Showing posts with label (r) အင်တာနက်၊အီးမေးလ် အသုံးချနည်းဆိုင်ရာများ. Show all posts
Showing posts with label (r) အင်တာနက်၊အီးမေးလ် အသုံးချနည်းဆိုင်ရာများ. Show all posts

Saturday, April 30, 2016

Lock ကျသွားတဲ့ Facebook Account ကို ပြန်လည် ရယူဖို့ Trusted Contacts များကို အသုံးပြုနည်း


















Facebook က သင့်ရဲ့ အကောင့်ကို ပိုမိုလုံခြုံစေဖို့ Trusted Contacts ဆိုတဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို အသုံးပြုရင် Password မေ့လို့ပဲ ဖြစ်ဖြစ် Hack ခံရလို့ပဲ ဖြစ်ဖြစ် သင့် သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ သင့်အကောင့်ကို ပြန်လည် ရယူ အသုံးပြုနိုင်မှာပါ။


Trusted Contacts များကို သတ်မှတ်ခြင်း။

Trusted Contacts ကို အသုံးပြုဖို့ သင့်ရဲ့ Facebook အကောင့်ထဲသို့ Log In ၀င်ပါ။ Account Settings ထဲကတဆင့် Security ကဏ္ဍကို သွားပါ။ ဘယ်ဘက် Sidebar မှ Trusted Contacts ကို တစ်ချက်နှိပ်ပြီး ညာဘက်မှ Choose Trusted Contacts ကို နှိပ်ပါ။













နောက်တစ််ဆင့်မှာ Trusted Contacts စွမ်းဆောင်ချက်က သင့်ကို ဘယ်လို ကူညီပေးနိုင်လဲဆိုတာ ရှင်းပြပေးမှာပါ။ Choose Trusted Contacts ခလုတ်ကို နှိပ်ပါ။












အနည်းဆုံး သူငယ်ချင်း သုံးယောက်ကနေ အများဆုံး ငါးယောက်အထိ Trusted Contacts အဖြစ် သတ်မှတ်လို့ ရပါတယ်။ နာမည်တွေကို တစ်ခုချင်းစီ ရိုက်ထည့်ပြီး သူငယ်ချင်း List ကျလာရင် အဲဒီထဲက သင့်ရဲ့ သူငယ်ချင်းကို တစ်ချက်နှိပ်ပြီး ရွေးချယ်ပါ။ သူငယ်ချင်းများ ရွေးချယ်ပြီးရင် Confirm ခလုတ်ကို နှိပ်ပါ။ ပြီးရင်တော့ သင့်ရဲ့ Password ကို ရိုက်ထည့်ပေးပါ။ ဒါကတော့ သင့်ရဲ့ လုံခြံုရေးအတွက် Facebook က စစ်ဆေး အတည်ပြုတာပါ။
 








Trusted Contacts များကို ရွေးချယ်ရာမှာ စဉ်းစားသင့်တဲ့ အချက်တွေ ရှိပါတယ်။ ယုံကြည်ရတဲ့ သူငယ်ချင်းများကိုသာ Trusted Contact အဖြစ် သတ်မှတ်ပါ။ နောက်ပြီး Facebook ကို အမြဲ အသုံးပြုတဲ့ သူငယ်ချင်းများကိုသာ ရွေးချယ်သင့်သလို Facebook မှာ သိကျွမ်းတဲ့ သူငယ်ချင်း မဟုတ်ဘဲ အပြင်မှာပါ ခင်မင်တဲ့ သူငယ်ချင်းများကို ရွေးချယ်သင့်ပါတယ်။
သင့်အကောင့်ကို ပြန်လည် ရယူခြင်း။
သင့်ရဲ့ အကောင့် Lock ကျရင် ဒါမှမဟုတ် ခိုးယူခံရရင် Trusted Contacts ကို အသုံးပြုပြီး သင့်အကောင့်ကို ပြန်လည် ရယူနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Facebook Login Screen မှာ Forgotten your password? လင့်ကို နှိပ်ပြီး သင့်ရဲ့ Username, Email Address ကို ထည့်ပေးပြီး Search ကိုနှိပ်ပါ။









နောက်အဆင့်မှာ No longer have access to these? ကို နှိပ်ပါ။











သင့်ရဲ့ Trusted Contacts များကို https://www.facebook.com/recover သို့သွားခိုင်းပါ။ အဲဒီ စာမျက်နှာကနေ သင့်သူငယ်ချင်းများကို ကုဒ်တစ်ခုစီ ပေးမှာ ဖြစ်ပါတယ်။ သင်က အဲဒီကုဒ်တွေကို သူတို့ဆီက ပြန်လည် ရယူပြီး Enter code box မှာ တစ်ခုချင်းစီ ထည့်ပေးပါ။ Continue ကို နှိပ်ပါ။
















နောက်အဆင့်မှာတော့ သင့်ရဲ့ Password ကို Reset လုပ်လို့ ရပါပြီ။ Password အသစ်တစ်ခု ထည့်ပေးပြီး Continue ကိုနှိပ်ပါ။












ဒါဆိုရင်တော့ Lock ကျနေတဲ့ သို့မဟုတ် ခိုးယူခံထားရတဲ့ သင့်အကောင့်ကို ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Credit to ==> Myanmar Digital Life Journal



Posted By

<< Htar Waie Thar >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.org

Saturday, January 30, 2016

Top Ten Free Email Services 2016





















ဒါလေးကတော့ ကျွန်တော် အွန်လိုင်းကနေပြီး ရှာဖွေပေးထားတာလေးပါ။

ဖရီးရရှိပြီး အလွန်ကောင်းသော အီးမေးလ်ဆာဗာတွေကို မျှပေးလိုက်ပါမယ်နော်။

ယနေ့ခေတ်မှ လူတစ်ဉီးအနေဖြင့် လူတိုင်းလိုလို အီးမေးလ်အကောင့်တစ်ခု ပိုင်ဆိုင်မှာ မလွဲပါဘူး။

Gmail, MSN Mail, Yahoo Mail အစသဖြင့် နှစ်သက်သလို အသုံးပြုကြပါတယ်။

ကဲ့ အောက်မှာ ကျွန်တ​ော် ၂၀၁၆ အတွက် အကောင်းဆုံး ဖရီးရရှိနိုင်သော အီးမေးလ်တွေကို မျှပေးထားပါတယ်ခင်ဗျား။



1. Gmail

https://accounts.google.com/SignUp



2. Outlook

https://signup.live.com/signup



3. Yahoo

https://www.yahoo.com/



4. GMX

http://www.gmx.com/



5. AOL Mail

https://mail.aol.com



6. Zoho Mail

https://www.zoho.com/mail/



7. Lycos Mail

http://www.mail.lycos.com/



8. Inbox.com

http://www.inbox.com/



9. Hushmail

https://www.hushmail.com/




Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.org

Thursday, August 27, 2015

အင်တာနက်ကိုဒေတာဖြင့်ကောက်ခံပြီးဖုန်းခေါ်ဆိုခတစ်မိနစ် ၂၁ ကျပ်ထိ လျှော့ချထားသောရွှေမေတ္တာအစီအစဉ်ကိုMECမှ မိတ်ဆက်



















MEC မှ MECTelဆင်းကတ်အသုံးပြုသူများအတွက် သြဂုတ် ၁၈ ရက်မှ စတင်၍ “ ရွှေမေတ္တာအစီအစဉ် ” (SHWE MYITTA Package)ကို Silver, Gold, Diamond Package များအနေဖြင့် ၀န်ဆောင်မှု ရယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ရွှေမေတ္တာအစီအစဉ်ကို အသုံးပြုလိုသူများအနေဖြင့် ၂၃၃ သို့ SMT ဟုမက်ဆေ့ပေးပို့ရမည်ဖြစ်ပြီးအဆိုပါအစီအစဉ်ကိုပြန်လည် ပယ်ဖျက်လိုပါက ၂၃၃ သို့ UNSMT ဟုပေးပို့ရမည်ဖြစ်သည်။ ရွှေမေတ္တာအစီအစဉ်ရယူပြီးပါက SMS တစ်စောင် ၁၅ကျပ်၊ MECTel ဆင်းကတ် အချင်းချင်းတစ်မိနစ်ဖုန်းခေါ်ဆိုခ ၂၁ ကျပ် အခြား အော်ပရေတာ များသို့ခေါ်ဆိုခတစ်မိနစ်လျှင် ၂၂ ကျပ် ၊ အင်တာနက် အသုံးပြုခအနေဖြင့် 1MB လျှင် ၆ကျပ်နှုန်းဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့ပြင် အထူးဝန်ဆောင်မှုpackage များကိုလည်း မိတ်ဆက်ထားပြီး Diamond Package တွင် ဖုန်းခေါ်ဆိုခအားတစ်မိနစ်လျှင်၂၀ ကျပ်နှုန်း ၊ Internet 1 MB လျှင် ၄ကျပ်နှုန်းဖြင့်လည်းကောင်း၊ Gold Package တွင် ဖုန်းခေါ်ဆိုခအားတစ်မိနစ်လျှင် ၂၁ ကျပ်နှုန်း၊ Internet သုံးစွဲခအား 1 MB လျှင် ၅ ကျပ်နှုန်းဖြင့်လည်းကောင်း၊ Silver Package တွင် ဖုန်းခေါ် ဆိုခအား တစ်မိနစ်လျှင် ၂၂ ကျပ်နှုန်း၊ Internet သုံးစွဲခအား 1 MB လျှင် ၆ ကျပ်နှုန်း ဖြင့်လည်းကောင်းရယူနိုင်ပါသည်။ တစ်လလျှင်ခြောက်ထောင်ကျပ် နှုန်းကျသင့်မည့် Silver Plan တွင် ဖုန်းပြောဆိုမှုမိနစ်ပေါင်း ၂၇၀၊ အင်တာနက်အသုံးပြုမှု 100MB နှင့် SMS အစောင် (၃၀) ပေးပို့ နိုင်ပြီး တစ်လလျှင်တစ်သောင်းကျပ်နှုန်းကျသင့်မည့် Gold Plan ဖြစ်ပြီးဖုန်းပြောဆိုမှု မိနစ်ပေါင်း ၄၅၀၊ အင်တာနက်အသုံးပြုမှု 200MB နှင့် SMS အစောင် (၅၀) ပေးပို့နိုင်မည်ဖြစ်သည်။

တစ်လလျှင်နှစ်သောင်းကျပ်နှုန်းကျသင့်မည့် Diamond Plan တွင် ဖုန်း ပြောဆိုမှု မိနစ်ပေါင်း ၉၀၀၊ အင်တာနက် အသုံးပြုမှု 450MB နှင့် SMS အစောင် (၁၀၀) ပေးပို့ နိုင်သည်။ Silver ဝန်ဆောင်မှုအသုံးပြုလိုပါက SMTS, Gold ဝန်ဆောင်မှု အသုံးပြုလိုပါက SMTG, Diamond ဝန်ဆောင်မှု အသုံးပြု လိုပါက SMTD ဟု၂၃၃ အားSMS ပေးပို့ရမည်ဖြစ်သည်။လစဉ် အသုံးပြုနိုင်သည့် အင်တာနက် Packageများအပြင် Voice နှင့် SMS Packageများကိုလည်းအဆိုပါ ရွှေမေတ္တာ အစီအစဉ်တွင် ထည့်သွင်း ထားပါသည်။ အင်တာနက်အသုံးပြုမှုအနေဖြင့်လည်း"100MB", "500 MB" , "1GB", 2GB"စသည်ဖြင့် ရယူနိုင်ပြီး ၂၃၃ သို့ "100 MB", "500MB", "1GB", "2GB"များမှ မိမိနှစ်သက်ရာလစဉ် plan များကိုရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။


Credit:

ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


Posted By

<<  Zaw Lay  >>

Ko Ko Zaw ( BE-EC )       www.htarwaiethar.org

Internet မှာ လိုချင်တဲ့ Serial Key ကိုအတိအကျ ရှာဖွေခြင်း






















 ပထမ နည်းလမ်း
အရင် ဆုံး Google Search ကို ဖွင့်ထားလိုက်ပါ။ Search ဆိုတဲ့နေရာမှာ... မိမိ ရှာချင်တဲ့ Software နာမည်ကို “ “ ခံပြီး နောက်က 94FBR ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပြီးရင် Search ကိုနှိပ်ပြီးရှာလို့ရပါတယ်။ Fomular = “Product Name”94FBR
ဥပမာ. "Nero Burning Rom11" 94FBR

ဒုတိယ နည်းလမ်း
ဒုတိယ နည်းလမ်း အနေနဲ့တော့ ကျွန်တော်တို့ သုံးနေတဲ့ https://www.google.com/ ကို https://www.google.com.hk/ လို့ပြောင်းရိုက်ပေးလိုက်ပါ။ China Google Site ရဲ့ Search Box ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ မိမိရှာလို့တဲ့ Software အမည်ကို ရိုက်ထည့်ပြီးရှာနိုင်ပါတယ်။ တစ်ခု သတိပြုရမှာက Software နာမည် ရိုက်တဲ့ အခါ အစစာလုံးတွေကို Capital Letter နဲ့ရိုက်ရပါမယ်။ နောက်တစ်ခု နောက်ဆုံးမှာ sn ဆိုပြီး Small Letter နဲ့ရိုက်ပေးရပါမယ်။ ဥပမာ - Nero Burning Rom 11 sn ။ အဲဒီလို ရိုက်ပြီးရှာလိုက်ရင် လိပ်စာတွေနဲ့အတူ Serial Key တွေကို တွေ့ရပါလိမ့်မယ်။

