Showing posts with label (n) ကွန်ပျူတာ ဗိုင်းရပ်ဆိုင်ရာများ. Show all posts
Showing posts with label (n) ကွန်ပျူတာ ဗိုင်းရပ်ဆိုင်ရာများ. Show all posts

Thursday, April 7, 2016

WinRAR v5.21 Final Keygen Is Here ! [UPDATED]


WinRAR v5.21 Final Keygen Is Here ! [UPDATED]






Winrar







 Winrar နောက်ဆုံးထွက် ဗားရှင်းလေးပါ...။


Setup File + Crack Version နှစ်မျိုးလုံး ပါဝင်ပါတယ်...။


Unlimitted Lience လေးပါ။

လိုအပ်သူများအောက်တွင် Download ချလိုက်ပါ...။

>>> DOWNLOAD <<<


ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်ပြီး ရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က နံပါတ်လေးကို Call လိုက်ပါ ခင်ဗျာ...။
၀၉-၇၉၅၈၈၃၅၄၉
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( TBZY )



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။





Tuesday, October 20, 2015

Monkey Test & Time Service အပါအဝင် Android Virus တွေကိုရှင်းပေးမဲ့ Cleaning Tool

























Android အသုံးပြုသူတွေကို အနှောက်အယှက်ပေးနေတဲ့ Monkey Teset & Time service အပါအဝင်

Android virus များဖြစ်တဲ့ Android System ပေါ်ပေါ်လာခြင်းစတဲ့ Error များကို ရှင်းလင်းပေးနိုင်မဲ့

Tool လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီ Tool လေးကိုပြုလုပ်ထားတဲ့သူကတော့ ကိုဖြိုးညီညီပါ။

Tool လေးကိုလဲ MPPG တံဆိပ်လေးနဲ့ပြုလုပ်ထားတာတွေ့ရပါတယ်။ ဒီ Tool လေးကိုအသုံးပြုရန်

သင့်ဖုန်းမှာ USB Debugging တို့ Unknow source တို့ on ထားပြီး Root လုပ်ထားရန်သာလိုအပ်ပါတယ်။

အသုံးပြုပုံကတော့ လွယ်ကူပါတယ်။ Download ရယူလို့ရလာတဲ့ zip လေးကိုဖြည်ချလိုက်ပါ။

Folder တစ်ခုထွက်လာပါမယ်။ Folder ထဲက exe ဖိုင်လေးကိုဖွင့်လိုက်ပါ။ ပြီးရင် ဖုန်းကို Normal mode

ကနေပဲ USB ကြိုးထိုးပြီး enter ခေါက်ပေးလိုက်ပါ။ Tool လေးကနေအလုပ်လုပ်ပေးသွားပါမယ်။

Root permission တောင်းလာရင် ဖုန်းကနေ allow နှိပ်ပေးလိုက်ပါ။ Tool ကနေအလုပ်လုပ်ပေးနေတဲ့အချိန်

ဖုန်းမှာ unfortunately app has stopped တွေတက်လာရင် ok တွေသာနှိပ်ပေးပါ။ ဖုန်းမှာ Reboot ကျသွားပြီဆိုရင်တော့

ရပါပြီ။ power ပြန်တက်လာရင် Android is Upgrading ဆိုပြီးတက်လာပါမယ်။ ဖုန်းမှာအလုပ်လုပ်နေပါမယ်။

စောင့်ပေးလိုက်ပါ။ ပြီးရင်တော့ ပုံမှတ်အတိုင်းပြန်သုံးနိုင်ပါပြီ။

Virus များရင်တော့ နှစ်ခေါက် သုံးခေါက်လောက်လုပ်ပေးလိုက်ပါ။

ကျတော် Huawei G610-U00 / G730-U00 / Sony Xperia C / SignTech တို့မှာ စမ်းသပ်ထားပြီးသားပါ။ အဆင်ပြေပါတယ်။


Download Link  


Credit >>>


Posted By

<<  Zaw Lay  >>

Ko Ko Zaw (BE-EC)   www.htarwaiethar.org

Sunday, September 27, 2015

(Virus News for Android) ****Important**** Please Share




































(Virus News for Android) ****Important**** Please Share
*****************************************************************

အစမ်းသပ်ခံမျောက် (သို့) Monkey Test & Time Service
@@@@@@@@@@@@@@@@@@@@@@@

အခုရက်ပိုင်းအတွင်းမှာ Android ဖုန်းအတွက် Malware တစ်မျိုး ပေါ်နေပါတယ်။ ဒီ Malware ၀င်ထားပြီဆိုရင် ဖုန်းရဲ့ App List ထဲမှာ MonkeyTest နဲ့ Time Service ဆိုပြီးတော့ App နှစ်မျိုးတွေ့ရပါမယ်။ သူတို့ရဲ့ Permission တွေကို လိုက်ကြည့်တဲ့အခါမှာ အောက်မှာပြထားတဲ့အတိုင်းပါပဲ အရမ်းကြောက်ဖို့ကောင်းပါတယ်။

* Read phone status and idetity
* take pictures and videos
* modify or delete the contents of your SD card, read the contents of your SD card
* find accounts on the device
* android.permission.ACCESS_SUPERUSER
* connect and disconnect from WLAN
Full network access
view network connections
view WLAN Connection
* close other apps
* install shortcuts
* modify system settings

1. ဖုန်းရဲ့အခြေအနေတွေကို စစ်ဆေးနိုင်ပါတယ်

2. ရိုက်ထားတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို ခိုးယူနိုင်ပါတယ်။

3. ဖုန်းမှာထည့်ထားတဲ့ SD Card, Internal Storage ထဲက ဖိုင်တွေကို ဖတ်နိုင်၊ ရေးနိုင် ဖျက်နိုင်ပါတယ်

4. Root Permission ကို အလိုလိုရယူသွားနိုင်ပါတယ်။

5. WLan, Mobile Data (Internet) စတာတွေကို အလိုလို ဖွင့်နိုင်၊ ပိတ်နိုင်ပါတယ်။

6. ဖုန်းမှာထည့်ထားတဲ့ Facebook, Google တို့လိုမျိုး Account တွေကို ၀င်ရောက်အသုံးပြုနိုင်ပါတယ်။

7. ဖုန်းမှာရှိတဲ့ အခြား App တွေကို ပိတ်လိုက်နိုင်ပါတယ်။

8. ဖုန်းရဲ့ Home Screen မှာ Short Cut တွေတည်တောက်နိုင်ပါတယ်

9. ဖုန်း Settings တစ်ခုလုံးကို ပြင်ဆင်ပြောင်းလဲနိုင်ပါတယ်

ဒီ Virus ၀င်တဲ့ ဖုန်းတွေမှာ အဖြစ်များတဲ့ ပြသနာတွေကတော့


- Facebook ပေါ်ကို ကိုယ်မသိလိုက်ဘဲ Porn Video, Porn Site တွေကို Share လုပ်ပါတယ်၊ Post ရေးတင်ပါတယ်

- ဖုန်း SD Card ထဲက ဖိုင်တွေကို တစ်ခါတစ်ခါ ဖျက်ပစ်ပါတယ်

- ဖုန်းရဲ့ Internet, Wifi တွေကို အလိုလို ဖွင့်ပေးပါတယ်

- နောက်မသိတဲ့ လုပ်ဆောင်ချက်တွေလည်း အများကြီးရှိပါတယ်။

(ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ Bank Account တွေကိုလည်း ခိုးယူသွားနိုင်ခြေ ရှိပါတယ်)



ဒီ Virus ၀င်သွားတဲ့အခါမှာ

- Factory Reset ချရုံနဲ့ Virus မပျောက်ပါဘူး၊ မသေပါဘူး

- /system လမ်းကြောင်းမှာ ခိုအောင်းနေတာကြောင့်ပါ

- ကိုယ့်ဖုန်းရဲ့ Root Access တွေကိုလည်း ကပြောင်းကပြန်ဖြစ်အောင် လုပ်နိုင်ပါတယ်

- Root Access ရှိပြီး Root Permission နဲ့ဖျက်လိုက်တဲ့တိုင်အောင် ပေါက်ကရ Super Permission တွေပေးထားလို့ ဖျက်လို့ရမှာမဟုတ်ပါဘူး။

- Virus က Busybox ကို အလိုလိုသွင်းပေးထားတတ်ပါတယ်




ဒီ Virus ၀င်ရတဲ့ အကြောင်းအရင်းက

- အဓိက Source က Internet လို့ယူဆရပါတယ်

- Pirate App တွေ သွင်းယူတာကလည်း ကူးစက်နိုင်တယ်လို့ ယူဆရပါတယ်။

- ကူးစက်တဲ့ဖုန်းအများစုဟာ Vroot (iRoot), Kingo, King Root တွေနဲ့ဖောက် ထားတာကို တွေ့ရတဲ့အတွက် အဲဒီ One Click Root Tool တွေကိုလည်း မသင်္ကာပါ။

- Root မဖောက်ထားခဲ့ရင် ကူးစက်နိုင်ခြေ မရှိပါ




ဒီ Virus ၀င်ရောက်ရာလမ်းကြောင်းတွေကတော့

/system/priv-app

- com.android.hardware.ext0.apk
- com.android.wp.net.log.apk
- com.google.fk.json.slo.apk
- com.google.model.mi.apk
- providerdown.apk
- 27.apk
- BatteryControl.apk
- cameraupdate.apk
- khiltqo.apk
- LiveWallpaper.apk
- providerCertificate.apk
- SecurityCertificate.apk
- SettingProvider.apk
- HTMLViwer.apk
- SbXzatnexAZTIMuw.apk
- ThemeManags.apk
- uyvaj.apk
- voOACupEwzjfdiKF.apk
- Models.apk
- Launcher0920bx6jPec.apk
- Launcher0923Lj7ThCa.apk

/system/xbin

- .df
- .b
- .ext.base
- .sys.apk
- .lb.js
- .ls
- ku.sud
- krdem

စတဲ့ဖိုင်တွေဖြစ်ပါတယ်။ ကြည့်ရသလောက်တော့ ပြည်တွင်းဖြစ် Virus ဟုတ်ပုံမရပါဘူး။ လောလောဆယ် အကောင်းဆုံး ဖြေရှင်းနည်းကတော့ Firmware ပြန်ရေးလိုက်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် Factory Reset, SD Format, Erase Internal Storage စတာတွေပါ လုပ်ပေးဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် ပျောက်ဖို့မသေချာပါ။

နားလည်လို့ စမ်းသပ်ကြည့်မယ်ဆိုရင်တော့ အောက်က Command တွေနဲ့ စမ်းသပ်နိုင်ပါတယ်။ ဥပမာအနေနဲ့ တစ်ခုပဲ ရေးပြပါမယ်။

- adb devices
- adb shell
- su
- cd system/priv-app
- chattr -iaA providerCertificate.apk
- rm providerCertificate.apk

ကျန်တဲ့ဖိုင်တွေကိုလည်း ဒီနည်းလမ်းအတိုင်းရှင်းနိုင်ပါတယ်။ Telecom Android All In One Tool (Version 1.1 Beta) မှာ Monkey Virus ကိုရှင်းနိုင်မယ့် Tool လေးထည့်မယ်လို့ စဉ်းစားထားပါတယ်။

ဒီအတွက် ကျွန်တော်ရဲ့ ညီအစ်ကို၊ မောင်နှမတွေ အဖို့ ကိုယ့်ဖုန်းကို တစ်ခါတည်း စစ်ကြည့်ရင်း MonkeyTest ရောက်နေပြီဆိုရင် Firmware ပြန်မရေးခင် ဒီ Post မှာ Feedback လေး ပေးကြဖို့ တောင်းဆိုပါတယ်

Ray Marm Aung
(Ray - Electronics)

Telecom Technology Mobile Training
09799936639



Posted By

<<  ZawLay>>

Ko Ko Zaw (BE-EC)    www.htarwaiethar.org

Monday, May 5, 2014

ESET Nod 32 Anti Virus Smart Security and End Point Security တွေကို ဖရီးအသုံးပြုနိုင်တဲ့ Trail Reset
































