Showing posts with label (m) မြန်မာဘာသာ မြန်မာဖောင့်ဆိုင်ရာများ. Show all posts
Showing posts with label (m) မြန်မာဘာသာ မြန်မာဖောင့်ဆိုင်ရာများ. Show all posts

Wednesday, August 26, 2015

Myanmar Unicode Area Facebook Group




















Myanmar Unicode ကို အသုံးပြုပြီး ဖေ့ဘုတ်မှာ မေးမြန်းနိုင်သော ဖေ့ဘုတ်ဂရု့လေးတစ်ခုကို ကျွန်တော်မျှပေးလိုက်ပါတယ်။

ယူနီကုဒ်နှင့်ပက်သက်ပြီး မရှင်းတာများ မေးမြန်ချင်တာမျိုးဖြစ်ဖြစ်၊ အကူညီတောင်တာမျိုးပဲ ဖြစ်ဖြစ်၊ လေ့လာစရာ၊ မှတ်သားစရာ နောက် ကိုယ်တိုင် မျှဝေစရာများကို လုပ်ဆောင်နိုင်မှာပါ။

လေ့လာလိုသူများ သွားရောက်လေ့လာနိုင်ပါပြီ။


https://www.facebook.com/groups/mmUnicode/



Posted By

<<  Zaw Lay  >>

Ko Ko Zaw ( BE-EC )         www.htarwaiethar.org

Saturday, August 15, 2015

မြန်မာယူနီကုဒ် အသုံးပြုနည်း ( www.mysteryzillion.org )
















မြန်မာယူနီကုဒ် အသုံးပြုထားသော မြန်မာနည်းပညာ ဖိုရမ် www.mysteryzillion.org က မြန်မာယူနီကုဒ် အသုံးပြုနည်းစာအုပ်လေးကို ကျွန်တော် မြန်မာယူနီကုဒ်ကို အသုံးပြုလိုသော သူများအတွက် တင်ပေးလိုက်ပါတယ်။

စာအုပ်က ဖိုရမ်မှာလည်း တိုက်ရိုက်ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

အခုက ကျွန်တော် ဒေါင်းလုပ်ခ်ချပြီး ပြန်တင်ပေးထားတာလေးပါ။

ကျွန်တော်လည်း မြန်မာယူနီကုဒ်အသုံးပြုနည်းလေးတွေကို သိသလောက်တော့ ဘလော့မှာ ရေးထားပါတယ်။

သို့သော်လည်း အခုက ကျွန်တော်ထက်အများကြီး ဝါရင့်သော အစ်ကိုယ်များက လမ်းညွန်ချက်များမို့ ပြန်ညွန့်ကာ ဖိုင်လေးကို မျှပေးလိုက်ပါတယ်။

ဖိုင်ဆိုဒ် နည်းပါတယ်။ 1.5 MB လောက်ပဲ ရှိပါတယ်။

အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

Download 


**  ကိုကိုဇော် ( BE-EC )

Tuesday, January 20, 2015

ဇော်ဂျီ၊ ယူနီကုဒ်ဖောင့်နှစ်ခုလုံး အဆင်ပြေပြေဖတ်နိုင်သော ပြည်ထောင်စုဖောင့်



























ဇော်ဂျီ၊ ယူနီကုဒ်ဖောင့်နှစ်ခုလုံး အဆင်ပြေပြေဖတ်နိုင်သော ပြည်ထောင်စုဖောင့်


ကဲ့ ကွန်ပျူတာသမားများအတွက် ဖောင့်အလန်းလေးပါ။

အွန်လိုင်းမှာ ဇော်ဂျီ၊ ယူနီ တိုင်ပတ်နေသူများအတွက် အဆင်ပြေသွားပါပြီ။

အခု ကျွန်တော်မျှပေးမဲ့ ပြည်ထောင်စုဖောင့်လေးကို ကွန်ပျူတာမှာ ထည့်သွင်းလိုက်ရုံနဲ့ ဇော်ဂျီ၊ယူနီ ဖောင်နှစ်ခုလုံးကို အဆင်ပြေပြေ ဖတ်နိုင်ပြီ ဖြစ်ပါတယ်။


ဒေါင်းလုပ်ခ်ရယူနိုင်ပါပြီခင်ဗျား။


Download  


Posted By

<< Zaw Lay  >>

Ko Ko Zaw ( BE-EC )        www.htarwaiethar.org

ဘလော့ဂ်မှာ မိခင်မြန်မာဘာသာမှ နိုင်ငံခြားဘာသာ အလွယ်မြင်နိုင်ပါပြီ။























Google Translator မှာ မြန်မာဘာသာ ပါလာပြီနော့်။

ဒါကြောင့်လည်း ကျွန်တော်တို့လို မြန်မာယူနီကုဒ်အသုံးပြုသူများ ဘလော့ဂ်မှာ မြန်မာဘာသာမှ နိုင်ငံခြားဘာသာ ပေါင်းစုံကို Google Translator လေးတပ်ဆင်ပြီး ပြောင်းလဲ အသုံးပြုနိုင်ပါပြီ။

ကဲ့ မြန်မာဘာသာမှ နိုင်ငံခြားဘာသာကို တိုက်ရိုက်ပြောင်းကြည့်ချင်တယ်ဆိုရင်တော့ ကိုယ့်ဘလော့ဂ်က မြန်မာယူနီကုဒ်စံကို အသုံးပြုသော ဖောင့်တစ်ခုခုကို အသုံးပြုဖို့ လိုပါတယ်နော့်။

ဇော်ဂျီအသုံးပြုတယ် မြန်မာယူနီကုဒ်ပြောင်းချင်တယ်ဆိုရင်တော့

http://www.htarwaiethar.org/2013/04/blog-post_19.html   မှာ သွားရောက်လေ့လာနိုင်ပါတယ်။


Unicode Font Embed လုပ်ချင်တယ်ဆိုရင်တော့ http://www.htarwaiethar.org/2013/05/blogger-font-embed.html , http://www.htarwaiethar.org/2013/09/myanmar-unicode-font-embed-android.html and http://www.htarwaiethar.org/2013/09/custom-font-embed_4359.html  စသော လင့်ခ်များမှာ လေ့လာနိုင်ပါတယ်။


-  Blogger Singin ဝင်ရောက်ပါ ။

-  Dashboard  ကို သွားပါ ။

-  Layout ကို ကလစ်ပါ ။

- ကြိုက်နှစ်သက်ရာ နေရာမှာ Add Gadget ကို ရွေးပါ ။

- Gadget ထဲမှာ Add Html/ Java Script ဆိုတာကို ရွေးပေးပါ ။


အောက်ကကုဒ်လေးတွေ ကူးထည့်ပါ ။

<div id="google_translate_element"></div><script type="text/javascript">
function googleTranslateElementInit() {
  new google.translate.TranslateElement({pageLanguage: 'en', multilanguagePage: true}, 'google_translate_element');
}
</script><script type="text/javascript" src="//translate.google.com/translate_a/element.js?cb=googleTranslateElementInit"></script>


နောက်ပြီး Save ပေါ့ဗျာ ။


အဆင်ပြေပါစေနော့်။



Posted By

<< Zaw Lay  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.org

Wednesday, December 31, 2014

Uni MM Patcher 2 & 3 Samsung Galaxy Series






















Uni MM 3 is Finalizing now...
Use For
Zawgyi Build-in Samsung Devices
FinalSolution installed Devices
Lollipop Fixed for Samsung Devices
After install any Custom Roms
Many more


UniMM 3 ( Samsung Original Fonts ) Download

 http://www.mediafire.com/download/a15rvj5q4bck42c/UniMM+3.zip






Custom Recovery ( cwm or twrp ) install
Android 4.4.2 to 5.0.1
For Pure Unicode only System

For Android 4.3


http://www.mediafire.com/download/vagi7wiw58m1ecr/UniMM+Patcher+2.zip







Credit- Ko Aung Thura ( MMUG )

Aung Khaing ( MMAS )

http://www.myanmarmobileapp.com



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )          www.htarwaiethar.org

Friday, December 12, 2014

Google Translator မှာ မြန်မာစာနစ်ပါဝင်လာပြီ
























ကျွန်တော်ဖေ့ဘုတ်မှာ ဒီနေ့ရှိုးကြည့်လိုက်တာ အားပါးပါး Google Translator မှာ မြန်မာစာရနေပြီဆိုပဲ။

ကျွန်တော်လည်းပဲ ချက်ခြင်းပဲ သွားရောက်စမ်းသပ်လိုက်တာ။ ဟုတ်ပဗျာ။ မြန်မာစာကို နိုင်ငံခြားစကားပြောင်းလို့ရသလို နိုင်ငံခြားဘာသာကိုလည်း မြန်မာစာကို ပြောင်းလို့ရနေပြီဗျ။

ယူနီကုဒ်စနစ်ကို အသုံးပြုပြီး ကျွန်တော် စာတွေကို ပြောင်းကြည့်တာတော့ အားလုံးအမှားယွင်းကင်းပါတယ်။ ဇော်ဂျီဖောင့်လည်း အသုံးပြုလို့ ရတယ်ဆိုပေမဲ့ ဘာသာပြန်တဲ့အခါ အနည်းငယ်လွဲမှားနေတာမျိုးတွေ့ရပါတယ်။

ကဲ့ဘယ်လိုပဲဖြစ်ဖြစ် စမ်းသပ်လိုက်ပေါ့ဗျာ။

https://translate.google.com/


Google Chrome Browser နဲ့ဆို ပိုပြီးလန်းပါတယ်။

Firefox မှာဆိုရင်တော့ PlugIn ပေါင်းထည့်ပြီးလည်း အသုံးပြုနိုင်မှာပါ။ 


Browser ကနေဆိုရင်တော့ ကြိုက်တဲ့ Device ကနေပြီးကြည့်နိုင်ပါတယ်။




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )             www.htarwaiethar.org

Wednesday, October 8, 2014

Unicode Website စာရင်းမှာ HTAR WAIE THAR ကျွန်တော့်ဘလော့ဂ် တရားဝင်ပါရှိလာပါပြီ။






















ကဲ့ အခုပို့စ်လေးကတော့ ဘာရယ်မဟုတ်ပါဘူး။

ကျွန်တော့်ဘလော့ဂ်ယူနီကုဒ်ဝက်ဆိုဒ်စာရင်းမှာ တရားဝင်ပါလာတာကို ကြွားတာပေါ့နော့်။

ကျွန်တော် Summit လုပ်ပြီး ဘယ်နေ့ပါမလဲဆိုတာ စောင့်နေတာကြာပါပြီ။

နောက် အဲ့လင့်ကို ဝင်မကြည့်တာလည်း နည်းနည်းကြာသွားပါပြီ။

မှတ်မှတ်ရရ အခုမှ ဝင်ကြည့်လိုက်တာ ကျွန်တော့်ဘလော့ဂ်လေး စာရင်းပါသွားတဲ့အတွက် အများကြီး ဝမ်းသာမိပါတယ်ဗျာ။

လင့်ခ်အနေနဲ့

http://www.myanmarlanguage.org/unicode-websites


မှာ သွားကြည့်နိုင်ပါတယ်နော့်။

မိတ်ဆွေလည်း ဘလော့ဂ် (သို့) ဝက်ဆိုဒ်ကို ယူနီကုဒ်နဲ့ ရေးတဲ့လူဖြစ်ရင် ကျွန်တော်ပြထားသော လင့်မှာသွားပြီး စာရင်းသွင်းနိုင်ပါတယ်။

ယူနီကုဒ်သမားတွေက အတော်ကို နည်းပါးသေးတယ်ဗျ။

ယုံကြည်ချက်နဲ့ ရှေ့ဆက်လျှောက်ရမှာပေါ့။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )                   www.htarwaiethar.org

Tuesday, October 7, 2014

Unicodeနဲ့​ရေး​တဲ့ zero wikipedia ကို ဇော်ဂျီ ဖော​င့်​သုံး ဖုန်း​တွေ​မှာ မှန်ကန်စွာ​ကြည့်​ဖို့



























ကျွန်တော်တို့ Telenor ဆင်းကဒ်တွေမှာ ပေးထားတဲ့ zero wikipedia ကို ဒီတိုင်း Browser ကနေသုံးမယ်ဆို unicode နဲ့ရေးထားတဲ့အတွက် ဇော်ဂျီ သုံးတဲ့ ကျွန်တော်တို့ဖုန်းတွေမှာ အဆင်ပြေစွာမြင်ရမှာမဟုတ်ဘဲ ပုံအတိုင်း တလွဲတွေပဲမြင်ရမှာဖြစ်ပါတယ်။ နောင်တစ်ချိန်ချိန်မှာ ယူနီကုဒ် ပြောင်းကြမှာဖြစ်ပေမယ့် ခုလောလောဆယ်တော့ ဇော်ဂျီ သာအသုံးပြုကြတာမို့ firefox addon လေးနဲ့ အဆင်ပြေစွာသုံးနိုင်မှာဖြစ်ပါတယ်။ သာမန်သုံးသူတွေ မသိသေးကြတာမို့ ရေးသားလိုက်ပါတယ်။
Browser က တော့ Firefox ပေါ့နော်။ ဒီလင့်  ကိုနှိပ်ဒေါင်းလိုက်ပါ ။
Add on ကတော့အများသိတဲ့အတိုင်း ကိုစေတန်ဂေါ့ရဲ့  Tagu addonဖြစ်ပါတယ် zawgyi နဲ့ unicode ကို auto detact လုပ်ပေးပါတယ်။
         add on သွင်းမယ်ဆို firefox မှာ setting > Tool >add on>Browse all firefox Add-ons  အတိုင်းသွားပြီး search box မှာ Tagu လို့ရိုက်ထည့်လိုက်ပါ။

add on လေးပေါ်လာရင် Add to Firefox ကိုနှိပ်ပါ

ခနစောင့်ပြီးဘောက်တစ်ခုတက်လာရင် install ကိုနှိပ်ပေးလိုက်ပါ။
ပြီး​ရင် Firefox ကို restart သို့မဟုတ် zero wikipedia page ကို Reload လုပ်​ပေးလိုက်​ရင် အောက်​ပါ​အတိုင်း
ဖော​င့်​များ​ကို မှန်ကန်စွာ​မြင်​ရ​ပါ​ပြီ။
နည်း​တွေ​ကတော့​အများ​ကြီး​ပေါ့နော် အဆင်​ပြေ​တာ​လေး​ရေး​လိုက်တာ​ပါ။ဒီ addonလေး​သွင်း​ပြီး​ရင် တခြား ယူ​နီ​ကုဒ်​ဆို​ဒ်​တွေ​လည်း​ကြည့်​နိုင်​ပါ​ပြီ။  အမှားပါ​သွား​ရင် Sorry ပါ


written by Hanwailinn
www.facebook.com/hanwailinn.hanwailinn
www.sayyoethe.blogspot.com


ကိုဝင်းဘလော့ဂ်မှာတွေ့မိလို့ ကျွန်တော်မလာတာပါ။ မူရင်းအတိုင်း ပြန်မျှလိုက်ပါတယ်။ အခုလိုမျိုး Add On သွင်းပြီး ကြည့်တဲ့နည်းလမ်းကို ကွန်ပျူတာသုံး Firefox Browser တွေမှာလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )            www.htarwaiethar.org

Sunday, February 23, 2014

Chrome နဲ့ မြန်မာစာ

















Google Chrome Up to Date Version မှာ zawgyi font နှင့် မြန်မာစာ ရေးနိုင်ဖတ်နိုင်တဲ့ နည်းလမ်းလေးကို ကျွန်တော် Update လုပ်ပေးလိုက်ပါတယ်။

