးသွားပါ..။


ပြီးရင် Universal Serial Bus controllers က USB Root Hub မှာ Right Click ထောက်ပြီး
Properties ကိုသွားပါ..။ပြီးရင်တော့အောက်ကပုံလေးတွေမှာပြထားတဲ့အတိုင်းအဆင့်ဆင့်လိုက်
လုပ်ပေးလိုက်ပါ..။

OK ပေးပြီးပြီဆိုရင်တော့ Menu နေရာလေးကို Right Click ပေးပြီး Scan for hardware
changes ပြန်လုပ်ကြည့်လိုက်ပါ..။

ဒါဆိုရင်တော့ Windows က USB Drive လေးကိုပြန်ပြီး recognizes ဖြစ်သွားပါလိမ့်မယ်..။ပြီးရင်တော့
Drive Manager လေးကိုပြန်ပြီးပိတ်လိုက်ယုံပါပဲ..။ဒီနည်းလမ်းနဲ့လဲအဆင်မပြေသေးဘူးဆိုရင်တော့အောက်
ကနည်းလမ်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ..။

အရင်ဆုံး USB Drive ကိုဖြုတ်လိုက်ပါ..။ပြီးရင်ကွန်ပျူတာကို restart ပေးလိုက်ပါ..။5 second ,
6 second စောင့်ပြီး USB Drive ကိုပြန်တပ်လိုက်ပါ..။ဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်..။



















Credit :  လွမ်း ( နည်းပညာ )  


Posted By

<<  Zaw Lay  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

Saturday, June 13, 2015

ဆရာ ရဲမင်းအောင် ရေးသားထုတ်ဝေသော နည်းပညာ စာအုပ် ၁၁ အုပ် စုစည်းမှု


































https://www.facebook.com/Telecomtechnicaltraining  က နေပြီး ဖရီးရယူနိုင်အောင် မျှဝေပေးလိုက်သော စာအုပ်များ ဖြစ်ပါတယ်။

ဆရာရဲမင်းအောင် စာအုပ်များကို မျက်ပွင့်စာပေကနေပြီ တစ်ပြည်လုံးကို ဖြန့်ချီတာမို့ အပြင်မှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

ကျွန်တော်တို့လို တောထဲရောက်နေတဲ့လူတွေကတော့ အခုလိုမျိုး PDF စာအုပ်လေးတွေရတာ တကယ့်ရတနာတွေပါပဲ။

ကဲ့ လိုအပ်သူများ ဒေါင်းလုပ်ခ်ရအောင် လင့်ခ်တွေ မျှပေးလိုက်မယ့်နော့်။


မူရင်း ဖေ့ဘုတ်ပေ့စ်မှာ MediaFire and DropBox Link နှစ်ခုတောင် မျှပေးတာမို့ အဲ့နှစ်ခုလုံးကို ကျွန်တော် ပြန်လည် မျှဝေလိုက်ပါတယ်။


MediaFire Links
..............................
..............................
 1. Android စက်ပြင်ဆရာလက်စွဲ (ပထမအကြိမ်)
http://adf.ly/1Fl9D6

2. အသုံးချကွန်ယက်နှင့်အဝေးလှမ်းထိန်းချုပ်ခြင်းနည်းပညာ
http://adf.ly/1Fl9OO

3. Huawei Mobile မျိုးစုံ Root ပြုလုပ်ပြုပြင်နည်းလက်စွဲ
http://adf.ly/1Fl9TR

4. iPhone အသုံးပြုသူနှင့် စက်ပြင်ဆရာလက်စွဲ
http://adf.ly/1Fl9Wa

5. Hacker တို့၏ ထိုးဖောက်နည်းများနှင့် Hacker အန္တရာယ်ကာကွယ်နည်းများ (For Starter)
http://adf.ly/1Fl9Z2

6. Backtrack ကို အသုံးပြု၍ အဆင့်မြင့် Hacking ပြုလုပ်နည်းများ
http://adf.ly/1Fl9cF

7. Lenovo, HTC, Sony နှင့် LG ဖုန်းတို့၏ Root လုပ်နည်းများ
http://adf.ly/1Fl9gg

8. Wireless ထိုးဖောက်ခြင်း စမ်းသပ်ချက်များ
http://adf.ly/1Fl9kp

9. Mobile Phone ၏ Hardware ပစ္စည်းများ ပြုပြင်ရေးနည်းလမ်းများ
http://adf.ly/1Fl9nr

10. Android Application ရေးဆွဲဖန်တီးလိုသူများလက်စွဲ
http://adf.ly/1Fl9xU

11. ကွန်ပျူတာ ပညာရှင်လက်စွဲ (Hardware Maintenance)
http://adf.ly/1FlA10




DropBox Links
.........................
.........................
1. Android စက်ပြင်ဆရာလက်စွဲ (ပထမအကြိမ်)
http://adf.ly/1FmuZ4

2. အသုံးချကွန်ယက်နှင့်အဝေးလှမ်းထိန်းချုပ်ခြင်းနည်းပညာ
http://adf.ly/1Fmuhg 

3. Huawei Mobile မျိုးစုံ Root ပြုလုပ်ပြုပြင်နည်းလက်စွဲ
http://adf.ly/1Fmulh 

4. iPhone အသုံးပြုသူနှင့် စက်ပြင်ဆရာလက်စွဲ
http://adf.ly/1Fmur7 

5. Hacker တို့၏ ထိုးဖောက်နည်းများနှင့် Hacker အန္တရာယ်ကာကွယ်နည်းများ (For Starter)
http://adf.ly/1FmuxT

6. Backtrack ကို အသုံးပြု၍ အဆင့်မြင့် Hacking ပြုလုပ်နည်းများ
http://adf.ly/1Fmv1O 

7. Lenovo, HTC, Sony နှင့် LG ဖုန်းတို့၏ Root လုပ်နည်းများ
http://adf.ly/1Fmv51 

8. Wireless ထိုးဖောက်ခြင်း စမ်းသပ်ချက်များ
http://adf.ly/1Fmv9g 

9. Mobile Phone ၏ Hardware ပစ္စည်းများ ပြုပြင်ရေးနည်းလမ်းများ
http://adf.ly/1FmvFO 

10. Android Application ရေးဆွဲဖန်တီးလိုသူများလက်စွဲ
http://adf.ly/1FmvKp 

11. ကွန်ပျူတာ ပညာရှင်လက်စွဲ (Hardware Maintenance)
http://adf.ly/1FmvPL



အားလုံး အဆင်ပြေပါစေနော့်။


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )         www.htarwaiethar.org

Thursday, February 12, 2015

CD DVD Burn ရာတွင် အဖြစ်များ အမှားငါးချက်





















CD/DVD Burn တဲ့ ကိစ္စကတော့ ကွန်ပျူတာ အသုံးပြုသူတိုင်း လုပ်နေကျ တာဝန်တစ်ခုလိုပါပဲ။