အောက်ပါ Site များမှာလဲ Serial Key များကိုရှာဖွေရရှိနိုင်ပါတယ် ။

http://www.serials.ws/index.php

www.youserials.com

http://www.serials.be/

http://www.fixdown.com/english/

http://serials.ws/

http://www.unlimitedserials.com/

http://www.serialcoded.com/

http://www.superserials.com/

http://www.serialportal.com/


Credit : All Supporters


Posted By

<<  Zaw Lay  >>

Ko Ko Zaw (BE-EC)      www.htarwaiethar.org

Wednesday, August 19, 2015

နှုတ်ဆက်ပါသည်Google+



























 အင်တာနက်အသုံးပြုသူအရေအတွက် မြင့်တက်လာသည်နှင့်အမျှကမ္ဘာ့နည်းပညာလောကတွင်Social Network (လူမှုရေးဝက်ဘ်ဆိုက်) များကလည်းပိုမိုနေရာယူလာနေကြသည်။အဓိကဆိုလိုရင်းကတော့လူမှုရေးဝက်ဘ်ဆိုက်များခေတ်စားလာသည်ပေါ့။ Facebook ၊Twitterစသည့် ၀က်ဘ်ဆိုက်များအောင်မြင်လာပြီးတစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်Userအဖွဲ့ဝင်အရေအတွက်များပြားချိန်တွင်ဆန့်ကျင်ဘက်အားဖြင့်တဖြည်းဖြည်းလုံးပါးပါးလာနေသောဝက်ဘ်ဆိုက် (၀ါ) ကျရှုံးလာနေသောဝက်ဘ်ဆိုက် တစ်ခုကိုလည်း တွေ့မြင်နေရသည်။ထိုဝက်ဘ်ဆိုက်ကတော့အခြားမဟုတ်။နာမည်ကျော်နည်းပညာဘီလူးကြီးGoogle ၏Google + ပင်ဖြစ်တော့သည်။Google + သည်ရေပန်းစားမှုအရလုံလောက်သည့် အတိုင်းအတာအထိမရောက်ရှိခဲ့သလိုစီးပွားရေးအရလည်းကြေကွဲစရာကောင်းလောက်အောင်အရှုံးပေါ်ခဲ့ပြီးဖြစ်သည်။

Facebook ၊Twitter နှင့်အခြားလူမှုရေးဝက်ဘ်ဆိုက်များ၏ ပြိုင်ဘက်အဖြစ် ရပ်တည်နိုင်ရန်ရည်ရွယ်ချက်ဖြင့်Google + ကိုGoogle ကအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ဖန်တီးခဲ့ခြင်းဖြစ်သည်။သို့သော်လက်ရှိတွင်Google + ကိုယင်းတို့ကိုယ်တိုင်မြေမြုပ်သဂြိုဟ်ရမည့်ကိန်းပင် ဆိုက်နေလေပြီ။ တကယ်တမ်းလည်းလက်လျှော့အရှုံးပေးနေရလေသည်။ Google + ကိုထိန်းချုပ်ကိုင်တွယ်ရေးအတွက်ယခုနှစ်ဆန်းပိုင်းက တာဝန်ပေးအပ်ခြင်းခံခဲ့ရသောBrad Horowitz ကတော့ပြီးခဲ့သော ဇူလိုင်လ၊၂၇ရက်နေ့ကGoogle၏User များအနေဖြင့်ကုမ္ပဏီ၏ ၀န်ဆောင်မှုအသီးသီးသို့ ၀င်ရောက်လိုပါက Google+တွင်အကောင့်ဝင်ရန် မလိုအပ်တော့ကြောင်း အတည်ပြုကြေညာခဲ့သည်။ အမှန်တကယ်လည်း မထင်မရှားလူမှုရေးဝက်ဘ်ဆိုက်Google+၏အရေးပါအရာရောက်မှုမှာသြဂုတ်လ၁ရက်နေ့အရောက်တွင်အဆုံးသတ်သွားခဲ့တော့သည်။Google+အစားGoogle email တစ်ခုရှိထားခြင်းဖြင့်Google ၏ဝန်ဆောင်မှုအားလုံး ကို မွှေနှောက်အသုံးပြုသွားနိုင်တော့မည်ဖြစ်သည်။

ဗဟိုထိန်းချုပ်မှုစနစ်ဖြင့်Google+လွန်ခဲ့သော၄နှစ်က Google + ကိုစတင်မိတ်ဆက်ကြေညာခဲ့စဉ်က ွသသါူနကုမ္ပဏီထံတွင်မျှော်လင့်ချက်များဖြင့် ပြည့်ဝနေခဲ့ဖူးသည်။ပုံမှန်ဝင်ရောက်အသုံးပြုသူတစ်ဘီလီယံဝန်းကျင်ရှိသောUserများနှင့်အတူစည်ပင်ဖွံ့ဖြိုးသောလူမှုရေးဝက်ဘ်ဆိုက်Google+ဖြစ်လာရန်မျှော်လင့်ခဲ့ကြသည်။Userသန်းပေါင်းများစွာကGoogle+သို့ နေ့စဉ်ဝင်ရောက်ကာStatusများရေးသားခြင်း၊ဓာတ်ပုံများတင်ပြခြင်း၊မိသားစုဝင်များ၊မိတ်ဆွေသူငယ်ချင်းများ၊လုပ်ဖော်ကိုင်ဖက်များနှင့်ထိတွေ့စကားပြောခြင်းစသည်တို့ကိုတွေ့ရလိမ့်မည်ဟုလည်းယုံကြည်ထားခဲ့ကြသည်။တစ်နည်းအားဖြင့်တော့Google+ကိုမျှဝေခံစားနိုင်သောGoogle၏ဝန်ဆောင်မှုမော်ဒယ်များအားလုံးကိုစုစည်းပေးမည့်ပလက်ဖောင်းအလွှာတစ်ခုအဖြစ်ယူဆခဲ့ကြခြင်းဖြစ်သည်။

မစ္စတာHorowitzက“Google+ဟာကျွန်တော်တို့ကောင်းစွာစိတ်ညွှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမယ့်Google+ဟာUser တွေရဲ့စိတ်ကိုများသောအားဖြင့်ရှုပ်ထွေးစေနိုင်ပြီးအဖွဲ့ဝင်အရေအတွက်တိုးတက်မလာခဲ့ပါဘူး”ဟုဆိုသွားခဲ့သည်။ရှုပ်ထွေးသည်ဆိုရာတွင်မည်သည့်ဝန်ဆောင်မှုကိုအသုံးပြုသည်ဖြစ်စေ၊Google+အကောင့်တစ်ခုမဖြစ်မနေပြုလုပ်ရမည့်လိုအပ်ချက်ရှိနေခြင်းပင်ဖြစ်သည်။Google ကအရာအားလုံးကိုလူမှုရေးကွန်ရက်Google+နှင့်ထိန်းချုပ်လိုက်ပါက သေချာပေါက်အဖွဲ့ဝင်အရေအတွက်တိုးတက်များပြားလာမည်ဟုအပိုင်ယူဆထားပုံရသည်။သို့သော်တကယ်တမ်းတွင်မူယင်းသို့ထိန်းချုပ်ခြင်းကGoogle ပရိသတ်များအတွက်စိတ်ရှုပ်ဒေါသထွက်စရာသာ ဖြစ်ခဲ့ရလေသည်။

Googleပရိသတ်များပေါက်ကွဲခဲ့ကြသည့်အချက်ကတော့YouTube နှင့်ပတ်သက်၍ဖြစ်သည်။၂၀၁၃ခုနှစ် နှောင်းပိုင်းမှစ၍YouTubeတွင်Comments စာသားများရေးသားရန်နှင့်ဗီဒီယိုများUploadတင်ခွင့်ရရန်အတွက်Google+အကောင့်လိုအပ်မည်ဖြစ်ကြောင်းကြေညာခဲ့ရာတွင်သာမန်UserများသာမကYouTube ကိုပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သောJawed Karim ကပင်လျှင် သူ၏YouTube စာမျက်နှာပေါ်၌ပျစ်ပျစ်နှစ်နှစ်ဆဲဆိုရေးသား ထားခဲ့သေးသည်။သို့ရာတွင်Google ၏စီအီးအိုLarry Page ၏အမြင်တွင်Google+ကအားလုံးကိုထိန်းချုပ်ပဲ့ကိုင်စေနိုင်မည်ဟုတစ်သမတ်တည်းယုံကြည်နေခဲ့လေသည်။Google၏ဝန်ဆောင်မှုတော်တော်များများနှင့်User များမလွတ်မကင်းနိုင်ဘဲရှိသည်ကိုသိရှိထားပြီးသောစီအီးအိုLarry Pageသည်ဓာတ်ပုံတင်မည်လား၊သတင်းအချက်အလက်တင်မည်လား၊မိတ်ဆွေအပေါင်းအသင်းများနှင့်Chattingထိုင်မည်လား၊ဘာကိုပဲလုပ်လုပ်Google+အကောင့်ရှိမှသာလုပ်ဆောင်ခွင့်ရမည့်ဗဟိုထိန်းချုပ်စနစ်ကိုစတင်အသက်သွင်းခဲ့ခြင်းလည်းဖြစ်သည်။

အထင်နှင့်အမြင်ကွဲလွဲခဲ့သောGoogle“Facebook, Twitterတို့လို ကြီးမားကျယ်ပြန့်တဲ့လူမှုရေးဝက်ဘ်ဆိုက်မျိုးကိုဖန်တီးနိုင်လိုက်ပြီဆိုရင်သူတို့ရဲ့အင်အားကလည်းကြီးထွားလာမယ်လို့Googleကထင်ထားခဲ့တာလေ။နောက်ဆုံးတော့Googleဟာဘယ်လိုကုမ္ပဏီအမျိုးအစားလဲဆိုတာသူတို့ကိုယ်တိုင်နားလည်သွားကြပြီပေါ့ဗျာ”ဟုဆိုသွားခဲ့သူကတော့လူမှုရေးဝက်ဘ်ဆိုက်များ၏သတင်းအချက်အလက်နှင့်စစ်တမ်းကောက်ယူသည့်4C insights အဖွဲ့အစည်း၏မားကက်တင်းအကြီးအကဲAaron Goldman ပင်ဖြစ်သည်။Google+၏အကြီးအကဲဟောင်းဖြစ်သူVic Gundotraပြန်ပြောင်းပြောခဲ့သည့်စကားကတော့စိတ်ဝင်စားစရာကောင်းနေသည်။၎င်းက“၂၀၁၃ခုနှစ် နှောင်းပိုင်းမှာGoogle+ကိုလစဉ်ဝင်ရောက်အသုံးပြုတဲ့Userအရေအတွက်ကသန်း၃၀၀အထိရှိထားပြီးပါပြီ။ဒီအချိန်မှာFacebookကတော့လစဉ်အသုံးပြုသူပေါင်းတစ်ဘီလီယံကျော်နေပါပြီ။ပုံမှန်အနေအထားအတိုင်းစောင့်ကြည့်မယ်ဆိုရင်FacebookကိုGoogle+ကလိုက်မီကောင်းမီနိုင်ပါတယ်။ဒါပေမယ့်Google+User တွေရဲ့လှုပ်ရှားမှုတွေအပေါ်Googleရဲ့တောင်းဆိုမှုတွေကများပြားလွန်းခဲ့လို့အခုလိုကျရှုံးသွားခဲ့ရတာပါ”ဟုဆိုခဲ့ခြင်းဖြစ်သည်။ယခုတော့Google+ကိုလည်းချောင်ထိုးကြရတော့မည်ဖြစ်သည်။

နည်းမှန်လမ်းမှန်ဖြင့်လျှောက်လှမ်းခဲ့သောFacebookကလက်ရှိတွင်လစဉ်အသုံးပြုသူ၁.၄ဘီလီယံဖြင့်အအောင်မြင်ဆုံးနေရာ၌ရပ်တည်နေချိန်တွင်Google+ကတော့မထင်မရှားအခြေအနေမျိုးဖြင့်ပရိသတ်မြင်ကွင်းမှကွယ်ပျောက်သွားတော့မည်ဖြစ်သည်။ထိုအကြောင်းကိုလက်ရှိGoogle+ကြီးကြပ်အုပ်ချုပ်သူHorowitz ကအတည်ပြုခဲ့ပြီဖြစ်သည်။Horowitz ၏အဆိုအရSPS ဟုအတိုကောက်အမည်ပေးထားသော၎င်း၏အဖွဲ့နှင့်အတူGoogle+ ၏တာဝန်များကိုခွဲဝေစိတ်ဖြာပစ်လိုက်တော့မည်ဟုဆိုထားခဲ့သည်။

အခြားလူမှုရေးဝက်ဘ်ဆိုက်များကဲ့သို့Google+မှာဓာတ်ပုံများ၊ဗီဒီယိုများကိုစုပေါင်းလက်ခံတော့မည်မဟုတ်ဘဲSPS ခေါ်Streams၊Photos နှင့်Sharingအစိတ်အပိုင်းများကခွဲဝေထားသောတာဝန်များအရသာလက်ခံနိုင်တော့မည်ဖြစ်သည်။ဥပမာအားဖြင့်ဓာတ်ပုံနှင့်ဗီဒီယိုသိမ်းဆည်းခြင်း၊တင်ပြခြင်းများကိုလက်ခံပြုလုပ်ပေးမည့်Google Photosကိုယခု၂၀၁၅ခုနှစ်အစောပိုင်းတွင် စတင်မိတ်ဆက်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်Google User များအနေဖြင့်ဓာတ်ပုံ၊ဗီဒီယိုများနှင့်ပတ်သက်ပြီး ပြင်ဆင်ပြောင်းလဲမှုလုပ်လိုပါကGoogle+ အကောင့်လိုအပ်တော့မည်မဟုတ်ဘဲGoogle Photos ကိုတိုက်ရိုက်သွားရောက်နိုင်တော့မည်ဖြစ်သည်။ထို့အပြင်Google အသုံးပြုသူတစ်ဦးအနေဖြင့်၎င်းတည်နေရာကဲ့သို့သတင်းအချက်အလက်တစ်ခုခုကိုShare လုပ်လိုက်လျှင်လည်းMessaging and Video-Chat Service Hangoutsကဲ့သို့နေရာကိုကူးပြောင်းဝင်ရောက်သွားမည်ဟု ဆိုသည်။

နောက်ဆုံးအနေဖြင့်Googleက ပြတ်ပြတ်သားသားကြေညာလိုက်သည့်အချက်ကတော့သင့်အနေဖြင့်Google၀န်ဆောင်မှုများနှင့်ပတ်သက်၍မည်သည့်အရာကိုပဲလုပ်သည်ဖြစ်စေ၊Google+ အကောင့်မလိုအပ်တော့ဘဲ Google Mailကဲ့သို့ အကောင့်တစ်ခုတည်းကိုသာလိုအပ်တော့မည် ဟူ၍ပင်။စာသားများမျှဝေသည်ဖြစ်စေ၊တစ်ဦးနှင့်တစ်ဦးပြောဆိုဆက်သွယ်သည်ဖြစ်စေ၊Youtube Channel တစ်ခုကိုကိုယ်တိုင်ဖန်တီးပြီးဗီဒီယိုများ တင်ပြသည် ဖြစ်စေ၊အားလုံးကိုသာမန်Googleအကောင့်တစ်ခုတည်းဖြင့်ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။သို့ဆိုလျှင်Userများဘက်ကလည်းနှုတ်ဆက်ပါသည်Google+ ဟုသာပြောလိုက်ရုံသာရှိတော့သည်။

