Showing posts with label (t) အင်တာနက်မှ ဒေါင်းလုခ်ချနည်းများ. Show all posts
Showing posts with label (t) အင်တာနက်မှ ဒေါင်းလုခ်ချနည်းများ. Show all posts

Wednesday, October 1, 2014

Blog and Website တို့မှ ဖိုင်များကို ဒေါင်းလုပ်ခ်ဆွဲနည်း






























မြန်မာဘလော့ဂ်ပဲဖြစ်ဖြစ်၊ နိုင်ငံခြားဘလော့ဂ်ပဲ ဖြစ်ဖြစ်ပဲ သူတို့ ဘလော့ဂ်မှာ ဖိုင်တွေကို အသုံးပြုသူများအတွက် မျှဝေချင်ပါက File Hosting Website တစ်ခုခုကို အသုံးပြုပြီး မျှဝေလေ့ရှိပါတယ်။

ကျွန်တော်လည်း ကျွန်တော့်ဘလော့ဂ်မှ ဖိုင်များကို မိတ်ဆွေတို့ထံ မျှဝေချင်ပါက အဲ့လိုမျိုးနည်းလမ်းကိုပဲ အသုံးပြုရတာပါ။ ကျွန်တော်ကတော့ အတော်များများ Solidfiles မှာပဲ ဖိုင်များကို မျှဝေလေ့ရှိပါတယ်။

သို့သော်လည်း ကျွန်တော် တစ်ခြားဘလော့ဂ်တွေက ဒေါင်းလုပ်ခ်ဆွဲတာများ ကြုံရတာမို့ ကျွန်တော် သိသလောက်လေ့ မျှဝေပေးလိုက်ပါတယ်။


ပထမဆုံး သိရမဲ့ အချက်က Advertisement Website တစ်ခုခုကို အသုံးပြုထားသော လင့်ခ်တွေပဲ ဖြစ်ပါတယ်။ ပြောရရင်တော့ ကြေငြာခံပြီး လင့်ခ်ကို ရှယ်တာမျိုးကိုပြောပါတယ်။ Adfly တို့ Adfoc တို့လိုမျိုးလင့်ခ်တွေကို ဆိုလိုပါတယ်။ သူတို့တွေရဲ့ သဘောက အတူတူပဲ ဖြစ်ပါတယ်။ ပထမ ကျွန်တော်တို့ သူ့ကြေငြာကို ငါး စက္ကန့်လောက်ကြည့်ရမယ်။ နောက်မှ Skip or Skip AD ဆိုပြီး ပေါ်လာပါတယ်။ အဲ့လိုပေါ်လာတဲ့ Skip or Skip AD လေးကို ကလစ်မှသာ ဖိုင်ကို ဒေါင်းလုပ်ခ်လုပ်နိုင်သော လင့်ခ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

အောက်မှာ ကျွန်တော် Adfly မှာ ကြေငြာကြည့်ပြီး လင့်ခ်ကို ရောက်အောင်လုပ်နည်းလေးပြထားပေးပါတယ်။ ကျန်သော ကြေငြာလင့်ခ်တွေလည်း သဘောအတူတူပဲ ဖြစ်ပါတယ်။







ကဲ့ ကျွန်တော်တို့ File Hosting Website တွေမှာ ဖိုင်တွေကို ဒေါင်းလုပ်ခ်ရယူနိုင်အောင် ကျွန်တော် သိသလောက်လေး မျှပေးလိုက်ပါတယ်။

ဆိုဒ်တွေက တစ်ခုနဲ့ တစ်ခု နည်းနည်းလေး ကွဲပြားပါတယ်။



Solidfiles မှာ ဒေါင်းလုပ်ခ်ရယူနည်း   

Direct Download ဆိုတာလေးကို ကလစ်ပြီး ဒေါင်းလိုက်ရုံပါပဲ။ အောက်က ပုံမှာ ကြည့်ပါ။

တစ်ခါတစ်လေ Direct Download က အကြီးဖြစ်နေတက်ပြီး တစ်ခါတစ်လေး အသေးပါ။ ဘာပဲ ဖြစ်ဖြစ် Direct Download ဆိုတာလေးကိုပဲ နှိပ်ပြီး ဒေါင်းရမှာပါ။