လူတော်တော်များများလည်း အသုံးပြုတက်၊ ကျွမ်းကျင်ပေမဲ့လည်း တစ်ခါတစ်လေ အခွေဘမ်းရင် အခွေက ပျက်သွားတာမျိုးတွေ ကြုံဖူးမှာပါ။

ကျွန်တော် ကွန်ပျူတာ သုံးတက်ခါစ ၂၀၀၆ လောက်တုန်းကဆို အခွေဘမ်းဖို့ စမ်းသပ်လိုက်တာ အခွေငါးဆယ်လောက် လစ်သွားဖူးပါတယ်။ တစ်ခွေမှကို သုံးလို့ မရတာပါ။ ( အစွမ်းစ တွေ ကြွားတာ )

နောက်ပိုင်းမှာ အခွေဘမ်းရင်း သတိလေး နည်းနည်းထားရင်း အဆင်ပြေသွားပါတယ်။ အခုတော့ အေးဆေးပဲပေါ့နော့်။

ကဲ့ အခွေဘမ်းတဲ့နေရာမှာ အဖြစ်များတဲ့ အမှားလေး ငါးချက်တဲ့ဗျ။ ဗဟုသုတပေါ့ဗျာ။


၁) Verify မလုပ်မိခြင်း

Disc တွေ Burn လုပ်တာနဲ့ ပက်သက်ပြီး သတ်မှတ်ချက် တစ်ခု ရှိမယ်ဆိုရင် အဲ့ဒါဟာ "" Verify "" လုပ်ပါ ဆိုတာပဲ ဖြစ်ပါတယ်။ Burning Software ရဲ့ Verify ( ဒါမှမဟုတ် Validate ) Function ကို အသုံးပြုပြီး ဘာတွေဖတ်သွားတယ်၊ ရေးသွားတယ်ဆိုတာ နှိုင်းယှဉ်ကြည့်သင့်ပါတယ်။ Verify Function ဟာ Disc တစ်ချပ် အောင်အောင်မြင်မြင် ဘမ်းနိုင်တဲ့ အခွင့်ရေးထက် ကောင်းမလာနိုင်ပေမဲ့ နောက် Disc တစ်ချပ်ကို ဘမ်းလုပ်တဲ့အခါ ပြဿနာကို အချိန်မီ ကြိုတင် သိထားနိုင်မှာ ဖြစ်ပါတယ်။ Successful Burn လို့ ဆိုပေမဲ့ Play လုပ်ကြည့်မှသာ ကောင်းမကောင်း သိနိုင်ပါတယ်။ Disc ပျက်စီးသွားတာမျိုး၊ Disc ကို ဖတ်ကြည့်လို့ မရအောင် Burn လုပ်မိတာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။


၂) Media ရွေးချယ်မှု မှားယွင်းခြင်း

DVD တွေအတွက်ဆိုရင် DVD+R/RW, DVD-R/RW or DVD RAM စတဲ့ ကိုယ့် Player က Support လုပ်နိုင်တဲ့ Media အမျိုးအစားကို ရွေးချယ် အသုံးပြုရပါမယ်။ တကယ်လို့ စျေးပေါပေါ အမှတ်တံဆိပ်မရှိတဲ့ Blank Media ( CD/DVD ) တွေကို ဝယ်ယူ အသုံးပြုမယ်ဆိုရင် Verify လုပ်ဖို့ မမေ့သင့်သလို ရံဖန်ရံခါ အရည်သွေးမကောင်းတဲ့ Disc တွေ ပါရှိလာမှာကိုလည်း သတိပြုသင့်ပါတယ်။ နောက်ပြီး DVD Media တွေဟာ CD Media တွေထက် Reliable ပိုဖြစ်တာကိုလည်း တွေ့ရပါတယ်။


၃) မြန်နှုန်းမြင့်ရေးမိခြင်း

Disc တစ်ချပ် ဘမ်းဖို့အတွက် အချိန်အကြာကြီး စောင့်နေရတာကို ဘယ်သူမှ နှစ်သက်မှာ မဟုတ်သလို မြန်နိုင်သမျှ မြန်အောင် ဘမ်းလုပ်တာဟာလည်း အကောင်းဆုံး နည်းလမ်း မဟုတ်ပါဘူး။ Rewritable CD and DVD တွေမှာ Burning ပြဿနာ ကြုံတွေ့ရတာ နည်းပေမဲ့ တစ်ခါတစ်လေ တစ်ချို့ CD-R and DVD-R တွေကို အမြန်နှုန်းအမြင့်ဆုံးနဲ့ ရေးသားတဲ့အခါ ပြဿနာ ကြုံတွေ့ရပါတယ်။ နောက်ပြီး အမြန်နှုန်း တစ်ခုနဲ့ တစ်ခုကြား ဘမ်းလုပ်တဲ့အခါ အချိန်က သိပ်သိသာတာ မဟုတ်တာမို့ အမြန်နှုန်းကို လျှော့ချပြီး ဘမ်း လုပ်သင့်ပါတယ်။


၄) Software တွေ Up to Date အဖြစ်ခြင်း

ပြိုင်ဆိုင်နေကျတဲ့ စျေးကွက် အတွင်းမှာ Burner ကို ဝယ်ယူစဉ်က ပါရှိတဲ့ Firmware ဒါမှမဟုတ် Software ဟာ ပြည့်စုံ တိကျမှု ရှိချင်မှ ရှိပါလိမ့်မည်။ Burner ရဲ့ စွမ်းဆောင်ရည်နဲ့ ပက်သက်ပြီး စိတ်ကျေနပ်မှု မရှိဘူးဆိုရင် ထုတ်လုပ်ရောင်းချသူရဲ့ Website မှာ Update ဖြစ်မဲ့ Software တွေ ရှာဖွေ အဆင့်မြှင့်ပေးရပါတယ်။ တကယ်လို့ Disc တွေကို ဘမ်းလုပ်ရာမှာ ပြဿနာမရှိပဲ ကောင်းမွန်နေတယ်ဆိုရင်တော့ Update လုပ်စရာမလိုပါဘူး။ တကယ်လို့ Disc အမှတ်တံဆိပ် အသစ်တစ်ခု ပြောင်းလဲ အသုံးပြုလိုက်လို့ Drive မှာ ပြဿနာ ရှိနေမယ်ဆိုရင် Firmware ဒါမှမဟုတ် Software Update တစ်ခုနဲ့ Update လုပ်တာဟာ အကောင်းဆုံး ဖြစ်ပါတယ်။