ဒီပို့စ်လေးကို ကျွန်တော် တင်ပေးထားတာ ကြာပါပြီ။ 20/12/2012 ကရေးထားတာပါ။ ဒီနေ့မှ ပြန်ပြီး Update လုပ်ပေးလိုက်ပါတယ်။

အရင်ကတော့ Google Chrome ကို သိပ်မသုံးကြပါဘူး။ အခု နောက်ပိုင်းမှာ အသုံးပြုသူများပြားလာပြီး ဇော်ဂျီဖောင့်ကို မမြင်ရတာတို့ ရေးလို့မရတာတို့အတွက် ကျွန်တော် သိသော နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

ကျွန်တော်က နိုင်ငံခြားဆိုဒ်တစ်ခုက တင်ထားတာလေးကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။


တကယ်က Google Chrome Web Browser က နောက်ပိုင်းထုတ်ဗားရှင်းတွေက လုံးဝကို ယူနီကုဒ်ကို ထောက်ပံ့ပေးထားပါတယ်။

မိတ်ဆွေတို့စက်မှာ မြန်မာယူနီကုဒ်ဖောင့်မရှိလည်း မြန်မာယူနီကုဒ်ဖောင့်ဖြင့်ရေးသားထားသော ဘလော့ဂ်ဝက်ဆိုဒ်တွေကို ဖတ်ရှု့နိုင်တာကို ကျွန်တော်စမ်းသပ်အသုံးပြုပြီးပါပြီ။

ကျွန်တော် စမ်းသပ်ထားသော Google Chrome Version က 30 Beta ပဲ ဖြစ်ပါတယ်။

အခု နောက်ဆုံးဗားရှင်းက ၃၃ ပဲ ဖြစ်ပါတယ်။

ဘယ်ဗားရှင်းမှာ မဆို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် အခုဖော်ပြပေးမယ့်နည်းလမ်းက Custom Font ကို ဖော်ပြပေးသော နည်းလမ်းတစ်ခု ဖြစ်လို့ပါပဲ။


မိတ်ဆွေတို့ ကြိုက်နှစ်သက်ရာ Custom Font ကို Google Chrome မှာ ဖော်ပြနိုင်ပါတယ်။


ပြုလုပ်ရမည့်နည်းလေးက

C: {Hardisk} >> Users{Folders}>> (yourPCuser name){Folders}>> AppData>> Local>> Google>> Chrome>> User Data>> Default>> User StyleSheets  Folder အဆင့်ဆင့်သွားပြီး User StyleSheet Folder အောက်က Custom.css File လေးမှာ အောက်က ကုဒ်လေးတွေ ထည့်သွင်းပေးလိုက်ရုံပါပဲ။

* , html, body, div,p {font-family:Zawgyi-One !important;}

ပြဿနာတစ်ခုက AppData Folder က Hidden ဖြစ်နေပါတယ်။ ဒါကြောင့် ပထမဆုံး AppData Folder ကို မြင်ရဖို့အတွက် Folder Options မှာ Show Hidden Files or Folders ကို ကလစ်လုပ်ပေးရပါမယ်။


Start >> Control Panel >>  Folder Options >> View ဆိုတာလေးကို ကလစ်လုပ်ပါ။ အလယ်လောက်မှာ Show Hidden Files or Filders ဆိုတာလေးကို ကလစ်တစ်ချက်နှိပ်ပါ။ ပြီးရင် Apply, OK ပေါ့နော်။



အပေါ်မှာ ဖော်ပြခဲ့တဲ့အတိုင်း


C: {Hardisk} >> Users{Folders}>> (yourPCuser name){Folders}>> AppData>> Local>> Google>> Chrome>> User Data>> Default>> User StyleSheets  Folder အဆင့်ဆင့်သွားပြီး User StyleSheet Folder အောက်က Custom.css File လေးမှာ အောက်က ကုဒ်လေးတွေ ထည့်သွင်းပေးလိုက်ရုံပါပဲ။

* , html, body, div,p {font-family:Zawgyi-One !important;}

Custom.css File လေးကို ဖွင့်လိုမပွင့်ပါက Custom.css > Right Click > Open With > Note Pad နှင့်ဖွင့်ပါနော်။


မူရင်းဖော်ပြချက် က

OK, you need to unhide the hidden folders first. Control Panel>>Folder Options>>View{Tab}>> click on Show Hidden Files or Folders. Now you may see the hidden files and folders. After that, go to C: {Hardisk} >> Users{Folders}>> (yourPCuser name){Folders}>> AppData>> Local>> Google>> Chrome>> User Data>> Default>> User StyleSheets.

Once you see Custom.css file in User StyleSheets{Folder}, right click (Choose OpenWith)>> Notepad.

Then type copy and paste this:

* , html, body, div,p {font-family:Zawgyi-One !important;}



အဆင်ပြေပါစေနော်။




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com


Wednesday, January 1, 2014

Skype မှာ မြန်မာလို ရေးဖတ် လို့ရအောင်
















 ဇင်: Skype မှာ မြန်မာ Font ထည့်ချင်လို့ပါ ဘယ်လိုထည့်ရမှန်းမသိလို့ တင်ထားတာရှိရင်လည်း Link လေးပေးပါလား အကို ကျေးဇူးပါ...။

ကွန်ပျူတာက Skype မှာ မြန်မာလို ရေးလို့ / ဖတ်လို့ ရအောင် Setting ချိန်နည်းလေးပါ.. မသိသေးတဲ့ သူငယ်ချင်းများ အတွက် မျှဝေပေးလိုက်ပါတယ်.. Skype မရှိသေးလို့ လိုချင်တဲ့ သူငယ်ချင်းများကတော့ ဒီနေရာက တဆင့် နောက်ဆုံး Version ကို ဒေါင်းယူနိုင်ကြပါတယ်.. (Offline Installer) ပါ...။

ပြုလုပ်နည်းကတော...
ပုံလေးတွေကြည့်ပြီး နံပါတ်လေးတွေ အတိုင်း အစဉ်လိုက် လုပ်ပေးသွားရုံပါပဲ....
Tool ကို Click ပါ... ကျန်တာတွေ အားလုံးကိုတော့ အစဉ်လိုက်လုပ်ပေးသွားပါခင်မျာ... (ပုံတွေ သေးလို့ ရှင်းရှင်း လင်းလင် မမြင်ရဘူးဆိုရင် ပုံပေါ်ကို Click လိုက်ပါ)






















Source ::  http://www.winkabarkyaw.net


**  Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com 

မြန်မာယူနီကုဒ် နှင့် မြန်မာဝက်ဆိုက်များ အနာဂတ် (အင်တာဗျူး အပိုင်း - ၂)

















မြန်မာဘာသာနဲ့ ရေးထားတဲ့ အင်တာနက် စာမျက်နှာများကို လေ့လာကြည့်ရာမှာ မြန်မာသရီးဖောင့်ကို သုံးထားတဲ့
ကိုသင်ကာ ( ) ကို ကျွန်မတို့လောကအလှ မှ သိလိုသည်များကို မေးမြန်းခဲ့ပါတယ်။

ကိုသင်ကာရဲ့ ဘလော့ဂ်မှာ မြန်မာသရီး ဖောင့်ကို သုံးထားတာကိုတွေ့ရပါတယ်။ တခြား အင်တာနက်စာမျက်နှာတွေမှာ ဇော်ဂျီဖောင့်ကို သုံးထားကြတော့ ကိုသင်ကာက ဘာကြောင့် မြန်မာသရီးဖောင့်ကို သုံးတာပါလဲ သိပါရစေ။

- ဖောင့်ကိစ္စအထစ်အငေါ့လေးတွေ လေ့လာရာကနေ ဇော်ဂျီဖောင့် ဘယ်ကိုသွားနေလဲ၊ အနာဂတ် အွန်လိုင်း စာလုံးသုံးစွဲရေး၊ ကွန်ပျူတာ (သို့) အွန်လိုင်းမှာ နိုင်ငံတကာ အသိအမှတ်ပြု ဖောင့်နဲ့ သိမ်းဆည်းနိုင်၊ ရပ်တည်နိုင်ရေး စတာတွေ ဆက်စပ်တွေးမိလာတယ်။ Solveware Solution က စိတ်ရှည်လက်ရှည် ရှင်းပြတဲ့ ကိုငွေထွန်း၊ ကျွန်တော့့်ရဲ့ စိတ်ဝင်စားမှုကို ပိုပြီး ကျယ်ပြန့်လာစေတဲ့ မြန်မာစာဆရာကြီး ဂွျန်အိုကဲ၊ IT Pro ဖိုရမ်မှာ ဖတ်ရတဲ့ ဆွေးနွေးချက်တွေကနေသိတဲ့ ဗဟုသုတ၊ နောက်ဆုံး ကိုမှော်ဆရာရဲ့ ယူနီကုဒ် မြင်းရိုင်းနှင့် ဘိုင်နရီ ခေတ်လွန် မြန်မာစာ ယဉ်ကျေးမှု () စာတမ်းတို့က ဘလော့ဂ်မှာ မြန်မာယူနီကုဒ်ဖောင့်ကို ပြောင်းရေးဖို့ တွန်းအားဖြစ်ခဲ့ပါတယ်။

ယူနီကုဒ်ဖောင့်နဲ့ ပြောင်းရေးပြီးနောက် လာရောက်လည်ပတ်သူများရဲ့ တုန့်ပြန်မှုကရော….

- ဒီဇင်ဘာ ၂၆ ကနေ ပီပီပြင်ပြင်စပြီးတော့ ယူနီကုဒ်နဲ့ ရေးတယ်။ လာရောက် လည်ပတ် ဖတ်ရှုသူ ၆၀ ရာခိုင်နှုန်းလောက်က ယူနီကုဒ်ဖောင့်ကို လိုလိုချင်ချင်ပဲ ထည့်ကြတယ်။ အသုံးများကြတာ မြန်မာသရီးပါ။ ၁၅ ရာခိုင်နှုန်းလောက်ကတော့ မကျေနပ်ချင်ဘူး ထင်ပါတယ်။ ကျန်တဲ့သူတွေကတော့ ဖတ်မရတော့ မဖတ်ဘူးဆိုပြီး လှည့်ပြန်သွားပုံရတယ်။ Hit Counter နဲ့ ဘလော့ဂ် ကိန်းညွှန်းကို ကြည့်ပြီး ခန့်မှန်းပြောရတာပါ။ ဒီနေ့မနက် ဘလော်ဂါတစ်ယောက်ကတော့ မေးလ်ပို့ပါတယ်။ သူလည်း ယူနီကုဒ်နဲ့ ပြောင်းရေးတော့မယ်လို့ ဆိုလာပါတယ်။ ကြိုဆိုလိုက်ပါတယ်။

ဖတ်မရတဲ့သူတွေက အကူအညီတောင်းတာ နည်းပညာမေးတာမျိုး ရှိ မရှိ သိပါရစေ။

- ရှိပါတယ်။ ဖောင့်သွင်းဖို့၊ မသွင်းချင်ရင်တော့ ကွန်ဗက်တာ ထည့်ကြဖို့ အကြံပေးပါတယ်။ ကျနော့် ဆိုဒ်ဘားမှာ လင့်ခ်တွေ ပေးထားပါတယ်။ အစပိုင်းမှာ ကျနော် သေချာ မရှင်းပြတတ်ဘူး။ ကိုမှော်ဆရာက စနစ်တကျလေး ယူနီကုဒ်ဒေါင်းလုဒ် ဘလောဂ်လေး () လုပ်ပေးထားတာတွေ့တော့ အဲဒါပဲ အခု ညွှန်းနေတယ်။ တော်တော် ကောင်းတဲ့ ဖောင့် ဘလော့ဂ်လေးပါ။

မြန်မာဘာသာကို အသုံးပြုတဲ့ website တွေမှာ ဘယ်မြန်မာဖောင့်ကို သုံးရင် အဆင်ပြေဆုံး ဖြစ်ပါမလဲဆိုတာ သုံးသပ်ပေးပါလား။

-ယူနီကုဒ်စနစ်ကိုလိုက်နာတဲ့ ဖောင့်တွေ ရှိပါတယ်။ ရွေးချယ်နိုင်ကြပါတယ်။ နောက်ဆုံးအဖြစ် ယူနီကုဒ် ၅.၁ ကိုလိုက်နာတဲ့ ဖောင့်တွေလည်း ထွက်လာပြီ။ ဖောင့်ပုံစံအချိုးအစားက အကြိုက်တစ်မျိုးစီ ရှိကြမယ် ထင်တယ်။ ကျွန်တော််ကတော့ မြန်မာသရီးဖောင့်ကို လှတယ်ထင်တယ်။ ဒါပေမယ့် ဆိုဒ် ၁၂ ဆို သိပ်သေးတော့ ၁၃ နဲ့ ရေးတယ်။ ဘီဘီစီမြန်မာပိုင်းမှတော့ မြန်မာဝမ်းနဲ့ သုံးထားတာ တွေ့ရတယ်။ မြန်မာသရီးထွက်နေတာ သူတို့သိရသားနဲ့ ဘာလို့ မသုံးလဲ မသိဘူး။ မိုးမခကလည်း ပြောင်းသုံးမယ်လို့ ပြောနေတာ ကြားရတယ်။

ဇော်ဂျီဖောင့်အလားအလာနဲ့ မြန်မာယူနီကုဒ်ရဲ့ အစမ်းသပ်ခံနိုင်မှု အပေါ် အမြင်ကို ပြောပြပေးပါလား။

- ဇော်ဂျီဖောင့်ကို လတ်တလော ပစ်ပယ်လိုက်လို့ မရသေးဘူးထင်ပါတယ်။ ဇော်ဂျီဖောင့်ကို ထွင်ခဲ့တာ သစ်မရခင် ဝါးပေါင်းကွပ်ဖို့ပါလို့ ဆိုတယ်လို့ ကြားဖူးတယ်။ လက်ရှိ ထွင်ပြီးသား ယူနီကုဒ်ဖောင့်တွေ သုံးကြဖို့ တိုက်တွန်းတာ တွေ့ရသလို၊ ဇော်ဂျီသံယောဇဉ် အမျှင်တန်းသူတွေ အဆင်ပြေဖို့ ဇော်ဂျီဖောင့်ကို ယူနီကုဒ်စနစ်ဘက် လိုက်နာ ပြောင်းလဲဖို့ အကြံပြုသူတွေလည်း တွေ့ရတယ်။ အဆင်ပြေနိုင်တယ် မပြေနိုင်ဘူးဆိုတာတော့ ကျွန်တော်လည်း လက်လှမ်းမမီဘူး။

ဇော်ဂျီယူနီကုဒ်ဆိုပြီး ထွက်လာပေမယ့် တဝက်လောက်ပဲ စံလိုက်နာသေးတဲ့ Semi Unicode လို့ ကိုမှော်ဆရာပြောထားတာ ဖတ်ရပါတယ်။ လောလောဆယ် ယူနီကုဒ် ၅.၁ ဖောင့်တွေဟာ Perfect မဖြစ်သေးဘူးလို့ ထောက်ပြတာလည်း တွေ့ရတယ်။ ဟုတ်နိုင်ပါတယ်။ ကျွန်တော့့် အမြင်ကတော့ သုံးစွဲသူတွေရဲ့ အဆင်ပြေ မပြေ ဆိုတာတွေကို ပြန်ချင့်ပြီး သူတို့နည်းပညာပိုင်းက ဖြည့်ဆည်းပေးဖို့ ကြိုးပမ်းပေးရမယ့် ကိစ္စလို့ မြင်တယ်။ လုံးဝ ပြည့်စုံကောင်းမွန်မှ သုံးမယ်ဆိုရင်တော့ ကိုယ့်နိုင်ငံ ကိုယ့်ပညာရှင် ကိုယ့်ရန်ပုံငွေ အနေအထားတွေအရ အလိုက်မသိရာ ရောက်မလားပဲ။