ESET Nod 32 Anti-Virus, ESET Smart Security, End Point Security စသော ထုတ်ကုန်တွေက ကွန်ပျူတာ အသုံးပြုသူ အများအပြား အသုံးပြုလို့ ကျွန်တော် အထွေအထူး ရှင်းပြစရာ လိုမယ် မထင်တော့ဘူးနော့်။

ကွန်ပျူတာ အတွက် အထူးလိုအပ်တဲ့ ဗိုင်းရပ် ကာကွယ်ရေး ဆော့ဝဲလ်တွေကို ထုတ်ဝေပါတယ်။

ထူးခြားချက်က ESET Products တွေက ကွန်ပျူတာကို လေးလံမှု မရှိပဲ ဗိုင်းရပ်တွေကို အထူးကာကွယ်ပေးပါမယ်။

ကျွန်တော် အခု အသုံးပြုနေသော ဆော့ဝဲလ်ကောင်းလေးပါ။

ကျွန်တော်က ESET Smart Security Version 7 လေးကို အသုံးပြုပါတယ်။

တကယ်က ဝယ်သုံးရမှာပါ။ ကျွန်တော့်မှာ ပိုက်ဆံမရှိတော့ ခိုးသုံးနေတယ်ပေါ့လေ။

မူရင်း ဝက်ဆိုဒ် Official Website http://www.eset.com   မှာ သွားရောက်လေ့လာနိုင်ပါတယ်။

ဖရီး ရက် သုံးဆယ်ပေးသုံးပါတယ်။

ကဲ့ ကျွန်တော်တို့က အမြဲတမ်း ဖရီးရအောင် ဘယ်လိုလုပ်မလဲပေါ့။

သိပ်မခက်ပါဘူး။ ပထမဆုံး ကိုယ့် အသုံးပြုမည့် ဆော့ဝဲလ်ကို http://www.eset.com/us/download/home/  မှာ သွားရောက်ဒေါင်းလုပ်ခ်ရယူပါ။

အင်တာနက်ကို အမြဲတမ်းချိတ်ဆက် အသုံးပြုသူဆိုရင် ESET Smart Security က သင့်တော်ပြီး အင်တာနက် မရှိပဲ ဒီအတိုင်းကို ကွန်ပျူတာမှာ တင်သုံးချင်ရင်တော့ Nod 32 Anti-Virus Software လောက်နဲ့ အဆင်ပြေပါတယ်။

ကိုယ်နှစ်သက်ရာ တစ်ခုခုကို ဒေါင်းလုပ်ခ်ရယူအသုံးပြုပါ။

နောက် ဆော့ဝဲလ်ကို ကွန်ပျူတာမှာ တပ်ဆင်လိုက်ပါ။

ပထမဆုံး Trial 30 Days ရအောင် မှတ်ပုံတင်ရပါတယ်။ အဲ့အတွက် အီးမေးလ်အကောင့်တစ်ခု လိုအပ်ပါတယ်။

Trial Version ကို ပုံမှန်အတိုင်း ၅ ရက်လောက် Update တွေ ဘာတွေလုပ်ပြီး အသုံးပြုပါ။

၆ ရက်နေ့မှာတော့ ကွန်ပျူတာကို ဒီအတိုင်း Normal Windows မတက်ပါနဲ့။ Safe Mode က ဝင်သုံးပါ။

Safe Mode ကို အသုံးပြုချင်ပါက ကွန်ပျူတာကို ပါဝါအွန်လိုက်ပြီးတာနဲ့ F8 Key ကို ဆက်တိုက်နှိပ်ပြီး Safe Mode က ကွန်ပျူတာကို ဝင်သုံးနိုင်ပါတယ်။

Safe Mode ကို ရောက်မှ ကျွန်တော် ပေးမယ့် Trial Reset လေးကို Run လိုက်ပါ။ သူ့ညွန်ကြားချက်အတိုင်း လုပ်ဆောင်ပြီးပါက ကွန်ပျူတာကို Restart ချခိုင်းပါတယ်။

နောက် တစ်ခါ ကွန်ပျူတာ ပုံမှန်အတိုင်း Windows တက်ရင်တော့ မိတ်ဆွေတို့ အသုံးပြုမည့် ESET Product ကို အသုံးပြုကြည့်ပါ။ Activated ဖြစ်နေတာကို တွေ့နိုင်ပါတယ်။

Online Update Service လည်း အဆင်ပြေပြေနဲ့ အသုံးပြုနိုင်တာကို တွေ့နိုင်ပါတယ်ခင်ဗျား။

ကဲ့ လိုအပ်သူများ Trial Reset လေးကို ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။


Download     





Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com


Thursday, February 27, 2014

Malwarebytes Anti-Malware 2.00.0.0504 Beta



















အခုနောက်ဆုံးထွက် Malwarebytes Anti-Malware လေးကို မျှပေးလိုက်ပါတယ်။

ကွန်ပျူတာ စနစ်မှာ မလိုလားအပ်တဲ့ Malware တွေကို အကောင်းဆုံးဖြေရှင်းနိုင်သော ဆော့ဝဲလ်ကောင်းတစ်ခုပါပဲ။

တစ်ချို့ Anti-Virus Software တွေ မနိုင်တာများကိုတောင် Malwarebytes က နိုင်နိုင်နင်းနင်း ဖြေရှင်းပေးမှာပါ။

ကွန်ပျူတာမှာ Anti-Virus Software Version ကိုပဲ အသုံးပြုတယ်ဆိုရင်တော့ အသုံးပြုသင့်ပေမဲ့ Internet Security Version တစ်ခုခု တင်ထားရင် မသုံးသင့်ပါဘူး။

လိုအပ်သူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

ဖိုင်ဆိုဒ်က 15.9 MB ရှိပါတယ်။


မူရင်းဖော်ပြချက်။   ။

Malwarebytes' Anti-Malware is a high performance anti-malware application that thoroughly removes even the most advanced malware and spyware. With one of the fastest, most effective quick scans and malware removal capabilities on the market, this program is the perfect addition to your PC's defenses.
The full version of the product includes a number of key features, including the ability to schedule updates and scans and most importantly, a real-time malware protection module that blocks malicious processes before they even start.


Features
Real-Time Malware Detection and Removal
Three proprietary technologies automatically protect you from malware that antivirus products don't detect.

Anti-Phishing and Identity Theft Protection
Blocks malicious websites that steal your credit card information or identity or that install malware.

Faster Scanning and Minimal System Requirements
Offers a lightning-fast Flash Scan mode and takes up less space on your hard drive than 10 digital music files.

Malwarebytes Anti-Rootkit
Drills down and removes even deeply embedded rootkits.

Malwarebytes Chameleon
Protects Malwarebytes Anti-Malware Pro against malware's attempts to prevent its installation.


Download Links


Malwarebytes Anti-Malware MixtureCloud (15.9 MB)   

Malwarebytes Anti-Malware FileCloud (15.9 MB)  

Malwarebytes Anti-Malware ZippyShare (15.9 MB)  

Malwarebytes Anti-Malware FilePurpose (15.9 MB)    

Malwarebytes Anti-Malware Uploaded.net (15.9 MB)   

Malwarebytes Anti-Malware TusFiles (15.9 MB)    

Malwarebytes Anti-Malware Uploadinc (15.9 MB)   

Malwarebytes Anti-Malware Multimirror (15.9 MB)   




Source:   PlusCrack


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Sunday, February 23, 2014

virus Remover Tools Collection ( 32 Bits and 64 Bits )

















ကွန်ပြူတာဗိုင်းရပ်တွေကြောင့် စိတ်ညစ်နေရတဲ့သူငယ်ချင်းတွေအတွက်
ကျွန်တော်စုစောင်းထားတဲ့ ဗိုင်းရပ်ရှင်းလင်းရေး ပရိုဂရမ်လေးတွေကို စုပေါင်းပြီး
တင်ပေးလိုက်ပါတယ် ..
သက်ဆိုင်ရာဗိုင်းရပ်အမျိုးအစားအလိုက် ပရိုဂရမ်ကို Double Click နှိပ်ပြီး Run ပေးလိုက်တာနဲ့
Password တောင်းပါမယ် .. အဲဒီအခါ ထည့်ပေးရမယ့် Password အသီးသီးကိုလည်း
Notepad လေးနဲ့ တစ်ပေါင်းတည်း ထည့်ပေးလိုက်ပါတယ် ..
အတွေ့ရအများဆုံးဗိုင်းရပ်နဲ့ အဖျက်စွမ်းအားကြီးမားတဲ့ ဗိုင်းရပ်တွေအတွက် ရွေးချယ်စုစည်းပြီး
တင်ပေးလိုက်တာပါ ..

ထည့်ပေးထားတဲ့ ပရိုဂရမ်တွေနဲ့ သက်ဆိုင်တဲ့ ဗိုင်းရပ်အမျိုးအစားတွေကတော့
ati2avxx Virus
brontok Virus
Chitthu Virus
chrome Virus (ဒီကောင်က အတွေရတော်တော်များပြီး တော်တော်လည်းဆိုးပါတယ်
သူ့ကိုရှင်းတဲ့အခါမှာ နောက်ဆုံးမှာ Drive ထဲမှာခွေမရှိဘူးဘာညာနဲ့ Box တက်လာပါမယ်
ဒါက အဲဒီဗိုင်းရပ်ရဲ့သဘာဝမို့ စိုးရိမ်စရာမရှိပါဘူး သူရှင်းပေးသွားတဲ့သင်္ကေတပါ)
DriveGuard Virus
explorer Virus (စက်တိုင်းနီးပါးမှာ ၀င်ဖူးတဲ့ဗိုင်းရပ်မျိုးပါ)
Fansy Virus
Fun Virus
Funny Virus
Global Virus
HappyBirthday Virus
IQTest Virus
KillVBS Virus
Kolay Virus
Magway FC Virus
Nargiz Virus
Nodelete Virus (စက်တော်တော်များများကို အလွယ်တကူဝင်နိုင်ပါတယ်)
Recycler Virus (ဒီဗိုင်းရပ်ကို မကြုံဖူးတဲ့လူ မရှိသလောက်ပါပဲ)
စုစုပေါင်း ဗိုင်းရပ်အမျိုးပေါင်း ၁၈ မျိုးကို ရှင်းလင်းပေးမယ့် ပရိုဂရမ်တွေကို
စုစည်းပေးထားတာဖြစ်ပါတယ် ..