Ref : (Google Gives Up on Google+ as a Facebook Rival - by ALISTAIR BARR)

Ledian
Mobile Guide Journal ( Every Monday )

Source: Mobile Guide Journal



Posted By

<<  Zaw Lay  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

Thursday, July 23, 2015

18000 ကျပ်ဖြင့် Verified PayPal Account ၀ယ်ဖို့နှင့် COC Gem အရေအတွက်အလိုက် ၀ယ်ယူရန်အတွက်

  မြန်မာ iP ဖြင့် အသုံးပြုနိုင်သော PayPal Account Verified တစ်ခုကို 18000 Ks နှင့် COC Gem


ပိုရစေသော ၀ယ်ယူနိုင်မှုနှင့် အခြားအခြားသော ၀န်ဆောင်မှုများပါရှိသည် UCAPAY Online Market
ဒီရက်ပိုင်းကမှ ထွက်ပေါ်လာတဲ့ Online Market Website Page တစ်ခုဖြစ်တဲ့ UCAPAY ကုမ္ပဏီရဲ့ www.ucapay.com မှာ Dota 2 Items, CS go Keys, Steam Wallet Codes, Google Gift Cards, Skype Credit Cards, လုံးဝပြီးပြည့်စုံသော မြန်မာ ip ဖြင့် Online Shopping လုပ်နိုင်သည့် Verified PayPal Account များကို ရောင်းပေးခြင်း၊ Verify ဖြစ်အောင် ပြုလုပ်ခြင်း၊ PayPal Account အတွင်းသို့ ငွေထည့်ပေးခြင်း၊ PayPal Account ထဲမှ ငွေများကို မြန်မာငွေအဖြစ် ထုတ်ပေးခြင်း။ Phone Prepaid Card များကို Online မှ ရောင်းပေးခြင်း၊ Phone Cover, T-Shirt များပေါ်တွင် မိမိတို့ စိတ်ကြိုက် ပုံ၊ Design များဖြင့် Print Out လုပ်ပေးခြင်း။ ကုမ္ပဏီ Logo များ၊ Letterhead များ Design လုပ်ပေးခြင်း။ အခြား ၀န်ဆောင်မှုအများကြီးကောပေါ့ဗျာ။ ပြောနေရင် ပိုမယ်ထင်အုံးမယ် www.ucapay.com မှာသာ ၀င်ကြည့်လိုက်ပေါ့ဗျာ။

          အခုကျွန်တော်ပြောချင်တာက COC ကို Gem သီးသန့်ဝယ်လျှင် Gem အရေအတွက် ပိုရစေပါတယ်။ Account ထဲကို Gem ထည့်ပေးခြင်းဖြစ်ပါတယ်။ ရန်ကုန်မှာ မဟုတ်ဘူး နယ် နှင့် အခြားနိုင်ငံ ကဆိုရင်လည်း ဘဏ်၊ သို့မဟုတ် Mobile Banking သို့မဟုတ် PayPal ကနေ UCAPAY မှာ Account ဖွင့်ပြီး ငွေဖြည့်ထားလို့ရပါသည်။ မိမိ Account ထဲမှာ ငွေထည့်ထားရင်တော့ အချိန်မရွေး လိုအပ်သည့် item များ ချက်ချင်းဝယ်၊ ချက်ချင်းရနိုင်ပါမည်။     

          UCAPAY ကို ဖုန်းထဲမှာ အသုံးပြုချင်ရင်တော့ Apk ဖိုင်လေးကို ဒီမှာဒေါင်းနိုင်ပါသည်။ ဆက်သွယ်ရမည်ဖုန်းနံပါတ်တွေအပြင် Live Chat ၀န်ဆောင်မှုတွေကနေ သိချင်တာရှိရင် မေးနိုင်ပါသည်။

ဒါကတော့ COC Gem စျေးနှုန်းလေးပါ

   

          500 Gems     = 6500 Ks

          1200 Gems   = 12800 Ks

          2500 Gems   = 25000 Ks

          6500 Gems   = 64000 Ks

          14000 Gems = 125000 Ks ပဲဖြစ်ပါသည်။

PayPal Verify Account စျေးနှုန်းလေးကတော့


ပိုက်ဆံမပါ Verified Account          -        18000 Ks

ပိုက်ဆံ 5$ ပါ Verified Account       -        25000 Ks


Account ထဲသို့ မိမိတို့ထည့်လိုသမျှ ပိုက်ဆံကို စိတ်ကြိုက်ရွေးချယ်ထည့်သွင်းနိုင်ပါသည်။ မြန်မာ ip ဖြင့်

အသုံးပြုနိုင်ပြီး အကြိမ်ကြိမ် ငွေထည့်၊ ငွေထုတ် လုပ်နိုင်သည့် Account ဖြစ်ပါသည်။

အသေးစိတ်ကိုတော့ ကျွန်တော်ပြောသလို UCAPAY မှာသာ ကြည့်လိုက်ပါ။




အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက Comment ဖြင့် မှာခဲ့နိုင်ပါသည်။



အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)



www.mictgarden.com

Thursday, February 26, 2015

Facebook အသုံးပြုနည်း အသေးစိတ် ( MIS Mandalay )


























Sann Oo ( MIS Mandalay ) ရေးသားထုတ်ဝေသော ဖေ့ဘုတ်အသုံးပြုနည်းစာအုပ်လေးကို ကျွန်တော့်ဘလော့ဂ်မှာ မျှဝေလိုက်ပါတယ်။

ဒီနေ့ခေတ်က ဖေ့ဘုတ်ကို လူတိုင်လိုလို အသုံးပြုနေပြီမို့ မိမိသိပြီးသာတွေ၊ မသိတာတွေကိုပါ သေချာလေ့လာနိုင်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်မှာပါ။

လိုအပ်သူများ ဒေါင်လုပ်ခ်ရယူနိုင်ပါပြီ။


Download





Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )             www.htarwaiethar.org

Friday, July 25, 2014

ဖေ့ဘုတ်မှာ ID Card နဲ့ ဘွဲ့လက်မှတ်သွားထုတ်ရအောင်

































အခုနည်းလမ်းလေးကတော့ အပျော်သက်သက်ပါပဲ။

ဖေ့ဘုတ်ကနေ ဘွဲ့လက်မှတ်နဲ့ ID Card လေးကို ရယူမဲ့ အစီစဉ်ပါ။

ဖေ့ဘုတ် အကောင့်ရှိသူတိုင်း ရတဲ့ အခွင့်ရေးပဲ ဖြစ်ပါတယ်။

သိတဲ့ လူတွေကလည်း သိပြီးသားဖြစ်မှာပါ။

ကိုယ်လည်း နောက်ကျ မကျန်ရစ်အောင် စမ်းသပ်နိုင်အောင် ကျွန်တော် နည်းလမ်းလေး ပေးလိုက်ပါမယ်။


ပထမဆုံး ဖေ့ဘုတ်ကို ဖွင့်ထားပါ။

ဒုတိယ အနေနဲ့ http://xeefunapps.com/  ကို သွားလိုက်ပါ။

ကျွန်တော် ပို့စ်မှာ တင်ထားတဲ့ ပုံနေရာကို ရောက်သွားပါတယ်။

အဲ့မှာ ကျွန်တော်တို့ လိုချင်တဲ့ ကဒ်နေရာလေးကို ကလစ်တစ်ချက် နှိပ်လိုက်ပါ။

နောက် ပေါ်လာမဲ့ စာမျက်နှာမှာ အပေါ်ဆုံးက Click Here to Get your...... ဆိုတာလေးကို ကလစ်လိုက်ပါ။








ဖေ့ဘုတ်နဲ့ ချိတ်ဆက်သွားပါမယ်။ OK လေးကို သာ ကလစ်လိုက်ပါ။ မိတ်ဆွေတို့ လိုချင်တဲ့ ကဒ်လေးရရှိလာပါမယ်။

အခု ကျွန်တော် ပေးတဲ့ လင့်ခ်က ကျွန်တော်ပြောတဲ့ ကဒ်တွေ အပြင် အခြားကဒ်တွေကိုပါ ရရှိနိုင်ပါတယ်။

အားလုံး ပျော်ရွှင်နိုင်ပါစေဗျာ။။။။


ကျွန်တော် ရရှိထားတဲ့ ကဒ်နှစ်ခုကို မိတ်ဆွေများ သိရှိအောင် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ကဒ်တွေက အလန်းစားဗျ။ မိုက်တယ်။ စမ်းကြည့်လိုက်နော့်။

































Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )        www.htarwaiethar.blogspot.com

Monday, July 14, 2014

၀ဘ်ဆိုဒ် တီထွင်သူရဲ့ .....ဘဝတစ်ပိုင်းတစ်စ






























ကျွန်တော်တို့ အဆင်ပြေစွာ အသုံးပြုနေကြတဲ့ www ( World Wide Web) ကို တီထွင်ခဲ့သူကတော့ ဗြိတိန် ကွန်ပျူတာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ Berners-Lee ( Sir Timothy John "Tim" Berners-Lee) ဖြစ်ပါတယ်။ " TimBL " လို့လည်း သိကြပါတယ်။

၁၉၅၅ ခုနှစ် ဖွား ဗြိတိန်နိင်ငံသား တစ်ဦးဖြစ်ပြီး World Wide Web Consortium ရဲ့ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။ World Wide Web Foundation ရဲ့ စတင် တည်ထောင်သူ တစ်ဦးဖြစ်ပြီး အခြား ကွန်ပျူတာနဲ့ဆိုင်တဲ့ အဖွဲ့အစည်တွေမှာ ဒါရိုက်တာ၊ သုတေသန်ပညာရှင်အဖြစ် ယခု လက်ရှိ တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ။ ယခု လက်ရှိ အသက် ၅၉ နှစ်ခန့်ရှိပြီး ဖြစ်တဲ့ Berners-Lee ဟာ ယခုလို ၀ဘ်ဆိုဒ် ကို စတင်ဖန်တီးခြင်း ဖြစ်လာဖို့ ၁၉၈၉ မတ်လ တွင် သတင်းအချက်အလက် စီမံမူအတွက် အဆိုပြုချက် တစ်ခုကို ဖန်တီးခဲ့ရပါတယ်။ နှစ်ရဲ့ နိုဝင်ဘာ လလယ်လောက်မှာတော့ အင်တာနက် ကနေတစ်ဆင့် အသုံးပြုသူတွေနဲ့ ဆာဗာ ကြားတွင် ဟိုင်ဘား မီဒီယာ သတင်း အချက်အလက် တွေကို ဖြန့်ချိနိင်တဲ့ application protocol တစ်ခုဖြစ်တဲ့ Hypertext Transfer Protocol (HTTP) တစ်ခုကို ပထမဦးဆုံး အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိင်ခဲ့ပါတယ်။

Berners-Lee ဟာဆိုရင် 8 June 1955 တွင် လန်ဒန် အနောက်တောင်ဖက်ခြမ်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးချင်းလေးယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ မိဘတွေကလည်း ကွန်ပျူတာ တည်ဆောက်ခြင်း အပေါ်မှာပဲ အသက်မွေးသူတွေ ဖြစ်ပြီး သူကလည်း ပညာ အခြေခံတွေကို အဆင့်ဆင့် သင်ကြားကာ အီလက်ထရောနစ်နဲ့ဆိုင်တဲ့ အကြောင်းတွေကို ကလေးဘဝမှာ စလေ့လာခဲ့ပါတယ်။ နောက်ပြီး အောက်စဖို့ တက္ကသိုလ်နဲ့ Queen တက္ကသိုလ်တို့မှာ လေ့လာခဲ့ပြီး ရူပဗေဒတွင် ပထမဆုံး ဘွဲ့ဒီဂရီကို ရရှိခဲ့ပါတယ်။ ဘွဲ့ရပြီး မကြာမီမှာတော့ တယ်လီ ကွန်မြူနစ်ကေရှင် ကုမ္ပဏီ တစ်ခုတွင် အင်ဂျင်နီယာအဖြစ်လုပ်ကိုင်ပြီး ပရင့်တာတွေမှာ စာရိုက်တဲ့ setting ဆော့ဝဲလ်တွေကို ကူညီ ဖန်တီးရတဲ့ အလုပ်ကို 1978 တွင် စလုပ်ကိုင်ခဲ့ပါတယ်။

ထိုနောက်မှတော့ ( ဆွီဇာလန် အခြေစိုက် ) နျူကလီးယား သုတေသနအတွက် ဥရောပီယံ ကောင်စီ တစ်ခုဖြစ်တဲ့ CERN တွင် အလွတ်တန်း ကန်ထရိုက်တာ အဖြစ်လုပ်ကိုင်ခဲ့ပြီး ထိုနေရာတွင် လုပ်ကိုင်နေစဉ် Hypertext ( ကွန်ပျူတာနဲ့ အီလက်ထရွန်နစ် ကရိယာတွေပေါ်တွင် ရည်ညွှန်းလင့်နဲ့ အတူ စာသား ပြသသည့် ) ပေါ်မှာ အခြေတည်ထားတဲ့ ပရောဂျက်တစ်ခုကို ရည်ရွယ် လုပ်ကိုင်မိခဲ့ပါတယ်။ ထိုနောက်မှာတော့ ENQUIRE Prototype တစ်ခုကို သိသာထင်ရှားစေဖို့ စတင်တည်ဆောက်ခဲ့ပါတယ်။

CERN ကနေထွက်ခွာပြီး ၁၉၈၀ နောက်ပိုင်းမှာ အင်္ဂလန် မိခင်တိုင်းပြည်ရှိ ကွန်ပျူတာ စနစ် ကုမ္ပဏီ တွင် လုပ်ကိုင်ခဲ့ပြီး ထို ကုမ္ပဏီ ရဲ့ နည်းပညာရှင် ဘက်တွင် (၃) နှစ်လောက် ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။ လုပ်ကိုင်တဲ့ နေရာမှာ သူကို ကွန်ပျူတာ နက်ဝပ် လုပ်ဆောင်ခြင်းနဲ့ ဆိုင်တဲ့ အတွေ့အကြုံတွေပေးတဲ့ ပရောဂျက်တစ်ခုမှာ လုပ်ဆောင်ခဲ့ရခြင်း ရှိခဲ့ပါတယ်။ ထိုနောက်တွင် CERN ကို သူသည် အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပြန်သွားခဲ့ပြီး ထိုသို့ပြန်သွားပြီး မကြာမီ ၅ နှစ်တွင် ဥရောပတွင် CERN သည် အကြီးမားဆုံး အင်တာနက် ဆိုင်ရာ ကုမ္ပဏီ တစ်ခု ဖြစ်နေခဲ့ ပြီး ဖြစ်ပါတယ်။