ကိုမှော်ဆရာက သူ့စာတမ်းမှာ ထောက်ပြသလိုပါပဲ၊ ဇော်ဂျီနဲ့နှစ်ပါးသွားလို့ မှားတဲ့ အမှားဟာ ယူနီကုဒ်နဲ့ ဖြစ်မိတဲ့ အမှားထက်တော့ ပိုဆိုးမှာ သေချာပါတယ်။ မြန်မာစာအတွက် ယူနီကုဒ်သတ်မှတ်ပေးတာ ခုဆို ဆယ်နှစ်လောက်ရှိပြီပြောတယ်။ ခုမှ ဒီအခြေအနေရောက်တယ်။ တိုင်းရင်းသားဘာသာစကားတွေကို ကုဒ်ရေးနေတုန်းလို့ သိရပါတယ်။

ယူနီကုဒ် ဖောင့်နဲ့ မြန်မာဘလော့ဂ် အနာဂတ်အပေါ် အမြင်ကရော။

- ပြီးခဲ့တဲ့ ၂ လမှာ ယူနီကုဒ်ကို ကလိရင်း အတော်ကြီး ဒုက္ခများသလို၊ ရသွားတဲ့အခါ အတော်ကြီးလည်း သဘောကျမိပါတယ်။ ကျွန်တော််က ကိုငွေထွန်းကို ၂၀၀၉ ဟာ ယူနီကုဒ် ဘလော့ဂင်း တော်လှန်ရေးဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ သူက ယူနီကုဒ်တွင်ကျယ်ဖို့မှာ ဘလော်ဂါတွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါတယ်လို့ မြင်ခဲ့တဲ့သူပါ။ တတ်သိတဲ့ ပညာရှင်တွေက ထုတ်ဖော်ဆွေးနွေးပြလို့ ယူနီကုဒ်နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အယူအဆတွေ (ဥပမာ - ယူနီကုဒ်ဖောင့်ထည့်ရင် စက်ထဲမှာ အကုန်ဒုက္ခရောက်တယ်ဆိုတာမျိုး) လည်း လျော့ပါးလာပါတယ်။ ကိုမှော်ဆရာလို ရှင်းလင်း နှိုင်းယှဉ်ပြမယ့် စာတမ်းမျိုးပေါ်လာတာ အချိန်အခါသင့်ပဲလို့ ထင်ပါတယ်။ မဟုတ်ရင် ကျွန်တော််လို နည်းပညာပိုင်းရှင်းမပြနိုင်တဲ့ ဘလော်ဂါတွေဟာ စတန့်ထွင်တယ်ဆိုပြီး အဆဲခံရဖို့ ရှိနိုင်ပါတယ်။

ကျွန်တော် ယူနီကုဒ်ကို သဘောကျတာ ရိုက်ရတာ သိပ်စမတ်ကျလွန်းလို့ပါ။ ကျွန်တော်လို စာရိုက်မကျင်လည် ၊ ကီးတွေ အကုန်မသိတဲ့သူအဖို့ အလွန်အဆင်ပြေတယ်။ နောက်တစ်ခုတွေးမိတာက ယူနီကုဒ်စနစ်ဟာ ကိုယ်မြန်မာစာရေးနေတုန်း အထားအသို စာလုံးပေါင်း မှားယွင်းတာ (ဝလုံးနဲ့ သုည၊ ဥ နဲ့ ညကလေး) စတာတွေကို ရိုက်နေရင်း သိနိုင်တာပါပဲ။ ဒီစနစ်ဟာ မြန်မာစာကို စိတ်ပျက်စရာကောင်းလောက်အောင် စုတ်ပြတ်သတ်ထွက်အောင် ရေးချင်သလိုရေးနေကြတဲ့ ဘလော်ဂါတွေအတွက် လက်ကို ကီးဘုတ်က ထိန်းကွပ်ပေးနိုင်လိမ့်မယ် မျှော်လင့်တယ်။ ကဲ…မကောင်းဘူးလား။

ယူနီကုဒ် ဘလော့ဂင်းနဲ့ ပတ်သက်ပြီး နောက်ထပ်ပြောချင်တာ ရှိရင် ပြောပါဦး။

- အိမ်နီးချင်းနိုင်ငံတွေတောင် ယူနီကုဒ်စနစ်တွေ သုံးနေတာတွေ့တော့ ကိုယ်လည်း ကိုယ့်ဘာသာစကားကို ဖြစ်စေချင်တယ်။ ယူနီကုဒ် မသုံးတာနဲ့ ပတ်သက်လို့ အများသုံးသပ်ပြောဆိုနေကြတဲ့ မြန်မာတွေက အသစ်ကို လက်ခံရမှာ နှောင့်နှေးလို့၊ အကျင့်ရနေတာကို မှားနေပစေ လက်မလွှတ်ချင်လို့ စတဲ့ တိကျရေရာမှုမရှိတဲ့ စွဲချက်တွေကို လက်မခံပါဘူး။ အဓိကက အင်ဖော်မေးရှင်းပါပဲ။ ကိုယ့်ပါးစပ်ထဲ လာမခွံ့ရင် ကိုယ့်လက်နဲ့ ကိုယ်ယူစားရမှာပေါ့။

အိမ်နီးချင်းနိုင်ငံက လူငယ်တွေထက် ကျွန်တော််တို့ မြန်မာလူငယ်တွေက ပိုပြီး ကိုယ့်အားကိုယ််ကိုးရတယ်၊ ကြိုစားရတယ်။ သိလာရင် လူဆိုတာ အပြောင်းအလဲ လုပ်ချင်တာပါပဲ။ အဲဒီတော့ ယူနီကုဒ်နဲ့ ပတ်သက်လို့ NLP လို သုတေသနအဖွဲ့တွေကလည်း ပညာရှင်အချင်းချင်းနားလည်နိုင်မှာမျိုးအပြင် သာမန်လူတွေ နားလည်နိုင်လောက်တဲ့ အဆင့်အထိ အင်ဖော်မေးရှင်းပေး၊ သုံးစွဲသူတွေကလည်း တစ်ခုမကောင်းတာနဲ့ အကုန်ပုံချမယ့် အကျင့်မလုပ်ဘဲ အင်ဖော်မေးရှင်းကို စုံအောင်လေ့လာပြီးမှ ဆုံးဖြတ်ဆိုရင် အတော်ကြီးခရီးရောက်နိုင်စရာရှိပါတယ်။ အခုတောင် လမ်းစပေါ် ရောက်နေပြီ ထင်ပါတယ်။

ယူနီကုဒ်ဟာ စမတ်ကျတယ်၊ လက်ကွက်ပိုနည်းပြီး ပိုလွယ်တယ်ဆိုပေမယ့် သူ့ရဲ့ လက်ကွက်သဘောကို နားလည်အောင် ခဏလောက် အရင် လေ့လာဖို့လိုပါတယ်။ ကျွန်တော််ကတော့ ဖောင့်ရော ကီးဘုတ်ပါ အင်စတောလုပ်ပြီး ရှိရှိသမျှ ကီးဘုတ်တွေကို သူ့ချည်းသက်သက် တစ်ကြိမ်၊ Shift ခံပြီးတစ်ကြိမ်၊ Ctrl+Alt+Shift နဲ့ တစ်ကြိမ် သုံးမျိုး အကြိမ်ကြိမ် ရိုက်ကြည့်တယ်။ အဆုံးမသတ်ခင် တစ်ခု ပြောပါရစေ။ ယူနီကုဒ်နဲ့ ဘလော့ဂ်စရေးတာ ကျွန်တော် မဟုတ်ပါဘူး၊ မောင်ရစ်နဲ့ ကိုခက်ထန်တို့က ကျွန်တော့်ထက် အရင်ကျပါတယ်။ ကိုမှော်ဆရာနဲ့ ကျွန်တော််နဲ့က တပြိုင်တည်းလောက်ကျမယ် ထင်ပါတယ်။ နောက်ဆုံး မပြောမဖြစ်ပြောရမှာက ကျွန်တော်တို့ဟာ ယူနီကုဒ်ကောင်းကြောင်းနဲ့ ဇော်ဂျီဖောင့် သိပ်မစွံကြောင်းကို ဇော်ဂျီဖောင့်သုံးပြီး ပြောနေကြရသေးတယ် ဆိုတာပါပဲ…။ ဝတ္ထုထဲကစကားနဲ့ ရွှတ်နောက်နောက်ပြောရရင် “ကံကြမ္မာ၏ သရော်ချက်”လို့ပဲ ဆိုပါတော့ဗျာ…။

အခုလို စိတ်ရှည် လက်ရှည် ဖြေကြားပေးတဲ့ ကိုသင်ကာကို ကျွန်မတို့ လောကအလှမှ ကျေးဇူးတင်ပါတယ် ရှင်။

Source ::  http://mmfontconvert.blogspot.com/


**  Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Monday, December 30, 2013

မြန်မာယူနီကုဒ်နှင့် မြန်မာဝက်ဆိုက်များ အနာဂတ် (အင်တာဗျူး)
















မြန်မာဘာသာဖြင့်ရေးသားသော အင်တာနက်စာမျက်နှာများကို လေ့လာကြည့်ရတာတွင် ကိုမှော်ဆရာ ( ) ၏ ဘလော့ဂ်မှာ မြန်မာသရီးဖောင့်ဖြင့်ရေးသားသည်ကိုတွေ့ရသဖြင့် ဘလော့ဂ်ရေးသားသော ကိုမှော်ဆရာနဲ့ ကျွန်မတို့လောကအလှတို့ စကားပြောဖြစ်ခဲ့ကြပါတယ်။ လောကအလှမှ သိလိုသည်များကို မေးမြန်းပြီး ကိုမှော်ဆရာက ဖြေကြားသွားပေးခဲ့ပါတယ်။

ကိုမှော်ဆရာရဲ့ ဘလော့ဂ်မှာ မြန်မာသရီး ဖောင့်ကို သုံးထားတာကိုတွေ့ရပါတယ်။ တခြား အင်တာနက်စာမျက်နှာတွေမှာ ဇော်ဂျီဖောင့်ကို သုံးထားကြတော့ ကိုမှော်ဆရာက ဘာကြောင့် မြန်မာသရီးဖောင့်ကို သုံးတာပါလဲ သိပါရစေ။

>> ဒီဟာက သိပ်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဂရုတစိုက်ဖြေမှ ရမယ့် မေးခွန်းမျိုးပါ။အမှန်တော့ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော် “ယူနီကုဒ် နှင့် မြန်မာစာ ယဉ်ကျေးမှု” ဆိုတဲ့ စာတမ်းမှာ အပြည့်အစုံ ဖြေပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် စာတမ်းကို မဖတ်ရှုရသေးသူတွေ အနေနဲ့ရော ဒီစာတမ်း တစ်ခုလုံးရဲ့ အဓိက ဦးတည်ချက်နှင့် ရည်ရွယ်ချက် ကိုပါ ခြုံငုံမိအောင် တတ်နိုင်သမျှ အကျဉ်းချုံးပြီး ကျွန်တော် ကြိုးစား ဖြေကြည့်ပါ့မယ်။

(၁) လူအားလုံး ဇော်ဂျီဖောင့်ထ် သုံးနေချိန်မှာ မြန်မာသရီးကို ကျွန်တော်သုံးကြည့်ဖို့ ကြိုးစားတာဟာ သူ့ရဲ့ စံနှုန်းကိုက် ဖြစ်တည်မှု (လက်ရှိ ကမ္ဘာ စံပြုအဖွဲ့အစည်း တစ်ခုက လက်ခံ သတ်မှတ်ထားတဲ့ စံနှုန်းကိုက်ခြင်း ကိုဆိုလိုပါတယ်) ကို နေရာပေး၊ အသိအမှတ်ပြုဖို့ ကြိုးစားခြင်း ဖြစ်သလို အဲဒီ စံနှုန်းကိုက် ဖြစ်တည်မှုက တဆင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကို အနာဂတ် အတွက် ကြိုတင် ရင်းနှီးမြှပ်နှံခြင်း လို့လည်း ဆိုနိုင်ပါတယ်။

(၂) နောက် တစ်ချက်ကိုတော့ ဥပမာ တစ်ခုနှင့် နှိုင်းယှဉ်စဉ်းစားပြီး ပြောလိုပါတယ်။ ဥပမာ တစ်ခုအနေနဲ့ အရက်ကြိုက်တဲ့ လူတစ်ယောက် အရက်စွဲတဲ့ ဝေဒနာ အပြင်၊ အစာအိမ်ဝေဒနာ ကိုပါ နှစ်ရှည်လများ ခံစားနေရသူ တစ်ဦးရှိသည်ဟု ဆိုပါစို့။ သူအရက် ကိုသောက်လာသည်ကလည်း အတော်ကြာနေပြီ၊ အဟာရဖြစ်မည့် အစားအစာ ကို အဟာရဖြစ်လောက်ရုံမျှပင် မစားသည်အထိ အရက်ကို ကြိုက်တတ်၏။ ကြာတော့ ထိုလူ့ အတွက် အရက်ကပင် အဟာရ ဖြစ်လာသည်။ နောက်ပိုင်း ထိုအရက်ကြောင့် ပင် အစာအိမ် ရောဂါ ဆိုသော ဝေဒနာ တစ်ခုပါ ထပ်တိုးလာသည်။ လတ်တလော အနေဖြင့်တော့ သူခံစားနေရသော ဝေဒနာတွေ အတွက် အရက်က အကောင်းဆုံးနှင့် အဆင်ပြေဆုံး ဆေးဝါး တစ်ခုဖြစ်သည်။ အရက်တစ်ခွက် သောက်လိုက်ရုံဖြင့် ဝေဒနာ အားလုံး သက်သာသည့် နည်းတူ လူလည်း လန်းလန်းဆန်းဆန်း ၊ တက်တက်ကြွကြွ နှင့် မြင်ရသမျှ လူတို့က ရောဂါသည် တစ်ဦးဟုပင် မထင်မှတ်စရာ ဖြစ်နေသည်။ သို့သော် လတ်တလော အတွက် အကောင်းဆုံး ဖြေဆေးဟု ထင်မှတ်ထားသော အရက်ကပင် သူ့အသက်ကို တစ်ဖြည်းဖြည်း ဇီဝိန်ချွေနေသည့် သေဆေး အဖြစ်သို့ ရောက်ရောက် လာနေသည်ကိုတော့ သူ့ကိုယ်သူလည်း သတိထားမိလာသည်။ ထိုအခြေအနေမှာ သူ့အတွက် လတ်တလော အကောင်းဆုံး ဖြေဆေး တစ်ခုဖြစ်တဲ့ အရက်ကိုပဲ ဆက်သောက်မည်လား၊ ဒါမမဟုတ် တစ်ကယ့်ကို ထိထိရောက်ရောက် ကိုယ့်ဝေဒနာတွေကို သက်သာပျောက် ကင်း စေမယ့် အစားအစာ နဲ့ ဆေးဝါးမျိုးတွေကို ပြောင်းလဲမှီဝဲ သုံးစွဲမည်လား ဆိုသည်ကိုတော့ သူဆုံးဖြတ်ရတော့မည် ဖြစ်သည်။
အထက်က ဥပမာ အရပြောရရင် ကျွန်တော် မြန်မာ-၃ ကိုသုံးတာဟာ ဖြေဆေး အစစ်ကို ရှာကြည့်ဖို့ ကြိုးစား ကြည့်တာပါ လို့လည်း ပြောလို့ရပါတယ်။