Update Onfo::::

သူငယ်ချင်းတစ်ယောက် Comment မှာ တောင်းဆိုထားလို့ ကျွန်တော် အခု Virus Remover လေးတွေကို တင်ပေးလိုက်ပါတယ်။

တကယ်တော့ ကျွန်တော်တင်ပေးသော Tools လေးတွေက OK Virus Cleaner Group က ထုတ်ဝေတာ ဖြစ်ပါတယ်။

အခွေကို မြန်မာငွေ တစ်ထောင်ကျပ်ဖြင့် ဝယ်ယူနိုင်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဝယ်ယူလို့မရသူများအတွက်တော့ ကျွန်တော်တင်ပေးတာလေးက အဆင်ပြေနိုင်မှာပါ။

OK Virus Cleaner Group ကိုလည်း ဒီပို့စ်ကနေပြီ တောင်ပန်ပါတယ်။

လိုအပ်သူများရှိလို့ ကျွန်တော်မျှဝေလိုက်မိပါတယ်။

ဖိုင်ဆိုဒ်က 15MB ကျော်ကျော်ရှိပါတယ်။

32Bit, 64 Bit ခွဲပြီး ကိုယ့်စက်နဲ့ ကိုက်ညီတာကို ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။


ပါဝင်သော Tools တွေက




1)  ati2avxx virus remover

2)  brontok virus remover

3)  Chitthu virus remover

4)  Chrome virus remover

5)  DriveGuard virus remover

6)  explorer virus remover

7)  fanshy virus remover

8)  fun virus remover

9) funny virus remover

10) Global virus remover

11)  Happy Birthday virus remover

12 ) IQ Test virus remover

13) Kill VBS virus remover

14) Kolay virus remover

15) Magway FC virus remover

16) Narzig virus remover

17) No delete virus remover

18) Recycler virus remover

19) Regsvr virus remover

20) Water Mark virus remover

21) Svchost virus remover

22) TayatMyo virus remover

23) Uni virus remover



Download For 32 Bit  

Download For 64 Bit  



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Tuesday, February 18, 2014

Emsisoft Anti-Malware 8.1.0.40 Final






















ကျွန်တော် Emsisoft Anti-Malware 8.1.0.40 လေးကို အသုံးပြုလိုသူများအတွက် ရှာဖွေပေးလိုက်ပါတယ်။

ကွန်ပျူတာ စနစ်မှာ Anti-Virus နှင့် အတူ တွဲဖက် အသုံးပြုသင့်သော ဆော့ဝဲလ်တစ်ခုပဲ ဖြစ်ပါတယ်။

မိတ်ဆွေတို့စက်မှာ ရှိတဲ့ Anti-Virus တစ်ခုပဲရှိတယ်ဆိုရင်တော့ တွဲဖက်အသုံးပြုသင့်ပေမဲ့ Internet Security တစ်ခုခုတင်ထားတယ်ဆိုရင်တော့ အခုဆော့ဝဲလ်ကို မသုံးသင့်ပါဘူး။

ကျွန်တော်က အကြံပေးရုံသက်သက်ပါ။


လိုချင်တယ်ဆိုရင် ကြိုက်နှစ်သက်ရာ လင်ခ့်တစ်ခုခုက ဒေါင်းလုပ်ခ်ဆွဲနိုင်ပါတယ်။

ဖိုင်ဆိုဒ်က 200 MB ကျော်ကျော်ရှိပါတယ်။



မူရင်းဖော်ပြချက်။   ။

Don’t rely on freeware antivirus programs! They usually only provide a scanner to cleanup the mess after the worst case scenario has already occurred and the PC is overrun by malware. You would rather be PROTECTED, wouldn't you? We presume that you would also prefer to receive personal assistance in emergency situations instead of being forced to fill out an anonymous support form, from which you might get a reply three days later, if at all. That’s why Emsisoft is a PREMIUM SOFTWARE VENDOR FOR PREMIUM CUSTOMERS! - and includes a malware removal guarantee.



Features

SURF PROTECTION: If you unintentionally try to access a website that spreads trojans or spyware, Emsisoft Anti-Malware will prevent you from doing so. The built-in list of known dangerous and fraudulent websites is automatically updated every hour.

FILE GUARD: This crucial layer of protection checks all files that are downloaded or run against more than 10 million signatures of known malicious software. The Emsisoft Anti-Malware File Guard is intelligent and self-optimizes continually, so you won’t feel the impact of dozens of files being scanned in the background every second.

BEHAVIOR BLOCKER: To catch zero-day threats that aren't yet included in the signature database, Emsisoft Anti-Malware continually monitors the behavior of all active programs and raises an alert as soon as something suspicious occurs. Combined with the live cloud-verification of the Emsisoft Anti-Malware Network it is our ultimate weapon against specialized and sophisticated malware attacks that others can't protect you from.




Emsisoft Anti-Malware MixtureCloud (214.4 MB)     

Emsisoft Anti-Malware FileCloud (214.4 MB)        

Emsisoft Anti-Malware FilePurpose (214.4 MB)     

Emsisoft Anti-Malware Uploaded.net (214.4 MB)     

Emsisoft Anti-Malware TusFiles (214.4 MB)      

Emsisoft Anti-Malware Uploadinc (214.4 MB)   

Emsisoft Anti-Malware Multimirror (214.4 MB)    



Source:   www.pluscrack.com


Posted By

<<  HTAR WAIE THAR  >>
Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Sunday, February 9, 2014

ဖေ့ဘုတ်မှာ Check Who love you ဆိုသော Spam တစ်ကောင်ပြန့်ပွားနေ

















ကျွန်တော် ကွန်ပျူတာနှင့် နည်းပညာဆိုင်ရာ အမေးဖြေ ဆွေးနွေးခန်းမှာ ပို့စ်တင်ထားတာလေး မျှလိုက်ပါတယ်။

အခုတလော ဖေ့ဘုတ်မှာ Check Who Love you ဆိုသော Spam တစ်ကောင် ပြန့်နေတယ်လို့ သိရသလို ကိုယ်တိုင်လည်း တွေ့မိပါတယ်။

လန်းတာက လန်းပါတယ်။

ကျွန်တော်တင်ထားသော ပုံမှာ ကြည့်နိုင်တယ်နော့်။

အဲ့ဒီကောင် ကိုယ့်ဖေ့ဘုတ်မှာ ကပ်နေလို့ကတော့ မိတ်ဆွေတို့ ဖေ့ဘုတ်မှာ ဘာပဲ ရေးရေး Check Who love you ဆိုတာပဲ ပေါ်နေမှာဗျ။

အဲ့လိုမျိုး ဖြစ်နေရင် ဖြေရှင်းနိုင်အောင် ဖြေရှင်းနည်းလေး ကျွန်တော်ယူလာပါတယ်။

ဖြေရှင်းနည်းက


- Facebook account setting ထဲဝင် 

- Apps ထဲဆက်ဝင် 

- အဲ့မှာ Xperia ဆိုတဲ့ဟာကိုအမှန်ခြစ်ပြီး Remove လုပ်လိုက်ပါ ။

အဆင်ပြေသွားပါမယ်။



အဲ့ကောင်က Spam post တွေ လိုက်တင်နေတာဗျ။ လန်းတယ်နော်။



<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Monday, January 27, 2014

Internet Security Version Full AntiVirus တွေ ဒေါင်းလုပ်ရယူနိုင်ဖို့
















ကဲ့ Anti-Virus Software တွေကို ဒေါင်းချင်းသူများအတွက် ကျွန်တော် လင့်ခ်လေးရှာပေးလိုက်ပါတယ်။

Internet Security Version တွေပဲ သီးသန့် ဒေါင်းလုပ်ခ်ရယူနိုင်မှာပါ။

Up-to-Date တွေကြီးပဲ ဖြန့်ချီသော ဝက်ဆိုက်ကောင်းတစ်ခု ဖြစ်ပါတယ်။

ရရှိနိုင်သော Antivirus များက

1) Avast Internet Security

2) AVG Internet Security

3) Avira Internet Security

4) Bitdefender Internet Security

5) BullGuard Internet Security

6) Smart Security

7) F Secure Internet Security

8 ) G Data Internet Security

9) Kaspersky Internet Security

10) Norton Internet Security

11) Quick Heal Internet Security

12) Trust Port Internet Security


ကြိုက်နှစ်သက်ရာကို ဒေါင်းလုပ်ခ်ရယူနိုင်သလို၊ ဒေါင်းလုပ်ခ်လင့်တွေလည်း လေးခု ပေးထားပါတယ်။

ရလာသော ဖိုင်တွေကို ပက်ဝက်နဲ့ ပိတ်ထားပါတယ်။

Password က www.iransetup.com ပဲ ဖြစ်ပါတယ်။

အဆင်ပြေပါစေ.............................






Link::::::::::::    www.iransetup.com


<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

Sunday, January 26, 2014

Anti Virus and Remover Tools များ အကြောင်း ရှာဖွေကြည့်ခြင်း
















အခု လောလောဆယ် ကျွန်တော် Anti-Virus တွေ အကြောင်းကို လိုက်လံရှာဖွေမိတယ်။

တွေ့မိတာတွေတော့ အများကြီးပဲဗျ။

ကျွန်တော် အရင်က ဘာ Anti-Virus Software ကိုမှ မသုံးဘူးဗျ။

ဘာသုံးရမှန်း မသိတာလဲပါသလို၊ နောက် စက်က နည်းနည်းလေးမယ်လို့လည်း ထင်တယ်ဗျ။

နောက် ကျွန်တော်က ကွန်ပျူတာသုံးရင် အရမ်းကို သတိထားပြီး အသုံးပြုပါတယ်။ ( ကျွန်တော် သိသလောက် ဗဟုသုတလေးတွေနဲ့ပါ။ )

အင်တာနက်မှာဆိုလည်း ကိုယ်က သတိထားရင်ထားသလို တော်ရုံနဲ့တော့ ဗိုင်းရပ်တွေက ကွန်ပျူတာကိုရောက်မှာ မဟုတ်ပါဘူး။

နောက်ပြီး နောက်ပိုင်းထုတ် Windows OS ( 7, 8 and 8.1 ) တွေက ကွန်ပျူတာ ပရိုဂရမ်တွေ ထည့်သွင်းတဲ့နေရာမှာ အော်တိုထည့်သွင်းတာမျိုးကို ပိတ်ထားတဲ့အတွက်လည်း ကိုယ်က ဂရုစိုက်ရင် တော်ရုံနဲ့ ဗိုင်းရပ်က ကိုက်မှာ မဟုတ်ပါဘူး။

USB Drive တွေက ဗိုင်းရပ်တွေ ရှောင်ချင်ရင် Auto Play Service တွေကိုလည်း ကိုယ်ဘာသာ ပိတ်ထားတော့ ကိုယ့်စက်အတွက်က ဘာပဲ ပြောပြော အတော်ကို အဆင်ပြေတယ်လို့ပဲ ပြောရမယ်ဗျ။

သို့သော်လည်း.................

ကိုယ့်ကွန်ပျူတာ တစ်ခုတည်း ဗိုင်းရပ်လုံးခြုံတာနဲ့ အဆင်မပြေတာတွေ အများကြီးရှိလာပါတယ်။

ဉပမာ။  ။ အခြားသူငယ်ချင်း တစ်ယောက်က Stick မှာ ဗိုင်းရပ်ထိလာတယ်ဆိုပါတော့။ ကျွန်တော်က ကျွန်တော့် ကွန်ပျူတာ ဗိုင်းရပ်မထိအောင်ကာကွယ်ထားနိုင်ပေမဲ့၊ ဗိုင်းရပ်ကို မသတ်နိုင်တာမျိုးတွေရှိတယ်ဗျ။ ( ကိုယ်တွေ့ပါ )

ဒါကြောင့် ကျွန်တော် ကျွန်တော်စက်မှာ Anti-Virus တပ်ဆင်ဖို့ ကြိုးစားပါတော့မယ်။


Anti-Virus ဆိုတာနဲ့ အခြားသော Anti-Spy , Anti-Malware တို့လည်း ပါဝင်ပါတယ်။



ဖရီးရနိုင်သော Anti-Virus များ


1) Avast Free Antivirus  

2) AVG Free Antivirus   

4) Avira Free Antivirus  

5) Comodo Internet Security     

6) Bidefender Free   

7) Clamwin ( Open-Sourced , Not Real Time Protect )    

8) Panda Cloud Free   

9) MSE ( Microsoft Security Essentials For Genuine Windows User )   



ဖရီးရနိုင်သော Anti Spyware, Malware , Trojen , Worm


1) Malwarebytes AntiMalware 

2) IO Bit Malware Fighter Free 

3) SUPER Anti Spyware   

4) Ad-Aware Free    

5) Spybot Search & Destory   


ကျွန်တော်ရှာတွေ့သလောက်ရေးထားတာ ဖြစ်ပါတယ်။ အခြားသော ဆော့ဝဲလ်ကောင်းတွေလည်း ရှိမှာ ဖြစ်ပါတယ်။