ထိုအချိန်တွင် Berners-Lee သည် အင်တာနက် Hypertext နဲ့ ဆက်သွယ်ဖို့ အခွင့်အရေးတစ်ခုကို မြင်ခဲ့သည့် နည်းတူစွာ ၁၉၈၉ ၊ မတ်လတွင် ပထမဦးဆုံး အဆိုပြုလွှာကို မန်နေဂျာရဲ့ သဘောတူ လက်ခံမူဖြင့် သူသည် ရေးသားခဲ့ပြီး သူရဲ့ www. ၀ဘ် ပရောဂျက်ဟာ စတင် အကောင်အထည် ပေါ်လာခဲ့ပါတယ်။

သူရဲ့ တီထွင်မူ၊ ကြိုုးစားမူတွေကြောင့် ကျတော်တို့ ယခုလို ၀ဘ် ဆိုဒ်တွေကို အသုံးပြုနေနိင်ကြတာ ဖြစ်လို့ သူကို ဂုဏ်ပြု ပေးလိုက်ကြပါဦးနော် ။

Ref: Wiki

အောင်ဟိန်း (ရိုးရာလေး)


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )        www.htarwaiethar.blogspot.com

Saturday, July 12, 2014

Firefox Browser တစ်ခုတည်းကနေပြီး ဖေ့ဘုတ်၊ဂူဂယ်မေးလ် အကန့်သတ်မရှိ ၀င်ရောက် အသုံးပြုနည်း































အခု ကျွန်တော် ရေးသားမည့်နည်းလမ်းလေးက သိတဲ့လူတွေလည်း သိနေမှာပါ။

ဟိုးတစ်ရက်ကမှ ကျွန်တော် အွန်လိုင်းမှာ ညီတစ်ယောက်က မေးထားတာမို့ ဘလော့ဂ်မှာ ပြန်ရေးပေးလိုက်ပါတယ်။

အခု နည်းလမ်းမှာ ကျွန်တော် ဘာ Add-On ကိုမှ မသုံးပါဘူး။

ရိုးရိုးလေး နည်းလမ်းလေးတစ်ခုကိုပဲ အသုံးပြုမှာပါ။


Firefox Browser တစ်ခုတည်းကနေပြီး Facebook and Gmail နဲ့ တစ်ခြားအကောင့်တွေကို တစ်ပြိုင်တည်းမှာ သုံးမယ်ဗျာ။ အခြားဘလောက်ဇာလည်း မသုံးချင်ဘူးပေါ့။

Run Box လေးကို အသုံးပြုရပါမယ်။


၁) ကီးဘုတ်ကနေပြီး Win + R ကို တွဲနှိပ်ပြီး Run Box ကို ခေါ်ယူပါ။

၂) Run Box မှာ C:\Program Files\Mozilla Firefox\firefox.exe -no-remote -p  လို့ရိုက်ထည့်လိုက်ပါ။

အဲ့မှာ ပုံသေမမှတ်စေချင်ပါဘူး။ ပထမဆုံးမှာပါဝင်တဲ့ C:\Program Files\Mozilla Firefox\firefox.exe  က Firefox ရှိတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။ သူ့နောက်က  -no-remote -p  ဆိုတာကမှ အဓိက ဖြစ်ပါတယ်။ ဆိုလိုတာက ကွန်ပျူတာက တစ်လုံးနဲ့ တစ်လုံး မတူညီတဲ့အတွက် တစ်ချို့ဆိုရင်ဗျာ Firefox Software က D:\Program Files\Mozilla Firefox\firefox.exe နောက် C:\Program Files(x86)\Mozilla Firefox\firefox.exe  အဲ့လိုမျိုးတွေ ရှိတက်လို့ပါ။ လမ်းကြောင်းကို လိုက်ပြီး နောက်က  -no-remote -p ပေါင်းထည့်က Run Box မှာ ခေါ်သုံးပါ။ အောက်မှာ ကျွန်တော် ပုံတွေနဲ့ ပြပေးလိုက်ပါတယ်။








တကယ်က Firefox မှာ Profile တွေဖန်တီးပြီး ကိုယ်ဖန်တီးတဲ့ Profile ကို စဖွင့်ခိုင်းလိုက်ရင် အခု ဖွင့်ထားတဲ့ Firefox စာမျက်နှာက အသစ်ဖြစ်သွားတာမျိုးဖြစ်ပါတယ်။ ကိုယ် အကောင့်တွေ ဖွင့်ချင်ရင် ဖွင့်ချင်သလောက် Profile တွေ ဖန်တီးပြီး အသုံးပြုရသော စနစ်တစ်မျိုးပါ။


အားလုံး အဆင်ပြေပါစေဗျာ။


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )        www.htarwaiethar.blogspot.com

Friday, July 4, 2014

အင်တာနက်မိသားနဲ့ ဖေ့ဘုတ် သုံးလို့မရရင် ဒီလိုသုံးပါ။































ယနေ့ည မြန်မာစံတော်ချိန် (၈:၃၀) အချိန်မှစပြီး မြန်မာနိုင်ငံ
တစ်ဝှမ်းလုံးတွင် facebook လူမှုကွန်ယက်အသုံးပြုမှု ပိတ်ပင်
ခံလိုက်ရပါသည်။

အင်တာနက်လိုင်းတွေရပြီး Facebook အသုံးပြု၍ မရသူများ
အတွက် -
https://www.prod.facebook.com/ ကနေ ၀င်ရောက်အသုံးပြုနိုင်
ပါတယ်။


Mobile နဲ့အသုံးပြုလိုသူများအတွက်တော့ :
https://m.prod.facebook.com/ ကို သွားရမှာဖြစ်ပါတယ်။

- Admin Team of YBAM



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )        www.htarwaiethar.blogspot.com

Tuesday, July 1, 2014

Facebook ကျင့်ဝတ် (ဆောင်ရန်-ရှောင်ရန်)




























 ၁)
ဆောင်ရန်။ နှစ်ကိုယ်ကြား ကိုယ်ရေးကိုယ်တာ ကိစ္စများ Wall-Timeline ပေါ်တွင် မရေးပဲ Chat / Private Message ပို့၍သာ ပြောရန်

သင့်တွင် လျှို့ဝှက်ချက်များ ဖောက်သည်ချလိုစိတ် ရှိနိုင်သည်။ ဒါကို စောဒက မတက်လိုပါ။ သို့သော် ကာ ယကံရှင်များ နစ်နာမည့် အရေးကိုလည်း နည်းနည်းတွေးပေးလိုက်ပါ။ ဥပမာ။ သင့်ဆီ အလည်လာသော မိတ်ဆွေများ မူးရူးနေပုံကို သင့်စာမျက်နှာတွင် တင်လိုက်သင့်ပါသလား? သူတို့ မူးရူးနေကြသည် ဆိုသော် လည်း လူပုံအလယ်တွင် မူးရူးနေခြင်း မဟုတ်၊ စိတ်ချ လုံခြုံသော သင်၏အိမ် တနေရာတွင် မူးရူးနေခဲ့ခြင်း သာ ဖြစ်သည်။ နံရံတွင် နားရှိသည်။ Facebook Wall တွင်လည်း နားပေါင်း များစွာ ရှိလေသည်။

၂)
ဆောင်ရန်။ ပို့စ်မတင်ခင် တင်သင့်၊ မတင်သင့် သေချာစဉ်းစားပါ။

သင့်တွင် Friends ပေါင်း ရာချီ၍ ရှိနေနိုင်သည်။ ၎င်းတို့ လူချင်းမတူ အသက်ရှူခြင်းလည်း မတူပါ။ ရေမြေ၊ နောက်ခံအကြောင်းချင်းရာ၊ အလုပ်အကိုင်၊ ယုံကြည်ကိုးကွယ်မှု၊ ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေစိတ်ထား စသည် ကွဲပြားနေကြပါမည်။ ကိုယ်တင်လိုက်သည့် ပို့စ်သည် မိမိအတွက် ဘာမှ ထိခိုက်မှု မရှိသော်လည်း ၎င်းတို့ အမြင်တွင် ထိခိုက်သွားနိုင်သည်။ မိမိပို့စ်ကို အထင်မလွဲစေရန် ဘက်ပေါင်းစုံ စဉ်းစား၍ တင်သင့် မှ တင်ပါ။

၃)
ဆောင်ရန်။ အရေးကြီး သတင်း၊ ကိစ္စများ ပို့စ်တင်၍ မပြောပဲ ဖုန်းဆက်ပေးလိုက်ပါ။

ဒါကတော့ ဖေ့စ်ဘုတ်ကျင့်ဝတ်လို့ ပြောရမည့်အစား လူမှုကျင့်ဝတ် တစ်ခုပါပဲ။ မိတ်ဆွေနှင့် ၎င်း၏မိသားစု ထံ အရေးကြီး သတင်း၊ ကိစ္စများ (ဥပမာ နာရေး) ပြောရန် ရှိလာပါက လူအများမြင်အောင် ပို့စ် မတင်ပဲ ဖုန်းနဲ့ ချက်ချင်း ဆက်သွယ်ပေးလိုက်ပါ။ ဖုန်းဆက်မရ၍ အကြောင်းပြပြီး SMS နဲ့ သတင်းမေးခြင်း မလုပ် ရပါ။ ရိုင်းသွားတတ်ပါသည်။

၄)
ဆောင်ရန်။ ကွန်းမန့်ထဲတွင် မိမိအတွက် မေးခွန်းပါလာပါက ဖြေပေးရပါမည်။

မိမိတင်လိုက်သော ပို့စ်အား မိတ်ဆွေများက ဖတ်၍ ကွန်းမန့် ပေးခြင်း Like လုပ်ခြင်း ပြုကြလိမ့်မည်။ ထိုအခါ မိမိ ဘက်မှ ပြန်၍ ၎င်းကို အသိအမှတ်ပြုကြောင်း ကွန်းမန့် ပြန်ပေးရပါမည်။ အထူးသဖြင့် ကွန်းမန့်တွင် မိမိအတွက် မေးခွန်းပါလာပါက ဖြေပေးရပါမည်။ ဒါ ကိုယ့်ကို ကွန်းမန့်ပေးသည့် မိတ်ဆွေ များကို လေးစားသမှုပြုခြင်းပင် ဖြစ်ပါသည်။

၅)
ဆောင်ရန်။ နေရာတကာ ကွန်းမန့် လိုက်ပေးခြင်း ဆင်ခြင်ပါ။

ခြွင်းချက်။ မိမိ စိတ်ဝင်စားနေသော သူမှ လွဲ၍ ဖြစ်ပါသည်။ နေရာတကာ ကွန်းမန့် လိုက်ပေးသည့် အကျင့်ကို ပြင်ပါ။ မိတ်ဆွေများ၏ Wall ကို ဝင်ကြည့်သည့် အကျင့် Facebook သုံးသူတိုင်းတွင် ရှိသည်။ ဒါပေမည့် ပို့စ်တိုင်းတွင် ကွန်းမန့် လိုက်မရေးပါနှင့်။ မကောင်းသော အလေ့အကျင့် ဖြစ်ပါသည်။ နေရာ တကာ ကွန်းမန့်လိုက်ရေးသူကို “pest” ဟု ခေါ်ကြပါသည်။

မှတ်ချက်။ အပြောအဆို ဆင်ခြင်ပါ။

Facebook သည် စာရေးဆက်သွယ်သည့် နေရာ ဖြစ်သော်လည်း စာထဲတွင် လေသံကော ဟန်ပန်ကော ရောပါနေတတ်သည်။ စာဖတ်ကြည့်ရုံဖြင့် သင်သည် ထေ့၊ ငေါတတ်သူလားဟု ထင်ခံရနိုင်သည်။ လူ တိုင်းတွင် ကိုယ်ပိုင်အမူအရာနှင့် ဟန်များရှိကြသည်။ ၎င်းသည် စာမှတဆင့် မြင်တွေ့နိုင်လေသည်။
သံသယများကို ခြေဖျက်ရန် နည်းလမ်း တစ်ခု ရှိလေသည်။ ၎င်းမှာ အပြံုး ပင် ဖြစ်သည်။ သင်္ကေတ အားဖြင့် :) ဖြစ်သည်။ အကန့်အသတ်ဖြင့် သုံးပါက တင်းမာမှုများ ပြေပျောက်နိုင်သည်။ ထို့ကြောင့် သင် လည်း ပြံုးပါ။ ကမ္ဘာကြီးက ပြန်ပြံုးပြပါလိမ့်မည်။ :)

Don’ts ရှောင်ရန်

၁)
ရှောင်ရန်။ လူစိမ်းများကို မိတ်လိုက်ဖွဲ့ခြင်း ဆင်ခြင်ပါ။

အချို့သူများတွင် Friends အရေအတွက် များများရအောင် လုပ်ချင်စိတ် ရှိကြသည်။ ပြင်ပရှိ မိတ်ဆွေအရေ အတွက်ထက် Facebook တွင် Friends အရေအတွက် များနေတတ်တာတော့ မထူးဆန်းပေမည့်။ လူစိမ်း များကို မိတ်လိုက်ဖွဲ့ခြင်းကတော့ ကောင်းသော အမူအကျင့် မဟုတ်ပါချေ။ ဒါကို ဆင်ခြင်လိုက်ရုံဖြင့် သင့် အပေါ် မကောင်းမြင်မှု လျော့ကျသွားမည်။ အမှန်က ဒီလို မကောင်းမြင်မခံရခြင်းကပ သင်အဖြစ်ချင်ဆုံး ကိစ္စပဲ မဟုတ်ပါလား။

၂)
ရှောင်ရန်။ ပုံဆိုးပန်းဆိုးများ (‘Unglam’ Shots ) တွင် မိတ်ဆွေများကို တက်ဂ် Tag ခြင်း

ယောင်္ကျားလေးများအတွက် မမှုလောက်သော ကိစ္စဖြစ်နိုင်ပေမည့်၊ မိန်းခလေးများ အတွက်တော့ အ လွန်ရေးကြီးခွင်ကျယ်ကိစ္စ ဖြစ်ပါသည်။ ကျကျနနရိုက်သော ပုံပင်ဖြစ်သော်ငြား ‘Unglam’ Shots ဖြစ်ပါက မတင်ပါနဲ့။