(၃) မြန်မာ-၃ ကိုပြောင်းသုံးခြင်းဖြင့် ကျွန်တော့် အတွက် အခက်အခဲ၊ အကြပ်အတည်း ကြီးကြီးမားမား တွေနဲ့ တွေ့လာရနိုင်တယ် ဆိုတာ ကျွန်တော် သိပြီးသားဖြစ်ပါတယ်။ ပထမဆုံး အချက်ကတော့ ကျွန်တော့်ဘလော့ဂ်ရဲ့ မများလှတဲ့ စာဖတ်ပရိတ်သတ် အနည်းငယ်ဟာ ဘလော့ဂ်ကို ဖတ်မရခြင်း ဆိုတဲ့ အခက်အခဲနဲ့ ပထမဆုံး ရင်ဆိုင်ရမယ် ဆိုတာပါပဲ။ နောက်တစ်ချက်ကတော့ ကျွန်တော်ကိုယ်တိုင် မြန်မာ-၃ ကိုပြောင်းသုံးပေမယ့် လည်း ဇော်ဂျီကို လုံးလုံးလျားလျား မပစ်ပယ်နိုင်သေးသည့် နည်းတူ သူ့ရဲ့ သြဇာ၊ အရှိန်အဝါနဲ့ ကျေးဇူးတွေဟာ ကျန်တဲ့ အားလုံးသော ဝက်ဘ်စာမျက်နှာတွေပေါ်မှာပါ တည်ရှိနေဆဲ ဖြစ်တဲ့ အတွက် ဇော်ဂျီကိုပါ မဖြစ်မနေ တွဲသုံးဖို့ လိုအပ်တဲ့ အနေအထား တစ်ခုကို ဖြစ်လာစေပါတယ်။ အဲဒီလို အစစအရာရာ နှင့် အခြေအနေအတော်များများမှာ ဇော်ဂျီကိုပဲ ရှေ့တန်းတင် သုံးတဲ့ အနေအထား တစ်ခုကနေ ဘလော့ဂ် ဆိုတဲ့ နယ်ပယ်မှာတော့ စံနှုန်းကိုက် ယူနီကုဒ် ဖောင့်ထ်တစ်ခု ဖြစ်တဲ့ မြန်မာ-၃ ကိုတော့ ဦးစားပေး-၁ အနေနဲ့ စမ်းသုံးကြည့်ဖို့ စတင်ကြိုးစားခြင်း လို့လည်း ပြောနိုင်ပါတယ်။

(၄) နောက်ဆုံး အချက်အနေနဲ့ကတော့ အခု ဇော်ဂျီသည်လည်း ယူနီကုဒ် စံနှုန်းကိုက် မဟုတ်သည့်တိုင် ပေါ်စကတည်းက အနယ်နယ် အရပ်ရပ်ရှိ အသုံးပြုသူတွေထံမှ Feedback အမျိုးမျိုးကို လက်ခံရရှိခဲ့ပြီး အဲဒီ့ အချက်တွေအရပဲ နောက်ထပ် ဗားရှင်း အသစ်တွေကို ဖြည့်စွက် ပြင်ဆင်မှုတွေ လုပ်ခဲ့ကြတယ် လို့ သိရှိမှတ်သား မိပါတယ်။ အခု ကျွန်တော်တို့ ယူနီကုဒ် စံနှုန်းကိုက် လို့ ဆိုတဲ့ မြန်မာ-၃ ဖောင့်ထ် မှာရော ဘာလိုအပ်ချက်တွေရှိ တယ်၊ ဘာတွေ ထည့်သွင်းဖို့ လိုနေတယ်၊ ဘယ်လို အားနည်းချက်တွေ ရှိတယ် ဆိုတာကို တစ်ကယ် လက်တွေ့ ထဲထဲဝင်ဝင် မသုံးကြည့်ပဲ အဆင်မပြေဘူး၊ မကောင်းဘူး၊ မှားနေတယ်၊ ဖောင့်ထွက် မလှဘူး. လို့ ပြောနေမယ့် အစား မကောင်းဘူး ဆိုရင်လည်း ဘာတွေ မကောင်းတာလဲ၊ မှားနေတယ် ဆိုရင် ဘာတွေမှားနေတာလဲ၊ အဆင်မပြေဘူး ဆိုတာ ဘာတွေ အဆင်မပြေတာလည်း စသဖြင့် အခြေအနေအားလုံး အတွက် အမျိုးမျိုးဖြစ်နိုင်တဲ့ အားနည်းချက်၊ လိုအပ်မှုတွေကို တိတိကျကျလေး ဖြစ်လာနိုင်အောင် စမ်းသပ် အဖြေရှာ သုံးစွဲ ကြည့်ခြင်း ဖြစ်သလို၊ အနာဂတ်မှာ အများပြည်သူနဲ့ အနီးစပ်ဆုံး ယူနီကုဒ်ဖောင့် တစ်ခုဖြစ်လာနိုင်တဲ့ ဒီဖောင့်ထ် ကို ယခုကတည်းက ကျယ်ကျယ်ပြန့်ပြန့် စတင်သုံးစွဲကြပြီး လူအမျိုးမျိုးထံက အမြင် အမျိုးမျိုး၊ မှတ်ချက် အမျိုးမျိုး ရရှိလာခြင်း ဖြင့် အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့၊ User Friendly ဖြစ်တဲ့ ဗားရှင်းတွေ ထွက်လာနိုင်ရေး တစ်ဖက်တစ်လမး်က ကူညီကြည့်ကြဖို့ ကြိုးစားကြည့်ခြင်း လို့လဲ ပြောနိုင်ပါတယ်။

ခုကြားနေရတာတွေပေမဲ့။ ဖိုင်းရားဖောက်စ် ဗားရှင်းအသစ် သုံးတဲ့သူတွေက ဇော်ဂျီဖောင့်ကို အင်စတောမလုပ်ဘဲ မမြင်ရဘူးလို့ ဆိုပါတယ်။ အဲဒါ ဟုတ်ပါသလား သိပါရစေ။
>> ကျွန်တော် ယူဆတာကတော့ အဲဒီ အခြေအနေဟာ တစ်ချို့ အတွက် မှန်ပြီး တစ်ချို့အတွက်တော့ မှားလိမ့်မယ် လို့ ထင်ပါတယ်။ ဆိုလိုတာကတော့ ဒါဟာ ဖတ်ရှုတဲ့ (မြန်မာ) ဘလော့ဂ် ရဲ့ Coding (CSS) အပိုင်းမှာ အများကြီး မှီတည်ပါလိမ့်မယ်။ အကယ်၍ မိမိဖတ်ရှုတဲ့ ဘလော့ဂ်ဟာ ဘလော့ဂ်ရဲ့ CSS (Cascading Style Sheets) လို့ ခေါ်တဲ့ အသွင်အပြင်နေရာ ချထားမှု၊ ခေါင်းစဉ်၊ ခေါင်းစဉ်လေး၊ စာကိုယ်စတာတွေမှာ EOT (Embedded Open Type File) လို့ခေါ်တဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီထုတ် Web Embedding Fonts Tool (WEFT) နဲ့ ZawgyiOne Font ကို Embedded Font File ပြုလုပ်ပြီး သုံးစွဲထားမယ် ဆိုရင်တော့ ဖိုင်းရားဖောက်စ် ဗားရှင်း အသစ်ဖြစ်စေ၊ အဟောင်းဖြစ်စေ၊ ဇော်ဂျီကို အင်စတောလ် လုပ်ထားသည်ဖြစ်စေ၊ မလုပ်ထားသည် ဖြစ်စေ အားလုံး အဆင်ပြေပြေ မြင်ရပါလိမ့်မယ်။ သဘောကတော့ ဒီ ဇော်ဂျီဖောင့်ထ်ကို Embedded လုပ်ထားတဲ့ ဝဘ်စာမျက်နှာ ကိုယ်တိုင်က သူသုံးမယ့် ဖောင့်ထ်ကို သူကိုယ်တိုင် ပုံသေအဖြစ် သတ်မှတ် ထားလိုက် လို့ဖြစ်ပါတယ်။ အကယ်၍ မိမိကြည့်ရှုလိုတဲ့ ဘလော့ဂ် သို့မဟုတ် ဝဘ်စာမျက်နှာက Embedded လုပ်ထားတဲ့ ဖောင့်ထ် တစ်မျိုးမျိုး ကို မသုံးစွဲထားပဲ သာမန်အတိုင်းပဲ ရေးပြီး ဝဘ်ပေါ်ကို တင်ထားတာ မျိုး ဆိုရင်တော့ အဲဒီ ဝဘ်စာမျက်နှာကို ဖတ်ရှုဖို့ မိမိစက်ထဲမှာ သူသုံးထားတဲ့ ဖောင့်ထ် အမျိုးအစား မရှိပဲ အဆင်ပြေပြေ မြင်ရဖို့ မဖြစ်နိုင်ပါဘူး။ ဒီ အခြေအနေဟာလည်း အထူးသဖြင့် မြန်မာ ဘာသာနဲ့ ရေးတဲ့ ဝဘ်ဆိုဒ်တွေအတွက် ရင်ဆိုင် နေရတဲ့ ပြဿနာ တစ်ခုပါပဲ။ ယူနီကုဒ် စံနှုန်းကိုက် မြန်မာဖောင့်ထ်များ မရှိသေးခြင်း တွေရဲ့ အကျိုးဆက်တွေလို့ ပြောလို့ရပါမယ်။ အကယ်၍ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ မြန်မာ ဖောင့်ထ်များ အားလုံးသာ စံသတ်မှတ်ချက် တစ်ခုတည်းအောက်မှာ ထုတ်လုပ်ခဲ့ကြတာ ဆိုရင် ဒီပြဿနာ ကြုံလာဖို့ လုံးဝ မရှိပါဘူး။ ဆိုလိုတာကတော့ အဲဒီလို စံနှုန်းကိုက် ဖောင့်ထ်များ ဖြစ်ကြောင်းမှန်ရင် မိမိ စက်ထဲမှာ မြန်မာသရီးပဲ ရှိရှိ၊ ဇော်ဂျီပဲ ရှိရှိ၊ ပိတောက်ပဲ ရှိရှိ၊ မိုင်မြန်မာပဲရှိရှိ ကြိုက်ရာ မြန်မာဖောင့်ထ် တစ်ခုရှိရုံနဲ့ အဲဒီဝဘ်စာမျက်နှာကို ဖတ်ရှုနိုင်ရမှာ ဖြစ်ပါတယ်။ စံနှုန်း သတ်မှတ်ချက် တစ်ခုတည်းအောက်မှာ ထုတ်လုပ်ခဲ့ကြတာ ဖြစ်တဲ့ အတွက် တစ်ခုမရှိရင် နောက်တစ်ခုက အလိုအလျောက် နေရာယူ အစားထိုး ပြသ ပေးသွားပါလိမ့်မယ်။ ဒီ့ထက် ပိုတိုးတက်တဲ့ အခြေအနေမှာ ဆိုရင်တော့ မိမိစက်ထဲမှာ ယူနီကုဒ် စနစ်အောက်မှာ ထုတ်လုပ်ထားတဲ့ မည်သည့် ယူနီကုဒ် ဖောင့် (En, Ru, Cn, Jp, ..etc) အမျိုးအစား မဆို တစ်ခုရှိရုံနဲ့ ယူနီကုဒ်နဲ့ ရေးသားထားတဲ့ မြန်မာဝဘ်စာမျက်နှာတွေကို အလွယ်တစ်ကူ ဖတ်ရှုနိုင်မှာပါ။ ဘယ်လိုပဲ ဖြစ်ပါစေ. စံနှုန်းကိုက် ဖောင့်ထ် တစ်ခုကို မသုံးနိုင်သေးတဲ့ ကျွန်တော်တို့အနေနဲ့ ကိုယ်ဖတ်ချင်တဲ့ မြန်မာ ဝဘ်စာမျက်နှာကို အဆင်ပြေပြေနှင့် အကောင်းဆုံး ဖတ်ရှုဖို့ အတွက် အဲဒီ ဝဘ်စာမျက်နှာမှာ သုံးထားတဲ့ ဖောင့်အမျိုးအစားကိုို မိမိစက်ထဲ သေချာပေါက် ထည့်သွင်းပြီးမှ ဖတ်ရှုခြင်းကသာ အကောင်းဆုံးနှင့် အဆင်အပြေဆုံး ဖြစ်နိုင်ပါကြောင်း ဖြေကြား လိုပါတယ်။ နောက် လိုအပ်ခဲ့ရင် မိမိ အသုံးပြုတဲ့ ဘရောက်ဇာတွေရဲ့ View နှင့် Options တွေမှာလည်း Font နှင့် Encoding Method တွေကို ပြောင်းလဲ သတ်မှတ် ပြီး ဝဘ်စာမျက်နှာတွေကို မိမိမြင်ချင်သလို မြင်နိုင်အောင် သတ်မှတ်ထားရှိ နိုင်ပါသေးတယ်။

နောင်မှာ ဇော်ဂျီဖောင့်ကို သုံးထားတဲ့ အင်တာနက်စာမျက်နှာတွေမှာ ဇော်ဂျီဖောင့်ကို စက်ထဲမှာဇော်ဂျီဖောင့်မရှိပဲမမြင်ရတော့ဘူးလို့ ပြောနေသံတွေ ကြားနေရတာ အဲဒါကို နားမလည်လို့ နည်းနည်းရှင်းပြပေးပါလား။

>> ကျွန်တော် နားလည်တာကတော့ ဒီမေးခွန်းဟာ နားလည်မှု အနည်းငယ် လွဲချော်ခြင်း ကြောင့် ဖြစ်လာရတယ်လို့ ယူဆမိပါတယ်။ အမှန်တစ်ကယ် ဖြစ်သင့်တဲ့ မေးခွန်းက “ နောင်တစ်ချိန်မှာ ယူနီကုဒ် ဆိုတဲ့ စံအောက်၊ စနစ်အောက်မှာ မြန်မာဘာသာစကား တစ်ခုလုံးနဲ့ ဖောင့်ထ်တွေ အလုပ်လုပ်ကြတော့မယ် (သက်ဆိုင်ရာ ဆော့ဖ်ဝဲရ်ရေးတဲ့ ကုမ္ပဏီကြီးတွေကလည်း အဲဒါကို Support လုပ်ကြတော့မယ်) ဆိုရင် ကွန်ပြူတာ အတွင်းမှာ အကယ်၍ မည်သည့် မြန်မာဖောင့်ထ် မှ မရှိသည့်တိုင် ယူနီကုဒ်စနစ်အောက်မှာ မြန်မာဘာသာစကား အခြေခိုင်ခိုင်နဲ့ ရောက်နေပြီဖြစ်တဲ့ အတွက် မြန်မာစာလုံးတွေကို မြင်တွေ့၊ ဖတ်ရှုနိုင်ပါလိမ့်မယ်။ (အခုအခြေအနေနဲ့ ဆိုရင် တရုတ်၊ ဂျပန် နှင့် စပိန်၊ ရုရှား စတဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ ဝဘ်စာမျက်နှာတွေကို မိမိကွန်ပြူတာ အတွင်းမှာ သက်ဆိုင်ရာ ယူနီကုဒ်ဖောင့်ထ် တွေ မိမိကိုယ်တိုင် အထူးတလည် ရှာဖွေထည့်သွင်း မထားသည့်တိုင် မြင်တွေ့ဖတ်ရှုရနိုင်ပုံမျိုး နဲ့ သွားတူပါလိမ့်မယ်) ယူနီကုဒ်ရဲ့ နေရာချထားမှုနှင့် စံသတ်မှတ်ချက်တွေကို အပြည့်အဝ လိုက်နာမထားတဲ့ ဇော်ဂျီဖောင့်သုံး စာမျက်နှာတွေ အနေနဲ့ကတော့ အဲဒီလို ဘာဖောင့်ထ် မှ မရှိပေမယ့်လည်း မြန်မာလို မြင်တွေ့ဖတ်ရှုနိုင်တဲ့ အခွင့်အရေးမျိုး ရနိုင်ပါ့မလား.” အဲဒီလိုသာ ဖြစ်သင့်ပါတယ်။