လိုင်စင်ဗားရှင်းတွေကိုလည်း မြန်မာနိုင်ငံမှာ ဝယ်လို့ရတာတွေရှိနေပါတယ်။

1) Kaspersky

2) Norton

3) Bitdefender


 ( မှတ်ချက်။   ။  ကျွန်တော်က မြို့မရောက်တာ ကြာပြီဖြစ်တဲ့အတွက် အပေါ်က ဆော့ဝဲလ်သုံးမျိုးကိုပဲ သိပါတယ်။ ကျန်တာတွေ ဝယ်လို့ရမရတော့ မသိပါဘူး။ တန်းဖိုးကတော့ 1 User , 1PC ကို တစ်သောင်းကျော်ကျော်နှင့် ဝယ်နိုင်သည်။ ဆော့ဝဲလ်အခွေ အရောင်းဆိုင်တွေမှာ ဝယ်လို့ရတာတွေ့မိတာကို ရေးထားခြင်း ဖြစ်သည်။ )



အမှန်တကယ် ပိုက်ဆံပေးဝယ်သုံးနိုင်သော Anti-Virus ဆော့ဝဲလ်များ

1) Kaspersky

2) Norton

3) Bitdefender

4) Nod 32

5) Avast

6) Avira

7) AVG

8) Bull Guard

9) F Secure

10 ) Panda

11) G Data

12) Quick Heal

13) Trust Port

14 ) Comodo 
    နှင့် ကျွန်တော် အပေါ်မှာ ဖော်ပြထားသော ကျန်ရှိသည့် ဖရီးဗားရှင်း ဆော့ဝဲလ်များ ( Clamwin And MSE မပါ ) ကို လိုင်စင်ဖြင့် ဝယ်သုံးနိုင်ပါတယ်။ Anti-Malware တွေလည်း အတူတူပဲ ဖြစ်ပါတယ်ခင်ဗျား။



ကျွန်တော် အခုရှာထားတာလေးတွေကို ရေးထားတာ ဖြစ်ပါတယ်။

နောက်များမှ ဆော့ဝဲလ်တစ်ခုစီအလိုက် အသုံးပြုမှုများကို ကျွန်တော်ရေးပေးပါမယ်။



<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Tuesday, January 21, 2014

Anti-Virus Software တွေကို ဘယ်လိုရွေးချယ်မလဲ
















ယနေ့တိုးတက်နေသော ခေတ်ထဲမှာ အင်တာနက်ကို အသုံးပြုသူတွေဟာ မြန်မာမှာဆိုရင် များသထက်များလာပါတယ်။

အင်တာနက်ဆိုရင်ဖြင့် အသုံးပြုသူများ သိတဲ့အတိုင်းပဲ ဗိုင်းရပ်များ အစပြုရာ၊ ဖြန့်ဝေရာ နေရာ တစ်ခုလို့လဲ ပြောလို့ရပါတယ်။

ဒီဘက်ခေတ်မှာဆိုရင် ဗိုင်းရပ်တွေကဆိုရင်ဖြင့် ကွန်ပျူတာတွေသာမက၊ Smart Phone , Tablet Computer တွေအထိ ပြန့်နံ့နေထိုင်နိုင်ပါတယ်။

ဒီတော့ ကျွန်တော်တို့ အနေနဲ့ ကွန်ပျူတာကိုပဲ သုံးသုံး၊ ဖုန်းပဲသုံးသုံး၊ သင်ပုန်းကွန်ပျူတာကိုပဲ သုံးသုံး ကိုယ့်ရဲ့ ကိုယ်ပိုင် အချက်လက်တွေ မဆုံးရှုံးဖို့နဲ့ ဗိုင်းရပ်တွေ မဝင်အောင် Anti-Virus တွေထည့်သွင်းထားဖို့ လိုအပ်ပါတယ်။

Anti-Virus တွေဆိုရင် အခု မြန်မာနိုင်ငံမှာလည်း လိုင်စင်နဲ့ တရားဝင်ဝယ်လို့ရတာတွေလည်း အတော်ကို များပြားပါတယ်။

ဒါကြောင့် ကိုယ်ကြိုက်ရာ ဆော့ဝဲလ်ကို ရွေးခွင့်ရှိသော အနေအထားတစ်ခုကို ရောက်နေပါတယ်။

Anti-Virus တွေများစွာရှိသည့်အနက် မိမိစက်နှင့် ကိုက်ညီမှု၊ Anti-Virus ရဲ့ စွမ်းဆောင်ရည်ကောင်းမှုတွေကို မှန်ကန်အောင် ရွေးချယ်ဖို့ကလည်း အတော်ကို အရေးကြီးပါတယ်။


ဒါကြောင့် ကျွန်တော် Anti-Virus တွေရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ပြပေးသော ဆိုက်လေးတစ်ခုကို ညွန်းပေးပါမယ်။

http://www.av-test.org/en/home/  


အဲ့မှာ ကျွန်တော်တို့ အခုလက်ရှိအသုံးပြုနေသော Anti-Virus တွေရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ပြထားပါတယ်ခင်ဗျား။

အဲ့ဒီဆိုက်မှာ စမ်းသပ်ထားသော ရလဒ်များကတော့ Home Users တွေအတွက် Windows XP, Windows Vista, Windows 7 , Windows 8

Corporate User တွေအတွက် Windows XP, 7 and 8

Mobile User တွေအတွက် Android OS


အစရှိသော ကွဲပြားသည့် OS များစွာမှာ Anti-Virus အမျိုးမျိုးရဲ့ Security ( ဗိုင်းရပ်သတ်နိုင်အား) ၊ Performance and User Friendship အစရှိတာများကို စမ်းသပ်ထားပါတယ်ခင်ဗျား။

မိမိနှစ်သက်သလို စိတ်ကြိက် ဆုံးဖြတ်ချက်ချနိုင်ပါတယ်ခင်ဗျား။



<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiehtar.blogpsot.com

Friday, January 17, 2014

အန္တရယ်ရှိသော Malicious Codes များ နှင့် Vulnerability Websites















ယခုအချိန်တွေမှာ website တွေ အဟက်ခံရတယ်။ တစ်ခုပြီးတစ်ခုပါပဲ။ ဒါတွေက website တစ်ခု အဟက်ခံရလို့ အဲ့ site တစ်ခုတည်းထိတာမဟုတ်ပါဘူး။ ဟက်ကာတော်တော်များများက site တစ်ခုကိုရသွားရင် defacement တစ်ခုလုပ်တာကလွဲရင် ကျန်တာဘာမှမလုပ်ပါဘူး။ ဒီအတွက် လာရောက်လည်ပတ်တဲ့သူကိုလည်း မထိခိုက်ပါဘူး။ ဒါပေမဲ့ အန္တရယ်ရှိတာက Mailicous Code တွေ ထည့်သွားမဲ့ Hacker တွေကိုတော့ အလွန်ကိုကြောက်စရာကောင်းတယ်ဆိုတာ သိစေချင်လို့ ဒီ Post ကို Korea Information Security Agency နဲ့ ကျွန်တော့် မိတ်ဆွေ bot hacker (တရုတ်ပြည်မှ Game Password Hacker) တစ်ယောက် တို့အား ကိုးကားပြီးရေးထားတာပါ။

Malicious Codes များ ထည့်သွင်းမှုအတွက် ဟက်ကာတွေ တိုက်ခိုက်ရာတွင်



၁. တိုက်ခိုက်ရေးသမားတွေက မိမိတို့ရဲ့ Target ကွန်ပျူတာ၊ အဖွဲ့အစည်း၊ Website တွေထဲကို SQL Injection တွေနဲ့ ၀င်ရောက်ကြပါတယ်။ SQL Injection တွေတစ်ခုတည်းလားဆိုတော့လည်း ဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ တစ်ခြားတိုက်ခိုက်လို့ရတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဘယ်လိုပင် ဖြစ်ပါစေ သူတို့ လိုချင်တဲ့အပိုင်းကတော့ user တွေ အများအပြား ၀င်ရောက်လည်ပတ်တတ်တဲ့ နေရာတွေပါ။ ဒီလူတွေဆီကနေ Cookies တွေခိုးမယ်။ IP တွေယူမယ် စသည်ဖြင့်ပေါ့။

၂။ တိုက်ခိုက်ရေးသမားတွေက Vulnerability Website တွေထဲမှာ ၄င်းတို့ရဲ့ Malicious Code တွေ ထည့်သွင်းထားသော Attacker ရဲ့ Web Link တွေ ချိတ်ဆက်ပေးပါတယ်။ ဒီလိုချိတ်ဆက်တဲ့နေရာမှာ iframe ဆိုတာနဲ့သုံးကြပါတယ်။
iframe ဆိုတာ webpage element တစ်ခုဖြစ်ပြီး တစ်ခြား web page တွေကို ၄င်းရဲ့ သတ်မှတ်ထားတဲ့ ဘောင်အတွင်းမှာ အလုပ်လုပ်ရန်အတွက် အသုံးပြုကြပါတယ်။ ....


ဥပမာ . . Planet Myanmar Website မှာ Iframe ကိုထည့်သွင်းထားပုံကိုကြည့်ပါ။

ဆိုတာကိုကြည့်ပါ။

၃. အဲ့အချိန်မှာ အင်တာနက် အသုံးပြုသူတွေက Attacker (Hacker) တွေ ဟက်လုပ်ထားတဲ့ Website တွေကို ၀င်ရောက်လည်ပတ်ပါတယ်။

၄. အကယ်၍ အင်တာနက် အသုံးပြုရဲ့ ကွန်ပျူတာက လုံခြုံရေးမရှိခြင်း၊ Up to Date မဖြစ်နေတဲ့ Internet Security or Antivirus မရှိဘူးဆိုရင် ထိုကဲ့သို့သော Website မှနေ အလွယ်တကူ မိမိရဲ့ ကွန်ပျူတာကို Trojan တွေဝင်ရောက်လာပါလိမ့်မယ်။

၅. ပြီးရင် မိမိရဲ့ Information တွေ၊ user ID, Password တွေကို သတ်မှတ်ထားတဲ့ လမ်းကြောင်းလိပ်စာအတိုင်း ပြန်လည်ခိုးယူပို့ပေးပါလိမ့်မယ်။

ဒီလိုတိုက်ခိုက်မှုမျိုးက ယနေ့ခေတ်မှာတော်တော်လေးကို တွေ့ရပြီး Porn / Unsecure site တွေကို ၀င်ရောက်လည်ပတ်က Antivirus အသွင်ဝင်ရောက်လာတတ်တဲ့ Malware တွေနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ဒီကောင်က နဲနဲအဆင့်ပိုမြင့်သွားတယ်။ ဒီလိုပုံစံတွေက Website တော်တော်များများမှာ ဖြစ်ကြပြီးတော့ ဖြစ်လိုက်တဲ့ Website တွေရဲ့ ၉၀ ရာခိုင်းနှုန်းကတော့ SQL Injection vulnerability မှနေ ဟက်ကာတွေ ၀င်ရောက်ကာ malicious codes တွေ ထည့်သွင်းသွားခြင်းဖြစ်ပါတယ်။
နောက်တစ်ခုကတော့ Upload Vulnerability ပါ.. သူကတော့ WebBoard တွေမှာ user တွေအတွက် image upload တွေပေးထားတာကနေဖြစ်တာပါ။
i. ထို Web Board က extension ဖိုင် စီစစ်မှုကိုမထားခြင်း။ ( Webmaster တွေသတိပြုရမှာက ထိုကဲ့သို့သော Upload setting မှာ extension filtering ကိုစစ်ဖို့လိုပါတယ်)
ii. Upload လုပ်ထားသော file ၏ လမ်းကြောင်းကို user နှင့် Attacker မှ အလွယ်တစ်ကူ ရယူသိရှိနိုင်ခြင်း။
iii. Upload လုပ်ထားသော file များရှိ folder အား execute လုပ်ခွင့် ခွင့်ပြုချက်ပေးထားခြင်းကြောင်းဖြစ်သည်။

ဒီတော့ Trojan File တွေနဲ့ user တွေကို ဘယ်လို တိုက်ခိုက်လဲဆိုတာကို အနည်းငယ် ထပ်ပြီးရှင်းပါမယ်..