ZippyShard မှာ ဒေါင်းလုပ်ခ်ရယူနည်း  

လိမ္မော်ရောင် Download Now ဆိုတာလေးကို ကလစ်ပြီး ဒေါင်းလုပ်ခ်ဆွဲရမှာပါ။ အောက်မှာ ပုံပြထားပေးပါတယ်။


Dropbox မှာ ဒေါင်းလုပ်ခ်ရယူနည်း  

အပြာရောင် Download ဆိုတာလေးကို ကလစ်ပြီး ဒေါင်းရမှာ ဖြစ်ပါတယ်။ အောက်မှ ပုံပြထားပေးပါတယ်။ တစ်ခါတစ်လေ Dropbox က နည်းနည်းတော့ ကြောင်တက်ပါတယ်။




Dev-Host မှာ ဒေါင်းလုပ်ခ်ရယူနည်း  

ဒီဆိုဒ်ကတော့ ဒေါင်းလုပ်ခ်လင့်ခ်ခဏခဏ မှားတက်တာမို့ အောက်က ကျွန်တော်ပြသော ပုံကိုပဲ ကြည့်လိုက်ပါနော့်။ ဒေါင်းလုပ်ခ်လင့်ခ်က သေးငယ်ပြီး ပျောက်နေတက်ပါတယ်။ Download ဆိုတဲ့ အမည်းရောင်လေးကို ကလစ်ရမှာပါ။





Mediafire မှာ ဒေါင်းလုပ်ဆွဲနည်း      

Mediafire မှာ တစ်ခါတစ်လေမှာ စာလုံးလေးတွေရိုက်ခိုင်းတက်ပါတယ်။ နောက် တစ်ချို့ဆို ပက်စ်ဝက်နဲ့ ပိတ်ထားတာမျိုးရှိပါတယ်။ အသုံးပြုမည့်သူက မူရင်း ဘလော့ဂ်မှာ သေသေချာဖတ်ပြီးမှ ဒေါင်းလုပ်ခ်ရယူရမှာပါ။ ပက်စ်ဝက်ဆိုရင်တော့ ဖိုင်ကို မျှဝေသော မူရင်း ဘလော့ဂ်မှာပဲ ရှာဖွေနိုင်မှာပါ။ သူကတော့ ဒေါင်းလုပ်ခ်ကို အလွယ်တကူရှာဖွေနိုင်မှာပါ။ အောက်မှာ ကြည့်ပါ။





TruFiles မှာ ဒေါင်းလုပ်ခ်ဆွဲနည်း  

ပုံလေးနဲ့ အောက်မှာ ပြထားပေးပါတယ်။





ShareBeast မှာ ဒေါင်းလုပ်ခ်ရယူနည်း   

ပုံလေးနဲ့ အောက်မှာ ပြထားပေးပါတယ်။




Download MM မှာ ဒေါင်းလုပ်ခ်ရယူနည်း

ကျွန်တော် ပုံလေးတွေနဲ့ အောက်မှာ ပြထားပေးပါတယ်။











တကယ်တော့ ဒေါင်းလုပ်ဆွဲနည်းက သဘောတရား တူပါတယ်။ တစ်ခါတစ်လေ နည်းနည်း ကြောင်သွားတာပဲ ရှိပါတယ်။

အားလုံး အဆင်ပြေနိုင်ပါစေဗျာ။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )         www.htarwaiethar.blogspot.com

Sunday, February 16, 2014

Google Play Store က APK တွေကို ကွန်ပျူတာဖြင့် ဒေါင်းလုပ်ခ်ရယူနည်း




















Google Play Store က APK တွေကို ကွန်ပျူတာဖြင့် ဒေါင်းလုပ်ခ်ရယူနိုင်သော နည်းလမ်းလေးကို ကျွန်တော်ရှာတွေ့လာပါတယ်။

မိတ်ဆွေတို့က ဖုန်းကို အသုံးပြုသူဆိုရင်တော့ ဒီပို့စ်က ဘာမှမဟုတ်လောက်ပေမဲ့ ကျွန်တော့်လိုမျိုး ဖုန်းမရှိပဲ ကွန်ပျူတာ ကိုသာ အားကိုးနေရတဲ့ လူဆိုရင် နည်းနည်း အသုံးဝင်မယ့်နည်းလမ်းလေးတစ်ခုပါ။