၅) Application အများအပြား Run နေစဉ် Burn လုပ်ခြင်း

ဒီနေ့ခေတ်မှာ အသုံးပြုတဲ့ PC တွေဟာ Disc တွေ Burn လုပ်နေတဲ့အချိန်မှာ တစ်ခြားလုပ်ငန်းတွေ တစ်ပြင်တည်း ဆောင်ရွက်နိုင်အောင် လုပ်ဆောင်နိုင်တဲ့ လိုအပ်တဲ့ အမြန်နှုန်းထက်ပိုပြီး ပါဝါရှိပါတယ်။ ဒါပေမဲ့ တစ်ပြုင်တည်း အလုပ်လုပ်နေတဲ့ Application တွေကို တက်နိုင်သလောက် လျှော့ချထားမယ်ဆိုရင် Disc တွေ အောင်မြင်စွာ ဘမ်းလုပ်နိုင်မဲ့ အခွင့်လမ်း တိုးတက်လာမှာ ဖြစ်ပါတယ်။ Multitasking ဒါမှမဟုတ် Background မှာ ဘမ်းတာမျိုးကို ရှောင်သင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အခွေဘမ်းနေတဲ့အချိန်မှာ အခြား Application တွေ Run နေတာမျိုး မလုပ်တာက အကောင်းဆုံး ဖြစ်မှာပါ။



Credit :  All Supporters


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )       www.htarwaiethar.org

Sunday, October 5, 2014

Internet Browser တွေမှာ စာအုပ်ဖတ်ရင် Flash Player Update တောင်နေတဲ့ပြဿနာ




























ကျွန်တော် အခုရေးမဲ့ ပြဿနာက စာအုပ်တစ်အုပ်ကို အင်တာနက်က တိုက်ရိုက်ဖတ်ရင်းတွေ့လာတာပါ။

ကွန်ပျူတာသုံးရတာလည်း ပြဿနာတွေကြီးပါပဲ။

အခုလည်း Flash Player Update လုပ်ခိုင်းနေပါတယ်။ ကျွန်တော်ကလည်း မလုပ်ချင်ဘူးဗျာ။ လုပ်လည်းအဲ့လိုမျိုးပဲ ပြန်ပြန်ပေါ်နေတာဗျ။

ဖြေရှင်းနည်းက တကယ်ကို လွယ်လွယ်လေး။ မသိတော့ လိုင်းကမကောင်းနဲ့ Update လိုက်လုပ်၊ နောက်တော့လည်း အဲ့အတိုင်းဖြစ်နေတာနဲ့ နည်းနည်း ကလိလိုက်တာရသွားပါတယ်။

ကျွန်တော့်လိုမျိုး ကွိုင်ပူးနေရင်

အောက်ကလိုမျိုး အဆင့်လေးတွေ လုပ်ပေးလိုက်ပါ။ တကယ်တမ်းက Flash Player Active မဖြစ်လို့ အဲ့လိုမျိုး ဖြစ်နေတာပါ။ သူ့ကို အလုပ်လုပ်ခိုင်းလိုက်ရင် အိုကေသွားမှာပါ။




















စာအုပ်လေးလဲ အဲ့လိုမျိုးလုပ်မှာပဲ Loading လုပ်နိုင်ပါတော့တယ်။

အားလုံးအဆင်ပြေနိုင်ပါစေနော့်။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )                 www.htarwaiethar.org

Saturday, October 4, 2014

ကွန်ပျူတာသမားတွေ Facebook Chat မရတဲ ပြဿနာ
































ကွန်ပျူတာအသုံးပြုသူများ ဖေ့ဘုတ်ကချက်မရတဲ့ ပြဿနာကို ကျွန်တော်မနေ့ကမှ တွေ့မိပါတယ်။

အရင်က ဘော်ဒါတွေက ဖေ့ဘုတ်ချက်မရဖြစ်တာတွေကို ကျွန်တော် မဖြစ်လောက်ဘူးဆိုပြီး ထင်မိတာပါ။

အခု ကျွန်တော်ကိုယ်တိုင်တွေ့တော့လည်း တကယ်ဟုတ်နေပါတယ်။

အဓိကဖြစ်တာက Desktop တွေမှာ တော်ရုံဖြစ်မှာမဟုတ်ပါဘူး။ Notebook အသုံးပြုသူများမှာ ဖြစ်လေ့ရှိမှာပါ။

Facebook မှာ သုံးနေရင်းနဲ့ အရင်နေ့တွေက ချက်လို့ရတယ်။ နောက်မှ လုံးဝကို ချက်လို့မရတော့သလို သူများပို့ထားတဲ့ စာတွေကိုလည်း ဖတ်မရ တစ်ခါတစ်လေ ဖြစ်တက်တယ်ဗျ။

ကိုဂူဂယ်လ်မှာ ရှာလိုက်တော့ အဖြေက ရှင်းရှင်းလေးပဲ။ ကွန်ပျူတာမှာ အမှိုက်တွေများနေလို့ ဖြစ်တာပါတဲ့။

ဟုတ်တယ်ဗျ။ ကျွန်တော်လည်း History Clear မလုပ်မိတာ ရက်နှစ်ဆယ်လောက် ဖြစ်နေတာကိုး။


ပြဿနာဖြစ်ပုံက Notebook မှာ Firefox Browser သုံးတယ်ပေါ့ဗျာ။ ကျွန်တော်တို့ အနေနဲ့ ဖေ့ဘုတ်စ်ကို ခဏခဏ ပက်စ်ဝက်ရိုက်ရတာ ပျင်းတော့ Remember Password လုပ်ထားလိုက်မယ်။ အဲ့လိုမျိုးဆို နောက်တစ်ခါ ဖေ့ဘုတ်ကို ကြိုက်တဲ့အချိန်ဖွင့် ပက်စ်ဝက်ရိုက်စရာမလိုဘူး အေးဆေးပေါ့။

နောက် ကိုယ်က တစ်ဉီးတစ်ယောက်တည်းသုံးတဲ့ ကွန်ပျူတာဆိုတော့ အများသုံးကွန်ပျူတာလိုမျိုး ကိုယ့်အကောင့်ကို သူများဝင်ကြည့်မှာ စိုးရမ်စရာ မလိုလို့ နောက် ပက်စ်ဝက်ရိုက်ရမှာ အလုပ်ရှုပ်လို့လည်း ပါတာပေါ့။

အဲ့လိုမျိုး လုပ်လိုက်တာ ဆိုးတော့ မဆိုးဘူးဗျ။ ဆယ်ရက်လောက်လို အဆင်ပြေတယ်။ နောက်ပိုင်းတွေရောက်တော့ ဘလောက်ဇာက Cookies , History များလာပြီး ဖေ့ဘုတ်က ချက်မရအောင်ကို ဖြစ်သွားရော။

ပြဿနာက အဲ့လိုမျိုးဖြစ်တာ။


ဖြေရှင်းနည်း။။။။။။။။။။။။။။။။။။။။။။

-  Firefox Menu > History > Clear History > Everythings ကို ရွေးပြီး အကုန်လုံး ရှင်းထုတ်လိုက်ပါ။





 









 
 



















-  Win + R ( Run Box ) ကို ခေါ်၊ prefetch လို့ရိုက်ထည့်၊ အဲ့မှာ ရှိတာတွေ အကုန်လုံးကို ဖျက်လိုက်ပါ။