Ice Fox Prodigal Web Trojan Generator ဒါက Website တွေကို တိုက်ခိုက်တဲ့နေရာမှာ အလွယ်တကူ အသုံးပြုနိုင်တဲ့ Virus Creator တစ်ခုပါပဲ။ (ဟက်ကာတော်တော်များများကတော့ သူတို့ကိုယ်တိုင် Code လုပ်တာများပါတယ်။)


၄င်းအထဲမှာ iframe ကို width=0 ဆိုပြီး မြှုပ်ထားပါတယ်။ ပြီးရင် icyfox.htm ဆိုတာက icyfox.js ပါတဲ့ Backdoor/Trojan ဖိုင်တွေကို ဆွဲယူသုံးတဲ့သူတွေပါ။ တစ်နည်းအားဖြင့် ၄င်း .js အထဲမှာ Hacker ရေးဆွဲထားတဲ့ လမ်းကြောင်းအတိုင်းကို လုပ်ဆောင်မယ့် Code တွေရှိပါတယ်။

Malicious Code တွေကိုထည့်တာကတော့ ဒါပဲ... ဒီအထဲမှာ Malicious Website ကို လာရောက်လည်ပတ်တဲ့သူတွေရဲ့ Computer တိုင်းလိုလိုမှာ Trojan တွေထည့်လိုက်တယ်။ ပြီးရင် ၄င်း ကွန်ပျူတာတွေထဲကနေ File / Folder တွေကို ခိုးယူလို့ရအောင် Remote Access သုံးလို့ရအောင် အသုံးပြုတဲ့ Web Base UI Program တွေနဲ့ Internet User တွေရဲ့ ကွန်ပျူတာကို လိုအပ်သလို ထိန်းချူပ်တယ်။ ဒီအတိုင်းနဲ့ 2005 လောက်က တရုတ်ပြည်မှာ oct 16 ကနေ oct 17 အထိ ၃၄ နာရီအတွင်းကို ၁၂၁၆ ယောက်လောက် ထိသွားတယ်။

Web Adminstrator တစ်ယောက်အနေနဲ့ မိမိ website ရဲ့ ReWrite Rule တွေကိုသိထားရမယ်။ Security Holes တွေကို အမြဲစစ်ကြည့်နေရမယ်။ user တွေဘက်ကနေ script uploading နဲ့ execution တွေကို block လုပ်ထားရမယ်။ Attacker တစ်ယောက် malicious script တစ်ခု run တာနဲ့ site တစ်ခုတည်းမဟုတ်ဘူး server ရဲ့ root ထဲအထိကိုရောက်နိုင်တယ်။ web board တွေမှာ image uploading module တွေကို သတိထားရတယ်။

https://chocolatemyotaw.ning.com


ကျွန်တော့်ဆီမှာရှိသော အချက်လက်လေးကို ပြန်လည်မျှဝေတာ ဖြစ်ပါတယ်ခင်ဗျား။


<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

Tuesday, January 14, 2014

Madware ဆိုတာ
















Madware ဆိုသည်မှာ စမတ်ဖုန်းနှင့် Tablet ကွန်ပျူတာများပေါ်တွင် အကျိုးသက်ရောက်မှုရှိသည့် ကြေငြာအမျိုးအစားတစ်ခု ဖြစ်သည်။ Madware ဆိုသည့် အမည်သည် mobile နှင့် adware စကားလုံးတို့ကို ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည်။ လုံခြုရေး ကုမ္ပဏီ Symantec ကမူ အဆိုပါ ကြေငြာအမျိုးအစားသည် လက်ရှိတွင် Androied Smart Phone နှင့် Tablet များပေါ်တွင် အကျိုးသက်ရောက်မှုရှိကြောင်း ဖော်ပြခဲ့သည်။

ပုံမှန်အားဖြင့် End-User တစ်ဉီးက အခမဲ့ Mobile app အတွက် ကြေငြာများကို ခွင့်ပြုလိုက်သည့်အခါ Madware ကို ထိုထုတ်ကုန်ပေါ်တွင့် Install ပြုလုပ်လိုက်ခြင်း ဖြစ်သည်။ Symantec ၏ ဖော်ပြချက်အရ Google Play Store app store မှာ အခမဲ့ app ၂၅ ရာခိုင်နှုန်းတွင် madware ပါဝင်ကြောင်း သိရသည်။

အချို့သော madware များသည် spyware ကဲ့သို့ လုပ်ဆောင်နိုင်သောကြောင့် End-User ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ခြင်းအပြင် သုံးစွဲသူ၏ ဆန္ဒမရှိပဲ ထုတ်ကုန်ပေါ်တွင် ဖုန်း dia tone ကို ကြေငြာအသံဖိုင်ဖြင့် အစားထိုးခြင်း၊ ကြေငြာများဖြင့် တမင်ဖုံးကွယ်ခြင်း၊ ထုတ်ကုန်တွင် ကြေငြာ Text Message အများပြားထည့်သွင်းခြင်း၊ ထုတ်ကုန်၏ ဖုန်းနံပါတ်နှင့် တည်နေရာကို စုဆောင်းခြင်း၊ ထုတ်ကုန်၏ Notification Bar ပေါ်တွင် ကြေငြာထည့်သွင်းခြင်း၊ ထုတ်ကုန်၏ Screen ပေါ်တွင် Icon နှင့် Shortcut များထည့်သွင်းခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

Madware သည် သုံးစွဲသူကို စိတ်အနှောင့်ယှက်ဖြစ်စေရုံသာမက Message သုံးစွဲခ နှင့် Data သုံးစွဲခတို့ကိုပါ ပိုမို ကုန်ကျစေနိုင်သည်။

ထို့အပြင် Madware သည် End-User ၏ ID ကို ခိုးယူနိုင်သောကြောင့် အချက်လက်များကို စုဆောင်းပြီး Data Broker ထံရောင်းချနိုင်သည်။

                                                      နောင်နောင်   Internet Journal Vol.15, No 20




<<  HTAR WAIE THAR  >>

ကိုကိုဇော် ( BE-EC )    www.htarwaiethar.blogpot.com

Tuesday, December 24, 2013

သိထားသင့်သော RAT Trojan




















ကျန်ခဲ့တဲ့တစ်ပတ်ကျော်လောက်က သူငယ်ချင်းတစ်ယောက်က တက်တူးပုံလေး လှတယ် ... ကြည့်လိုက်ပါလား ဆိုပြီးတော့ ပုံလေးတစ်ပုံလာပေးတယ် ... သာမန်
လူတွေအနေနဲ့ RAT မှန်းမသိနိုင်ပေမယ့် ကျွန်တော့်အနေနဲ့တော့ ကြည့်တာနဲ့တင် သိပါတယ် ... ကျွန်တော်လည်း ကိုယ်ရေးကိုယ်တာကိစ္စလေး ရှုပ်ထွေးနေတဲ့အတွက်
အလေးမထားမိခဲ့ပါဘူး ... မနေ့ညတုန်းကတော့ (နည်းပညာ+ဟက်ကင်း ရောနှော) လောကထဲက ညီလည်းဖြစ် သူငယ်ချင်းလည်းဖြစ် တပည့်လည်းဖြစ်တဲ့ ညီလေးတစ်
ယောက်က အစ်ကို ဒီဖိုင်လေး စစ်ကြည့်ပေးပါအုံးတဲ့ ...

သူပေးတာကို ဒေါင်းပြီး နည်းနည်းစစ်လိုက်တော့ RAT ဖြစ်နေတယ် ... ဒီဖိုင် ဒါမှမ
ဟုတ် ဒီလိုအလားတူဖိုင်မျိုးတွေ ပျံ့နှံ့နေလောက်ပြီ ဖြစ်တဲ့အတွက် အင်တာနက်သုံး
စွဲသူ အများပြည်သူများ RAT ထိပြီး အကောင့်နဲ့ ဒေတာ အခိုးခံရတာတွေက သတိ
ပြုကာကွယ်နိုင်ကြစေဖို့ ဒီပို့စ်ကို ရေးသားလိုက်ရပါတယ် ...

RAT ကို ကြွက် လို့ မြန်မာလို တိုက်ရိုက်ဘာသာပြန်ပြီးတော့ ကြွက်လို အိမ်တွင်းထဲ
ဝင်ပြီး ကိုက်ဖြတ်ဖျက်ဆီး အန္တရာယ်ပေးတတ်တယ်လို့ပဲ များသောအားဖြင့် ထင်မှတ်
မှားနေကြပါတယ် ... အမှန်တကယ်အားဖြင့် အဲ့လိုမဟုတ်ဘဲ အဲ့ထက်ပိုတဲ့ ဆိုးကျိုး
တွေကို ပေးတတ်တယ်ဆိုတာကို သိရှိကြစေချင်ပါတယ် ... ကွန်ပျူတာသုံးစွဲသူ
တော်တော်များများက ဒေတာတွေဆုံးရှုံးဖူးကြမှာပါ ... ဆုံးရှုံးသွားတဲ့ဒေတာတွေက
အချိန်တစ်ခုကြာတဲ့အခါမှာ အဲ့ထက်ပိုကောင်းတာတွေ ပြန်လည်စုဆောင်း အစားထိုး
နိုင်ကြမှာပါ ... (ပါဆိုနယ်ဓာတ်ပုံဟောင်းလို အစားထိုးမရတာတွေကတော့ ခြွင်းချက်
ပဲ ထားပါတော့ ...) RAT ဆိုတာက အဲ့လိုတစ်ခါတည်း ဖျက်ဆီးပစ်တာမျိုး မဟုတ်ဘဲ
ဒေတာတွေခိုးယူတာ ကိုယ့်ကွန်ပျူတာကို လှမ်းပြီးထိန်းချုပ်တာကစပြီးတော့ မခန့်
မှန်းနိုင်တဲ့ ဆိုးကျိုးတွေကို တန်းစီပေးတတ်ပါတယ် ... တကယ်လို့ အကောင့်တွေပါ
သွားခဲ့ရင် ဒေတာဆုံးရှုံးတာထက် ပိုဆိုးတတ်ပါတယ် ... အကောင့်ဟက်ခ်ခံရရင်
ဂုဏ်သိက္ခာဟက်ခ်ခံရတာနဲ့ အတူတူပါပဲ ...

ကွန်ပျူတာသုံးစွဲသူတွေ အနေနဲ့ Virus ဆိုတာကို ရင်းနှီးကျွမ်းဝင်နေလောက်ပါပြီ ...
ဗိုင်းရပ်စ်က ဖိုင်ရပ်တည်တည်းကိုက ထင်ရှားတဲ့လက္ခဏာနဲ့ ရပ်တည်သလို
ကျွန်တော်တို့ တကယ်ကြုံတွေ့နေတဲ့ဗိုင်းရပ်စ်တွေဟာလည်း အဖျက်စွမ်းအားကြီး
မားတာ သိပ်မရှိလှပါဘူး ... သူ့ဖိုင်တွေကို သူ့ဘာသာ ပွားတယ် ... တခြားစက်ကို
ကူးတယ် ... ကိုယ့်စက်မှာ ကိုယ့်ဒေတာတွေကို ဝှက်တယ် ... ကွန်ပျူတာ စစ်စတမ်
ကို ထိန်းချုပ်တယ် ... များသောအားဖြင့် ဒီလောက်ပါပဲ ... RAT ဆိုတာကတော့
ဒီလောက်မကြမ်းပေမယ့် ဒီ့ထက်ပိုတဲ့ဆိုးကျိုးတွေကို ပေးတတ်ပါတယ်။

ပထမဆုံး ရှင်းပြချင်တာက Trojan ... ဇာတ်လမ်းလေးက ထရိုဂျန်မြို့ကို ရောမစစ်
တပ်တွေဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့စဉ်တုန်းက ကမ႓ာ့သမိုင်းဝင် ဖြစ်ရပ်လေးတစ်ခု
ရှိခဲ့ဖူးပါတယ် ... ထရိုဂျန်မြို့ရဲ့ ခုခံကာကွယ်မှုကောင်းတဲ့အတွက် တော်တော်နဲ့
မသိမ်းပိုက်နိုင်ခဲ့ပါဘူး ... အဲ့ဒီမှာ ဉာဏ်ကစားပြီး တိုက်ပါတော့တယ် ... မြို့ပြင်မှာ
အလွန်ကြီးမားတဲ့ သစ်သားမြင်းရုပ်ကြီးကို ထုလုပ်ထားပြီးတော့ ဝိုင်းထားတဲ့စစ်တပ်
တွေကို ဆုတ်ခွာသွားခဲ့ပါတယ် ... ရန်သူတွေ ဆုတ်ခွာသွားတော့ ထရိုဂျန်မြို့သူ
မြို့သားတွေက ဝမ်းသာအားရဖြစ်ပြီး ... ရန်သူတွေ ထုလုပ်ကျန်ခဲ့တဲ့ မြင်းရုပ်ကြီးကို
မြို့တွင်းထဲ ဆွဲသွင်းလာခဲ့ကြပါတယ် ...