၃)
ရှောင်ရန်။ Status တင်လွန်းခြင်း

သင့် Newsfeed / Noti ကို သင်စစ်ကြည့်ချိန်တွင် လူတစ်ဦးတည်းက သူ့ Status နဲ့တင် ပြည့်နေသည် ဆိုပါစို့။ (၁၀) မိနစ် တစ်ခါ သူဘာလုပ်နေသည်ကို တောက်လျောက် တင်နေသည်ကို မြင်နေရသည် ဆို ပါစို့။ သင် ဘာလုပ်မည်နည်း။ သူ့ status များကို Noti မတက်စေရန် သင် ဆုံးဖြတ်ပေလိမ့်မည်။ ဒီလို အဖြစ်မျိုး ကြံုဘူးကြမယ် ထင်ပါသည်။ အလွန် အာရုံနောက်သော ကိစ္စပင် ဖြစ်ပါသည်။ ဘယ်သူမှ သူများ တကာ ၁၀ မိနစ်ခြားတစ်ခါ ဘာလုပ်သလဲ မသိလိုကြပါ။ ၎င်းအစား မိမိ၏ Noti တွင် မိတ်ဆွေတိုင်း၏ ရေးကြီးခွင်ကျယ်ကိစ္စများသာ မြင်လိုကြပါသည်။

၄)
ရှောင်ရန်။ အလုပ်ကိစ္စ ပေါက်ကွဲပြခြင်း

Facebook သည် နှစ်ဘက်ချွန် ဓားသွား ဖြစ်သည်။ mutual friendships မှတဆင့် သင့်မိတ်ဆွေ၏ မိတ်ဆွေ၏ မိတ်ဆွေလည်း သင့် Status ကို ဖတ်ခွင့် ရနေနိုင်သည်။ ဒီလို ဖတ်ခွင့်ရခြင်းဟာ တခါတ ရံကောင်းသော်လည်း တခါတရံမှာ သင်မသိပဲ သင့် Information များကို သူများ အလွယ်တကူ ရ ယူနိုင်လေသည်။ သူများ မဖတ်အောင် privacy settings ကို မည်မျှ မြှင့်သည် ဆိုစေကာမူ သင် ပြဿနာ မတက်ချင်ဆုံး သူများ (ဥပမာ။ ဘော့ဇ်၊ လုပ်ဘော်ကိုင်ဘက်များ) ဆီ နောက်ဆုံး သင့် Status ရောက် သွားနိုင်သည်။ ထို့ကြောင့် ပေါက်ကွဲတော့မည်ဆိုရင် တခြားနေရာ သွားပေါက်ကွဲပါ။ Facebook ပေါ်တွင် မပေါက်ကွဲပါနှင့်။

၅)
ရှောင်ရန်။ မြှောက်တိုင်း ခြောက်တိုင်း လိုက်မရှဲပါနှင့်။

ဒီစာရရင် လူဘယ်နှစ်ယောက်ကို ပြန်ရှဲပါ။ မရှဲရင် သင်ဘာဖြစ်မယ် ညာဖြစ်မယ်။ စသည့်စာမျိုး၊ ဒီပုံ ကလေး Like / Share လုပ်ရင် ဘယ်ကုမ္ပဏီကြီးက ပုံထဲက ကလေးအတွက် တစ်ခါရှဲ တစ်ဒေါ်လာ ပေး မည်စသည့်စာမျိုး သင် ရဘူးပါသလား။ မရှဲရ မနေနိုင်အောင် ရေးထားသော စာများကို လက်ခံရရှိသော် လုံးဝ ပြန်မရှဲပါနှင့်။ ကောင်းကျိုးပေမည့် စာများ မဟုတ်ပဲ၊ အရူးထ၍ ရေးသော စာများသာ ဖြစ်ပါသည်။ သင့် စိတ်ကို မကောင်းဖြစ်စေပြီး သင့်ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတတ်သော စာများသာ ဖြစ်ပါသည်။

မှတ်ချက်။ သူများ ဒေါသထွက်အောင် မလှုံ့ဆော်ပါနှင့်။ မီးမရှို့ပါနှင့်။

လူတိုင်းတွင် မိမိအမြင်ကို လွတ်လပ်စွာ အင်တာနက်တွင် တင်ပြ ဖော်ထုတ်ခွင့်ရှိသည်။ သို့သော် မိမိ အမြင်နှင့် မတူသူများ မိမိနှင့် မတည့်သူများ နောက်ကောက်ကျ ရှုံးနိမ့်အောင် လုပ်ရန် နေရာ မဟုတ်ပါ။ သူတို့၏ လွတ်လပ်ခွင့်ကိုလည်း မိမိက ပြန်လေးစားရမည် ဖြစ်ပါသည်။ အချို့သူများသည် မိမိနှင့် အယူအ ဆ မတူသော မိမိမိတ်ဆွေ၏ မိတ်ဆွေ၏ ရေးသားချက်ကို လွန်ကဲစွာ တုံ့ပြန်တိုက်ခိုက်မှု ပြုတတ်ကြ သည်။ ၎င်းအမူအကျင့်မှာ မိမိကိုယ်တိုင်ကိုကော မိမိမိတ်ဆွေကိုပါ သိက္ခာကျစေသော အမူအကျင့်ပင် ဖြစ် သည်။ မိမိရေးသော စာများ အပြုသဘောဆောင်သော ကောင်းသောစာများ ဖြစ်ပါက သူများကို မပုတ် ခတ် မတိုက်ခိုက်မိရန် အလေးထား ရေးစေလိုပါသည်။ မိမိကြောင့် သူများတကာ စိတ်မငြစ်နူးပါစေနှင့်။

Essential Facebook Etiquette: 10 Dos and Don'ts မှ ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
LU ZEIN
Myanma Spectrum



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com

Friday, May 9, 2014

Register မလုပ်ချင်တဲ့ ၀က်ဘ်ဆိုက်များပေါ်တွင် ကျော်၍ အသုံးပြုခြင်း
























အင်တာနက်အသုံးပြုတဲ့သူတွေအနေနဲ့ တစ်ခါတလေမှာ Download တွေ ပြုလုပ်ချင်တာပဲဖြစ်ဖြစ် အခြားသော ၀က်ဘ်စာမျက်နှာများစွာမှာ အကြောင်းအရာတစ်ခုကို သိရှိလိုတဲ့အခါမှာပဲ ဖြစ်ဖြစ် Register ပြုလုပ်ခိုင်းတဲ့အခါမျိုးမှာ မပြုလုပ်ချင်ဘဲ Download ဆွဲချင်သူတွေ၊ စာဖတ်ချင်သူတွေအတွက် Firefox ကနေ Add-on ထည့်သွင်းပြီး ကျော်၍ အသုံးပြုနိုင်ပါတယ်။

4Share လို Download Site တွေပဲဖြစ်ဖြစ်၊ အခြားသော ဆိုက်တစ်ခုမှာပဲဖြစ်ဖြစ် Register မလုပ်ချင်တဲ့အ ခါမှာ ဒီအဆင့်ကို ကျော်လွှားဖို့အတွက် Log in with BugMeNot ဆိုတဲ့ Add-on ကို ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။ ဒီ Add-on ဟာ ကိုယ်အသုံးပြုချင်တဲ့ဆိုက်မှာ ယာယီအကောင့်တစ်ခုကို အလို အလျောက်ထည့်ပေးပြီး ယာယီအသုံးပြုခွင့်ရအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

Log in with BugMeNot ကို Install ပြုလုပ်ဖို့အတွက်ဆိုရင်  ဒီနေရာကို  https://addons.mozilla.org/en-US/firefox/addon/bugmenot/   အရင်သွားရမှာ ဖြစ်ပါတယ်။ အဲဒီ Add-on လေးကို ထည့်သွင်းဖို့ Add to Firefox ဆိုတဲ့ Button ကို နှိပ်လိုက်ရင် ဒေါင်းလုတ်ပြုလုပ်ပြီး ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

အသုံးပြုပုံကတော့ ကိုယ် Log in ၀င်ရမယ့်နေရာက User Name Box နေရာလေးမှာ Right Click ကို နှိပ်လိုက်ပါ။ ဒါဆိုရင် Popup Menu ရဲ့ အောက်ဆုံးမှာ Log in with BugMeNot ဆိုတဲ့ Button လေး ကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒါလေးကို ရွေးချယ်လိုက်ရင် Random Account တစ်ခုချပေးမှာဖြစ်ပါတယ်။ ကလစ်တစ်ချက်နှိပ်ပြီး ကိုယ်အသုံးပြုချင်တဲ့ဆိုက်ကိုကျော်ပြီး ကြည့်ရှုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ Add-on ကို ဆိုက်ဒ်တိုင်းမှာတော့ အသုံးပြုနိုင်မှာမဟုတ်ဘဲ အချို့သော ဆိုက်တော်တော်များများမှာသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

7Day Daily
No.370 Tuesday, May 6,2014





Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw (BE-EC )     www.htarwaiethar.blogspot.com

Thursday, May 8, 2014

Gmail, Yahoo Mail, Outlook Mail အားလုံးကို တစ်နေရာထဲကနေ အသုံးပြုနည်း



























 အကြောင့်အမျိုးမျိုးကြောင့် သင့်မှာ Gmail အပြင် Yahoo Mail, Outlook Mail အကောင့်တွေပါရှိမှာပါ။ အဲဒီ Email Service တွေမှာ ကိုယ်ပိုင် App တွေရှိပေမယ့် တစ်ခုချင်းစီ ဖွင့်ပြီးသုံးရတာ အဆင်မပြေလှပါဘူး။ အဲဒီ Email Service တွေအားလုံးကို App တစ်ခုထဲက အသုံးပြုနိုင်ရင် တော်တော် အဆင်ပြေမှာပါ။ CloudMagic က Android , iOS နှစ်မျိုးလုံးမှာသုံးနိုင်ပြီး Gmail, Google Apps, Yahoo Mail, Outlook.com, Mail.com, AOL စတာတွေအပြင်တစ်ခြား Email Service တွေအားလုံးကို တစ်နေရာထဲကနေသုံးနိုင်ပါတယ်။ CloudMagic က Free Version ကိုအသုံးပြုရင် အီးမေး အကောင့် သုံးခု ကို အသုံးပြုနိုင်ပါတယ်။

CloudMagic ကို အင်စတောလုပ်ပြီးရင် Email Accounts တွေကို ချိတ်ဆက်ပေးပါ။ ချိတ်ဆက်ပြီးရင် Email Service တွေအားလုံးက Mail တွေကို Inbox တစ်ခုထဲက ကြည့်နိုင်ပါတယ်။ အီးမေး တစ်ခု ရဲ ့ ညာဘက်မှာ သက်ဆိုင်ရာ Email Service ကို အရောင်တွေ နဲ ့ခွဲခြားဖော်ပြပေးထားတဲ့အတွက် ဘယ် အီးမေး က ဘယ် Service ကလဲဆိုတာ သိနိုင်ပါတယ်။

CloudMagic ရဲ ့ ထူးခြားကောင်းမွန်တဲ့အချက်က Search Feature ဖြစ်ပြီး Email Service အားလုံးက အီးမေးတွေကိုလွယ်ကူစွာရှာနိုင်သလို Contacts တွေကိုလည်း ရှာပေးနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ Search Box မှာရိုက်လိုက်တဲ့စကားလုံး နဲ ့တိုက်ဆိုက်တဲ့ ရလဒ်တွေကို အချိန်နဲ ့ တစ်ပြေးညီပြပေးနိုင်ပြီး ဖြည့်စွက်ခန် ့မှန်းချက်တွေကိုလည်းပြပေးမှာပါ။

အီးမေးတွေ ဖတ်ရုံတင်မကဘဲ အီးမေး တွေ ရေးသားပေးပို ့နိုင်ပါတယ်။ဘယ် Email Service ကနေ ပေးပို ့မလဲဆိုတာကိုလည်းရွေးနိုင်ပါတယ်။ ပေးပို ့တဲ့ အီးမေးတွေရဲ ့အောက်ခြေမှာ “Sent using CloudMagic “ ဆိုတဲ့စာသားတော့ပါမှာဖြစ်ပါတယ်။

အဲဒီစာသားကို ဖျောက်ချင်ရင်ပဲဖြစ်ဖြစ် ၊ အကောင့်သုံးခုထက်ပို သုံးချင်လို ့ပဲဖြစ်ဖြစ်၊ App ကို Passcode Lock ခံချင်ရင်ပဲဖြစ်ဖြစ် Pro Version ကို $50 ပေးပြီး ၀ယ်သုံးနိုင်ပါတယ်။


CloudMagic Free (Android)  

CloudMagic Free (iOS)  


MyanmarDigitalLife



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Wednesday, April 30, 2014

Online GPS Offline GPS
























Online GPS စနစ် အသုံးပြုနိုင်ဖို့ အတွက် အင်တာနက်စနစ် အွန်လိုင်းစနစ် လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။

ဘာကြောင့်လဲ ဆိုရင်တော့ ကိုယ်ရောက်ရှိနေတဲ့ အရပ်ဒေသရဲ့ မြေပုံတွေကို Download ပြုလုပ်နိုင်ဖို့နဲ့ မြေပုံပေါ်မှာ ကိုယ့်ရဲ့ တည်နေရာနဲ့ ရွေ့လျားနေမှုတွေကို တိုက်ရိုက်ပုံဖော် ပြသပေးနိုင်ဖို့ အတွက် အွန်လိုင်းစနစ် လိုအပ်ပါတယ်။

Offline GPS စနစ်မှာတော့ သိပ်ပြီး ခက်ခဲမှုတွေ မရှိပါဘူး။

GPS စနစ်ကို Offline စနစ် အသုံးပြုတဲ့ နေရာမှာ လိုအပ်ချက်ကတော့ မြေပုံ စနစ်တွေပါပဲ။

မြေပုံစနစ်တွေက ဖုန်းထဲမှာ ကြိုတင်ရှိနေမှသာ Offline GPS စနစ်ကို အသုံးပြုလို့ ရနိုင်မှာ ဖြစ်ပါတယ်။

Online GPS စနစ်ကို အသုံးပြုဖို့ WiFi ဒါမှမဟုတ် မိုဘိုင်းဖုန်း အင်တာနက် စနစ်တွေ လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။