ဝက်ဆိုဒ်တစ်ခုကို အသုံးပြုရပါမယ်။

http://apps.evozi.com/apk-downloader/   ဆိုသော လင့်ခ်လေးကို အသုံးပြုရပါမယ်။


အသုံးပြုနည်းက

၁) ကိုယ်လိုချင်သော APK ကို Google Play Store မှာရှာလိုက်ပါ။

၂) ကိုယ်လိုချင်တာ သေချာပြီဆိုတာနဲ့ အဲ့ဒီလင့်ခ်ကို ကော်ပီကူးပါ။

၃) http://apps.evozi.com/apk-downloader/   ဝက်ဆိုဒ်လေးကို မိမိကွန်ပျူတာ ဘလောက်ဇာမှာ ဖွင့်ပါ။

၄) ကိုယ်ကူးယူလာသော APK Link လေးကို  http://apps.evozi.com/apk-downloader/    မှာ ထည့်သွင်းပြီး Generate Download Link ဆိုတာလေးကို ကလစ်လုပ်ပါ။ Generating ဆိုတာလေးပေါ်နေပါတယ်။ ခဏစောင့်ပါ။

၅) ခဏစောင့်ပြီးပါက  မိမိဒေါင်းလုပ်ခ်ရယူမယ့် ဆော့ဝဲလ်ကို ဖိုင်ဆိုဒ်နှင့် တကွဖော်ပြထာပါလိမ့်မယ်။ သူ့အောက်မှာ Generate Download Link , Click Here to Download .....  ဆိုပြီးပြပါတယ်။

ဒေါင်းလုပ်ဆွဲဖို့ Click Here to Download.... ဆိုတာလေးကို ကလစ်လိုက်ပါ။



အဆင်ပြေပါစေနော်။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com


Thursday, February 6, 2014

Premium Link တွေကို ဖရီးဒေါင်းလုပ်ခ်ရယူမယ်
















ကျွန်တော် ဟိုတစ်နေ့ တွေ့မိတာလေးပါ။

အင်တာနက်မှာ ဆော့ဝဲလ်တွေကို ဒေါင်းလုပ်ခ်ရယူနေသော မိတ်ဆွေတို့အတွက် အဆင်ပြေစေသော နည်းလမ်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

အင်တာနက်မှာ ဖိုင်တွေ ဒေါင်းလုပ်ခ်ရယူသည့်အခါ Premium ဆိုသော စကားလုံးကို ဒေါင်းလုပ်ခ်ဆွဲသော သူငယ်ချင်းတွေ အားလုံးကြားဖူးမှာပါ။

ကိုယ်ကတော့ အင်တာနက်မှာ လိုအပ်သော ဖိုင်ကိုရှာဖွေ၊ တွေ့တော့လည်း အကန့်သတ်ပိတ်ပင်မှုတွေ အများကြီးနဲ့ ဉပမာဗျာ ဖရီးဒေါင်းလုပ်ခ်ဆွဲမယ်ဆိုရင် ဘယ်လောက်စောင့်ရမယ်ဆိုတာမျိုးပေါ့ဗျာ။

အချိန်စောင့်ရတာ တစ်ခါတစ်လေဆိုရင် တစ်ရက် ၂၄ နာရီလောက်တောင် စောင့်ရတာမျိုးရှိတယ်ဗျ။ ( ကိုယ်တွေ့ )

တိုင်ပတ်ပြီပေါ့နော့်။

ပိုပြီး တိုင်ပတ်တာက ဖရီးဒေါင်းမယ်ဆိုရင် ဖိုင်ဆိုဒ် အပြည့်အဝပေးမှာ မဟုတ်ပဲ တစ်ဝက်ပဲပေးမှာတို့၊ သုံးပုံ တစ်ပုံပဲ ပေးမှာတို့ ဆိုတာလဲ ရှိသေးတယ်ဗျ။

Premium Account ဝယ်ဖို့ကို ဖိအားပေးနေတာ ဖြစ်ပါတယ်။

Premium Account ဝယ်ဖို့ လွယ်သလားဆိုရင် အင်တာနက်မှာ Bank Account ဉပမာ Paypla Account တို့ရှိပြီး ဒေါ်လာတွေ ပိုင်ဆိုင်ရင်တော့ ဝယ်လို့ရပါတယ်။