အဲဒီမေးခွန်းအတွက် အဖြေကတော့ မြင်တွေ့ဖတ်ရှု မရနိုင်ပါဘူး လို့ပဲ ဖြေရပါလိမ့်မယ်။ ဒါပေမယ့် အခြေအနေအားလုံး အတွက် လုံးဝကို မြင်တွေ့ ဖတ်ရှု မရနိုင်လောက်အောင် ဖြစ်သွားတာမျိုးတော့ မဟုတ်ပါဘူး။ အခု ကျွန်တော်တို့ မြန်မာဆိုဒ်တွေထဲမှာလည်း ယူနီကုဒ် မဟုတ်တဲ့ ASCII ဖောင့်ထ် အမျိုးအစားတွေကို သုံးနေကြတဲ့ ဆိုဒ်တွေ အများအပြား ရှိကြပါတယ်။ အဲဒီလို ဆိုဒ်တွေကို မြင်တွေ့ ဖတ်ရှုနိုင်ဖို့ အတွက် ၎င်းဆိုဒ်က သက်ဆိုင်ရာ ဖောင့်ထ် ကို မိမိစက် အတွင်း ထည့်သွင်းလိုက်ရုံနဲ့ အဆင်ပြေသွားတာကို တွေ့ရမှာပါ။ နောက်ပိုင်း အနာဂတ်မှာ ဇော်ဂျီအနေနဲ့ ထပ်မံပြီး စံနှုန်းကိုက် ဖောင့်ထ် အမျိုးအစားမျိုး Develop မလုပ်လာသည့်တိုင် ယခု လက်ရှိသုံးနေတဲ့ ဇော်ဂျီဖောင့်ထ် ကိုပဲ မိမိစက်ထဲမှာ ထည့်သွင်းထားခြင်းဖြင့် ဇော်ဂျီသုံး စာမျက်နှာတွေကို ဖတ်ရှုနိုင်ပါလိမ့်မယ်။ နောက် မိမိရဲ့ အင်တာနက် ဘရောက်ဇာ Setting ကိုလည်း ပြင်ဆင်သင့်ရင် ပြင်ဆင်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။

ခုနောက်ပိုင်းမှာ ဝင်းဒိုးအသစ်တင်ရင် ၊ ဂျီတော့ခ် အသစ်တင်ရင် ဇော်ဂျီဖောင့်ကို ရိုက်လို့ မရတာမျိုးဖြစ်တာ ဘာကြောင့်ပါလဲ သိပါရစေ။ ရိုက်လိုက်တိုင်း လေးထောင့်ကွက်တွေပဲ ပေါ်နေတာမျိုးပေါ့။

>> ဒါကတော့ ဇော်ဂျီကို ထုတ်လုပ်သူတွေရဲ့ စီစဉ်ဆောင်ရွက်မှု လို့ပြောလို့ ရသလို အခုနောက်ပိုင်း ဘရောက်ဇာတွေ၊ ဝင်းဒိုးစ် စနစ်တွေနဲ့ ဂျီတော့ခ် စတာတွေရဲ့ ဗားရှင်း အပြောင်းအလဲနှင့် သူတို့ သတ်မှတ်တဲ့ Encoding စနစ်တွေ ကွာဟသွားမှုကြောင့်လို့ လည်း ပြောလို့ရပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် အရင်က ဝင်းဒိုးစ် XP မှာ ယူနီကုဒ် အတွက် Default Character Encoding က UTF-8 ပါ။ အခု ဝင်းဒိုးစ် Vista မှာတော့ ယူနီကုဒ် အတွက် Default Character Encoding ကို UTF-16 အဖြစ်ပြောင်းလဲ သတ်မှတ်ထားတာကို တွေ့ရပါတယ်။

ကျွန်တော်တို့ရဲ့ မြန်မာယူနီကုဒ် နဲ့ တစ်ကွ အများစုသော ယူနီကုဒ် ဖောင့်ထ် တွေ သတ်မှတ်သုံးစွဲကြတဲ့ Character Encoding စနစ်ကတော့ UTF-8 ဖြစ်ပါတယ်။ အရင်ကတော့ ဇော်ဂျီကို မိမိစက်ထဲမှာ အင်စတောလ် လုပ်လိုက်တာနဲ့ ဝင်းဒိုးစ်၊ ဘရောက်ဇာ၊ ဂျီတော့ခ် စတာတွေမှာ အလိုအလျောက် Default Font ဖြစ်အောင် ဝင်းဒိုးစ် စနစ်ရဲ့ Registry ထဲကို အလိုအလျောက် သွားပြင်ပေးအောင် ဇော်ဂျီ Installer Package ထဲမှာ ပါကောင်းပါခဲ့ ပါလိမ့်မယ်။ အခုနောက်ပိုင်းမှာ အဲဒီ Default Font အလိုအလျောက် သတ်မှတ်ပေးတဲ့ စနစ်ကို ဇော်ဂျီထုတ်လုပ်သူတွေ ကိုယ်တိုင် ဖြုတ်ထားရစ်ခဲ့တာ ဖြစ်နိုင်သလို၊ အကယ်၍ အဲဒီ စနစ်ပါခဲ့သည့်တိုင် အထက်မှာ ကျွန်တော်ပြောခဲ့သလို Encoding စနစ်တွေချင်း သွား ကွာဟ နေတဲ့ အတွက် အလုပ်မဖြစ်တော့တာ ဖြစ်နိုင်ပါတယ်။ အဲဒီ ပြဿနာ အတွက် ဂျီတော့ခ် မှာဆိုရင်လည်း ဂျီတော့ခ် ရဲ့ Setting ကနေတဆင့် Font ကို မိမိ စိတ်ကြိုက် ရွေးချယ်သတ်မှတ်ခြင်း ဖြင့် အလွယ်တစ်ကူ ဖြေရှင်းနိုင်ပါတယ်။ ဝင်းဒိုးစ် စနစ်မှာ ဆိုရင်တော့ System Default Font ကို မိမိကိုယ်တိုင် Zawgyi Font လိုက်ပြောင်းပေးခြင်း ဖြင့် အဆင်ပြေစေမှာပါ။

မြန်မာဘာသာကို အသုံးပြုတဲ့ website တွေမှာ ဘယ်မြန်မာဖောင့်ကို သုံးရင် အဆင်ပြေဆုံး ဖြစ်ပါမလဲဆိုတာ သုံးသပ်ပေးပါလား။

>> ဒီမေးခွန်းကို အဖြေပေးဖို့ အတွက် အခြေအနေ လေးခုကို ကျွန်တော်တို့ ကြိုတင် စဉ်းစားကြည့်ပါမယ်။ အဆင်ပြေဆုံး ဆိုတဲ့ နေရာမှာ (၁) ဝဘ်ဆိုဒ်ကို ဖန်တီး ရေးသားသူ အတွက် အဆင်ပြေဆုံး ဖြစ်မှု၊ (၂) ဝဘ်ဆိုဒ်ကို ဖတ်ရှုသူတွေ အတွက် အဆင်ပြေဆုံး ဖြစ်မှု နှင့် (၃) ဖန်တီးသူရော ဖတ်ရှုသူ နှစ်ဦးလုံး အသုံးပြုကြတဲ့ ဝဘ်ဘရောက်ဇာ (Web Browser) တွေ အတွက် အဆင်ပြေဆုံး ဖြစ်မှု၊ (၄) ရှေ့က အချက်သုံးခုလုံးကို ရေရှည် လုပ်ငန်းများ အတွက်ပါ အာမခံနိုင်ပြီး အဆင်ပြေဆုံး ဖြစ်လာနိုင်မှု စတဲ့ လေးချက်ပါ။

လတ်တလော အခြေအနေအရတော့ ကျွန်တော်တို့ မြန်မာ အင်တာနက် နှင့် ဝဘ်ယူဇာ တွေ အတွက် ဇော်ဂျီဖောင့်ထ် က ပထမဆုံး အခြေအနေသုံးခု အတွက် အဆင်ပြေဆုံး ဆိုတဲ့ ဘုံ အနေအထား တစ်ခုကို ဖန်တီးပေးထားတာ အမှန်ပါပဲ။ ဒါပေမယ့် ဒီ အဆင်ပြေဆုံး ဆိုတဲ့ အနေအထားဟာ လတ်တလော အတွက်သာ ဖြစ်ပြီး နံပါတ် (၄) အချက်ဖြစ်တဲ့ အထက်က အချက်သုံးချက်လုံးကို အနာဂတ်အတွက်ရော၊ လက်ရှိမှာ လုပ်ကိုင် အသုံးပြုနေကြတာတွေ အတွက်ပါ အသင့်တော်ဆုံး ဖြစ်ပါ့မလား ဆိုတာကိုတော့ ကျွန်တော်တို့ ထပ်စဉ်းစား ကြည့်ကြဖို့ လိုပါမယ်။ ဒီနေရာမှာ အဆင်ပြေဆုံး ဖြစ်သည်ဖြစ်စေ၊ အသင့်တော်ဆုံး ဖြစ်သည်ဖြစ်စေ အနေအထား ၂-ရပ်လုံးဟာ လူတွေကိုယ်တိုင် ဖန်တီး သတ်မှတ်ယူလို့ရတယ် ဆိုတာကိုတော့ တစ်ချက် လေးလေးနက်နက် မှတ်သား ထားခဲ့ စေချင်ပါတယ်။ တစ်ခု ရှိသေးတာကလည်း ဒီ စကားစု ၂-ခု ကိုလည်း ရောရောထွေးထွေး မစဉ်းစားပဲ သီးခြားစီ မိမိစိတ်ထဲ မှာ နားလည် သဘောပေါက်ထားဖို့လည်း လိုပါသေးတယ်။ အသင့်တော်ဆုံး ဆိုတိုင်း အရာရာနှင့် အံဝင်ဂွင်ကျ အဆင်ပြေဆုံး မဖြစ်နိုင်သလို၊ အဆင်ပြေဆုံး ဆိုတိုင်းလည်း အခြေအနေအားလုံး အတွက် အသင့်တော်ဆုံး မဖြစ်နိုင်ပါဘူး။

ဆိုတော့ကာ လက်ရှိ လူမြန်မြန်သိဖို့ လိုတဲ့၊ အလွယ်တစ်ကူလည်း အသုံးပြုနိုင်ဖို့ လိုတဲ့ ရေတိုလုပ်ငန်းနှင့် သက်ဆိုင်တဲ့ ဝဘ်ဆိုဒ်တစ်ခုကို ကျွန်တော် Develop လုပ်ရမယ် ဆိုရင်တော့ ကျွန်တော် လတ်တလော အဆင်ပြေဆုံး ဆိုတဲ့ ဇော်ဂျီဖောင့်ထ် ကို သုံးဖြစ် ပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ နှစ်ကာလများစွာ ရင်းနှီးမြှပ်နှံ လုပ်ကိုင်ရမယ့် လုပ်ငန်းသုံး ဝဘ်ဆိုဒ်မျိုးတွေ (ဥပမာ - ပညာရေး ဆိုင်ရာ ဝဘ်ကွန်ယက်မျိုး၊ ဘာသာစကား အဘိဓာန် ဆိုင်ရာ ဝဘ်ဆိုဒ်မျိုး၊ မြေပုံ၊ ဈေးကွက် နှင့် သန်းခေါင်စာရင်း ဆိုင်ရာ ၊ ရှာဖွေ အသုံးချခြင်း ဆိုင်ရာ ဝဘ်ဆိုဒ်မျိုး.. စသဖြင့် ) ထဲက တစ်ခုခုကို တည်ဆောက်ရမယ် ဆိုရင်တော့ ကျွန်တော် ယူနီကုဒ် စံသတ်မှတ်ချက်နှင့် ကိုက်ညီတဲ့ အလွယ်တစ်ကူနှင့် လူတိုင်း အခမဲ့ ရနိုင်တဲ့ မြန်မာ-၃ ၊ ပိတောက်၊ ပုရပိုဒ်. စတဲ့ ဖောင့်ထ် တွေ အနက်က တစ်ခုခုကို အားလုံး အတွက် လက်ရှိမှာ အဆင်ပြေဆုံး မဖြစ်ပေမယ့်လည်း မဖြစ်မနေ အသုံးပြုဖို့ ဆုံးဖြတ်မိမှာပါပဲ။ ဒါဟာ ရေတို အဆင်ပြေဆုံး ဆိုတဲ့ အနေအထားကို ကျော်လွန်ပြီး ရေရှည်မှာ အဆင်ပြေဆုံး ဖြစ်လာနိုင်တဲ့ လက်ရှိ အသင့်တော်ဆုံး ဆိုတာကို စဉ်းစား ရွေးချယ် လိုက်တာပဲ ဖြစ်ပါတယ်။

အကျဉ်းချုပ် ပြောရရင်တော့ မည်သည့်ဖောင့်ထ် အမျိုးအစား ကိုပဲ သုံးသုံး မိမိရဲ့ လိုအပ်ချက်၊ စားသုံးသူ ဈေးကွက် ရဲ့ လိုအပ်ချက်နှင့် အနာဂတ်အတွက်ပါ အဲဒီဖောင့်ထ်ဟာ လိုအပ်ချက် ရှိလာနိုင်၊ မလာနိုင် စတာတွေ ကိုပါ ထည့်သွင်း စဉ်းစားပြီး လတ်တလော အဆင်ပြေဆုံး ဆိုတဲ့ အနေအထား အပြင် အခြေအနေ အားလုံး အတွက် အသင့်တော်ဆုံး ဆိုတာကိုပါ မဖြစ်မနေ ထည့်သွင်း စဉ်းစားပြီးမှ အသုံးပြုသင့်တဲ့ အကြောင်း ဖြေကြား လိုပါတယ် ခင်ဗျား။

အခုလို ဖြေကြားခွင့်ရတဲ့ အတွက် လောကအလှ မဂ္ဂဇင်းကို အထူးကျေးဇူး တင်ရှိပါကြောင်း ပြောလိုပါတယ် ခင်ဗျား။

ဟုတ်ကဲ့… ကိုမှော်ဆရာ ။ ခုလို စိတ်ရှည် လက်ရှည် ဖြေကြားပေးတာကို ကျွန်မတို့ လောကအလှမှလည်း ကိုမှော်ဆရာကို ကျေးဇူးတင်ပါတယ် ရှင်။


Source ::  http://mmfontconvert.blogspot.com/


**  Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com

Tuesday, December 24, 2013

Myanmar Unicode နဲ့ ပက်သက်ပြီး နားလည်မိသမျှ


















မြန်မာအိုင်တီပရိုမှာ ယူနီကုဒ်နဲ့ ပက်သက်ပြီး အရင်က အငြင်းပွားကြပါတယ်... အခုလည်း အငြင်းပွားနေကြတုန်းပါပဲ... နောင်လည်း ဆက်ညင်းနေကြဦးမယ့် သဘောမှာ ရှိပါတယ်... တစ်ကယ်တော့ ဒီကိစ္စကို ကိုယ့်ကိစ္စမဟုတ်ပါဘူးလေ... လူကြီးတွေ ကောင်းအောင်လုပ်ပါလိမ့်မယ်... နောက်ဆုံး ရလဒ်တစ်ခုထွက်လာတော့မှ လူကြီးတွေက သုံး ဆိုတာကို သုံးလိုက်မယ်လို့ စိတ်ကူးထားတာပါ... ဒါပေမယ့် အားလုံး စည်းလုံး ညီညွတ်ရမယ့်ကိစ္စမှာ ဘာဖြစ်လို့ ဒီအငြင်းပွားမှုတွေ ရှိနေတာလည်းဆိုတာကို စိတ်ဝင်စားမိပါတယ်... စိတ်ဝင်စားလို့ လေ့လာရင်းနဲ့ အနည်းအပါးသိလာပါတယ်... အဲ့ဒါလေးတွေကို တင်ပြခွင့်ပြုပါ...