Offline စနစ်အတွက်တော့ဒါတွေဘာမှ မလိုအပ်ပါဘူး။

ဒါပေမဲ့ Offline GPS စနစ်ကို အသုံးပြုဖို့ ဆိုရင်တော့ ကိုယ်သွားမယ့် အရပ်ဒေသ၊ နေရာတွေကို ကြိုတင် သိရှိထားနိုင်ဖို့ လိုအပ်ပါတယ်။

ဥပမာ အနေနဲ့ ကိုယ်သွားမယ့် နေရာက မန္တလေးဆိုရင် မန္တလေးမြို့ရဲ့ မြေပုံကို ကြိုတင်ပြီး အွန်လိုင်းကနေ Download ရယူထားရမှာ ဖြစ်ပါတယ်။

အဲဒီလို ယူပြီး ဖုန်းထဲမှာ အဆင်သင့် ထည့်သွင်းထားမှပဲ အသုံးပြုနိုင်တာပါ။

ကိုယ်သွားမယ့် အရပ်ဒေသကို ရောက်ပြီ ဆိုရင်တော့ မြေပုံကိုဖွင့်ပြီး GPS နဲ့ ချိတ်ဆက် အသုံးပြုလို့ ရနိုင်ပါတယ်။

ဒါက AGPS စနစ်ကို အသုံးပြုခြင်း ဖြစ်ပါတယ်။

Online GPS လိုမျိုး GPS Satellite တွေကို ချိတ်ဆက်ဖို့ မလိုအပ်ပါဘူး။

Offline GPS စနစ်ကို အသုံးပြုပြီ ဆိုရင်တော့ ကိုယ့်ရဲ့ တည်နေရာကိုပဲ ပြသပေးနိုင်ပြီး ရွေ့လျားမှုတွေကိုတော့ ပြသပေးနိုင်ခြင်း မရှိပါဘူး။

GPS ကို ဖွင့်လိုက်တဲ့ အချိန်မှာ ကိုယ်ကြိုတင် ထည့်သွင်းထားတဲ့ မြေပုံစနစ်နဲ့ တွဲဖက်အသုံးပြုရမှာ ဖြစ်ပါတယ်။

Online GPS စနစ်မှာတော့ ကိုယ့်ရဲ့ တည်နေရာပြ Icon လေးဟာ အစိမ်း အခြေအနေမျိုးနဲ့ ပြသနေမှာဖြစ်ပြီး Offline စနစ်နဲ့ ဆိုရင်တော့ အမည်းရောင် အခြေအနေနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ GPS အသုံးပြုတဲ့ နေရာမှာတော့ ရာသီဥတု၊ သံလိုက် လျှပ်စစ်စက်ကွင်းတွေနဲ့၊ အမိုးအကာ ထူထပ်တဲ့ အဆောက်အဦတွေကို ဂရုစိုက်သင့်ပါတယ်။


Credit ::  Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Monday, April 28, 2014

RSS အကြောင်း သိကောင်းစရာ
























RSS ဆိုတာ သန်းပေါင်းများစွာသော user များက မိမိတို့နှစ်သက်ရာ website များရဲ့ update news များကို စောင့်ကြည့် ဖတ်ရှုသည့် နည်းစနစ်တစ်ခုဖြစ်ပြီး ၊ user များအနေနဲ့ ကိုယ်ပိုင် website များ page များ ဖန်တီး နိုင်တဲ့ web 2.0 စနစ်ပီပြင်လာတဲ့ ယနေ့မှာ RSS စနစ်ဟာလဲ တွင်ကျယ်လာပါတော့တယ် ။ RSS မှာ အကျဉ်း ချုပ် (summary) မျှသာ ပါ၀င်နိုင်သလိုအခြားနောက်ဆုံးရ သတင်း အချက် အလက်အပြည့်အစုံလဲ ပါ၀င်နိုင်ပါ တယ်။ဒါပေမဲ့ ဒီပေါ့ပါးပြီး လျှင်မြန်မှု့ကို ပေးစွမ်းနိုင်တဲ့ အကျဉ်းချုပ်ဖော်ပြချက်လေးတွေကို ကြည့်ရှုပြီး ဒီသတင်း အချက်အလက်တွေဟာ ကိုယ့်အတွက် အသုံးဝင်မှု့ ရှိမရှိ ဆုံးဖြတ်နိုင်ပြီး .ချက်ချင်းဖတ်ရှုသင့်တဲ့ သတင်းအချက် အလက် မျိုးလား ၊ အေးဆေးဆေးဆေးနဲ့ အချိန်ယူပြီး ဖတ်ရှုလေ့လာသင့်တဲ့ သတင်းအချက်အလက် မျိုးလား ဆိုတာ လွယ်ကူစွာ ခွဲခြားနိုင်မှာ ဖြစ်ပါတယ် ။ ပုံမှန်အားဖြင့် RSS feed တစ်ခုမှာ မူလ website များမှ update လုပ်လိုက်တဲ့ သတင်း ခေါင်းစဉ်များ ပါလေ့ရှိပြီ ဒါဟာပဲ မူလ website ရဲ့လင့်ပဲဖြစ်ပါတယ် ။

RSS ရဲ့အကျိုးကျေးဇူးများ

၁။ RSS ဟာ အသုံးပြု စာဖတ်သူ users များကိုသာမက web publishers,bloggers များကိုပါ အကျိုးကျေးဇူး များစွားပေးစွမ်းပါတယ် ။ RSS ကရာသီဥတု၊အနုပညာ၊ အားကစား၊software upgrades,local news စတဲ့ မည်သည့် သတင်းပိုင်းဆိုင်ရာကို မဆို အချိန်နဲ့ တစ်ပြေးညီ ဖော်ပြပေးနိုင်ပါတယ် ။


၂။ RSS Feed တွင် သက်ဆိုရင်ရာသတင်းအချက်အလက်များနဲ့ ဆက်စပ်ပက်သက်မှု့ ရှိသော အချက်အလက် များကိုလဲ ဖော်ပြပေး သောကြောင့် User များရဲ့ အင်တာနက်အသုံးပြုကို လျှင်မြန်ချောမွေ့စေပြီး အချိန်ကုန် သက်သာစေမှာဖြစ်ပါတယ် .။


၃။ Users များအနေနဲ့ မိမိ feed မှာ မည်သည့် website ကို subscribe လုပ်မည်လဲ လွတ်လပ်စွာ ရွေးချယ်နိုင် ခွင့်ရှိပြီး အသုံးမဝင် မနှစ်သက်ပါက အချိန်မရွေးပြန်လည်ဖြုတ်ချ ပြင်ဆင်နိုင်ခွင့်ရှိပါတယ် ။


၄။ ဒီလို up to date သတင်းအချက်အလက်များကို ပုံမှန်ရရှိစေရန် သက်ဆိုင်ရာ website များတွင် subscribe လုပ်ရာမှာ email လိုအပ်ပေမဲ့ ဒီ Service system က updates များကို deliver လုပ်ရာမှာ သင့်မေးကို အသုံးပြု စေမှာ မဟုတ်ပါဘူး။


၅။ RSS ရဲ့ Email Subscriptions စနစ်ဟာ သင့်မေး၏ လုံခြုံရေးကို ထိပါးနိုင်တဲ့ spam ဆန်ဆန် မေးများအဖြစ် ၀င်ရောက်လာ မှာ မဟုတ်ပါဘူး။


၆။ ဒီ Subscription စနစ်ကိုမကြိုက်နှစ်သက်ပါက update အောက်ဆုံးမှာ unsubscription ပြုလုပ်ရန် စာတစ် ကြောင်း အမြဲတမ်း ပါလေ့ရှိပြီး user စိတ်ကြိုက် ဒီစနစ်ကို ရပ်တန့်စေနိုင်ပါတယ် ။


၇။ website owner များအနေနဲ့ ဒီစနစ်ကိုအသုံးပြုပြီး မိမိ ဆိုဒ်ကို Subscribe လုပ်သူများလာတာနဲ့အမျှ မိမိရဲ့ နောက်ဆုံးပေါ် products များကို အလိုလိုကြေငြာပြီးသား ဖြစ်မှာပါ ။




RSS အသုံးပြုခြင်း၏ ဆိုးကျိုးများ

RSS ရဲ့အဓိက ဆိုးကျိုးကတော့ နည်းပညာအသစ်အဆန်းများ နှင့် user များရဲ့ဦးစားပေးအလေးထား စိတ်ဝင် စားမှု့တို့ကို ခိုးယူ၊ ကော်ပီ ခံရမှု့ပဲဖြစ်ပါတယ်။ အခြားအချက်များကတော့ ..........


၁။ အချို့ users များမှာ တကယ် update လုပ်တဲ့အရေအတွက်ထက် ပိုပြီး email များရောက်ရှိလာခြင်း ။


၂။ RSS feed မှာ သက်ဆိုင်ရာ webs များမှ update လုပ်လိုက်သော posts များတွင် ပါ၀င်သော ဂရပ်ဖစ်နှင့် ဓာတ်ပုံဆိုင်ရာများ ဖော်ပြမပေးနိုင်တဲ့အတွက် သတင်းအရသာအပြည့်အဝ မခံစားနိုင်ခြင်း။


၃။ RSS Feed တွင် မူလ website များရဲ့ URL များကို မဖော်ပြထားတာကြောင့် တစ်ခါတရံမှာ user အနေနဲ့ ဘယ် feed ကို ဖတ် နေရမှန်းမသိ ရှုပ်ထွေးမှု့ကိုဖြစ် ပေါ်စေပါတယ် ။


၄။ Publisher များအနေနဲ့ မိမိတို့ရဲ့ အချက်အလက်များကို User မည်မျှက အကြိမ် မည်မျှ ၀င်ရောက် ဖတ်ရှုခဲ့ပြီးပြီ ဆိုတာကို မခန့်မှန်းနိုင်သလို အရေးကြီးဆုံးဖြစ်တဲ့ user များမှ ဘာကြောင့် unsubscribe လုပ်ကြတာလဲဆိုတဲ့ အကြောင်းပြချက်ကို မသိနိုင် တာပါပဲ ။


၅။ RSS feed စနစ်ဟာ server ပေါ်မှာ traffic rate ကိုမြင့်တက်စေပြီး ..ယနေ့ website တော်တော်များများမှာ RSS စနစ် ပါ၀င် လာကြပေမဲ့ RSS ကို supportမလုပ်နိုင်တဲ့ Website များစွာလဲ ယနေ့တိုင်ရှိနေဆဲပါပဲ ။




Credit :::  Unknown



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com

Friday, April 25, 2014

Internet and Website ဆိုသည်မှာ























ကမ္ဘာကြီးကို အမြန်ဆုံးပတ်သွားနိုင်ဖို့ လေယာဉ်၊ ဂြိုလ်တု စီးသွားရန်မလိုပါ။ အင်တာနက်ပေါ်သာ တက်လိုက်ပါ။ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းကို စက္ကန့်ပိုင်းအတွင်း စာတစ်စောင်ပို့မလား။ မျက်နှာတွေ့ပြီး စကားပြောမလား။ ဒါတွေသာမက သတင်းတစ်ခုကို သတင်းစာ၊ ဂျာနယ် ထွက်လာသည်အထိ စောင့်ဖတ်စရာမလိုပါ။ အင်တာနက်ပေါ်မှာ မိနစ်ပိုင်းအတွင်း လွှင့်တင်သူရှိပါက အလွယ်ကြည့်ရှုနိုင်ပါတယ်။

ကမ္ဘာကြီးဟာ Cable တွေလွှမ်းခြုံလာတာကြောင့် ကွန်ယက်ထဲရောက်နေတဲ့ ဘော်လုံးလိုဖြစ်လာပါပြီ။ မြန်မာမှာဆိုရင်လည်း ၂၀၁၃ ဟာ မိုဘိုင်းအင်တာနက်ခေတ် ဖြစ်လာပါပြီ။

အင်တာနက်ဆိုတာကတော့ အမြဲဖွင့်ထားတဲ့ Server ကွန်ပျူတာကို ချိတ်ဆက်ထားပြီး အပြန်အလှန် စီးမြောနေတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

ဒါကို Network အစုအဝေးလို့လည်း သိထားနိုင်ပါတယ်။ အင်တာနက်လိုင်းကို အောက်ပါနေရာတို့မှ ရယူကြပါတယ်။ 

1. ADSL (Digital auto Telephone လိုင်းဖြင့် ချိတ်သုံးရန်)
2. WiMAX (ကြိုးမဲ့သုံးနိုင်ပါတယ်)
3. SkyNet (ဂြိုလ်တုစနစ်ဖြစ်ပါတယ်)
4. Mobile (Mobile ဖုန်းများဖြင့် သုံးရပါတယ်)
5. WiFi (အခမဲ့ဇုန်များ၊ အခပေး၊ လပေးများဖြင့်သုံးနိုင်)

Website ဆိုတာကတော့ ၂၄ နာရီ မပိတ်ဘဲဖွင့်ထားတဲ့ Server ကွန်ပျူတာတွေပေါ်မှာ လွှင့်တင်ထားတဲ့ ကြည့်ရှုလေ့လာစရာ Page များဖြစ်ပါတယ်။

သတင်း၊ နည်းပညာ၊ အလှအပ၊ စီးပွားရေး၊ အဖွဲ့အစည်း၊ အရုပ်၊ အသံများနှင့် အခြားသော အရာများစွာကို Webpage တွေမှာထည့်သွင်းပြီး အခမဲ့၊ အခပေးတွေအဖြစ် Website ဖန်တီးကြပါတယ်။
 ထို Webpage တွေကို အမည်တွေပေးထားပြီး အမည်တူနှစ်ခုမရှိစေရန် ထိန်းချုပ်ထားကြပါတယ်။
ရေးဆွဲဖန်တီးထားသော Website တွေကို အမြဲဖွင့်ထားတဲ့ Server တွေကနေ လွှင့်ပေးထားတာကြောင့် အလွယ်တကူ ဖွင့်ကြည့်နိုင်ပါတယ်။ 

ဒီလို Website တွေကို အင်တာနက်ပေါ်မှာ ကြည့်နိုင်ဖို့ လိုအပ်တာကတော့ Browser Software တစ်ခုခုပဲဖြစ်ပါတယ်။

 စာဖတ်သူ ကွန်ပျူတာဟာ Windows OS ကို သုံးပါက Internet Explorer (IE) ပါရှိပြီးသား ဖြစ်ပါတယ်။ ဒါမှမဟုတ် Apple Mac ကိုသုံးပါက Safari Browser ပါရှိပါလိမ့်မယ်။ အခြားအမည်ရှိပြီး ထပ်မံထည့်သွင်းကြတာကတော့... 