ကဲ့ ကျွန်တော်လည်း လိုရင်းကို မရောက်တော့ဘူး။

Premium Account ရှိမှ ဒေါင်းလုပ်ခ်ချဖို့ အဆင်ပြေမှာပါဆိုသော လင့်ခ်များကို အောက်မှာ ကျွန်တော်ပေးသော လင့်ခ်လေးဆီသွားပြီး Copy/Paste လုပ်ပြီး ဖရီးဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

ထောက်ပံ့ပေးသော Hosting Sites များကတော့

List Premium Accounts :

- TUSFILES
- RAREFILE
- UPTOBOX
- FUJIFILE
- LETITBIT
- UPLOADED
- TURBOBIT
- CROCKO
- FILESMONSTER
- FILEVELOCITY
- CZSHARE
- ALBAFILE
- FILEBOX
- SECUREUPLOAD
- FILESTAY
- UPLOADHERO
- PREMIUMIZE
- RAPIDGATOR
- DROPBOX
- MYVDRIVE
- GIGABASE
- CRAMIT
- SHARE-RAPID
- FILEDEFEND
- UNIBYTES
- FILEUPLO
- NETFLIX
- NOVAFILE
- IPTORRENTS
- MP3MILLION
- UNIBYTES
- MORE,......


ကဲ့ ဒီနေရာလေးကနေပြီး သွားလိုက်နော်။   


အဆင်ပြေပါစေ..........


<< HTAR WAIE THAR >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

Wednesday, July 24, 2013

Youtube က Video ဖိုင်များကို အလွယ်တကူ ဒေါင်းလုပ်ခ်ရယူနည်း

















ဒီနည်းက လွယ်ပါတယ်။

မိတ်ဆွေကသာ အင်တာနက် ဘလောက်ဇာကို Firefox သာ အသုံးပြုမယ်ဆိုရင် အဆင်ပြေသော နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

Firefox ရဲ့ အားသာချက်က Plug in , Add On တွေ အများကြီးကို ထောက်ပံ့ထားတာ ကြောင့် အခု Youtube က Video တွေကို ဒေါင်းလုပ်ခ်ချဖို့ အခက်ခဲရှိရင် အောက်မှာ ကျွန်တော် အသုံးပြုသော နည်းလမ်းလေးကို စမ်းသုံးကြည့်နိုင်ပါတယ် ခင်ဗျား။


-Firefox ကို ဖွင့်

-Firefox Logo ( or ) Tools ကို ကလစ်လုပ်ပါ။

-နောက် Add-Ons လေးကို ထပ်မံကလစ်လုပ်ပါ။

-အဲ့လိုကလစ်လုပ်လိုက်ရင် Add-Ons တွေကို ရှာဖွေနိုင်သော Search Box လေးကို ညာဘက် အစွန် အပေါ်မှာ တွေမှာပါ။ အဲ့မှာ Easy Youtube Downloader လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။

-Easy Youtube Downloader Version XX ( Version က တစ်ခုနဲ့တစ်ခု တူမည်မဟုတ်ပါ ) အပေါ်ဆုံးက Easy Youtube Downloader ဆိုတာလေးကို တွေတာနဲ့ သူ့စာတန်းနောက်ဆုံးမှာ Install Buttom လေးကို တွေ့နိုင်ပါတယ်။ Install ဆိုတာလေးကို ကလစ်လုပ်ပါ။

-Downloading ဆိုတာလေး ပြီးသွားအောင် စောင့်ရပါမယ်။ ပြီးသွားပါက ဘလောက်ဇာကို Restart ချခိုင်းပါတယ်။ Restart ချပေးလိုက်ပါ။

-Easy Youtube Downloader Plug In လေးရှိလို့ရှိရင် Youtube က Video တစ်ခုကို ဖွင့် ကြည့်ပါ။ ဗီဒီယိုဖိုင် အောက်နားလေးမှာ Download ဆိုတာလေး တစ်ခုပိုလာတာကို တွေ့နိုင်ပါတယ်။ အဲ့ဒါလေးကို ကလစ်လုပ်ပြီး ဗီဒီယိုဖိုင်လေးကို ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

အဲ့မှာတင် ဗီဒီယိုဖိုင်ကို MP3, MP4 , 3GP ကြိုက်ရာ ဖိုင်နဲ့ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။