Unicode ဆိုတာ လိုအပ်သလား

လိုတာပေါ့ဗျာ... အခုခေတ်မှာ ကိုယ်ရေးထားတဲ့စာကို တစ်ခြားသူက Font မရှိလို့ ဖတ်လို့မရဘူးဆိုတာ လုံး၀မဖြစ်သင့်တော့ပါဘူး... စံတစ်ခုကိုသာ Font အားလုံးက လိုက်နာမယ်ဆိုရင် Font တစ်ခုရှိနေတာနဲ့ ဘယ် Font ကိုသုံးပြီး ရေးထားရေးထား ဖတ်လို့ ရပါလိ့မ်မယ်... Font ဆိုတာ တစ်ကယ်တော့ အပေါ်ယံ လေးပါပဲ... အခုတော့ Zawgyi နဲ့ ရေးထားရင် Myanmar3 နဲ့ ဖတ်လို့မရပါဘူး... Myanmar3 နဲ့ရေးထားရင် Zawgyi နဲ့ ဖတ်လို့မရပါဘူး... ဘာလို့မရလဲ အားလုံးသိပါတယ်... စံတစ်ခု ရှိနေရဲ့သားနဲ့ Zawgyi က စံကို မလိုက်နာပဲ ထင်သလို လုပ်ထားပါတယ်... Myanmar3 ကတော့ လိုက်နာပါတယ်... အဲ့ဒီမှာ လွဲနေတာပါပဲ... (Font နဲ့ Unicode နဲ့ မကွဲသေးတဲ့သူတွေ အများကြီးရှိပါတယ်... ပညာပေးမှုတွေ လိုအပ်နေပါသေးတယ်...)

Unicode ကြောင့် ရနိုင်မယ့် အကျိုး

Unicode စစ်စစ်ကို သုံးလိုက်ရင် ရလာမယ့် အကျိုးကျေးဇူးတွေက အလွန်ပဲများပြားပါတယ်... အများသိထားတဲ့အတိုင်း Unicode စစ်စစ်က Searchable, Sortable ဖြစ်ပါတယ်... စံတစ်ခုကိုသာ အားလုံးလိုက်နာကြရင် အထက်မှာပြောခဲ့သလို မြန်မာ Font တစ်ခု ရှိနေယုံနဲ့ မြန်မာစာ အားလုံးကို ဖတ်လို့ရနိုင်ပါလိမ့်မယ်... တစ်ခြား အကျိုးကျေးဇူးတွေ အများကြီးရှိပါသေးတယ်...

(နောက်ပြီတော့ မြန်မာဆိုတာ ဗမာတစ်ခုတည်းကိုပြောတာမဟုတ်ပါဘူး...ရှမ်း၊ မွန် စတဲ့ တိုင်းရင်းသားတွေလည်း မြန်မာတွေပါပဲ... မြန်မာစာဆိုတဲ့ နေရာမှာ တိုင်းရင်သားတွေကို ထည့်စဉ်းစားရပါမယ်... မသိချင်ယောင်ဆောင်နေလို့မရပါဘူး... Zawgyi ဆရာသမားတွေ ကောင်းကောင်းသိပါတယ်... သူတို့က တိုင်းရင်းသားတွေအတွက် သတ်မှတ်ထားတဲ့ code point တွေကို အပိုင်စီးထားပါတယ်... အဲ့ဒါကြောင့် Zawgyi နဲ့ ဘယ်တော့မှ တိုင်းရင်းသား စာတွေ ရိုက်လို့ရမှာ မဟုတ်ပါဘူး... Unicode စစ်ရင် ရပါတယ်... တိုင်းရင်းသားတွေအတွက်ပါ ထည့်စဉ်းစားပြီးသားပါ...)

Zawgyi က ဘာကြောင့် စံကို မလိုက်နာတာလဲ

အဲ့ဒါတော့ Zawgyi Developer တွေကို မေးမှပဲ ရမယ်... ခက်တာက သူတို့ကလည်း မရိုးမသားလုပ်ထားတဲ့ သူတွေဆိုတော့ မျက်နှာမပြရဲ့ကြဘူး... ဒါငါလုပ်တာဟေ့လို့ ရဲရဲဝံ့ဝံ့ မပြောရဲ့ကြဘူး... သနားဖို့တော့လည်း ကောင်းပါတယ်... ပင်ပင်ပန်းပန်း လုပ်တုန်းကလုပ်ပြီး ဝန်ခံခွင့် မရကြရှာဘူး...ကျွန်တော်နားလည် သလောက်ဆိုရင် စံကို လိုက်နာဖို့က နည်းပညာပိုင်း အနည်းငယ် အခက်အခဲ ရှိပါတယ်... ဥပမာ- မြန်မာစာမှာ ရရစ် (ြ-) ဆိုတာရှိပါတယ်... စံသတ်မှတ်ချက်အရ ရရစ် တစ်ခုပဲရှိပါတယ်... ဒါပေမယ့် က တို့ အ တို့လို စာလုံးတွေနဲ့ တွဲပြရမယ်ဆိုရင် ရရစ်အကြီး (ကြ) ကို ပြရမှာဖြစ်ပြီးတော့ ခ၊ င စတဲ့ စာလုံးတွေအတွက် ရရစ်အသေး(ငြ) ကို ပြပေးရမှာပါ... စံသတ်မှတ်ချက်အရ ရရစ် တစ်ခုပဲ ရှိတော့ Font က အလိုလိုနားလည်ပြီး သင့်တော်တဲ့ ရရစ်ကို ပြပေးနိုင်ရပါတယ်... Zawgyiက အဲ့ဒါကို ဘယ်လိုလုပ်ရလဲ မသိလို့ထင်တယ်... စံက တစ်ခုတည်း သတ်မှတ်ထားပေမယ်... သူတို့က (ြ- ကော ြ-- ပါ) နှစ်ခုစလုံး ယူထားလိုက်ပါတယ်... မြန်မာတွေဖြစ်ပြီးတော့ မြန်မာစာကို ကောင်းကောင်းနားမလည်တော့ ဇမျဉ်းစွဲ နဲ့ စလုံး ယပင့် (ဈ) ကို အတူတူလို့ ယူဆကြပါသေးတယ်... မြန်မာစာရဲ့ သဘောကို အားလုံးသိပါတယ်... [ သဝေထိုး ကကြီး ရရစ် ရေးချ ငသတ် ကြောင်း ရှေ့က ဝစ်ဆန်နှစ်လုံးပေါက် ကြောင်း ] ဆိုတာ သူငယ်တန်း ကလေးကအစ သိပါတယ်... ဒါပေမယ့် Zawgyi က ကကြီး ရိုက်ပြီးမှာ ရရစ်ရိုက်ရင် (ကြ--) ကြ လို မှန်မှန်ကန်ကန် မပြနိုင်တော့ ရရစ်ကို အရင်ရိုက်ရပါတယ်... ပြီးမှ ကကြီးရိုက်ရပါတယ်... အားလုံးသိပြီးသားပါ... မဆင်ပြေအောင် မလုပ်တက်တိုင်း မြန်မာတို့ရဲ့ရိုးရာ မြန်မာစာကို ဖျက်ဆီးတာပါပဲ... ဒီလောက်ဆိုရင် Zawgyi က ဘာလို့ စံကို မလိုက်နာ(နိုင်)တာလဲ သိလောက်ပါပြီ... မှားနေရင်လည်း Zawgyi ဆရာသမားတွေ ဝင်ပြင်ပေးပါလိမ့်မယ်... (အဲ့ဒါတောင်မှ Zawgyi ရဲ့ နည်းပညာ အရမ်းမြင့်ပါတယ်လို့ ပြောတဲ့သူတွေရှိသေးတယ်... အံ့ပါရဲ့... အံ့ပါရဲ့... ;)

ဒါဆို ဘာလို့ Zawgyi ကို လူသုံးများနေတာလဲ

ဒါကတော့ ရှင်းပါတယ်... သူများတွေက စံကိုလိုက်နာဖို့ ကြိုးစားနေချိန်မှာ သူက အဖြစ်လုပ်ပြီတော့ ဈေးကွက်ထဲကို အမြန်ဖြန့်လိုက်ပါတယ်... အဲ့ဒီတော့ လူတွေက သူ့ကို အရင်စသုံးဖြစ်ပါတယ်... (planet လို နာမည်ကြီး site က စသုံးပြတာလည်းပါပါတယ်) တစ်ကယ် စံကိုလိုက်နာနဲ့ Font တွေ ထွက်လာတဲ့အချိန်မှာ သာမန် (user) တွေက ပြောင်းမသုံးချင်တော့ပါဘူး... ဒါ သဘာဝကျပါတယ်... User တွေအနေနဲ့ကတော့ လတ်တလော ဖတ်လို့ရနေတယ်... အဆင်ပြေနေတယ် ဆိုရင်ပြီးတာပဲလေ... Technical Detail က သူတို့နဲ့မှ မဆိုင်ပဲ... Zawgyiက အဲ့ဒီအချက်ကို အမိအရကိုင်ပြီးတော့ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတာပါ...

Unicode ကို လက်ခံဖို့ ဘာလို့ခက်ခဲနေတာလဲ

နှစ်ချက်ရှိပါတယ်... ပထမအချက်က လက်ရှိ web ပေါ်မှာ ပြုပြင်ဖို့ခက်ခဲလောက်အောင် လူတိုင်း Zawgyi သုံးနေကြလို့ပါ... Unicode ကို နားလည်တဲ့ Blogger တစ်ယောက်ကို မေးကြည့်ပါ... မင်းရဲ့ blog ကို Myanmar3 နဲ့ ပြောင်းပါလားလို့... ဘယ်ပြောင်းမလဲ... ပြောင်းလိုက်ရင် နောက်ပိုင်း အကျိုးရှိနိုင်ပေမယ့် သူ့blog ရဲ့ လက်ရှိ popylarity ကျသွားမှာပေါ့... user က ဖတ်လို့ မရတော့ဘူးလေ... ဖတ်ချင်ရင် Myanmar3 ထပ်ထည့်ရမယ်လေ... (Myanmar3 ကို ထပ်ထည့်ဖို့ကြတော့ တစ်ချို့ unicode ကို မလိုလားသူတွေရဲ့ မမှန်သတင်းလွှင့်မှုတွေကြောင့် တွန့်ကြတယ်လေ...) နောက်တစ်ချက်ကတော့ Zawgyi ကြောင့်ပါပဲ... သူတို့က စံကို လိုက်နာဖို့ မကြိုးစားကြသလို စံလိုက်နာတဲ့ Font တွေကို လူတွေသုံးကြမှာကိုလည်း ကြောက်ကြပါသေးတယ်... (unicode standard ်font ကိုသာလူတွေသုံးလာကြရင် Zawgyi ကိုယ်တိုင် standard ကို လိုက်နာရင်တောင်မှ အခုလို လက်ဝါးကြီးအုပ်ထားလို့ ရမှာမဟုတ်တော့ပါဘူး)

ဒါဟာ ဘာကြောင့် အခုလို အငြင်းပွားမှုတွေ ဖြစ်နေရသလဲဆိုတာကို

အနည်းအကျဉ်းမြင်သာအောင်ပြောတာပါ... ဆရာကြီးတွေနဲ့ လူကြီးတွေကတော့ သိပြီးသားပါ... Beginner တွေနဲ့ ကွျန်တော့်လို ချာတိတ်တွေ မမှန်သတင်းလွှင့်တဲ့သူတွေရဲ့ အပြောသက်သက်တွေကို ယုံနေမှာစိုးလို့ အခုလို တင်ပြလိုက်တာပါ... တစ်ကယ်ဆိုရင် ဒီ မပြီးဆုံးနိုင်တဲ့ အငြင်းပွားမှုထဲကို ဝင်မပါချင်ပါဘူး...

နောက်ပြီးတော့ သတိထားကြပါ... Standard Unicode ကို လိုက်နာလိုက်ရင် ကွျန်တော်တို့ရဲ့ ကွန်ပျူတာသုံး မြန်မာစာဟာ အလျှင်အမြန်တိုးတက်လာမှာပါ... ဒီလိုတိုးတက်မှာကို မလိုလားသူတွေနဲ့ အမျိုးသားရေးကိုမကြည့်ပဲ ကိုယ့်အတ္တတစ်ခုတည်းကို ရှေ့တန်းတင်ပြီး မှားမှန်းသိရက်နဲ့ ကိုယ့် product ကို promote လုပ်ဖို့ ကြိုးစားနေသူတွေကသာ Unicode Standard ကို ဆန့်ကျင်နေကြတာပါ...

ကျေးဇူးတင်ပါတယ်...

[ Ei Maung ]

ps: ဘယ်ဘက်မှလိုက်တာမဟုတ်သလို ဘယ်အဖွဲ့အစည်းကမှလည်း မဟုတ်ပါဘူး... သာမာန် web developer တစ်ယောက်ပါပဲ... မြင်တာကို မြင်တဲ့အတိုင်းရေးတာပါ... အမှန်တွေပြောလို့ တစ်ချို့ကို ထိခိုက်မိရင်တော့ မတက်နိုင်ပါဘူး..