1. Mozilla Firefox
2. Chrome
3. Opera

စတာတွေကို အသုံးများပါတယ်။ အခြား Browser တွေကိုလည်း အလျဉ်းသင့်သလို သုံးနေကြပါတယ်။ ဒီထဲမှာ Chrome ကတော့ ဘာသာအတော်များများကို English ဘာသာဖြင့် ပြောင်းပေးနိုင်ပါတယ်။  အင်တာနက်ကိုသုံးရာဝယ်။ အများစုကတော့ စာဖတ်မယ်၊ Game ဆော့မယ်၊ Software တွေ၊ Data တွေ Download ဆွဲယူမယ်။ ဒါ့အပြင် အခြားနည်းလမ်းအစုံကို မိမိလိုအပ်ချက်အတိုင်း အင်တာနက်ကို သုံးကြပါတယ်။လူငယ်တွေကတော့ Chatting လုပ်ကြတယ်။ Social Network သုံးကြတယ်။

စာဖတ်သူများသိထားရန်မှာ အင်တာနက်မှ Mail များ၊ Social Network များသုံးလိုလျှင်တော့ Account ကို Register လုပ်ရပါတယ်။ ဒါ့အပြင် အချို့သော Website များကလည်း Register လုပ်ရပါတယ်။ ဒါသာမက တန်ဖိုးရှိ Data တွေကိုလည်း ငွေကြေးဖြင့် ၀ယ်ယူရတာတွေ ရှိပါသေးတယ်။ဒါ့အပြင် လိမ်လည်သော Website များစွာလည်း ရှိနေပါတယ်။ ဒုက္ခပေးသော Website တွေလည်း ရောပြွမ်းနေတာမို့ သတိထားရပါမယ်။

အင်တာနက်ကို သုံးတဲ့အခါ ၀င်္ကဘာထဲ သွားနေရသလို Click တိုင်းမှာ အဆင့်တွေ အဆင့်တွေ ထပ်ထပ်ပြီး ၀င်နေမှာပါ။ ဒါကြောင့် Click နှိပ်တာတွေကို အလွန်သတိထားရပါမယ်။

အပြာရောင်ဖြင့် ပြထားတဲ့ Link ကိုနှိပ်မယ်ကြံတိုင်း Mouse Pointer တင်ကြည့်ပါ။ မြားပြထားတဲ့ နေရာလေးမှာ သွားမယ့် Location ကိုပြလာပါမယ်။ ဒါကိုစစ်ပြီး သေချာမှနှိပ်ပါ။ရှာဖွေခြင်းဆိုင်ရာ နည်းလမ်းများ .. စာဖတ်သူအနေဖြင့် ယခုအခန်းလေးဟာ အလွန်ပင်အသုံးတည့်မှာ ဖြစ်ပါတယ်။ ဥပမာပေး လက်တွေ့လုပ်ဆောင်နိုင်ခြင်းအတွက် Google ကို သုံးထားပါတယ်။ကိုယ်ရယူရှာဖွေလိုတာတွေကို ပိုမိုထိရောက်စွာ ရှာနိုင်ဖို့ ကောင်းစွာ ထောက်ပံ့နိုင်မှာပါ။

၁။ + နှင့် - အသုံး
    ကိုယ်အဓိက ရှာဖွေလိုသော Keyword ရှေ့မှ + ကိုထည့်ပေးလိုက်ခြင်းဖြင့် ထို Keyword ကို မပါမဖြစ် နှံ့စပ်စွာ ရှာပေးပါတယ်။  - ကိုတော့ မပါဖို့အတွက် သုံးပါတယ်။
    ဥပမာ။  ။ +technology ဆိုပြီး ရှာလျှင် ပိုမိုတိကျစွာ ရရှိပါမယ်။
                  - technology book ဆိုရင်တော့ book နဲ့ပတ်သက်တာတွေ ကိုသာရှာပေးမှာပါ။ 
                  - ကတော့ အသုံးနည်းပါတယ်။ သတိထားရမှာက Space မပါပါဘူး

၂။ "  " အသုံး
     ဒါကိုတော့ စကားစုများတာကို ရှာတဲ့အခါ ထည့်သုံးရပါမယ်။
     ဥပမာ။  ။         "golden land of myanmar" လို့ရှာပါက ထိုစကားစုပါသော Website တွေကို စုပေးပါလိမ့်မယ်။ စကားစုအတွက် ပိုသုံးသင့်ပါတယ်။

၃။ * အသုံး
     ဒီ * လေးကို ထည့်လိုက်ခြင်းအားဖြင့် ထို Keyword အား နှံ့စပ်စွာ ရှာပေးမှာဖြစ်ပါတယ်။
     ဥပမာ။  ။         *tech လိုရှာခြင်းဖြင့် technology, technical, techniques စသဖြင့် ဆိုင်ရာတွေကို ရှာပေးပါလိမ့်မယ်။

၄။ the, a, an, i, you တွေကိုရှောင်သုံး
     အထက်ပါစကားလုံးတွေကို ရှာဖွေရန် စကားလုံးအဖြစ် မသတ်မှတ်ပါဘူး။ Message ပြန်ပေးသလို ရှာဖွေချိန်ကိုလည်း ဖြုန်းတီးရာရောက်ပါတယ်။ ၎င်းတို့ကို  Stop Words လို့ခေါ်ပါတယ်။ မဖြစ်မနေသုံးလိုပါက "  " ထဲမှာ ထားသုံးနိုင်ပါတယ်။\

၅။ intitle ကိုထည့်သုံးခြင်း
     Website တွေရဲ့ ခေါင်းစဉ်တွေမှာသာ ရှာဖို့သုံးပါတယ်။
     ဥပမာ။  ။         intitle : myanmar လို့ရှာလိုက်ပါက ခေါင်းစဉ်တွေမှာ မြန်မာဆိုတာ ပါတာနဲ့ ဖော်ပြပေးပါလိမ့်မယ်။

၆။ intext ကိုသုံးခြင်း
     ကိုယ်ရှာချင်တဲ့ စကားလုံးကို Webpage တစ်ခုလုံးမှာရှာဖို့သုံးပါတယ်။
     ဥပမာ။  ။         intext : yangon ဆိုပါက yangon ပါလျှင်ထိုဆိုက်ကို ညွှန်းပါလိမ့်မယ်။

၇။ link တွေကိုကြည့်ရန်
     မိမိသိပြီးသား ဆိုက်တစ်ခုမှာ link တွဲဆက်မှု ဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်ဖို့ သုံးပါတယ်။
     ဥပမာ။  ။         www.mediumwaybook.com

၈။ အကြောင်းအရာကိုလည်းရှာနိုင်
     စာဖတ်သူဟာ အကြောင်းအရာတစ်ခုခုကို သိလိုတဲ့အခါမှာလည်း Search Engine ကတွဲဆက်ရှာပေး နိုင်ပါတယ်။

၉။ File Type ဖြင့်လည်းအမြန်ရှာနိုင်
     စာဖတ်သူဟာ Ebook တွေကို ဖတ်ရှုလိုပါက .pdf ဆိုတာကို တွဲဖက်ရှာခိုင်းခြင်းဖြင့် ပိုမြန်ဆန်စွာ ရရှိနိုင်ပါတယ်။

၁၀။ လုပ်ငန်းခေါင်းစဉ်ကိုသုံးနိုင်
       စာဖတ်သူအနေဖြင့် ဥရောပတိုက်ကို သွားရောက်လည်ပတ်ရန် ခရီးသွား Company တစ်ခုခုနှင့် ချိတ်ဆက်လိုတဲ့အခါ "europe travel company" ဆိုပြီး အလွယ်ရှာနိုင်ပါတယ်။

၁၁။ တန်ကြေးကန့်သတ်ရှာဖွေခြင်း
       မော်တော်ကားတစ်စီးကို ကိုယ်တတ်နိုင်တဲ့ တန်းကြေးအတွင်း ရှာလိုတဲ့အခါ "toyota car $2000 .... $ 5000" ဆိုပြီး ရှာလိုက်ပါ။ ထိုစျေးအတွင်း ရောင်းချပေးသော ကားစာရင်းရှိရာ Site ကို ညွှန်ပြပါလိမ့်မယ်။

၁၂။ ပုံတွေသာရှာဖွေဖို့
       ဓါတ်ပုံတွေနှင့် အခြားပုံအမျိုးမျိုး ရှာဖွေဖို့အတွက် Google ရဲ့ Image လိုင်းမှရှာဖွေပါက ပုံများကို ဦးစားပေး ဖော်ပြပြီး ရှာပေးပါလိမ့်မယ်။

၁၃။ သတင်းတွေကို ရှာသောအခါ
       သတင်းတစ်ခုခုကို ခေါင်းစဉ်သာသိပြီး နေရာမတိမကျဖြစ်နေပါက " riot location : thailand " ဆိုပြီး ရှာနိုင်ပါတယ်။ အဓိက သုံးလိုက်တာကတော့ Location ဖြစ်ပါတယ်။

၁၄။ သတင်းသီးသန့်ရှာဖို့
       https://news.google.com ကို အသုံးပြုပြီး ရှာဖွေပါ။ ဒါက Google အသုံးအတွက် ပြောတာပါ။

၁၅။ source ကိုလည်းသုံးတတ်ဖို့
       ကိုယ်ဖတ်ချင်တဲ့ သတင်းခေါင်းစဉ်ပါရှိသမျှ Website တွေကို လိုချင်တဲ့အခါ သုံးရပါတယ်။
       ဥပမာ။  ။    "stevejobs source: time" ဆိုလျှင် Time သတင်းစာမှာ တောက်လျှောက် ဖော်ပြခဲ့သော stevejobs ရဲ့ သတင်းမှန်သမျှ ဖတ်ရမှာ ဖြစ်ပါတယ်။



Credit::  Unknown

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Monday, April 21, 2014

အင်တာနက် IP အကြောင်း






















(၁) IP address ဆိုတာ ဘာလဲ ?

TCP/IP = Transmission Control Protocol and Internet Protocol ဖြစ်ပါတယ် ။IP တစ်ခု ဟာ 32 bit binary number ဖြစ်ပြီး decimal ဂဏန်း 4 လုံးနဲ ့ဖော်ပြလေ ့ရှိပါတယ် ။decimal ဂဏန်း 1 လုံးစီဟာ 8 bits 0 to 255 (octets) ကိုကိုယ်စားပြုပါတယ် ။အဲလို ဖော်ပြတာကို “dotted decimal” လို ့ခေါ်ပါတယ်

Example; 140.179.220.200 (Dotted decimal)
             10001100.10110011.11011100.11001000 (Binary)


(၂) အမျိုးအစား ဘယ်နှခု ရှိပါသလဲ ?

Classes အမျိုးအစားကို အခုလို ခွဲထားပါတယ် ။

Class Range of Address

A 1 to 126(127) binary 0xxx နဲ ့စ ပါတယ်။
B 128 to 191 binary 10xx နဲ ့စ ပါတယ်။
C 192 to 223 binary 110x နဲ ့စ ပါတယ်။
—————————————————————————-
D 224 to 239 binary 1110 နဲ ့စ ပါတယ်။
E 240 to 254 binary 1111 နဲ ့စ ပါတယ်။
—————————————————————————-
ကျန်နေတဲ့ 127(localhost) ကို local loopback အတွက်သုံးပါတယ် ။သင် 127.0.0.1 ကို ping ပြီးစမ်းသပ် နိုင် ပါတယ် ။Class D addresses ကို multicasting အတွက် သုံးပါတယ်။ Class E addresses ကိုတော့ future use ဆိုပြီးသတ်မှတ်ထားပါတယ် ။အဲဒါကြောင့်သင့်ရဲ့ IP address ကိုရိုက်တဲ့ အခါ 1 to 223 ကနေပဲ စရိုက်လို ့ရပါတယ် ။ 224 ကနေစပြီး နောက်ပိုင်းကို ရိုက်လို ့မရပါဘူး ။ အလွယ်တကူ စမ်းသပ် ကြည့်နိုင်ပါတယ် ။
Private Network Address ၄ ခုရှိပါတယ် ။

( Local loopback Address )- 127.0.0.1

 ( Class A )- 10.0.0.0
 ( Class B )- 172.16.0.0
 ( Class C )- 192.168.0.0

 Class တွေကို ပုံမှန်အားဖြင့် ဘယ်လိုဆုံးဖြတ်သလဲ ဆိုတာ လေ့လာကြရအောင်- (N) က network ကိုကိုယ်စားပြုပြီး (n) က node ကိုကိုယ်စားပြုပါတယ် ။

- Class A — NNNNNNNN.nnnnnnnn.nnnnnnn.nnnnnnn

 - Class B — NNNNNNNN.NNNNNNNN.nnnnnnnn.nnnnnnnn

 - Class C — NNNNNNNN.NNNNNNNN.NNNNNNNN.nnnnnnnn

အဲဒါကြောင့်

Class A ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 2^8 = 255 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ ့အောက်မှာ ကွန်ပျူတာပေါင်း (n)255 x 255 x 255 =16581373 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

Class B ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 255 x 255 =65025 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ ့အောက်မှာ ကွန်ပျူတာပေါင်း (n)255 x 255 = 65025 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

Class C ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 255 x 255 x 255 =16581373 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့အောက်မှာ ကွန်ပျူတာပေါင်း (n)255 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

IP address မှာ 192.168. တွေပဲ ဘာလို ့ဖြစ်နေရတာလဲ လို ့မကြာခဏ အမေးခံရပါတယ်။ကိုယ်သုံးမယ့် ကွန်ပျူတာ အရေအတွက် (node) ဟာ 225 လုံးကို မကျော်ဘူး ဆိုရင် Class C ကိုပဲ သုံးကြလို့ပါ။ နောက်တစ်ခုကတော့ node မှာ decimal no: 0 နဲ့ 255 ကိုထည့်လို ့မရပါဘူး။(ဥပမာ- 192.168.1.0* / 192.168.1.255* )

IP address မှာ node portion all Ones (11111111)=255 က Broadcast Address ဖြစ်ပါတယ် ။
IP address မှာ node portion all Zeros (00000000)=0 က Network Address ဖြစ်ပါတယ် ။