**  ကိုကိုဇော် ( BE-EC )

Wednesday, March 13, 2013

Photos Download လုပ်ရာမှာ
















Internet Downloading တွေမှာ Photos တွေကို ဒေါင်းရတာ အလွယ်ဆုံးနည်းတခုပဲ ဖြစ်ပါတယ် ။

File Size က သေးငယ်သလို Download Manager များ မလိုပဲဒေါင်းနိုင်ပါတယ် ။

ကျွန်တော်တို့ အင်တာနက်မှာ ဓါတ်ပုံတပုံကို တွေ့ပါက Right Click > Save Image As ဆိုပြီး အလွယ်တကူ ဒေါင်းနိုင်ပါတယ်။

သို့သော်လည်း မှတ်သားစရာ အနည်းငယ်ရှိပါတယ် ။

။   ။အင်တာနက်ပေါ်တွင်ရှိသော ပုံအတော်များများက မူရင်းဓါတ်ပုံဆိုဒ်မဟုတ်ပဲ အနည်းငယ်သေးငယ်သော ပုံများကို မြင်တွေ့ရပါတယ် ။

ကျွန်တော်တို့ကသာ သေးငယ်စွာမြင်ရသော ပုံကို Right Click > Save As Image က ဒေါင်းပါက ပုံသေးသေးလေးတွေကိုပဲ ရတက်ပါတယ် ။

ပုံတပုံကို တွေ့ပါက ထိုပုံကို Click တချက်ပေးလိုက်မှ မူရင်ဖို်င် ဓါတ်ပုံဆိုဒ်ကို တွေ့ရတက်ပါတယ် ။

ထိုပုံကို ဒေါင်းမှ ပုံအကြီးကို ရမှာ ဖြစ်ပါတယ် ။

အင်တာနက် Photos Upload ပြုလုပ်သော Function မှာ ကိုယ်တင်လိုက်သော ပုံကို အကြီးအသေး ပြုလုပ်နိုင်လို့ပါ ။

။  ။မူရင်း ဓါတ်ပုံက Loading ကြာမြင့်ပါက Download Manager ဖြင့်ဒေါင်းလို့ရပါတယ် ။

ပုံအသေးကို Right Click > Copy Link Location ကို ကလစ်ပါက ဓါတ်ပုံရှိသော လင့်ကို Copy လုပ်ပြီးသားဖြစ်ပါတယ် ။

Download Manager တခုခုကို ဖွင့်ပြီး Add Url ကနေ ဒေါင်းနိုင်ပါတယ် ။

။  ။တချို့ဆိုဒ်တွေက Photo မဟုတ်သော Template က ပါသော ပုံကို လိုချင်ပါက အလွယ်ကူဆုံးနည်းမှာ Print Screen နည်းပဲဖြစ်ပါတယ် ။

Print Screen နည်းကို http://www.htarwaiethar.blogspot.com/2013/01/print-screen.html မှာ လေ့လာနိုင်ပါတယ် ။

Key Board ( Prtsc or Print Screen ) Key ကို တချက်နှိပ် Paint မှာ Ctrl+V ဖြင့် ပုံရယူသော နည်းပါ ။

**  Htar Waie Thar

Friday, March 8, 2013

အင်တာနက်မှာ ဖိုင်များ ဒေါင်းလုပ်ရယူနည်း
















ကျွန်တော် ဒီပို့ကို ဖိုင်ဒေါင်းတာနဲ့ အကျွမ်းတဝင် မဖြစ်သူများအတွက် ရည်ရွယ်ပြီး ရေးပါတယ် ။

ကျွန်တော်တို့ ဖိုင်များ ဒေါင်းနေကျ မြန်မာဘလော့အတော်များများမှာ ဖိုင်များ ဒေါင်းသော အခါ တချို့က ဒေါင်းလို့မရဘူးဆိုတာတွေ မြင်နေရလို့ပါ ။