Source ::  http://mmfontconvert.blogspot.com/


**  ကိုကိုဇော် ( BE-EC )   www.htarwaiethar.blogspot.com

Wednesday, December 4, 2013

Myanmar Unicode စနစ် Android 4.4 မှာပါဝင်လာသည်။
















ကဲ့ ကျွန်တော့်လိုမျိုး မြန်မာယူနီကုဒ်ဖောင့် အသုံးပြုသူများအတွက် အလန်းစား သတင်းတစ်ခုပဲ ဖြစ်ပါတယ်။

Google Operating System ဖြစ်တဲ့ Android OS 4.4 KitKat မှာ မြန်မာယူနီကုဒ်စနစ် တရားဝင်ပါဝင်လာပါပြီတဲ့ဗျ။

Smart Phone တွေမှာ မြန်မာယူနီကုဒ်ဘလော့ဂ်တွေ ဖတ်မရတာတွေ အတော်ကို အဆင်ပြေသွားပါပြီ။

အခုလိုမျိုးဆိုရင်တော့ နောက်ထုတ်သော စက်တွေမှာ မြန်မာစာစနစ်ကို တရားဝင် ယူနီကုဒ်နဲ့ ပြောင်းထုတ်မည့်အနေအထားမှာ ရှိပါတယ်။

ဒါကြောင့်လည်း ဘလော့ဂ်ရေးသော သူတွေတောင် မြန်မာယူနီကုဒ် ပြောင်းသုံးမည့်အနေအထားမှာ တောင်ဖြစ်နေပါတယ်။

အခုလိုမျိုး မြန်မာယူနီကုဒ်စနစ်ပေါ်လာတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာစာတွေ ဖုန်းမှာပေါ်အောင် လုပ်ရတာတွေ နောက်ဆိုရင် အတော်ကို အဆင်ပြေမည့် အခြေနေပဲ ဖြစ်ပါတယ်။



**  ကိုကိုဇော် ( BE-EC )

Sunday, November 24, 2013

Ubuntu OS မှာ မြန်မာဖောင့်သွင်းနည်း ( မြန်မာစာအုပ် )

















Ubuntu Linux OS အပေါ်မှာ မြန်မာဖောင့်သွင်းနည်း စာအုပ်လေး ကျွန်တော်ရလာလို့ ဘလော့ဂ်မှ တစ်ဆင့်ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျား။

စာအုပ်ကို ရေးသားသူကတော့  thebox02@gmail.com  ဖြစ်ပါတယ်။

စာအုပ်ဖိုင်ဆိုဒ်က 800 KB လောက်ပဲ ရှိပါတယ်။

လိုအပ်သူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။


Download 


**  ကိုကိုဇော် ( BE-EC )

Wednesday, July 24, 2013

Firefox မှာ မြန်မာယူနီကုဒ်၊ ဇော်ဂျီ အသုံးပြုသူ နှစ်ဉီးလုံး အဆင်ပြေစွာ စာတွေဖတ်နိုင်သော Myanmar Font Tagger
















Internet စာမျက်နှာတွေမှာ မြန်မာနိုင်ငံသားတွေအဖို့ မြန်မာဝက်ဆိုဒ်၊ ဘလော့တွေကို အဆင်ပြေပြေနဲ့ စာတွေဖတ်နိုင်သော Firefox Extension လေးတွေ့မိလို့ ကျွန်တော် ပြန်မျှဝေလိုက်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာက အင်တာနက်စာမျက်နှာများကို မြန်မာဘာသာ အဖြစ် ဘလော့တွေ၊ ဝက်ဆိုဒ်တွေရေးသားရာမှာ ဖောင့်ကို ယူနီကုဒ် အဖြစ် ဇော်ဂျီ၊ မြန်မာယူနီကုဒ် စသော ဖောင့်အမျိုးအစားနှစ်ခုကို အသုံးပြုပါတယ်။

ဇော်ဂျီကတော့ လူအများအပြား အသုံးပြုမှုများပြားသော ဖောင့်ဖြစ်ပါတယ်။ အင်တာနက်မှာ မြန်မာစာတွေ ဖတ်လို့ရပြီ ရေးလို့ရပြီ ဆိုကတည်းက အသုံးပြုမှုများပြားသော ဖောင့်ဖြစ်ပါတယ်။

ယနေ့ အချိန်အထိလည်း အသုံးပြုသူအများအပြား အသုံးပြုဆဲ ဖောင့်တစ်မျိုးဖြစ်ပါတယ်။

မြန်မာယူနီကုဒ်ဆိုတာတော့ မြန်မာနိုင်ငံကိုယ်စာပြု စံဖောင့်ပဲ ဖြစ်ပါတယ်။

မြန်မာယူနီကုဒ်ကို လက်ရှိမှာ အသုံးပြုသူ အနည်းငယ်ကသာ အသုံးပြုသော ဖောင့်တစ်ခုပဲ ဖြစ်ပါတယ်။

သို့သော်လည်း ပေါ့ မြန်မာတွေအတွက် ကိုဂူဂယ်လ်က မြန်မာဘာသာ မြန်မာဂူဂယ်လ်ကြီး လာပေးတဲ့ အချိန်ကဆိုရင် ဇော်ဂျီသမားတွေက ဂူဂယ်လ်ကို ဖွင့်လိုက်ရင် မြန်မာလိုမမြင်ရလို့ဆိုပြီး တစ်ချို့ဆိုရင် သုံးတောင် မသုံးတဲ့လူတွေတောင်ရှိပါတယ်။

အခုပို့စ်နဲ့ နည်းနည်းဆင်သော ပို့စ်ကို ကျွန်တော့် ဘလော့မှာ ရေးပြီးသားဖြစ်ပါတယ်။ အဲ့ဒီတုန်းက ဘလော့ပို့စ်တွေကို မြန်မာယူနီကုဒ်သမားများသာ အဆင်ပြေစေသော နည်းလမ်းဖြစ်ပါတယ်။

အခုနည်းကတော့ နှစ်ဉီးနှစ်ဖက် အကုန်ဆင်ပြေစေသော နည်းလမ်းဖြစ်ပါတယ်။

မိတ်ဆွေကကာ Firefox Brower ကို အသုံးပြုသူဆိုရင် အဆင်ပြေပါတယ်။

Firefox မှာ Myanmar Font Tagger ဆိုသော Extension လေးထည့်ပေးရင် အိုကေပါတယ်။

ဘယ်လို့ထည့်သွင်းရမလဲဆိုတော့ Firefox Browser ကိုဖွင့်၊ Tools > Add-ons ( or ) Firefox Logo> Add-ons က Search Box မှာ Myanmar Font Tagger လို့ရိုက်ထည့် ၊ Myanmar Font Tagger ကိုတွေ့ရင် Install Buttom လေးကို ကလစ် Download ဆွဲတာ ပြီးတာနဲ့ ဘလောက်ဇာကို Restart ချခိုင်းပါတယ်။ Browser Restart ကျပြီး ပြန်တက်လာပါက မြန်မာစာရေးထားသော ဝက်ဆိုဒ် တွေကို အဆင်ပြေပြေဖတ်နိုင်မှာ ဖြစ်ပါတယ်။
ယခုနည်းက တကယ်လို့များ ကိုယ်က ဇော်ဂျီသမားဆိုရင် မြန်မာယူနီကုဒ်ဆိုဒ်တွေဆိုရင် စစချင်းမှာတော့ ယူနီကုဒ်စာများကို ဇောက်ထိုးမိုးမျှော်မြင်ရပြီး ခဏလေး Loading စောင့်ပြီးမှ စာများကို အမှန်မြင်ရမှာ ဖြစ်ပါတယ်။ယူနီကုဒ် သမားများလည်း အတူတူပဲ ဖြစ်ပါတယ်။
ဇော်ဂျီသမားများ မြန်မာဂူဂယ်လ်ကို မြန်မာလို မမြင်ရင် ဒီနည်းအသုံးပြုပြီး မြန်မာလို အမှန်မြင်ရမှာ ဖြစ်ပါတယ်။

ကျွန်တော် စမ်သပ်ထားပုံလေးကို PDF File လေးနဲ့လိုချင်ရင်တော့ အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။


Download 

**  ကိုကိုဇော် ( BE-EC )

Monday, June 10, 2013

Facebook ကို မြန်မာလို အသုံးပြုနိုင်ပြီ


















ကဲ့ ဒီတစ်ခါတော့ အလန်းဇယားလေးပါ။

မြန်မာမှာ နာမည်ကြီး လူအသုံးများသော ဖွဘုတ် အော်မှားလို့ ဖေ့ဘုတ်ကို မြန်မာလို အသုံးပြုနိုင်သွားပြီဆိုတဲ့ အကြောင်းလေးပါ။

ဘယ်လိုအသုံးပြုရမှာလဲ?

ကျွန်တော် ဒီအကြောင်းကို ရေးပြီးသား ပို့စ်တစ်ခုလို့ပဲ ပြောပါရစေ။

http://htarwaiethar.blogspot.com/2013/05/facebook.html မှာ သွားကြည့်လို့ရပါတယ်။

ဖေ့ဘုတ်မှာ မိမိမြန်မာနိုင်ငံ ဘာသာ စကားပြောင်းလဲပုံကို ရေးထားတာပါ။

ခက်တာက မြန်မာလို မြင်ဖို့ဆိုရင် အင်တာနက် ဘလောက်ဇာမှာတော့ မြန်မာယူနီကုဒ်စံကို အသုံးပြုထားသော ဖောင့်ကို အသုံးပြုမှသာလျှင် မြန်မာလို အတိအကျမြင်နိုင်မှာ ဖြစ်ပါတယ်။

သို့သော်လည်း Firefox သမားတွေကတော့ Add On တွေပေါင်းထည့်ပြီးလည်း မြန်မာလို မြင်ရအောင် ပြုလုပ်လို့ရပါတယ်ခင်ဗျား။

မြန်မာယူနီကုဒ်ကို အသုံးပြုမည်ဆိုရင်တော့ http://htarwaiethar.blogspot.com/2013/03/blog-post_9812.html နဲ့ http://htarwaiethar.blogspot.com/2013/03/firefox-zawgyi-font-and-myanmar-unicode.html က ပို့စ်တွေကို ကြည့်ပါလို့ ပြောချင်ပါတယ်။

အခုဆိုရင် မြန်မာယူနီကုဒ်က အတော်ကို နေရာရလာတာမို့ မိတ်ဆွေတို့ အနေနဲ့ မြန်မာယူနီကုဒ်ကို အသုံးပြုသင့်တယ်လို့ ကျွန်တော် အကြံပေးချင်ပါတယ်။

အနာဂတ်မှာလည်း မြန်မာယူနီကုဒ်က တွင်ကျယ်လာမှာ ဖြစ်ပြီး ကျွန်တော်တို့ကသာ အသုံးမပြုတက်ရင် တိုင်ပတ်မှာသေးချာပါတယ်။

ကျွန်တော်က အကြံပေးရုံပါနော့်။

အခုတော့ ပြောချင်တာက ဖေ့ဘုတ်မှာ မြန်မာလိုတွေ လုံးဝမြင်နေရတယ်ဆိုတာပါပဲ။ ကျွန်တော်တင်ထားသော ပုံမှာ မြင်ရမှာပါ။

**  ကိုကိုဇော် ( BE-EC )

Friday, June 7, 2013

မြန်မာယူနီကုဒ်က မှားယွင်းသော ဖောင့်တစ်ခု ဖြစ်နေပြီလား

















အခုတလော ပြဿနာ ဖြစ်နေသော ကိစ္စလေးပါ။

တစ်ချို့သော အင်တာနက် အသုံးပြုသူများက ပြောကြပါတယ်။

သူတို့က ဇော်ဂျီကိုသာ စွဲမြဲစွာအသုံးပြုပြီး တစ်ချို့သော ဆိုဒ်တွေကို ကြည့်သော အခါမျိုးမှာ ဖောင့်တွေက အမှန်မပေါ်ပဲ လွဲမှားစွာ ပေါ်နေတာမျိုးပါ။

သူတို့ကတော့ သတ်မှတ်ပါတယ်။ အဲ့လိုဆိုဒ်တွေက မြန်မာစာတွေ မှန်ကန်စွာ မရိုက်ဘူးပေါ့နော်။

ကျွန်တော်တောင် အတော်ကို တွေဝေသွားစေပါတယ်။

ဒီလိုပါပဲ တစ်ခါတစ်လေမှာ ကျွန်တော်တို့က အမှားကို စွဲမြဲစွာ လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်ရင် အမှန်ဆိုတာ ဘာမှန်းကို မသိတော့ပါဘူး။

တကယ်တော့ မြန်မာယူနီကုဒ်စံကို အသုံးပြုထားသော ဘလော့ ဆိုဒ်တွေက မြန်မာနိုင်ငံကို တကယ်ကိုယ်စားပြုတာ ဖြစ်ပြီး ဇော်ဂျီဆိုတာက တစ်ချိန်တစ်ခါက နားမည်ကြီး ဖောင့်တစ်မျိုးသာ ဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

ဘာက အမှား ဘာက အမှန်ဆိုတာ အသုံးပြုသူများ ကွဲလွဲစွား ခွဲခြားနိုင်မှာပါ။

အခုဆိုရင် ဂူဂယ်၊ဖေ့ဘုတ် တို့မှာ မြန်မာယူနီကုဒ်ကို အသိမှတ်ပြုပြီး မြန်မာလိုသေသေချာချာ ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး နောက်ပိုင်းမှာလဲ မြန်မာနိုင်ငံ ကိုယ်စားပြုဖောင့် မြန်မာယူနီကုဒ်စံ ဖောင့်ကိုသာ အသိမှတ်ပြုမှာပါ။

အခုလောလောဆယ် အသုံးပြုများသော ဝင်းဒိုးစ် ၈ ကိုပဲ ကြည့်ပါ။ မြန်မာဘာသာကို အသိမှတ်ပြုပြီး တရားဝင် မြန်မာယူနီကုဒ်ကို ဘာဖောင့်မှ တင်စရာမလို ဘာကီးဘုတ်မှ တင်စရာမလိုပဲ ကြည့်နိုင်အသုံးပြုနိုင်တာကို ငြင်းလို့ရမယ်မထင်ပါဘူး။

ကျွန်တော်က တိုက်ခိုက်တာ မဟုတ်ပါဘူး။

တကယ်က မြန်မာနိုင်ငံမှာက ဉပဒေအရ အရေးယူမှုတွေ နည်းပါးလို့ ဒီလိုမျိုး ပြဿနာတွေ ဖြစ်တာပါ။

တကယ်က နိုင်ငံမှာ ယူနီကုဒ်စံကို လိုက်နာသော ဖောင့်တွေသာ ရှိသင့်ပါတယ်။

ဘာကြောင့် ဇော်ဂျီက အောင်မြင်တာလဲ မိတ်ဆွေတို့က ပြောမှာပါပဲ။

အောင်မြင်မှာပါ။ မိတ်ဆွေတို့ပဲ စဉ်းစားပါ။ မြန်မာစာက အတော်ကို တိုင်ပတ်သော ဘာသာထဲမှာပါတယ်လို့ ဆိုရပါမယ်။

စကားပြောတဲ့နေရာမှာတောင် အဓိပ္ပါယ်ကို အမျိုးမျိုးဘာသာပြန်လို့ရသော ဘာသာစကား တစ်ခုပဲ ဖြစ်ပါတယ်။

အဲ့လိုမျိုး ပြဿနာတွေရှိလို့ မြန်မာယူနီကုဒ်က ဖောင့်စာလုံးတွေ မှန်ကန်ဖို့ အချိန်အများကြီယူပြီး ကြိုးစားကာ အခုလိုမျိုး အချိန်ရောက်မှ အဆင်ပြေသော အနေအထားကို ရောက်တာမျိုးပါ။

တကယ်က Unicode ဆိုတာ English မဟုတ်သော နိုင်ငံများအတွက် နိုင်ငံတကာက သတ်မှတ်ထားသော စံတစ်မျိုးပဲဖြစ်ပါတယ်။

မိတ်ဆွေတို့ သိသော တရုတ်၊ဂျပန်၊ ကိုရီးယား ... စာတွေကို ကွန်ပျူတာမှာ မြင်ရတာတွေက ယူနီကုဒ်ရဲ့ အစွမ်းပဲ ဖြစ်ပါတယ်။

ကွန်ပျူတာ စနစ်မှာ Original ပါသော အနေအထားတစ်ခုပါ။

ကျွန်တော်တို့ မြန်မာစာက ကွန်ပျူတာမှာ ထပ်ထည့်ရတာကလည်း ကျွန်တော်တို့နိုင်ငံက ကြိုးစားနေရသော အနေအထားတစ်ခုမို့သာ ဖြစ်ပါတယ်။