-  Win + R ( Run Box ) ကို ခေါ်၊ %temp% လို့ရိုက်ထည့်၊ အဲ့မှာ ရှိတာအားလုံးကို ဖျက်လိုက်ပါ။

-  Win + R ( Run Box ) ကို ခေါ်၊ recent လို့ရိုက်ထည့်၊ အဲ့မှာ ရှိတာအားလုံးကို ဖျက်လိုက်ပါ။

-  နောက် ကွန်ပျူတာမှာ Histrory Clear Software တစ်မျိုးမျိုး ဉပမာ CCleaner လိုမျိုး ဆော့ဝဲလ်ရှိရင် အလုပ်လုပ်နေတဲ့ ဘလောက်ဇာကို ပိတ်ပြီး အဲ့ဆော့ဝဲလ်အကူနဲ့ ဖိုင်တွေကို ရှင်းလင်းရေးလုပ်ပါ။




ကျွန်တော်က Firefox Browser တစ်မျိုးတည်းနဲ့ ပြပေးသွားတာပါ။ အခြားဘလောက်ဇာ အသုံးပြုသူများလည်း History ကို ရှာပြီး အားလုံးကို ဖျက်လိုက်ရင် ရပါတယ်။

အမှိုက်တွေကို ရှင်းပြီးသွားရင်တော့ ဘလောက်ဇာကိုဖွင့်ပြီး www.facebook.com မှာ မိမိအကောင့်နှင့် ဝင်ရောက်၊ အကောင့်စာမျက်နှာကို ရောက်သွားရင် ချက်ဘောက်စ်ကို ဖွင့်ကြည့်ပါ။

အားလုံးအိုကေသွားမယ်ဆိုတာကို တွေ့နိုင်ပါတယ်။

ကျွန်တော် ကိုဂူဂယ်လ်မှာ ရှာတွေ့တာလေးကို ကိုယ်တိုင်ပြန်လုပ်ပြီး ကိုယ်တိုင်လည်း ချက်ဘောက်စ် ပြန်အလုပ်လုပ်သွားတာလေးကို ရေးမိပါတယ်။

ကျွန်တော့်လိုမျိုး ကွိုင်တက်တဲ့လူတွေ ဖြေရှင်းလို့ရတာပေါ့နော့်။


အားလုံးအဆင်ပြေနိုင်ပါစေဗျာ။။။။။။။။။။။။။။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )              www.htarwaiethar.org

Friday, October 3, 2014

အကြီးကျယ်ဆုံးလျှို့ဝှက်နေတဲ့ PC ပြဿနာ ၂၁ ခု






























ကျွန်တော် အကြီးကျယ်ဆုံးလျှို့ဝှက်နေတဲ့ ပီစီ ပြဿနာ ၂၁ ခု စာအုပ်အသေးလေးကို ဘလော့ဂ်မှ တစ်ဆင့်မျှပေးလိုက်ပါတယ်။

ဒေါင်းလုပ်ခ်ရထားတာကြာပြီ။ အခုမှ မျှပေးဖြစ်တော့တယ်။

လိုအပ်သူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါပြီခင်ဗျား။

ဖိုင်ဆိုဒ်က 1MB.


Download 



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )             www.htarwaiethar.org

Monday, June 30, 2014

PC Viber Update Myanmar Font ( မြန်မာစာ မှန်စေဖို့ )


























ကွန်ပျူတာသမားတွေအတွက် PC Viber တွေမှာ အရင်တုန်းက မြန်မာစာ မှန်ပြီး အခုမှာ မြန်မာစာတွေ ဇောက်ထိုး မိုးမျှော်ဖြစ်နေသူများအတွက် PC Viber Myanmar Font Version အသစ်လေးကို ကျွန်တော့် ဘလော့ဂ်မှ မျှဝေလိုက်ပါတယ်။

ကျွန်တော်လည်း အခု ညမှ Viber မှာ မြန်မာစာတွေ မမှန်တော့လို့ အင်တာနက်မှာ ရှာဖွေရင်း တွေ့ခဲ့တာလေး ဖြစ်ပါတယ်။

ဖောင့်လေးတစ်ခုကို ဒေါင်းလုပ်ခ်ဆွဲပြီး Install လုပ်လိုက်ရုံနဲ့ အဆင်ပြေသွားမှာပါ။

လိုအပ်သူများ အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။


Download Link 1    

Download Link 2    


အရင်က ကျွန်တော်တင်ထားသော PC Viber and Myanmar Font ကို လိုချင်ရင်တော့ ဒီနေရာလေးက နေပြီး သွားရောက်လေ့လာနိုင်ပါတယ်။  ဖောင့်သွင်းနည်းလေးကိုပါ လေ့လာနိုင်ပါတယ်။ အခု ပို့စ်မှာ ကျွန်တော် ဖောင့်တစ်ခုပဲ မျှဝေတာ ဖြစ်ပါတယ်။ ဖောင့် သွင်းနည်းလေးကို PC Viber and Myanmar Font Link မှာပဲ လေ့လာပါနော့်။ 



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )         www.htarwaiethar.blogspot.com

Friday, June 27, 2014

NotePadကိုသုံးပြီး သင့်ဝင်းဒိုးကို Genuine ဖြစ်အောင်လုပ်နည်း






























နည်းပညာသဘောအရ အဆင်ပြေတဲ့အလုံးမှာအဆင်ပြေပြီးမရတဲ့အလုံးမှကျမရတတ်ပါဘူး..လို့ ၀န်ခံအပ်ပါတယ်။
1. Notepad ကိုဖွင့်ပါ။