ညဘက်လည်းရောက်ရော မြင်းရုပ်ကြီးထဲက စစ်သားတွေ ထွက်လာပြီးတော့ တံခါး
စောင့်တွေကို လုပ်ကြံပြီး မြို့တံခါးကို ဖွင့်လိုက်ပါတယ် ... အဲ့အချိန်မှာ ဟန်ပြဆုတ်
ခွာသွားတဲ့ စစ်တပ်တွေ အလုံးအရင်းလိုက် ဝင်ရောက်လာပြီး မြို့ကို သိမ်းပိုက်ပစ်
လိုက်ပါတော့တယ် ... ဒီဖြစ်ရပ်ကို တင်စားပြီးတော့ ဒီလိုအလားတူသဘောရှိတဲ့
Malicious အနွယ်ဝင် ဗိုင်းရပ်စ်မျိုးကွဲတစ်မျိုးကို Trojan (or) Trojan Horse လို့
ခေါ်ပါတယ် ... အတားအဆီးကောင်းတဲ့ ဝင်းဒိုးစနစ်ရဲ့ Firewall တွေ Antivirus
တွေကို ကိုယ်တိုင်လိုချင်စရာအသွင်အပြင်မျိုးဖြစ်စေ သာမန်ဖိုင်မျိုးဖြစ်စေ အသွင်ယူ
ဖြတ်ကျော်ဝင်ရောက်လာပါတယ် ... စက်ထဲရောက်တဲ့အခါကျမှ လိုအပ်တဲ့ဖိုင်တွေ
ကို ပွားထုတ်ပြီး လိုရင်းရည်ရွယ်ချက်ရောက်အောင် လုပ်ဆောင်သွားပါတယ် ...

RAT=Remote Access Trojan ဆိုတာ ကွန်ပျူတာစနစ်ရဲ့ လုံခြံုရေးအတားအဆီး
တွေကို သာမန်ဖိုင်မျိုးအနေနဲ့ ဖြတ်ကျော်ဝင်ရောက်လာပြီးတော့ စက်ထဲရောက်မှ
ကွန်ပျူတာစနစ်ကို ပြင်ပတခြားတစ်နေရာကနေ ထိန်းချုပ်နိုင်အောင် သို့မဟုတ်
လိုချင်တာကို ခိုးယူသွားဖို့ လုပ်ဆောင်တဲ့ဗိုင်းရပ်တစ်မျိုး ဖြစ်ပါတယ် ... တစ်ချို့က
လည်း ကိုယ့်စက်ကို ထိန်းချုပ်နိုင်မယ့် (Server-Client) စနစ်မျိုးတည်ဆောက်လိုက်
ပြီးတော့ တစ်ဖက်က လှမ်းခိုင်းတာမှန်သမျှကို လုပ်ဆောင်ပေးပါတယ် ... ဒါ့ကြောင့်
အကောင့်ပက်စ်ဝပ်တွေ ပါသွားတာက စလို့ ကွန်ပျူတာစနစ်ကို ထိန်းချုပ်ခံရတာ ...
ကိုယ့်ကွန်ပျူတာက သူတပါးရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားတာ စတဲ့ မခန့်မှန်း
နိုင်တဲ့ ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေပါတယ် ... Virus ဝင်ရောက်ဖျက်ဆီးတာကို
Antivirus တော်တော်များများနဲ့ Sacn ဖတ် ရှင်းလင်းနိုင်ပေမယ့် RAT တွေကိုကျ
တော့ Antivirus တော်တော်များများက သိရှိ ရှာဖွေ ဖော်ထုတ် ရှင်းလင်း နိုင်ခြင်း
မရှိပါဘူး ...ဒါ့ကြောင့် ဗိုင်းရပ်စ်ဝင်တာထက် ပိုမိုဆိုးရွားပါတယ် ...

အခု RAT ကို လက်တွေ့ လေ့လာကြည့်ပါစို့ ... ကျွန်တော့်ဆီ လာပြတဲ့ တက်တူးပုံ
ဖိုင်နဲ့ ညီလေးလာစစ်ခိုင်းတဲ့ ဖိုင်က အတူတူပါပဲ ... လေ့လာလိုသူတွေအနေနဲ့ မူရင်း
လင့်ခ်မှာ ဒေါင်းလုထ် လုပ်ယူနိုင်ပါတယ် ... Link >
http://www.mediafire.com/?lt9o8zcnfh41z06
ဒေါင်းယူလိုက်ရင် Mawphoomg.rar ဖိုင်ကို ရပါမယ် ... rar ကို ဇစ်ဖြည်ချလိုက်ရင်
Mawphoomg.exe ဖိုင်တစ်ဖိုင်ကို ရပါမယ် ... (ဖိုင် extension တွေဖြစ်တဲ့ .rar နဲ့
.exe ကိုတော့ ပုံမှန်စက်တွေမှာ မြင်ရမှာ မဟုတ်ပါဘူး)

ရလာတဲ့ Mawphoomg ကို select ပေးလိုက်ရင် File Type မှာ Application လို့
ပြနေပါလိမ့်မယ် ... အဲ့ဖိုင်ကို ကြိုက်တဲ့ အင်တီဗိုင်းရပ်စ်နဲ့ဖတ်ကြည့် ... Pass
ဖြစ်ပါတယ် ... အန္တရာယ်ရှိတယ်လို့ မပြပါဘူး ... ပိုပြီး သေချာချင်ရင်
https://www.virustotal.com/en ကို သွားပါ ... ဖိုင်ကို Upload တင်လိုက်ပြီး
Scan it! ကို နှိပ်လိုက်ပြီး ခဏစောင့်ပါ ... အဖြေကို တွေ့ရပါလိမ့်မယ် ... အဲ့မှာ
နည်းလမ်းပေါင်း 47 ခုနဲ့ စမ်းသပ်စကင်ဖတ်လိုက်တာ ဘယ်ဟာနဲ့မှ မငြိတဲ့
သန့်ရှင်းတဲ့ဖိုင်အဖြစ် ပြပါလိမ့်မယ် ... ဒီပို့စ်မတင်ခင်လေး စမ်းသပ်ထားတဲ့အဖြေ
https://www.virustotal.com/en/file/a1fed8eb897a2cc5b8e6f6b59f4c140ca1468bfcb5df348085fa43299e9589e1/analysis/1378925229/

ကဲ စိတ်ချရပြီဆိုပြီး နှစ်ချက်ဆက်နှိပ်ပြီး ဖွင့်ကြည့်မယ် ဆိုပါစို့ ... UAC = User
Account Control ဘောက်စ်တက်လာပြီးတော့ ဖွင့်မှာလားဆိုတဲ့ ခွင့်ပြုချက်
တောင်းလာပါလိမ့်မယ် ... Yes ပေးလိုက်ပြီဆိုပါစို့ ... မောက်စ်လေးအဝိုင်းအဖြစ်
ခဏလည်ပြီးတာနဲ့ ပုံမှာပါတဲ့ တက်တူးပုံကို ဖွင့်ပြပါတယ် ... ကဲ ပြီးပါပြီ ... ဒါပါပဲ ။
ပါတဲ့ဟာတွေတော့ ပါသွားကုန်ပါပြီ ... နောက်ကွယ်ကနေ အလုပ်လုပ်သွားတာ
သိလိုက်မြင်လိုက်မှာ မဟုတ်ပါဘူး ... ဒါဆို အောင်မြင်စွာ RAT ထိခံလိုက်ရပါပြီ ...
( ဝမ်းသာပါတော့ )

ဗျာ ... နားမလည်ဘူး ... ဟုတ်လား ... ကဲ သေချာတဲ့ဘက်ကနေ နောက်တစ်နည်း
ရှင်းပြပေးပါ့မယ် ... မူရင်းလင့်ခ်ကတော့ သူခိုးလူမိရင်ဖျက်တတ်တဲ့ ထုံးစံအတိုင်း
အချိန်မရွေးဖျက်သွားနိုင်ပါတယ် ... ဘာမှမပူပါနဲ့ လေ့လာချင်ရင် အဆင်ပြေအောင်
တစ်ခါတည်း လုပ်ပေးထားပါတယ် ... http://www.mediafire.com/?e5phwp0c7hkpoce လင့်ကိုသွားပြီး ဒေါင်းလိုက်ပါ ...

ရလာတဲ့ MawphoomgRAT ကို ညာကလစ်နှိပ် Extract Here ကိုနှိပ်ပေးလိုက်မယ်
ဆိုရင် Password တောင်းပါလိမ့်မယ် ... PoleStar လို့ ပေးပါ ...
MawphoomgRAT ဖိုလ်ဒါလေးတစ်ခု ဖြည်ချပေးပါလိမ့်မယ် ... ဖွင့်ကြည့်လိုက်ပါ ...
ဖိုင် ငါးဖိုင်ကို တွေ့ရပါမယ် ... အဲ့ထဲက Mawphoomg ဖိုင်က မူရင်းဖိုင်ပါ ... အဲ့ဖိုင်
ကို ဖွင့်လိုက်တာနဲ့ 1.p ဆိုတဲ့ဖိုင်ကို အရင်ဖြည်ချပြီးတော့ jpg ဖော်မက်ပြောင်းပြီး
ဖွင့်ပေးတာပါ ... မယုံရင် 1.p ကို p နေရာမှာ jpg ပြောင်း ပြီးဖွင့်ကြည့်လိုက်ရင်
သူပြချင်တဲ့ တက်တူးပုံကို တွေ့ရပါလိမ့်မယ် ... ဒါက ပြတဲ့အပိုင်းပါ ...