ကျွန်တော်တို့ မြန်မာဘလော့တွေမှာ ဆော့ဝဲလ်တွေ ဝေမျှတယ်ပေါ့ဗျာ ။

ကိုယ်ကလည်း ကြိုက်တယ်ဆိုရင် ဒေါင်းပါ ၊ Download စတာတွေကို Click ပါတယ် ။

အဲ့လို Click လိုက်ရင် File Download လုပ်ဖို့ တိုက်ရိုက်ရောက်သွားတာမဟုတ်ပဲ adfly တို့ adfoc တို့ကဲ့သို့သော Website Page တခုကို မြင်ရမှာပါ ။ ( ကျွန်တော့ ဘလော့မှာတော့ မသုံးထားပါဘူး )

တခါတလေလည်း အဲလိုလင့်တွေတော့တွေ့ပါတယ် ဘာမှ မမြင်ရပဲ အဖြူရောင်ပဲ မြင်နေရမှာပါ ။
(Connection ကောင်းလွန်းရင် ဖြစ်တက်ပါတယ် ဟဲဟဲ)

အဖြူရောင်ပဲ မြင်နေရလို့ကတော့ စောင့်သာ စောင့်နေလိုက်ပါ ။အမှန်တကယ်ပေါ်ရမှာက Website Page ရဲ့ ညာဘက်အခြမ်းမှာ Skid AD , Skid စသော စာသားပေါ်တာမှာ အမှန်ဖြစ်ပါတယ် ။

အဲလိုပေါ်လာမှ ကျွန်တော်တို့က ဖိုင်ဒေါင်းချင်ရင် Skid AD, Skid စတာတွေကို Click လုပ်ရပါမယ် ။










Skid AD , Skid ကို Click နှိပ်မှ ဖိုင်ဒေါင်းနိုင်သော တင်ထားသော Link ကို ရောက်မှာပါ ။

ကျွန်တော်တို့ဆီမှာတော့ mediafire,solidfiles,boxs,dropbox စသော Hosting File Sharing Site တွေမှာ တင်တာများပါတယ် ။

ဖိုင်ကို ရနိုင်သော Link ကို ရောက်မှာ သူ့မှာပါသော Download Buttom ကို Click ပါ ။

ခဏစောင့်ရပါတယ် ။ ကျွန်တော့်စက်မှာတော့ Browser က ရပ်သွားပါတယ် ။ 1 Min လောက်ကြာမှ Download Manager တင်ထားရင် Download Manager က ဒေါင်းဖို့ အချက်ပေးပါတယ် ။ Start ကို နှိပ်ပြီး စတင်ကာ ဒေါင်းနိုင်ပါတယ်ခင်ဗျား ။

Download Manager မတင်ထားရင်တော့ Browser Downloader နဲ့ ဒေါင်းဖို့အတွက် Save File ဆိုပြီး အချက်ပေးပါတယ် ။ Save သာလုပ်ပြီး ဒေါင်းနိုင်ပါပြီ ။

တချို့သော Download Link တွေက Password တွေနဲ့ ဖွင့်ရတာရှိသလို Authorized Download ဆိုပြီး စာလုံးလေးတွေ ဖြည့်ကာဒေါင်းရတာတွေလည်း ရှိပါတယ် ။

တချို့သော လင့်ကာ တော့ ပျက်သွားတာလည်းရှိပါတယ် ။ ပျက်သွားလို့ကတော့ ပြန်တင်ပေးခိုင်းပေါ့ဗျာ ။ဘလော့ဂါတွေက သဘောကောင်းပါတယ် ။

ကျွန်တော်က ဘလော့တွေမှာ ဒေါင်းတာကို ပြောသွားတာပါ ။

နိုင်ငံခြားဆိုဒ်တွေ မူရင်း ဆော့ဝဲလ်ဆိုဒ်တွေကတော့ အဲလိုမဟုတ်ဘူးဗျ ။

သူတို့က သူတို့ဆီမှာတင် ဖိုင်တွေတင်လို့ရတဲ့ Application , Stroage တွေရှိတော့ Software ကို ဒေါင်းဖို့ Download Buttom ကို ကလစ်ရင် adfly,adfoc စသော ဆိုဒ်တွေမတက်ပဲ တိုက်ရိုက်ဒေါင်းနိုင်တာ တွေ့ရပါတယ် ။

တခါတလေ Download Buttom ကို နှိပ်လို့ ဖိုင်မဒေါင်းသေးရင်တော့ Downloading Page မှာ Can't Downlod Automatically Click Here ဆိုတာလေးကို ရှာကြည့်ပါ ။ Click Here ကို သာ နှိပ်ပြီး ဒေါင်းနိုင်ပါတယ် ။