2. အောက်ကကုဒ်တွေကို ကော်ပီလုပ်ပြီး note pad မှာ paste လုပ်ပါ။


Windows Registry Editor Version 5.00
[HKEY_LOCAL_MACHINE\SOFTWARE\Mi crosoft\Windows NT\CurrentVersion\WPAEvents]
"OOBETimer"=hex:ff,d5,71,d6,8b ,6a,8d,6f,d5,33, 93,f d
"LastWPAEventLogged"=hex:d5,07 ,05,00,06,00,07, 00,0 f,00,38,00,24,00,fd,02
[HKEY_LOCAL_MACHINE\SOFTWARE\Mi crosoft\Windows NT\CurrentVersion]
"CurrentBuild"="1.511.1 () (Obsolete data - do not use)"
"InstallDate"=dword:427cdd 95
"ProductId"="69831-640-1780577-45389"
"DigitalProductId"=hex:a4,00,0 0,00,03,00,00,00 ,36, 39,38,33,31,2d,36,34,30,2d,\
31,37,38,30,35,37,37,2d,34,35, 33,38,39,00,5a,00,00 ,00,41,32,32,2d,30,30,30,\
30,31,00,00,00,00,00,00,00,00, 0d,04,89,b2,15,1b,c4 ,ee,62,4f,e6,64,6f,01,00,\
00,00,00,00,27,ed,85,43,a2,20, 01,00,00,00,00,00,00 ,00,00,00,00,00,00,00,00,\
00,00,00,00,00,00,00,00,00,00, 00,31,34,35,30,34,00 ,00,00,00,00,00,00,ce,0e,\
00,00,12,42,15,a0,00,08,00,00, 87,01,00,00,00,00,00 ,00,00,00,00,00,00,00,00,\
00,00,00,00,00,00,00,00,00,00, 00,00,00,00,00,00,00 ,94,a2,b3,ac
"LicenseInfo"=hex:9e,bf,09,d0, 3a,76,a5,27,bb,f 2,da ,88,58,ce,58,e9,05,6b,0b,82,\
c3,74,ab,42,0d,fb,ee,c3,ea,57, d0,9d,67,a5,3d,6e,42 ,0d,60,c0,1a,70,24,46,16,\
0a,0a,ce,0d,b8,27,4a,46,53,f3, 17
3. ပြီးရင်နာမည်တစ်ခုပေးပြီးသိမ်းပါ. အရေးကြီးတာက extension ကို .reg နဲ့သိမ်းရမှာဖြစ်ပါတယ်ဥပမာ name.reg ပေါ့
4. ပြီးရင်သိမ်းထားတဲ့နေရာကိုသွားပြီး ကလစ်နှစ်ချက်နဲ့ဖွင့်ပါ comfirm တက်ရင် အိုကေလုပ်ပါ။

5. DONE!by HanWaiLinn-www.sayyoethe.blogspot.com



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )        www.htarwaiethar.blogspot.com

Friday, June 20, 2014

နည်းပညာ စာအုပ် ၁၀၀ ကျော်ဒေါင်းလု်ခ်ဆွဲနိုင်သော လင့်ခ်


























ကျွန်တော် နည်းပညာစာအုပ်တွေ အများကြီးကို ဒေါင်းလုပ်ခ်ရယူနိုင်သော လင့်ခ်လေးကို ဖေ့ဘုတ်မှာ တွေ့မိလို့ ဘလော့ဂ်မှာ ပြန်မျှဝေလိုက်မယ်ပါတယ်။

ကျွန်တော် အခုလော်လော်ဆယ် သွားကြည့်တာတော့ စာအုပ်ပေါင်း ၁၇၃ အုပ်တွေ့ပါတယ်။

Upload တင်သူကို အုန်းသာဖြစ်တယ်ဆိုတာလည်း သိလိုက်ရပါတယ်။

စာအုပ်တွေကို Google Drive မှာ တင်ပေးထားတာပါ။

လိုအပ်သူများ အောက်က လင့်ခ်က တစ်ဆင့် သွားရောက်လေ့လာ ဒေါင်းလုပ်ခ်ဆွဲနိုင်ပါတယ်ခင်ဗျာ။



Download Link    



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )        www.htarwaiethar.blogspot.com

Tuesday, April 29, 2014

Eject လုပ်ရတာ ခက်ခဲသော PC DVD Drive တွေကို အလွယ်ဖြေရှင်းရန်နည်းလမ်း
























တစ်ချို့တစ်ချို့သော PC DVD Drive တွေမှာပေါ့ဗျာ။

အခွေက အတော်ကို ထုတ်ရခက်တယ်ဗျ။

အသုံးပြုမှု နည်းနည်းကြာသွားသော စက်တွေကို ပြောပါတယ်။

အသစ်တွေမှာတော့ ဖြစ်လေ့မရှိပါဘူး။

ကျွန်တော် သိသလောက်တော့ အဲ့လိုမျိုး DVD Drive တွေကို အခွေထုတ်လို့ရအောင် သွားကြားထိုးတံ၊ သွားကြားထိုးတံလောက်ရှိတဲ့ သံချောင်း သေးသေးလေးနဲ့ DVD Drive က အပေါက်သေးသေးလေးမှာ ထိုးပြီး ဖွင့်လေ့ရှိတယ်ဗျ။

အဲ့လိုမျိုးဆိုတော့ ဖြင့် မလန်းသေးဘူးနော့်။

ကျွန်တော် နောက်တစ်မျိုး တွေ့မိတယ်ဗျ။

အဲ့လိုမျိုး DVD Drive တွေက သူ့ဆီကို အခွေ တစ်ခွေထည့်ပြီးသား ဖြစ်ရင် ပြန်ထုတ်တော့ လွယ်ကူနေတာမျိုးပါ။

ဒါနဲ့ ကျွန်တော်လည်း အစမ်း သဘောနဲ့ အခွေတစ်ခွေ ထည့်ထားပြီး စမ်းကြည့်တာ အတော်ကို အဆင်ပြေပါတယ်။


Eject လုပ်ရတာ ခက်ခဲသော DVD Drive တွေကို ပထမဆုံး နှစ်သက်ရာ အခွေ တစ်ခွေကို အမြဲတမ်းထည့်ထားလိုက်ခြင်းအားဖြင့် ကိုယ်လိုအပ်သော အချိန်တွင် နောက် တစ်ခွေကို ထည့်နိုင်တာကို တွေ့မိလို့ အားလုံးကို မျှဝေမိပါတယ်။

အလွယ်နည်းလေးပေါ့ဗျာ။

အခွေကို ထည့်ရခက်တယ်ဆိုရင် ပထမဆုံး သွားကြားထိုးတံလေးနဲ့ DVD Drive ကို Eject လုပ်၊ အဆင်ပြေရာ အခွေ တစ်ခွေကို ထည့်ထားလိုက်၊ အဲ့လိုဆို DVD Drive က ထုတ်ရတာလွယ်တယ်ဗျ။ အမြဲတမ်း သူ့ဆီမှာတော့ အခွေ တစ်ခွေထည့်ထားဖို့လိုတယ်။





Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com

Tuesday, April 8, 2014

'This Connection is Untrusted Error ဖြေရှင်းနည်း


















ကျွန်တော် ဒီနေ့တွေ့ခဲသော ပြဿနာ တစ်ခုပဲ ဖြစ်ပါတယ်။

ကွန်ပျူတာက အင်တာနက် ချိတ်လိုက်ရင် 'This Connection is Untrusted '' Error  ဆိုပြီး စာတန်းများပါသော ဘောက်စ်တစ်ခု ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဒါနဲ့ ကွန်ပျူတာကို သေသေချာချာ ပြန်စစ်တော့ အမယ် သူက ကွန်ပျူတာ အချိန်မမှန်လို့ ဖြစ်တာကို သိလိုက်ရပါတယ်။

ကျွန်တော် သွားကြည့်သော ကွန်ပျူတာက CMOS Battery အားကုန်သွားပြီး အချိန်တိုင်းတိုင်း ၂၀၀၂ ကို ရောက်နေတာတဲ့ဗျ။

ဒီတော့လာ ဘာမှလုပ်စရာ မလိုပါဘူး။ System Casin ကို ဖွင့်ပြီး CMOS Battery လေးလဲ နောက် အချိန်နာရီလေး ပြန်တိုက်လိုက်ရင် အိုကေသွားမှာပါ။