Credit ::  Unknown



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Friday, April 18, 2014

Cloud ဟူသည်


















ယနေ့ နည်းပညာလောကမှာ လူပြောသူပြောများပြီး လူသိပ်မသိကြသေးတဲ့ ‘Cloud’ ဆိုတာကို ရှင်းပြလိုပါတယ်။ Cloud ဆိုတာဘာလဲ? Cloud ကို ဘယ်အချိန်မှာ သုံးကြလဲ? Cloud ဟာ သင့်စီးပွားရေးအတွက် ဘယ်လိုအကျိုးဖြစ်ထွန်းစေလဲ စတာတွေပေါ့။ Facebook, Twitter စတဲ့ လူမှုကွန်ရက်တစ်ခုခု၊ ဒါမှမဟုတ် Google Drive လိုမျိုး ‘Online Storage’ တစ်ခုခုကို သုံးရင် သင်ဟာ Cloud သုံးသူ တစ်ယောက်ဖြစ်နေပါပြီ။


တကယ်တမ်းကျတော့ Cloud ဆိုတာ…

Cloud ဆိုတာ ရုပ်ပိုင်းဆိုင်ရာအရ တကယ်လက်တွေ့ရှိတဲ့ အရာတော့ မဟုတ်ပါဘူး။ “မတူညီတဲ့ လုပ်ဆောင်ချက် အသီးသီးရှိတဲ့ Server တွေရဲ့ ကွန်ရက်တစ်ခု” သာဖြစ်ပါတယ်။ အဲဒီထဲက အချို့ Server တွေဟာ ‘Computing Power’ ကိုသုံးပြီး App တွေ Run တာနဲ့ အချို့ကတော့ ၀န်ဆောင်မှုတွေ လုပ်ကြပါတယ်။ ဥပမာပြရရင် Photoshop, Illustrator စတာတွေကို ထုတ်လုပ်တဲ့ Adobe ကုမ္ပဏီဆိုရင် သူ့ရဲ့ ‘Creative Service’ တွေကို Cloud ပေါ် ရွှေ့ခဲ့ပါတယ်။ ဒါကြောင့် Adobe ထုတ်ကုန်တွေကို ၀ယ်ယူလိုရင် Set လိုက်၊ Package လိုက် ၀ယ်စရာမလိုတော့ဘဲ “Adobe Creative Cloud” ကနေ လစဉ်ကြေးပေးပြီး ဆော့ဖ်ဝဲလ်တစ်ခုစီကို သုံးနိုင်ပြီဖြစ်ပါတယ်။ ပိုက်ဆံကုန် သက်သာသွားတာပေါ့ဗျာ။Network ထဲမှာရှိတဲ့ အခြား Server တွေရဲ့ တာဝန်ကတော့ Data (အချက်အလက်)တွေကို သိုလှောင်ဖို့ပါ။ ဥပမာ သင့်စမတ်ဖုန်းနဲ့ ဓာတ်ပုံတစ်ပုံ ရိုက်လိုက်တဲ့အခါ အဆိုပါပုံဟာ သင့်ဖုန်းထဲမှာ သိမ်းသွားမှာ ဖြစ်ပြီး Facebook, Instagram လိုမျိုး လူမှုကွန်ရက်တစ်ခုခုမှာ တင်လိုက်ရင်တော့ သင်ဟာအဲဒီ ဓာတ်ပုံကို ‘Cloud’ ပေါ်တင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ဒါကြောင့် ‘Cloud’ ဆိုတာ ဆာဗာတွေရဲ့ ကွန်ရက်တစ်ခုပါပဲ။ အချို့ဆာဗာတွေက အွန်လိုင်းဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးသလို အချို့ဆာဗာတွေကျတော့ Data အချက်အလက်တွေကို သိမ်းဆည်းထားပေးပါတယ်။ နိုင်ငံတကာမှာ Cloud ကို တော်တော်အားထားကြပါတယ်။ မိမိရဲ့ ကိုယ်ပိုင် Storage များများစားစား ရှိစရာမလိုဘဲနဲ့ လိုအပ်တဲ့အချိန်မှသာ လိုအပ်တာကို Cloud ပေါ်ကနေ ဆွဲယူသုံးလိုက်ရုံပါပဲ။


Cloud ကိုသုံးလို့ ရတဲ့ အကျိုးကျေးဇူးတွေ

စီးပွားရေးလုပ်ငန်းကြီး တစ်ခုအနေနဲ့ အချက်အလက်ပေါင်းများစွာကို ထားသိုဖို့ Cloud မသုံးဘူးဆိုရင် ကွန်ပျူတာပစ္စည်းတွေ ၀ယ်တာနဲ့ ကုန်ကျစရိတ် ကြီးမြင့်သွားပါလိမ့်မယ်။ Cloud ကိုသုံးလိုက်တော့ စက်ပစ္စည်းတွေ ၀ယ်စရာမလိုတော့ဘဲ Cloud သုံးခပဲ ပေးရမှာပေါ့။ ဒါကြောင့် Cloud ၀န်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတွေ အနေနဲ့ များစွာအလုပ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေကလည်း ငွေကြေးတွေ Save ဖြစ်တာပေါ့။


Cloud ဖြစ်ပေါ်လာပုံ

လွန်ခဲ့တဲ့ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်တည်းက Cloud သဘောမျိုး ‘Mainframe’ တစ်ခုကို ပညာရှင်တွေ တီထွင်ခဲ့ကြပါတယ်။ အဆိုပါ Mainframe ဟာ အခန်းတစ်ခုစာလောက် ကြီးမားပြီး စျေးလည်းအရမ်း ကြီးခဲ့ပါတယ်။ ဒါကြောင့် အဖွဲ့အစည်း(ကုမ္ပဏီ)တွေ အနေနဲ့ တစ်ဦးတစ်ယောက်ချင်းစီကို အဆိုပါ Mainframe တွေ ၀ယ်မပေးနိုင်တဲ့အတွက် User တွေအများကြီး Data တွေကို ဝေမျှသုံးစွဲနိုင်တဲ့ ‘Time Sharing’ ဆိုတဲ့စနစ် တစ်ခုကို လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီစနစ်ဟာ ယနေ့ခေတ်မှာ ‘Cloud’ ဆိုတာဖြစ်လာဖို့ အဓိကအကြောင်းရင်းပါပဲ။Cloud သမိုင်းမှာ နောက်ထပ် အဓိကဖြစ်စဉ်တစ်ခုကတော့ ၁၉၆၉ ခုနှစ်မှာ Developer တစ်ယောက်က ARPANET (Advanced Research Project Agency Network) ဆိုတဲ့ ကွန်ရက်တစ်ခု တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ Developer ဟာ တစ်နေ့နေ့မှာ ဘယ်သူမဆို ဘယ်နေရာကို ရောက်ရောက် Data တွေ၊ Program တွေ ရယူသုံးစွဲ နိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်ခဲ့တာပါ။ သို့သော်အဲဒီကာလတည်းက အင်တာနက်ဟာ Cloud စနစ်သုံးလို့ရလောက်အောင် Bandwidth မရှိခဲ့တာ ၁၉၉၀ ပြည့်နှစ်တွေ အထိဖြစ်ခဲ့ပါတယ်။ပြီးတော့ ဒီနေ့ခေတ် နည်းပညာနယ်ပယ်မှာ ပြောနေကြတဲ့ ‘Cloud Computing’ ဆိုတဲ့ အသုံအနှုန်း ဘယ်သူက စတင်ခဲ့တယ်လို့ ထင်ပါသလဲ? ၁၉၉၇ ခုနှစ်နဲ့ ၉၉ခုနှစ်တွေမှာ ပါမောက္ခ Ramnath Chellappa ဆိုတဲ့သူက စတင် အသုံးပြုခေါ်ဝေါ်ခဲ့တာ ပါတဲ့ဗျာ။ အဆိုပါပုဂ္ဂိုလ်က ‘Salesforce’ ဆိုတဲ့ ၀က်ဘ်ဆိုဒ် ကိုပါ ဖန်တီးခဲ့ပြီး အဲဒီ ၀က်ဘ်ဆိုဒ်ဟာ အင်တာနက်ကနေ App တွေ၊ Software တွေရယူလို့ရတဲ့ ပထမဦးဆုံး ၀က်ဘ်ဆိုဒ် ဖြစ်လာတော့တာပါပဲ။


ဒီနေ့ခေတ်ရောက်တော့…

ဒီနေ့ခေတ်မှာ အားလုံးသိကြတဲ့ နာမည်ကြီးအွန်လိုင်း Shopping ၀န်ဆောင်မှု တစ်ခုဖြစ်တဲ့ Amazon ဟာ ၎င်းတို့ရဲ့ ကိုယ်ပိုင် Cloud ကို AWS(Amazon Web Service) လို့နာမည်ပေးပြီး ၂၀၀၆ ခုနှစ်မှာ ပွဲထုတ်ကြေညာခဲ့ပါတယ်။ အဆိုပါ AWS ဟာ Amazon တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ အခြားသော Website တွေ၊ Apps တွေ အတွက်ပါ အွန်လိုင်းဝန်ဆောင်မှုပေးခဲ့ပြီး ယနေ့အချိန်ထိလည်း Instagram လိုမျိုး Pinterest လိုမျိုး လူမှုကွန်ရက်တွေဟာ AWS ကို အားကိုးနေရတာဖြစ်ပါတယ်။ Amazon ပိုင် AWS ဆိုတဲ့ Cloud အနေနဲ့ ယခုအခါမှာ ကမ္ဘာအရပ်ရပ်က နိုင်ငံပေါင်း ၁၉၀ကျော်ရဲ့ Startup ပေါင်းများစွာ၊ ကုမ္ပဏီကြီးများစွာနဲ့ ချိတ်ဆက်လည်ပတ်နေတယ်လို့လည်း သိရပါတယ်။


Cloud ဆိုတာ ပမာဏ ဘယ်လောက်ရှိလဲ?

စိတ်ဝင်စားစရာပါ။ ဒါပေမယ့် တကယ်တမ်းကျတော့ Cloud တစ်ခု ပမာဏ ဘယ်လောက်ကြီးမားတယ်ဆိုတာ ဘယ်သူမှ အတိအကျမသိပါဘူးတဲ့။ ခန့်မှန်းတွက်ချက် တိုင်းတာမှုတွေအရတော့ Cloud တစ်ခုဟာ 1 Exabyte လောက် ရှိတယ်ဆိုပဲ။ ဒါနဲ့ 1 Exabyte ဆိုတာ ဘယ်လောက်များပါလိမ့်? ဥပမာ ပြထားတာကတော့ 1 Exabyte ဆိုတာ Apple ရဲ့ Macbook Pro အလုံးရေ ၄၂သန်း လောက်ရဲ့ Storage နဲ့ ညီမျှတယ်လို့ ဆိုထားပါတယ်။ ဒါဟာ အရမ်းကိုကြီးမားတဲ့ ပမာဏပါ။


Cloud သုံးတာ လုံခြုံမှု ရှိရဲ့လား?

အရေးကြီးတဲ့ မေးခွန်းတစ်ခုပါ။ Note တွေရေးမှတ်တာ၊ ဓာတ်ပုံတွေ၊ ဗီဒီယို၊ သီချင်း စတာတွေ တင်တာဆိုရင်တော့ သိပ်ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကိုယ်ရေးအချက်အလက်တွေ၊ ကုမ္ပဏီရဲ့ အရေးကြီးမှတ်တမ်းတွေ၊ ဘဏ်ရဲ့ ငွေကြေးစာရင်းတွေ စတာတွေကို Cloud မှာ သိမ်းမယ်ဆိုရင်တော့ သတိကြီးစွာထားရမယ့် ကိစ္စတစ်ခု ဖြစ်လာပါပြီ။ ကမ္ဘာအရပ်ရပ်က Hacker တွေကလည်း ဒါမျိုးတွေကိုမှ မျက်စိကျနေတာကိုး။ နာမည်ကျော် Search Engine ကုမ္ပဏီကြီး Google ကလည်း ဒီကိစ္စကို သတိပေးပြောကြားနေကာ ၎င်းတို့ရဲ့ Cloud Service မှာ ပိုက်ဆံပေး အသုံးပြုသူတွေရဲ့ Data ကို အလိုလျောက် Encrypt (၀ှက်စာလုံခြံုရေးစနစ်) ပြုလုပ်ပေးသွားမယ့် အစီအစဉ်ကို ကြေညာထားပါတယ်။ သင်ရော Cloud ကို ဘယ်လိုပုံစံမျိုးနဲ့ အသုံးပြုပါသလဲ?



Credit ::  Unknown

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Friday, April 4, 2014

Google ၏ လျှိုဝှက်မှု အနည်းငယ်



















Google ကို Calculator အဖြစ်သုံးနည်း

ဒါကတော့

+ (အပေါင်း)
 - (အနုတ်)
 / (အစား)
 * (အမြှောက်=x)
 ! (မြှောက်ဖော်ကိန်း)
 ^ or ** (ထပ်ညွှန်း)
 % (ရာခိုင်နှုန်း)
 mod (modulo)
 sine, cosine, tan, sec, cot
 log, lg, ln
 exp (ထပ်ညွှန်း လုပ်ဆောင်ချက်)
စတဲ့ လက္ခဏာ တွေ သုံးလို့ရပါတယ် အောက်မှာ ပုံကိုကြည့်ပါ မမြင်ရရင် ကလစ်ထောက်ပြီးကြည့်ပါ။


Google ကို Currency Converter အဖြစ်သုံးနည်း

10USD to EURO လို့ရိုက်လိုက်တာ သူက EURO ပြောင်းပေးပါတယ်

Google ကနေ Weather ကြည့်မယ်

ကဲဒါကတော့ weather နောက်မှာ မြို့နာမည် ရိုက်ပေးပါ ကြိုက်တဲ့ မြို့ရဲ့ weather ကို ကြည့်နိုင်ပါတယ်

http://www.google.com/logos/ ကနေလဲ Logo တွေသွား ကြည့်နိုင်ပါတယ်

Google Cache ကတော့ cache:your url  ဒီလိုပုံစံပေါ့

 ဥပမာ- cache:www.google.com ပေါ့လေ

URL shortener က http://goo.gl ပေါ့

အောက်ကလူဦးရေ သိပ်သည်းမှု Population ကို ကြည့်ထားတာပါ

 ပုံစံကတော့ Population City ပေါ့ City မှာ ကြိုက်တဲ့မြို့ကိုထည့်ကြည့်နိုင်ပါတယ်။



Credit::  Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com