ဖိုင်ဒေါင်းရင် တခုမှတ်ရမှာက ဖိုင်ဒေါင်းတာ ပြီးမပြီး နောက် ဘယ်နေရာမှာ Save မှာလည်းဆိုပြီး Download Manager , Downloader များက မေးပါတယ် ။ ကိုယ်ပေးထားသော နေရာကို မှတ်ထားသင့်ပါတယ် ။

နောက်မှ ဖိုင်ကတော့ ဒေါင်းပြီးသွားပြီ ဘယ်နေရာရောက်သွားလည်း မသိဖြစ်နေတက်ပါတယ် ။

မမှတ်မိရင်တော့ Download Progress က File ကို Right Click , Properties ကို ကြည့်ပြီးလည်း ဘယ်နေရာမှာ Save ထားလည်း ကြည့်နိုင်ပါတယ် ။


**  Htar Waie Thar

Monday, March 4, 2013

အင်တာနက်မှာ pdf file များ ကြည့်ဖို့ ဒေါင်းဖို့















အင်တာနက် စာမျက်နှာများမှာ pdf File များကို ဖတ်ရှု့လို့ ဒေါင်းလို့ရအောင် Share လုပ်ပေးသော Website များစွာရှိပါတယ် ။

သူတို့ကို ဖတ်ဖို့ ဒေါင်းဖို့ ဆိုတာတော့ ကျွန်တော်တို့ ဘက်က လိုအပ်ချက် အနည်းငယ် ရှိပါတယ် ။

Browser Plug In ပါ ။

သူ့ကို Browser များက တိုက်ရိုက်ဒေါင်းနိုင်သလို လွယ်လွယ်ကူကူ ထည့်သွင်းနိုင်သော နည်းလည်းရှိပါတယ် ။

အဲ့ဒါကတော့ ကွန်ပျူတာမှာ pdf reader software ( Adobe Reader ) တခုခုတင်ဖို့လိုပါတယ် ။

အဲဒီ ဆော့ဝဲလ်ကို တင်တာနဲ့ Auto Plug In ( Pdf Plug In ) က Browser Software များမှာ ပေါင်းထည့်သွားပါတယ် ။

အဲ့လိုမှ မဟုတ်ရင်တော့ အင်တာနက်အပေါ်တွင် တင်ထားသော pdf file များ အချို့ကို ဖတ်လို့မရပဲ Missing Plug In ဆိုသော Message ရမှာ သေချာပါတယ် ။


**  Htar Waie Thar

Monday, February 25, 2013

Portable Software များ ဒေါင်းဖို့ ဖန်တီးကြစို့





















Portable Software တွေ အများကြီးကို ဒေါင်းဖို့ ဖန်တီးဖို့ ဆိုရင်တော  Software လေးတခုကို အသုံးပြုပြီး အွန်လိုင်းအခြေပြု ဆော့ဝဲလ်တွေ ဒေါင်းနိုင်ဖန်တီး နိုင်သော ဆော့ဝဲလ်တခု ကျွန်တော် ကို အိုင်တီမုဆိုးဘလော့က ဒေါင်းလာပါတယ် ။

ကျွန်တော် အသုံးပြုရတာ အဆင်ပြေတာမို့ ပြန်လည်မျှ ဝေပါမယ် ။

ဆော့ဝဲလ်ကို  အောက်မှာ ဒေါင်းနိုင်ပါတယ် ။

Download 

ဆော့ဝဲလ်က Rar File ပါ ။ သူ့ကို ဖြေချပြီး အဲဒီထဲက Setup File ( Portable ) ကို Run ပေးပါက Register ပြုလုပ်သော နေရာသို့ ရောက်သွားပါတယ် ။

အသုံးပြုပုံ အသေးစိတ်ရေးထားသော ဖိုင်လေးလဲ ကျွန်တော် ဒေါင်းလုဒ်လင့်ပေးသော ဖိုင်နဲ့ အတူပါလာမှာပါ ။