တကယ်က ကျွန်တော် တွေ့သော ကွန်ပျူတာက CMOS Battery အားကုန်လို့ဖြစ်တာပါ။ အားမကုန်လည်း ကွန်ပျူတာအချိန်နဲ့ အင်တာနက်က အချိန်နဲ့ ကိုက်ညီမှုမရှိပါကလည်း ဒီလိုမျိုး ပြဿနာတက်နိုင်ပါတယ်။

ဘာလို့လည်းဆိုတော့ အင်တာနက်မှာက နာရီက တိကျစွာလုပ်ဆောင်နိုင်တာ ဖြစ်ပြီး ကွန်ပျူတာကတော့ ကျွန်တော်တို့ဘာသာ ကြိုက်ရာ အချိန်တွေကို ပြောင်းလဲနိုင်တာပဲ ဖြစ်ပါတယ်။

သူတို့နှစ်ခုကြားမှာ ကွဲလွဲမှုတွေ ရှိလာရင်တော့ အခုလိုမျိုး ပြဿနာတက်လာပါတယ်။

အချိန်နာရီ ပြင်တာက လွယ်ပါတယ်။ Notification Area က နာရီတွေ ပြသော နေရာကို Right Click > Adjust Date and Time ကို ကလစ်ပြီး သာသာယာယာ အေးဆေး ပြင်လို့ရပါတယ်။

ကျွန်တော် တစ်ခုပြောဖို့ ကျန်ခဲ့တာက မြန်မာ Time Zone ဆိုရင် +6:30 Yangoon ဆိုတာလေးပါ။ သူ့ကို ပထမဆုံးပြင်ပြီးမှာ နာရီး၊ အချိန်တွေကို ပြင်သင့်ပါတယ်။




တကယ်လို့များ အချိန်တွေပြင်လည်း နောက်တစ်ခါ ကွန်ပျူတာ ဖွင့်တာနဲ့ အချိန်က ၂၀၀၂ လိုမျိုး ဖြစ်ရင်တော့ CMOS Battery အားကုန်သွားတာမျိုးဖြစ်တာမို့ ဘက်ထရီသာ ဝယ်ပြီးလဲလိုက်ပါနော့်။

ဘက်ထရီလို့သာ ပြောတာပါ ။ တကယ်က နာရီ ဓါတ်ခဲလောက်ပဲ ရှိတာပါ။ စျေးလည်း သိပ်မကြီးပါဘူး။


**  ကိုကိုဇော် ( BE-EC )

Saturday, March 22, 2014

Viber For PC Version 4.0.2.30 and မြန်မာစာ ဖြေရှင်းချက်





















ကဲ့ဗျာ ဒီတစ်ခါတော့ ကျွန်တော် အခုလော်လော်ဆယ် အသုံးပြုနေတဲ့ Viber PC Portable Version 4.0.2.30 လေးကို မျှလိုက်ပါတယ်။

Portable Version ဖြစ်တာမို့ USB Disk အပေါ်မှာလည်း သယ်ဆောင်သွားနိုင်ပါတယ်။

ဖိုင်ကတော့ EXE File တစ်ခုပဲ ရလာမှာပါ။

ဖိုင်ကို Run လိုက်ရင် ရိုးရိုးဆော့ဝဲလ်တွေ အင်စတောလုပ်သလိုမျိုး လုပ်ရမှာ ဖြစ်ပြီး ဆော့ဝဲလ်ကို သိမ်းဆည်းမည့်နေရာမှာ ကိုယ်ထားချင်သော ဉပမာ USB Stick လိုမျိုးမှာ ထားနိုင်ပါတယ်။

ဆော့ဝဲလ်ကို ဖန်တီး ပြီးသွားရင်တော့ ကိုယ်ထားသော နေရာလေးမှာ ViberPortable  ဆိုသော ဖိုလ်ဒါလေး ရလာမှာ ဖြစ်ပြီး Viber ကို အသုံးပြုချင်ပါ ViberPortable  ဖိုလ်ဒါအောက်က ViberPortable.exe File လေးကို Run ပေးရမှာ ဖြစ်ပါတယ်။

တကယ်က PC Version Viber ဆိုတာ ဖုန်းမှာ Viber တင်ပြီးသားရှိမှ အသုံးပြုလို့ရမှာပါ။

ဖုန်းက Viber ကို ကွန်ပျူတာမှာ ပွားယူတဲ့ သဘောပဲ ဖြစ်ပါတယ်။

PC Viber ကို Run လိုက်ရင် သင့်မှာ Viber Number ရှိလား မေးပါတယ်။ Yes ကို ကလစ်လုပ်ပြီး Viber ရှိပြီးသာ နံပါတ်ကို ရိုက်ထည့်လိုက်ပါ။ ပြီးရင်တော့ PC Viber မှာ ရိုက်ထည့်ရမည့် ကုဒ်ကို မူရင်း Viber တင်ပြီးသာ ဖုန်းကို ပို့ပေးပါတယ်။ အဲ့ဒီ ကုဒ်ကို PC Viber မှာ ရိုက်ထည့်လိုက်ပါက ကွန်ပျူတာမှာ Viber ကို အသုံးပြုလို့ရပါပြီ။


မြန်မာစာ ကိစ္စ..............

ဟုတ်ပါတယ်။ ကွန်ပျူတာ Viber မှာ မြန်မာစာ မူရင်း မရပါဘူး။

Developer တွေ ဖန်တီးထားသော Arial Zawgyi လေးကို အသုံးပြုပြီး မြန်မာစာရအောင် ဖန်တီးရမှာပါ။

ကျွန်တော် တင်ပေးထားသော ဖိုင်မှာ တစ်ခါတည်း ပါဝင်ပါတယ်။

Arial Zawgyi.ttf File လေးကို Double Click နဲ့ Run........