အခုတော့ အောင်မြင်သော အနေအထားတစ်ခုကို ရောက်ပြီဖြစ်တာမို့ မြန်မာယူနီကုဒ်က တွင်ကျယ်စွာ အသုံးပြုလာနိုင်မှာပါ။

နောက် နိုင်ငံရပ်ခြားများက မြန်မာဘာသာကို အသိမှတ်ပြုတော့မယ်ဆိုပါက ဇော်ဂျီကို အသိမှတ်ပြုမှာ မဟုတ်ပဲ မြန်မာယူနီကုဒ်ကိုပဲ အသိမှတ်ပြုမှာပါ။

ဇော်ဂျီကို ထောက်ခံသော သူများလည်း ဘာမှ တက်နိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ယူနီကုဒ်စံကို ခွင့်ပြုထားသော အဖွဲ့အစည်းက နိုင်ငံခြားမှာ တရားဝင်တည်ရှိကာ ဖြစ်ပြီး ထုတ်လုပ်သူတစ်ယောက်ယောက်က မြန်မာနိုင်ငံကို အသိမှတ်ပြု စက်ပစ္စည်းတစ်ခုခုထုတ်လုပ်မည်ဆိုပါက မြန်မာယူနီကုဒ် ဇယားက ကုဒ်တွေကို ယူပြီးထုတ်မှာမို့ပါ။

ဒီအကြောင်းက ကွန်ပျူတာ Programming Language ကျွမ်းကျင်သူများဆိုရင် သိသော အနေအထားပါ။

ကွန်ပျူတာ Digital Devices တွေမှာ ဘာသာစကားကို နားလည်ဖို့ ဖောင့်ကုဒ်က နှစ်မျိုးပဲ ရှိပါတယ်။ တစ်ခုက ASCII ( English ) , Unicode ( Not English Country ) ဆိုတာပါပဲ။

ဇော်ဂျီကလည်း ယူနီကုဒ်ဇယားက ကုဒ်တွေကို ယူသုံးထားတာကြောင့် ကွန်ပျူတာမှာ မြင်ရ အင်တာနက်မှာ မြင်ရ ရေးနိုင်တာပါပဲ။

သို့သော်လည်း ဇော်ဂျီက မြန်မာကို ကိုယ်စားပြုတာမျိုးမဟုတ်ပဲ ဗမာစာကိုပဲ ကိုယ်စားပြုတာပါ။

ကျွန်တော်တို့နိုင်ငံက ဗမာနိုင်ငံမဟုတ်ပါ။ မြန်မာနိုင်ငံသာလျှင် ဖြစ်ပါတယ်။ မြန်မာမို့ တိုင်းရင်းသာ ဘာသာစကားတွေကို မိတ်ဆွေတို့ စဉ်းစားကြည့်ပါ။

မြန်မာယူနီကုဒ်က တိုင်းရင်းသား ဘာသာစကားတွေ အကုန်လုံးအတွက် ရေးလို့ဖတ်လို့ရအောင် ဖန်တီးထားပါတယ်။

တကယ်လိုများ မိတ်ဆွေက ဗမာမဟုတ်ပဲ ရှမ်း၊ကရင်... စသော တိုင်းရင်းသားများ ဖြစ်ပါက အင်တာနက်မှာ ( သို့မဟုတ် ) ကွန်ပျူတာမှာ မိမိဘာသာ စကားကို ရေးချင်စိတ်ရှိမှာ သေချာပါတယ်။ ဒီလိုမျိုးဆိုရင်တော့ မြန်မာယူနီကုဒ်ဖောင့် ကီးဘုတ်နဲ့ စာကို ရိုက်မှပဲ အဆင်ပြေမှာပါ။

နောက်တစ်ခု ပြောချင်တာက အွန်လိုင် ဘာသာပြန်စနစ်တွေမှာ မြန်မာစာက အတိအကျ ဘာသာပြန်လို့ရသော အချိန်ရောက်ခဲ့ပါကလည်း မြန်မာယူနီကုဒ်ကိုပဲ အထောက်ပံပေးမှာဖြစ်ပါတယ်။

ကျွန်တော်ကတော့ ရှင်းရှင်းပဲ ပြောပါမယ်။ အစက ဘလော့ကို ဇော်ဂျီနဲ့ ရိုက်ပါတယ်။ နောက်မှာ မြန်မာ ၃ ဖောင့်ကို အသုံးပြုဖြစ်သွားတာပါ။

မြန်မာယူနီကုဒ်ကို ကျွန်တော်စတွေ့ခါစက ဆိုဒ်တစ်ခုက မြန်မာလို မမြင်ရပဲ ဘာတွေ ပေါ်နေလဲ မသိတာက စတာပါ။

စုံစမ်းတော့ မြန်မာယူနီကုဒ်ဆိုတာ သိလိုက်ရပါတယ်။ နောက်ဆုံး အခုဆိုရင် ကျွန်တော် မြန်မာယူနီကုဒ်ကိုပဲ လုံးဝ အသုံးပြုသူတစ်ယောက်ဖြစ်စေခဲ့ပါတယ်။

စတွေ့ခါစက ဇော်ဂျီလိုပဲ မြန်မာယူနီကုဒ်ဆိုတာလဲ အင်တာနက်မှာ စာရေးလို့ရတယ်ဆိုပေမဲ့ အခြားသော ယူနီကုဒ်ဖောင့်ပြောင်းလိုက်ရင် စာတွေက မမှန်တော့ဘူးလို့ ထင်ခဲ့တာပါ။

လက်တွေ့မှာ မှားပါတယ်။ မြန်မာယူနီကုဒ်စံကို အသုံးပြုသော မည်သို့သော ဖောင့်ကို အသုံးပြုပြု အခြားတစ်ယောက်က အခြားသော ယူနီကုဒ်ဖောင့်ဖြင့် စာဖတ်နိုင်တာပဲ ဖြစ်ပါတယ်။

နိုင်ငံခြားစာတွေလိုမျိုးပါ။ အင်္ဂလိပ်စာကို ဘာဖောင့်နဲ့ စာရိုက်ရိုက် ကိုယ်က ကြိုက်ရာ အခြားသော အင်္ဂလိပ်ဖောင့်နဲ့ စာဖတ်နိုင်တာမျိုးပါ။

အခုဆိုရင် ကျွန်တော် Windows 7 မှာ မြန်မာ ၃ နဲ့ ရိုက်ထားသော စာများကို Windows 8 က Myanmar Text Font နဲ့ ဖတ်နိုင်တာမျိုးပါ။ သူတစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ့်ဆီမှာ မြန်မာယူနီကုဒ် ဖောင့်တစ်မျိုးမျိုးကို အသုံးပြုပါက ကျန်သော သူများက ကြိုက်ရာ မြန်မာယူနီကုဒ် အခြားသော ဖောင့်ကို အသုံးပြုမှုကို ကိုယ်က အေးဆေးလေး စာဖတ် စာရိုက်နိုင်တာမျိုးပါ။

ကျွန်တော်ပြောတာလဲ များပါပြီ။

နောက်ဆုံးပြောချင်တာကတော့ မိတ်ဆွေတို့ အနေနဲ့ အင်တာနက်မှာ မြန်မာစာတွေ အမှန်မပေါ်သော ဆိုဒ်တွေက မြန်မာစာ အမှားရိုက်တာ မဟုတ်ပဲ မြန်မာယူနီကုဒ်စံဖောင့် တစ်မျိုးမျိုးကို အသုံးပြုထားသော ဆိုဒ်လို့သာ ပြောချင်ပါတယ်။

ကျွန်တော်ဆိုဒ်မှာတော့ ဖောင့်ကို တစ်ခါတည်းထည့်သွင်းထားတာမို့ ကြိုက်ရာဖောင့်ကိုသာ သုံး စာကိုအေးဆေးဖတ်လို့ရပါတယ်။

ယူနီကုဒ် အကြောင်း သိချင်ပါက http://www.myanmarlanguage.org/ မှာ သွားရှိုးလို့ရပါတယ်။


**  ကိုကိုဇော် ( BE-EC )

Thursday, May 23, 2013

Facebook ကို တရားဝင် မြန်မာဘာသာပြောင်းသုံးနိုင်ပြီ





















ကဲ့ အခုပြောမယ့်အကြောင်းကတော့ သိနေလောက်ပြီး အသုံးပြုတဲ့လူတွေလည်း သုံးနေလောက်ပါပြီ။

ဖေ့ဘုတ်ကြီးမှာ ကျွန်တော်တို့ မြန်မာဘာသာကို လုံးဝတရာဝင် အသုံးပြုလို့ရပြီးဆိုတဲ့ အကြောင်းလေးပေါ့နော်။

ကျွန်တော် ဖေ့ဘုတ်မှာ မြန်မာစာ မှန်ကန်ဖို့ မဲပေးဖို့ ပို့စ်နောက်ဆက်တွဲပါပဲ။http://htarwaiethar.blogspot.com/2013/04/facebook-vote.html

အဲ့လိုမျိုးမဲတွေပေးလိုက်တာ မနေ့ကနေစတင်ကာ ဖေ့ဘုတ်မှာ မြန်မာဘာသာကို တရားဝင်ပေးသုံးလိုက်ပါပြီ။

တရားဝင်ဆိုတာတော့ အရင်ကဆိုရင် ကျွန်တော်တို့က ဖေ့ဘုတ်က ဘာသာစကားနေရာမှာ US Language ကို ရွေးချယ်ကာ အသုံးပြုရပါတယ်။

နောက် မြန်မာစာ မြင်ရဖို့ မြန်မာယူနီကုဒ်ဆို မြန်မာယူနီကုဒ်၊ ဇော်ဂျီဆို ဇော်ဂျီ ကို ကွန်ပျူတာမှာ အင်စတောလုပ်၊ အင်တာနက် ဘလောက်ဇာမှာ ဖောင့်တွေကို ပြောင်းသုံးတဲ့ ပုံစံပါ။

အခုကတော့ US Language နေရာမှာ ကျွန်တော်တို့ ကိုယ်ပိုင် မြန်မာဘာသာကို ရွေးသုံးနိုင်သွားပါတယ်။ကျန်သော ဖောင့်​တွေ ကိစ္စကတော့ အရင်တိုင်းပါပဲ။

ကျွန်တော်စမ်းကြည့်တာတော့ မြန်မာယူနီကုဒ်ကို Support လုပ်ထားပါတယ်။ မြန်မာဘာသာဆိုတာလေးကို မြန်မာယူနီကုဒ်ကို အသုံးပြုမှသာ မြန်မာဘာသာလို့ မြင်နိုင်ပြီး ဇော်ဂျီကတော့ စာလုံးပေါင်းလွဲနေတာကိုပဲ မြင်ရမှာပါ။


လုပ်ရတာက လွယ်ပါတယ်။

ကိုယ့်ဖေ့ဘုတ်အကောင့်မှာ Log Out တွေလုပ်သော နေရာအောက်လေးက Account Setting ကို ကလစ်ပါ။

အောက်ဆုံးမှာ Language ဆိုတာလေးရှိပါတယ်။ သူ့နေရာ အဆုံးမှာ Edit လေးကို ကလစ်ပါ။

Choose Primary: ဘေးက မြှားလေးကို ကလစ်ပြီး " မြန်မာဘာသာ " ဆိုတာလေးကို ရှာပါ။ မြန်မာလိုပဲ ရေးထားပါတယ်။

သူကို ရွေးပြီး Save Changes လုပ်လိုက်ရင်ရပါပြီ။







 















မြန်မာဘာသာဆိုတာလေးကို ဒီနေရာမှာတော့ ဘာဖောင့်ကို သုံးသုံးမြင်ရပါတယ်။

အဲ့လိုပြင်ပြီးလို့ Save လုပ်ပြီးမှ မြန်မာဘာသာဆိုတာလေးက ယူနီကုဒ်အသုံးပြုသူဆိုရင် အတည်မြင်ရမှာပါ။

ဘာပဲ ပြောပြောအတော်ကို အဆင်ပြေပါတယ်လို့ ပြောလို့ရပါတယ်။

ဖေ့ဘုတ်က ပေးတဲ့ မြန်မာဘာသာပါပဲ။

သို့သော်လည်း သို့သော်လည်းပေါ့နော် ... ကျွန်တော်တို့ မြန်မာကို ဖေ့ဘုတ်က လက်ခံတာကပဲ ကျေနပ်စရာကောင်းပါတယ်။ ဘာဖောင့်ကိုပဲ အတည်ပြုပြု လုံးဝ Thank You!

ဖေ့ဘုတ်မှာက မြန်မာယူနီကုဒ်ကတော့ အသုံးပြုသူမရှိသလောက်ရှားပါတယ်။ ဒါကြောင့်လည်း ဖေ့ဘုတ်က မြန်မာတွေအတွက် ဇော်ဂျီကိုပဲ ရွေးချယ်လိုက်တာနေမှာပေါ့နော်။

ကျွန်တော့် Facebook Like Page မှာ မြန်မာယူနီကုဒ်တွေ ဖြစ်နေတာကြောင့် စာဖတ်မရသူများကို ဒီနေရာကပဲ တောင်းပန်ပါတယ်။ဇော်ဂျီက အသုံးပြုသူများပြားသော်လည်း ကျွန်တော်က ဖောင့်တော့ ပြောင်းသုံးဖို့ ဆန္ဒမရှိပါဘူး။ ယူနီကုဒ်မှ ယူနီကုဒ်ကိုပဲ အသုံးပြုမှာပါ။ ဘလော့မှာတော့ စာဖတ်သူများ အဆင်ပြေအောင် ကျွန်တော် Font Embed လုပ်ထားလို့ ဘာဖောင့်ကို အသုံးပြုပြု အဆင်ပြေပြေနဲ့ ကျွန်တော်ရေးထားတာကို ဖတ်နိုင်တာကိုပဲ ကျေနပ်မိပါတယ်။


** ကိုကိုဇော် ( BE-EC )



Monday, May 20, 2013

Windows XP , 7 နှစ်ခုလုံးမှာ မြန်မာစာဖောင့်များ အကုန်သုံးနိုင်ဖို့နည်းလမ်း




















အခုလောလောဆယ် ကျွန်တော့်မှာ Windows 8 မရှိသေးတာကြောင့် ရှိသော စနစ်နှစ်ခုမှာပဲ မြန်မာဖောင့် အားလုံး အသုံးပြုဖို့နည်းလမ်းကို ရေးသားလိုက်ပါတယ်။

ကျွန်တော်ရေးထားတာတွေကတော့ ရိုးရိုး ASCII Based Myanmar Fonts တွေ ကွန်ပျူတာမှာ Install ပြုလုပ်နည်း ၊

Alpha Zawgyi and Myanmar Unicode System ကို ကွန်ပျူတာ စနစ်မှာ Install ပြုလုပ်တာတွေ၊

နောက် ကွန်ပျူတာ မှာ Alpha Zawgyi , Myanmar Unicode တစ်ခုခု (သို့) နှစ်ခုလုံး တင်ထားရက်နဲ့ ကီးဘုတ်ပျောက်ပြီး စာရိုက်မရရင် ကီးဘုတ် ကိုယ်ဘာသာပေါင်းထည့်နည်း၊

ကွန်ပျူတာမှာ မြန်မာလို အမည်လေးတွေ ပေးလို့ရအောင် လုပ်တဲ့နည်း စတာတွေပါဝင်ပါတယ်။

လိုအပ်သူများ ဒေါင်းနိုင်ပါတယ်ခင်ဗျား။

ဖိုင်ဆိုဒ်က 7 MB လောက်နီးနီးရှိပါတယ်။

Download  

** ကို​ကိုဇော် ( BE-EC )