မပြဘဲ နောက်ကွယ်ကနေ အလုပ်လုပ်သွားတာက မူရင်းဖိုင်ကို ဖွင့်လိုက်ပြီး UAC
မှာ Yes ပေးလိုက်တာနဲ့ ပထမ 1.p (33 KB) ကို ဖြည်ချပြီး l012.jpg ဖိုင်နိမ်းပြောင်း
ဖွင့်ပေးပါတယ် ... ဒုတိယ 1_1.p (597 KB) (မူရင်းဖိုင်နိမ်းက 1.p ပါပဲ ... 1.p
ဖိုင်နှစ်ခုကို ထည့်ပြီး ဇစ်ထုပ်ထားတာပါ ... ဖိုင်နိမ်းတူနေလို့ _1 ကပ်ထည့်ထားတာ)

အဲ့ဒီဖိုင်ကို Server.exe အဖြစ်ပြောင်းလဲပြီး နောက်ကွယ်ကနေ run ပါတော့တယ် ။
အဲ့ဒါ RAT ပါ ... အဲ့ Server.exe ကို အင်တီဗိုင်းရပ်စ်နဲ့ စကင်ဖတ် ... ကွိကနဲ သတ်
ပါလိမ့်မယ် ... ( KAV 2013 တရားဝင်ဝယ်သုံးလိုင်စင်နဲ့ Update (today)လုပ်ထား
တာတောင် မသတ်နိုင်ပါဘူး ... Malwarebyte ကတော့ တစ်ခါတည်းတန်းပြီး
ဖျက်ချသွားပါတယ် ...) အဲ့ဒီ Server.exeသူ ကောင်းကောင်းမွန်မွန် မ run နိုင်တဲ့
ကွန်ပျူတာတွေမှာတော့ Program Compatibility Assistant ဘောက်စ် တက်လာ
လိမ့်မယ် ... အဲ့ဒီမှာ This program installed correctly ကို နှိပ်ရင် သုံးလို့ ရရမရရ
အဲ့အတိုင်းထားလိုက်တယ် ... Reinstall using recommended settings ကိုနှိပ်ရင်
တော့ လိုက်လျောညီထွေဖြစ်တဲ့ မုထ်ကိုပြောင်းပြီး အစက ပြန်တင်ပေးပါတယ် ...
(ဒီဖိုင်ကိုတော့ Cancel နှိပ်ပစ်လိုက်ပါ)

Server.exe ဖိုင်ကနေ အကောင့်တွေ ပက်စ်ဝပ်တွေ ဒေတာတွေ ခိုးမလား ...
ကိုယ့်စက်ကို ထိန်းချုပ်မလားဆိုတာ လုပ်ဆောင်ပေးတဲ့လူအပေါ်မှာ မူတည်ပါတယ်။
RAT အဝင်ခံရရင် ဖြစ်နိုင်တာတွေကတော့
= ကီးလော့ဂျာတွေ သွင်းသွားမယ် ... (လုပ်သမျှတွေကို မှတ်ယူသွားတာ)
= ခရစ်ဒစ်ကဒ်တွေ social security နံပါတ်တွေ ဘဏ်အကောင့်တွေကို
ရယူသွားနိုင်တယ် ...
= ချက်နေတာတွေကို ထိုင်ကြည့်နေနိုင်တယ် ...
= ဖိုင်ကူးပြောင်းတဲ့ ကွန်နက်ရှင်း FTP တည်ဆောက်ပြီး ဒေတာတွေ
ရယူသွားနိုင်တယ် ...
= screenshots လို ကွန်ပျူတာ မျက်နှာပြင်မှတ်တမ်း ဓာတ်ပုံတွေကို
ရိုက်ယူသွားနိုင်တယ် ...
= ကွန်ပျူတာဝက်ဗ်ကမ်ကို ဖွင့်ပြီး (သင်နှင့် ပတ်ဝန်းကျင်ကို) ဗီဒီယို
ရိုက်ယူသွားနိုင်တယ် ...
= ကွန်ပျူတာရဲ့ အဓိကကျတဲ့ မောင်းနှင်စနစ် ရီဂျစ်စတွီကို ထိန်းချုပ်သွားနိုင်တယ်။
= ကွန်ပျူတာအတွင်းမှာ ရှိပြီးဖြစ်တဲ့ ပက်စ်ဝပ်တွေနဲ့ လိုင်စင်ကီးတွေကို
ခိုးယူသွားနိုင်တယ် ...
= ကွန်ပျူတာကို ထိန်းချုပ်ဖို့ လိုအပ်တဲ့ မောလ်ဝဲလ်တွေ ပိုပြီးထိန်းချုပ်လို့ကောင်းတဲ့
ဆော့ဖ်ဝဲလ်တွေကို ဒေါင်းလု အလိုလိုလုပ်ပြီး ထည့်သွင်းသွားနိုင်တယ် ...
= ကိုယ့်ကွန်ပျူတာထဲမှာရှိတဲ့ ထိန်းချုပ်ခန်း Control Panel က ထိန်းချုပ်ခလုတ်
တွေအားလုံးကို ထိန်းချုပ်ပြီး လိုသလို မောင်းနှင် အသုံးချသွားနိုင်တယ် ...
= အယ်ရာ Error ရှိပါတယ်ဆိုတဲ့ မက်ဆေ့ချ်အမျိုးမျိုး ပြနိုင်တယ် ...
= ပရင်တာခေါ်စာထုတ်စက်လို ဆားဗစ်တွေကို ချိတ်ဆက် အသုံးချသွားနိုင်တယ် ...
= စက်ထဲကဟာ့ထ်ဒစ်မှာ သိုလှောင်သိမ်းဆည်းထားတဲ့ ကိုယ့်ဒေတာတွေ စက်လည်
ပတ်မှု စနစ်ဖိုင်တွေကို ဖျက်ဆီးတာ ဖော်မက်ချတာမျိုး လုပ်သွားနိုင်တယ် ...
= ကွန်ပျူတာကို ပိတ်ပစ်နိုင်တယ် ...
= ဗိုင်းရပ်စ်နဲ့ တခြားမောလ်ဝဲလ်တွေကို ဖြန့်ဖြူးသွားနိုင်တယ် ...
= ကုန်ကုန်ပြောရရင် ကိုယ့်ကွန်ပျူတာကို ကိုယ်တိုင်ဖျက်ဆီးချင်တိုင်း ဖျက်ဆီး ၊
ခိုးချင်တိုင်း ခိုးလို့ရတဲ့သဘောဖြစ်အောင်အထိ ထိန်းချုပ်သွားနိုင်ပါတယ် ...
= အဲ့အပြင် တခြား မခန့်မှန်းနိုင်တဲ့ လုပ်ဆောင်ချက်တွေကိုပါ လုပ်ဆောင်သွားနိုင်
ပါတယ် ...

ကဲဟယ် ဘယ်လောက် ဆိုးရွားလဲဆိုတာ တွေးသာကြည့်ပါတော့ ... ဒါ့ကြောင့် RAT
ရဲ့ ဆိုးကျိုးတွေကို သိရှိထားပြီး သတိပြု ရှောင်ကြဉ်နိုင်အောင်လို့၊ ပုံမှန်မဟုတ်တဲ့
(အထူးသဖြင့် ဆက်ကျူရတီလိုဂိုလေး ကပ်နေတဲ့) Photo တွေ mp3 သီချင်းတွေကို
အရမ်းကားရော မဖွင့်ကြဖို့ သေချာကြည့်ရှုပြီးမှ ဖွင့်ကြဖို့ မသင်္ကာရင်လုံးဝ မဖွင့်ကြဖို့
သတိထားနိုင်အောင် အခုလို လေ့လာတင်ပြပေးလိုက်ရပါတယ် ...

မင်းလေးဟာ ငါ့ရဲ့တက်တူး သီချင်းလေးဆိုပြီးတော့ ဒီတက်တူးပုံလေးများ
လာပေးခဲ့ရင် ... ကဲ ဘယ်လို ??


Note::  ကျွန်တော် တစ်နေရာရာကနေပြီး ကူးထားတာ ဖြစ်ပါတယ်။ ဘယ်နေရာကနေပြီး ကူးလာမှန်းမသိလို့ ရေးသားသူကို မညွန်းလိုက်မိတာ တောင်ပန်ပါတယ်။ ပို့စ်လေးက သိသင့်တာလေးမို့ ကျွန်တော် ရှဲမိလိုက်ပါတယ်။


**  Ko Ko Zaw ( BE-EC )  www.htarwaiethar.blogspot.com

Saturday, November 9, 2013

Hunting Viruses ( မြန်မာစာအုပ်)

















ကျွန်တော် ကွန်ပျူတာ ဗိုင်းရပ်တွေကို သတ်နည်းလေးအကြောင်း ရေးသားထားသော စာအုပ်လေးကို မျှဝေလိုက်ပါတယ်ခင်ဗျား။

စာအုပ် အမည်က။  ။ Hunting Viruses

စာအုပ် ရေးသူက။  ။ BackBonBootT3R

စာအုပ်ထဲမှာ ကွန်ပျူတာ ဗိုင်းရပ်များကို သတ်နည်းများကို ဖော်ပြထားတာကို တွေ့နိုင်ပါတယ်ခင်ဗျား။

ဖိုင်ဆိုဒ်က 925 KB.

လိုချင်ရင် အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။



Download 


**  ကိုကိုဇော် ( BE-EC )

Wednesday, March 13, 2013

AntiVirus Software , remover and definition များစွာဒေါင်းနိုင်သော Website
















ကျွန်တော်တို့ ကွန်ပျူတာမှာ အသုံးပြုနေသော AntiVirus , AntiMalware , Antispyware and remover များစွာနဲ့ Definition များ ကို တနေရာတည်းမှာ ဒေါင်းနိုင်သော Website တခုကို ကျွန်တော်တွေ့လို ပြန်မျှလိုက်မယ်နော့် ။

သိတဲ့လူတွေကတော့ သိပြီးသားဖြစ်မှာပါ ။

Software တွေမှ အများကြီးပဲဗျ ။

Creaked Version တွေတော့မဟုတ်ဘူး ။

Address က  http://www.scanwith.com ပါ ။

Virus Remover Tools တွေနဲ့ Definition Update တွေကိုတော့ Free Download ရပါတယ် ။

နောက် Antivirus တွေ အကြောင်းလည်းစုံစမ်းလို့ရတာပေါ့ဗျာ ။

**  Htar Waie Thar

Saturday, March 9, 2013

AntiVirus နှင့် အသုံးနှုန်းများ

















ကျွန်တော်တို့ ကွန်ပျူတာမှာ AntiVirus တင်သုံးတာနဲ့ သူရဲ့ လုပ်ဆောင်ချက် အနည်းငယ်ကိုပေါ့ သိလာရပါတယ် ။

တချို့ကလည်း AntiVirus ကို တင်တော့တင်ထားတယ် ဘယ်လိုသုံးရမလဲ မသိဖြစ်နေတက်ပါတယ် ။

ဆော့ဝဲလ်လောကမှာ AntiVirus ဆိုသော အမည်ဖြင့် ဆော့ဝဲလ်များစွာကို တွေ့နိုင်သလို Free , Charged Version များ ရယူသုံးစွဲနိုင်ပါတယ် ။

။  ။Anti-Virus မှာ အဓိက အရေးကြီးတာကတော့ Virus Definition Update ပါ ။

သူ့ကို အမြဲလိုလို Up To Date ဖြစ်အောင်လုပ်ပေးရပါတယ် ။

မလုပ်ပေးတော့ ဘာဖြစ်လဲ ဘာမှတော့ မဖြစ်ပါဘူး ကိုယ်အသုံးပြုသော Anti-Virus Software တင်တုန်းက Virus များကိုသာ သတ်နိုင်ပြီး နောက်မှ ပေါ်လာသော Virus များကို မသတ်နိုင်တော့ဘူးပေါ့။

AntiVirus Software ထုတ်လုပ်သူတွေက Virus Definition များကို သုံးစွဲ အဆင်ပြေအောင် On Line Update , Offline Up Date File များရယူနိုင်အောင်လုပ်ပေးပါတယ် ။

On Line Update ကတော့ Auto Download ဆွဲနိုင်သလို ကိုယ်ဒေါင်းချင်သော အချိန်ရောက်မှ Virus Definition ခေါင်းစဉ်လေးကို ရှာဖွေကာ Update လုပ်နိုင်ပါတယ် ။

AntiVirus မှာ DataBased Up Date နဲ့ Definition Up Date ဆိုတာနှစ်ခု ရှိပါတယ် ။

Data Based ဆိုတာတော့ ဆော့ဝဲလ်ကို ဆိုလိုတာပါ ။

။  ။ Virus Scan စစ်တဲ့နေရာမှာ Full , Quick , Custome ဆိုတာတွေကို တွေ့မိမှာပါ ။

Full ဆိုတာတော့ ကွန်ပျူတာတခုလုံးက Drive အကုန်စစ်ပါတယ် ။

Quick ဆိုတာက System Hard Disk ကိုပဲ စစ်မယ်လို့ ဆိုလိုတာပါ ။

Custome ဆိုတာက ကိုယ်ကြိုက်ရာ Disk Drive , Folder , File ကို စစ်မယ်လို့ဆိုတာပါ ။

ကျွန်တော်တို့ အများဆုံးစစ်သော Right Click > Scan ဆိုတာ Custome စစ်တာပါပဲ ။

။  ။ Virus Killing လုပ်သော နေရာမှာ တချို့ Anti Virus တွေက Auto , တချို့က ကိုယ်ဘာသာ ရွေးပေးရပါတယ် ။