Install ကို ကလစ်လုပ်ပါ။ ဘာညာတွေ မေးလာပါက Yes သာ ကလစ်လုပ်လိုက်နော့်။

ပြီးရင် C:\Windows\Fonts Folder ထဲကို Arial Zawgyi.ttf  ဖိုင်လေး ကော်ပီလုပ်လိုက်။ ဘာညာမေးရင် Yes ပဲပေါ့။

ပိုသေချာအောင် Start > Control Panels > Fonts ထဲကိုပါ Arial Zawgyi.ttf ဖိုင်လေးကို ကူးပေးပါ။


အဲ့လိုလုပ်လိုက်ရင် မြန်မာစာ မှန်လားဆိုတော့ မမှန်ဘူးဗျ။

Restart ချလိုက်ရင်တော့ ရမယ်ပေါ့။ အဲ့ဒါလည်း မရနိုင်ပါဘူး။ တစ်ဆင့် ကျန်သေးတယ်ဗျ။

Viber က စက်အစမှာ အော်တို အလုပ်လုပ်နေတာမို့ မြန်မာစာကို မမှန်ုနိုင်ဘူးဖြစ်နေတက်ပါတယ်။

ကျွန်တော် ပြောသလိုမျိုး မြန်မာစာ ဖောင့်တွေ ထည့်ပြီးပါက

Keyboard Command >>>> Win+R Run Box ကို ခေါ်ယူပါ။ အဲ့ဒီမှာ msconfig လို့ရိုက်ထည့် Enter ခေါက်။ Startup ကို တစ်ချက် ကလစ်လိုက်ပါ။ Viber လေးကို ရှာကြည့်ပါ။ Startup မှာ Run မှာမို့ သူ့ဘေးမှာ အမှန်ခြစ်လေးရှိနေမှာပါ။ အဲ့ဒီ အမှန်ခြစ်လေးကို ဖြုတ်လိုက်ပါ။ Apply , OK ပေါ့ဗျာ။

ပြီးရင်တော့ ကွန်ပျူတာကို Restart ချလိုက်ပါ။ ကွန်ပျူတာ ပြန်တက်လာပါက PC Viber လေးမှာ မြန်မာလို မြင်ရ၊ စာများ ရိုက်နိုင်သော အနေအထားကို တွေ့နိုင်ပါတယ်။

ကွန်တော် ပြောသလိုမျိုး Startup မှာ Run ခိုင်းထားလို့ကတော့ မြန်မာဖောင့် ထည့်ထားပေမဲ့ မြန်မာလို မမြင်နိုင်ပါဘူး။

ကဲ့ လိုချင်သူများ Viber PC Portable and Myanmar Font ကို အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

ဖိုင်ဆိုဒ်က 30 MB ကျော်ရှိပါတယ်။


Download  



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Thursday, February 27, 2014

Wikipedia ကို Offline မှာ ဖတ်ကြည့်နိုင်သော နည်းလမ်း ၅ မျိုး



















ကျွန်တော် ဒီနေ့တော Wiki ကို Offilne မှာ ဖတ်ကြည့်နိုင်သော နည်းလမ်းလေးကို ကိုဂူဂယ်လ်မှာ ရှာဖွေမိတာလေးကို မိတ်ဆွေတို့ အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်။

Wikipedia ဆိုတာတော့ တကယ့်ကို စွယ်စုံကျမ်းကြီးပေါ့ဗျာ။

မသိဘူးဆိုတာ မရှိဘူးလို့တောင် တင်စာရမဲ့ နေရာ တစ်ခုပဲ ဖြစ်ပါတယ်။

တစ်ခုခုကိုများ သိချင်ရင် Wiki မှာ ပဲ ရှာဖွေမိပါတယ်။



နည်းလမ်းငါးမျိုးက

၁) All of Wikipedia


All of Wikipedia ကို iOS Device တွေမှာ အသုံးပြုနိုင်မှာပါ။

ကျွန်တော်ဆိုရင်တော့ အသုံးပြုလို့ဘယ်ရမလဲနော့်။

နောက်ဆုံး Update Wiki Page ကို  " All of Wikipedia " ဆော့ဝဲလ်လေးကို iOS စနစ်သုံး iPhone လေးမှာ ထည့်သွင့်ထားရင်တော့ အချိန် သုံး၊လေး နာရီအချိန်ပေးပြီး ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

ဖရီးတော့ရမှာ မဟုတ်ပါဘူး။

စျေးက 8.99 $

All of Wikipedia ကို Apple iTune Store  http://itunes.apple.com/us/app/allofwiki-offline/id364878448?mt=8   မှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။


၂) WikiPock

WikiPock ဆိုတဲ့ ဆော့ဝဲလ်ကတော့ iPhone မဟုတ်သော Android, Blackberry, Windows Mobile, and Symbian devices စသော စက်တွေမှာ အသုံးပြုနိုင်ပါတယ်။

ဖရီးရတဲ့ဗားရှင်း မဟုတ်ပါဘူး။

စျေးက $9.99  ကျသင့်မှာပါ။

သူ့ကိုတော့ WikiPock ရဲ့ Official Website ဖြစ်တဲ့ http://www.wikipock.com/  မှာ သွားရောက်လေ့လာနိုင်ပါတယ်။


၃) Offline Wiki

Offline Wiki  ဆိုတာကတော့ Chrome Extension တစ်ခုပဲ ဖြစ်ပါတယ်။

အဲ့ဒီ Offline Wiki Chrome Extension လေးကို Google Chrome Web Browser မှာ ထည့်သွင်းထားပါက Wikipedia Page တွေကို ဒေါင်းလုပ်ခ်ရယူပြီး Google Chrome Browser မှာ ပြန်လည် ဖတ်ကြည့်နိုင်သော စတိုင်လ်ပါပဲ။

ဖရီးရရှိနိုင်ပါတယ်။

လိုအပ်ချက်က ကွန်ပျူတာမှာ Google Chrome ရှိရပါမယ်။

https://chrome.google.com/webstore/detail/oehajijgnimplajibelflobkdfggmnka   မှာ သွားရောက်လေ့လာနိုင်ပါတယ်။


၄) Kiwix

Kiwix ကို ကျွန်တော် အသုံးပြုဖူးပါတယ်။

သူကတော့ လုံးဝကို Offline Reader တစ်ခုပဲ ဖြစ်ပါတယ်။

Wikipedia DVD Disc တစ်ခုအနေနဲ့ ထုတ်ဝေပါတယ်။

ဖိုင်ဆိုဒ်ကလည်း မနည်းပါဘူး။

ဗားရှင်း အမျိုးမျိုးနဲ့ ထုတ်ဝေပါတယ်။

နောက်ဆုံးဗားရှင်းကို အသုံးပြုရင်တော့ Update တွေပဲ ဖြစ်မှာပါ။

ဗားရှင်းအဟောင်းကို အသုံးပြုလည်း Software ကနေပြီး Update ပြုလုပ်နိုင်ပါတယ်။

Windows , Linux and Mac OS တွေအတွက် သီးသန့် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

ဆော့ဝဲလ်ကို ဖရီးရရှိနိုင်ပါတယ်။

http://www.kiwix.org/index.php/Main_Page/en   မှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။ အခုဆိုရင် မြန်မာဗားရှင်းတောင် ရှိနေပါပြီ။

မြန်မာဗားရှင်ကို မြန်မာယူနီကုဒ်ကို အသုံးပြုထားတာမို့ ကွန်ပျူတာမှာ မြန်မာယူနီကုဒ်ဖောင့် တစ်ခုခုရှိမှ ဖတ်နိုင်မှာပါ။


၅) Wiki Offline

Wiki Offline ဆော့ဝဲလ်ကတော့ Apple Mac OS သုံး Desktop တွေအတွက် ရည်ရွယ်ပါတယ်။

Wikipedia ကို ပုံတွေနှင့် တကွ မူရင်းအတိုင်း မြင်နိုင်မှာ ဖြစ်ပြီး၊ ဖောင့်စတိုင်လ်တွေကိုလည်း ကိုယ်ဘာသာ စိတ်ကြိုက်ပြုပြင်နိုင်သော Features တွေပါဝင်တယ်လို့ သိရပါတယ်။