Kill တဲ့နေရာမှာ Delete , Quantine , Repair   အစရှိသလိုတွေ့နို်င်ပါတယ် ။

Delete ကတော့ ရှင်းပါတယ် တခါတည်း သတ်တာပါ ။

Quantine ဆိုတာကတော့ Virus ထောင်ပေါ့ဗျာ ထောင်ထဲထည့်ထားတာပါ ။

Repair ဆိုတာတော့ Virus File ကို ပြုပြင်ပါမယ်လို့ဆိုလိုတာပါ အတော်များများကတော့ မပြင်နိုင်တာတွေ့ရပါတယ် ။

နောက် Anti Virus နဲ့တွဲသုံးတဲ Anti Malware , Anti Spyware , Internet Security စတာတွေလည်း ရှိပါတယ် ။

ခက်တာက Anti Virus Software နှစ်ခု တင်သုံးလို့မရပါ ။ Avast , Kis  အစရှိသလိုမျိုး Anti Virus များကို နှစ်မျိုးတင်သုံးလို့ကတော့ စက်က ကြောင်သွားတက်ပါတယ် ။ အချင်းချင်းမတည့်ပါ ။

Anti Virus ကို အသုံးပြုမယ်ဆိုရင်တော့ ဆော့ဝဲလ်ကလည်း နောက်ဆုံးပေါ် ၊ နောက် Definition ကလည်း အမြဲ Up Date လုပ်ပါက Virus များကို 80 % လောက် သတ်နိုင်ပါတယ်။

အကုန်လုံးတော့ သတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး တချို့သော Virus တွေက Anti Virus ကို ရှောင်တိမ်းနိုင်ပါတယ် ။

**  Htar Waie Thar

Saturday, March 2, 2013

Malware အခြေခံအကြောင်းအရာများ

















Malware ကိုတစ်နည်းအားဖြင့် Malicious Software လို့ခေါ်ကြပါတယ်....Malware ဟာ Computer Virus
ထက်ပိုပြီးကျယ်ပြန့်ပါတယ်...Malware ကိုယေဘူယျအားဖြင့် Virus, Horse, Worm, Trojan, Bot,
Rootkit, Spyware, DoSTool, Exploit kit စသဖြင့်အမျိုးမျိုးခေါ်ဝေါ်နေတာကိုတွေ့ရပါတယ်....
Malware အကြောင်းကို လေ့လာချင်တယ်ဆိုရင် နည်းလမ်း(၃)လမ်းနဲ့ လေ့လာကြည့်နိုင်ပါတယ်..

၁။ Surface Analysis
၂။ Runtime Analysis
၃။ Static Analysis


Surface Analysis

Surface Analysis ကိုလေ့လာပါက အဆင့်(၄)ဆင့်နဲ့လေ့လာနိုင်တာကိုတွေ့ရပါတယ်...ပထမအဆင့်မှာ
Preparation တွေလုပ်ရပါမယ်...ဒုတိယအဆင့်မှာတော့ Feature Analysis တွေလုပ်ရပါမယ်...တတိယ
အဆင့်မှာ Packet Analysis လုပ်ရပါမယ်....နောက်ဆုံးမှာတော့ ရရှိတဲ့ Results တွေကို Comparative
Analysis လုပ်ရပါမယ်..

Runtime Analysis

Runtime Analysis ဟာ malware တွေကို execute လုပ်ပြီး သူ့ရဲ့ Behavior
ကိုဆက်ပြီးတော့လုပ် ဆောင်ပါတယ်..

Static Analysis

Static Analysis ကတော့ Coding တွေကိုကြည့်ပြီးတော့ malware တွေဟာ မိမိဘာသာမိမိဆက်ပြီးတော့
အလုပ်လုပ်ကြပါတယ်....

Malware ရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့ ထိခိုက်နစ်နာစေမဲ့ ရည်ရွယ်ချက်နဲ့ Crashing a system
ပုံစံမျိုး ၊ Dos ပုံစံမျိုး အစရိှသဖြင့် အသုံးပြုမဲ့သူတွေ စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ကြတာဖြစ်ပါတယ်... နောက်ပြီးတော့ Havoc via DDos, Sending Spam, Visiting affiliate site, Stalking, Self-asertion ကဲ့သို့သော malware တွေကိုဖန်တီးပြီးတော့ အသုံးပြုသူတွေကိုတိုက်ခိုက်ကြတာ ဖြစ်ပါတယ်..

Malware တွေဟာ မိမိရဲ့စက်အတွင်းကို Download လုပ်ခြင်းများ, File installation လုပ်ခြင်းများ, system
folder ထဲသို့ Copy ကူးခြင်းများ၊ Software ရဲ့ အားနည်းချက်များ၊ OS များ၊ Browser များ၊ USB များ၊
Network ချိတ်ဆက်ခြင်းများ၊ Mail များ၊ Peer to Peer ချိတ်ဆက်ခြင်းများ စသည့် အကြောင်းအမျိုးမျိုးဖြင့်
malware များဟာ ကိုယ့်စက်ထဲကို ၀င်ရောက်လာတက်ပါတယ်....

Security Features တြွေဖစ်တဲ့ Window Firewall များ၊ Window Update ပြုလုပ်ခြင်းစသည် တို့ကို
Disable လုပ်ပြီးတဲ့အခါ malware တွေဟာ မိမိရဲ့စက်ထဲကို ၀င်ရောက်လာနိုင်ပြီဖြစ်ပါတယ်...နောက်ပြီး
Anti-virus Software၊ Analysis tools များကိုရှောင်ရှားပြီးတော့လည်း malware တွေဟာ ကိုယ့်စက်ထဲကို
၀င်ရောက်လာတက်ပါတယ်...

Registry entries, key logging, packet capture တွေကဲ့သို့ malware တွေဟာ
Information တွေကိုလည်း ခိုးယူဖျက်ဆီးနိုင်ပါတယ်...ပြီးတော့ Bot Program ကဲ့သို့ C&C
Server နှင့်ချိတ်ဆက်ပြီး execute commands နဲ့ အလုပ်လုပ်ကြတာဖြစ်ပါတယ်...နောက်ပြီးသူနဲ့ချိတ်ဆက်
ထားတဲ့ စက်တွေကို ချက်ချင်းဖြန့်ဝေပြီး ထိခိုက်အောင် လုပ်နိုင်ပါတယ်...

Incident များကိုဖြေရှင်းခြင်း၊ ချို့ယွင်းချက်များကိုစစ်ဆေးခြင်း၊ Attack များဖြေရှင်းခြင်း၊ Threat
evaluation၊ Penetration tests၊ Computer forensics၊ Siqnature creation စသည်တို့ကို လုပ်ဆောင်မဲ့
သူတွေ ဟာ Malware ရဲ့အကြောင်းကို သိရှိထာားမှသာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်...
Malware ကိုစိတ်ဝင်စားလို့လေ့လာမယ်ဆိုရင်ဖြစ် အောက်ပါအတိုင်း
အဆင့်ဆင့်လေ့လာကြည့်နိုင်ပါတယ်...

ပထမအဆင့်အနေနဲ့ Vendor's information ကိုရယူရမှာဖြစ်ပါတယ်...
ဒုတိယအဆင့်အနေနဲ့ Malware Collection ကိုလုပ်ဆောင်ရမှာဖြစ်ပါတယ်......
တတိယအဆင့်အနေနဲ့ Surface Analysis ကိုလုပ်ရမှာဖြစ်ပါတယ်.......
စတုထ္တအဆင့်အနေနဲ့ Runtime Analysis ကိုလုပ်ရမှာဖြစ်ပါတယ်......
နောက်ဆုံးအဆင့်အနေနဲ့ကတော့ Static Analysis ကိုလုပ်ရမှာဖြစ်ပါတယ်....


**  Htar Waie Thar

# မြန်မာမိသားစု ဖိုရမ်မှ ဖော်ပြချက်ကို ကူးယူပြန်မျှဝေခြင်း ဖြစ်သည်။





Folder များ Shortcut ဖြစ်သွားသော ဗိုင်းရပ်ကို အပြတ်သတ်ဆော်မယ်

















ကျွန်တော် အခုရောက်နေတဲ့နေရာမှာတော့ Folder တွေကို Shortcut ဖြစ်သွားတဲ့ ဗိုင်းရပ်သောင်းကျန်နေတယ်လို့ပြောရမယ် ။

အတော်ကို ရှုပ်ပါတယ် ။

ကျွန်တော်တို့ ဗိုင်းရပ်ကိုက်နေသော စက်မှာ USB Flash Disk များ ထိုးပြီး Data များကူးယူပါက Folder များအကုန် Shortcut ဖြစ်သွားပါတယ် ။

နောက် ကွန်ပျူတာကလည်း Task Manager တွေပျောက် နောက် Task Manager ပေါ်သော်လည်း Processor က ဘာမှကို မသုံးလည်း 100% , 80 % အစသဖြင့် စက်ကို လေးစေပါတယ် ။

ပထမဆုံး USB Drive က ဗိုင်းရပ်ကို သတ်ပါမယ် ။

သူ့ကို Shortcut Virus Remover ဖြင့် သတ်လို့ရပါတယ် ။Shortcut Virus Remover က USB Drive သာမက ကွန်ပျူတာက ဗိုင်းရပ်ကို ရှင်းနိုင်သော်လည်း ကျွန်တော်ရှင်းကြည့်တာ မတွေ့ဘူးလို့ ပြောနေပါတယ် ။

Shortcut Virus Remover Download  

နောက် ကွန်ပျူတာမှ ဗိုင်းရပ်များအတွက်ကတော့ ကျွန်တော် Maleware Cleaner ဖြင့်ရှင်းပါတယ် ။

Maleware Cleaner Download 

ကျွန်တော်ကတော့ အဲ့လိုမျိုးနဲ့ ဖြေရှင်းနိုင်သွားပါတယ် ။

Maleware Cleaner ဖြင့် Scan ဖတ်သော အချိန်ကတော့ အတော်ကို ကြာပေမဲ့ ပြီးသွားပါက ကျေနပ်စရာ ရလဒ်ကို ရမှာပါ ။

**  Htar Waie Thar

Monday, February 18, 2013

ဆရာသန်းထိုက် ရေးသားသော ဗိုင်းရပ်အကြောင်း စာအုပ်နှစ်အုပ်














ဒီစာအုပ် နှစ်အုပ်ကိုလည်း ကျွန်တော် EBooks များ Page များ တင်ပေးပြီးသားပါ။

ပို့တွေထဲလိုက်ရှာရင် မတွေ့မိမှာ စိုးလို့ ပြန်ညွှန်းလိုက်မယ်နော့် ။

ဆရာသန်းထိုက်ရေးသော စာအုပ်နှစ်အုပ်ကတော့

၁) ကွန်ပျူတာပိုးမွှားများနှင့် ခုခံကာကွယ်ရေးနည်းပညာ

၂) ကွန်ပျူတာရောဂါများနှင့် ကာကွယ်ဆေး

စသော စာအုပ်နှစ်အုပ်ဖြစ်ပါတယ် ။

အရမ်းကောင်းသော စာအုပ်တွေပါ ။

ဘလော့ အစ်ကိုယ်တွေလည်းတင်ပြီးသား စာအုပ်ဖြစ်မှာပါ ။

ကျွန်တော်လည်း ပြန်မျှလိုက်မယ်နော့် ။


ကွန်ပျူတာပိုးမွှားများနှင့် ခုခံကာကွယ်ရေးနည်းပညာ Download   

ကွန်ပျူတာရောဂါများနှင့် ကာကွယ်ဆေး ဒေါင်းလုခ် Download    


**  Htar Waie Thar  **