ဆော့ဝဲလ်ကို $9.99 နဲ့ ရယူနိုင်ပါတယ်။

http://itunes.apple.com/us/app//id412286226?mt=12   မှာ သွားရောက်လေ့လာနိုင်ပါတယ်။


http://thenextweb.com   မှ ဖော်ပြချက်ကို ဘာသာ ပြန်ပေးထားတာ ဖြစ်ပါတယ်။

Ceadit to http://thenextweb.com


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Friday, January 17, 2014

Windows နှင့် Office များကို အလွယ်တကူ Update လုပ်မယ်

















ကဲ့ ဒီတစ်ခါတော့ အလန်းဇယားပဲဗျ။

ကျွန်တော်တို့ အသုံးပြုနေတဲ့ Windows OS XP, 7 , 8 , 8.1 and Sever OS , Office 2007 , 2010 and etc စတာတွေကို လိုင်စင်ဗားရှင်းမဟုတ်ပေမဲ့ Update လုပ်လို့ရပါပြီတဲ့ဗျ။

ဆော့ဝဲလ်တစ်ခုရယ်၊ အင်တာနက်ပဲ လိုပါတယ်။


ဘာလို့ Update လုပ်ရတာလဲ?

အဖြေက ရှင်းပါတယ်။ ဆော့ဝဲလ်ပါဆိုမှ Bug တွေကတော့ ရှိတာပဲဗျ။ သို့သော်လည်း ကိုယ်က ဆော့ဝဲလ်ကို အမြဲလိုလို Update လုပ်နိုင်ရင်တော့ Bug တွေက နည်းသထက်နည်းတာပေါ့။

နောက် ကိုယ့်ကွန်ပျူတာက အမြဲလိုလို လန်းဆန်းနေတာပေါ့ဗျာ။ ( အကျဉ်းလေးပဲ ပြောသွားတာနော့်။ )


အရင်က ဘာလို့ Update လုပ်လို့မရတာလဲ?

ကိုယ်က ဝင်းဒိုးစ်ဆော့ဝဲလ်တွေကို ပိုက်ဆံပေးဝယ်ထားရင်တော့ ဒီအဖြေက ဖြေစရာလိုမယ်မထင်ပါဘူး။

ဘာလို့လဲဆိုတော့ ကိုယ့်ဝင်းဒိုးစ်က လိုင်စင်ဗားရှင်းဆိုရင်တော့ အလွယ်တကူ အွန်လိုင်းနဲ့ချိတ်ဆက်ပြီး တိုက်ရိုက် Update လုပ်နိုင်ပါတယ်။

အော်တိုတောင်ရသေးတယ်ဗျ။

Update လုပ်ရတာက လွယ်လို့။ Start > Control Panel > Windows Update မှာ Update ဆိုတာလေးကို ကလစ်တစ်ချက်နှိပ်လိုက်ရုံပါပဲ။

အဲ့ ကိုယ့်ဝင်းဒိုစ်းက လိုင်စင်မဟုတ်ပဲ အဲ့လို Update လုပ်ကြည့်လိုက်။ Windows Genuine ဆိုပြီး Desktop မှာ ပေါ်လာပြီး စကရင် အမည်းကြီး ဖြစ်သွားရော်။

Windows Genuine Problem ဖြစ်တယ်ပေါ့ဗျာ။

တကယ်က Microsoft ကနေပြီး ကျွန်တော်တို့ ခိုးသုံးတာ သိသွားလို့ Genuine Version ပြောင်းဖို့ သတိပေးတာ ဖြစ်ပါတယ်။


ကဲ့ ဒီလောက်ဆိုရင် သိသင့်သလောက် သိလောက်ပါပြီ။

ကျွန်တော်ပေးမဲ့ဆော့ဝဲလ်က wsusoffline  တဲ့ဗျ။

http://download.wsusoffline.net/   မှာ ဖရီးသွားမနိုင်ပါတယ်။

သူ့က Windows OS , Office တို့သာမက Windows Defender , MSE Update တွေကိုပါ Update လုပ်ပေးနိုင်ပါတယ်။

အသုံးပြုရတာလည်း မခက်ပါဘူး။

ရလာသော ဖိုင်က ZIP နဲ့ရပါတယ်။

ဖိုင်က ပြန်ဖြေပေးရပါတယ်။ Win RAR , Win Zip , 7Z ကြိုက်ရာနဲ့သာ ဖိုင်ကို ဖြေလိုက်ပါ။

wsusoffline  ဆိုသော ဖိုဒါလ်တစ်ခု ထွက်လာပါတယ်။

အဲ့ဒီဖိုဒါလ်မှာ UpdateGenerator.exe လေးကို Double Click နဲ့ Run လိုက်ပါ။

ကိုယ် Update လုပ်ချင်တာတွေကို အမှန်ခြစ်ပေးပြီး Start Buttom လေးကို ကလစ်လိုက်ရုံပါပဲ။

ဖိုင်ဆိုဒ်က  2MB နီးနီးရှိပါတယ်။


Download  



<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogpsot.com

Saturday, December 14, 2013

USB Drive Write Protect ပြဿနာကို ဖြေရှင်းမယ်



















USB Stick , SD Card စသော Flash Drive မှာ ဖြစ်လေ့ဖြစ်ထရှိသော Write Protect ပြဿနာလေးကို ဖြေရှင်းရအောင်။

ဖြေရှင်းနည်းတွေကတော့ အများကြီးရှိပါတယ်။

အခု ကျွန်တော်ရှယ်မည့်နည်းလေးကတော့ ဆော့ဝဲလ်လေးတစ်ခုကို ကွန်ပျူတာ Run ပြီး ဖြေရှင်းခိုင်းသော နည်းလေးပဲ ဖြစ်ပါတယ်။

mUSBfixer  ဆိုသော ဆော့ဝဲလ်လေးပဲ ဖြစ်ပါတယ်။

ဆော့ဝဲလ်က ဖရီးဗားရှင်းပါ။

အသုံးပြုရလွယ်ကူပါတယ်။

ဖိုင်ဆိုဒ်က 500 KB လောက်ပဲ ရှိပါတယ်။


လင့်ခ်နှစ်ခုပေးထားပါတယ်ခင်ဗျား။

တစ်ခုက Softpedia က လင့်ခ်ဖြစ်ပြီး တစ်ခုကတော့ ကျွန်တော် ပြန်တင်ပေးထားသော လင့်ခ်ပဲ ဖြစ်ပါတယ်။

ကြိုက်နှစ်သက်ရာ လင့်ခ်ကနေပြီး ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။


Direct Download Link  

My Download Linl  



**  ကိုကိုဇော် ( BE-EC )