Register Form ကတော့ သိပ်တော့မထူးခြားပါဘူး ။

Name , Password တွေထည့်ပေးရုံပါပဲ ။

နောက်ကိုယ်က Free Account တည်ဆောက်တာမို့ Account Type ကတော့ Personal ကို ရွေးပေးရပါမယ် ။ နောက်ပြီးတာနဲ့ Register ကို သာ နှိပ်ပြီး Register ပြုလုပ်ရပါမယ် ။

Register ပြုလုပ်ပြီးပါက Account ကို Activate ပြုလုပ်ဖို့ ကိုယ့် အီးမေးလ်ထဲသို့ Activate Link ကို မေးလ်ပို့ပေးမှာပါ ။

ကိုယ့် Email ကို Sign In ဝင်ရောက်ပြီး Inbox မှာ Activate Link ပါသော မေးလ်ကို ဖွင့်ရမှာပါ ။ တခါတလေ Inbox ထဲကို မရောက်ပဲ Spam ထဲကို ရောက်နေတက်ပါတယ် ။

ထို မေးလ်က Activate Link ကို နှိပ်ပါက ကျွန်တော်တို့ Register ပြုလုပ်သော ဆိုဒ်၏ Home Page ကို ပြန်ရောက်မှာပါ ။

Account တည်ဆောက်တုန်းက Email , Password ကို အသုံးပြုကာ ဝင်ရောက်ရမှာ ဖြစ်ပါတယ် ။

ကိုယ့် အကောင့်နဲ့ ဝင်လို့ ရလို့ကတော့ အဲမှာ Portable Application များစွာကို ဒေါင်းနိုင်သလို ကိုယ်တိုင်လည်း Upload လုပ်ကာ Portable Application များကို

ဖန်တီးနိုင်သွားမှာပါ ။

ဆော့ဝဲဖြင့် ထို Website ကို အလွယ်တကူ သွားရောက်နိုင်တာမို့ ဆော့ဝဲလ်လေးကို တော့ အမြဲသာ ဆောင်ထာရင် မမှားတော့ဘူးပေါ့ဗျာ။

**  Htar Waie Thar  **

Thursday, February 14, 2013

အင်တာနက်ပေါ်က စာသား ( Text ) များကို ကူးယူဖို့ဆိုတာ

















ကျွန်တော်တို့တွေပေါ့ဗျာ အင်တာနက်မှာ ကိုယ်ကြိုက်သော ဆိုဒ်တွေက စာသားတွေကို ကူးယူချင်တယ် ဘယ်လိုလုပ်ရမလဲ ။

တကယ်လွယ်ကူပါတယ် ။

ကိုယ်ကြိုက်သော ဆိုဒ်က စာသားတွေကို Mouse Left Click ကို အသုံးပြုပြီး Select မှတ် Right Click > Copy


**  ကွန်ပျူတာမှာ Notepad ( Desktop , Folders , Stroage Devices > Right Click > New >Text Document ) ကိုဖွင့် Ctrl+V ( Right Click > Paste ) လုပ်ရုံပါပဲ ။

Notepad နဲ့ မြန်မာစာတွေကို ကူးတဲ့နေရာမှာ Font ကို မြန်မာဖောင့်ပြောင်းထားဖို့လိုပါတယ် ။ ( Format > Font ကနေပြောင်းနိုင်ပါတယ် )

ပြီသွားလို့ Save မယ်ဆိုရင် Unicode စာသားတြွေဖစ်လို့ Save လိုက်တာနဲ့ သတိပေးစာတန်းတစ်ခုပေါ်လာပါမယ် Cancel သာလုပ်လိုက်ပါ နောက်ပေါ်လာတဲ့ File Save မှာမှ အောက်ဆုံးက Encoding မှာ Unicode ကို ပြောင်းပေးပြီး Save ရမှာဖြစ်ပါတယ် ။


**   Office Word မှာ Paste လုပ်ပါက မြန်မာစာများကို ဖောင့်တခုပဲ ပြောင်းပေးစရာလိုပါတယ် ။ ပြီးတာနဲ့ save လုပ်လိုက်ရုံပါပဲ ။

Office Word ဖြင့် အင်တာနက်မှ စာသားများကူးသောအခါ တခါတရံ အချိန်ကြာမြှင့်တက်ပါတယ် ။

Office Word က ဝက်ဆိုဒ်တွေက စာသားများသာမက ပုံများကိုလည်း ကူးယူနိုင်သလို Font Size များကိုလည်း မှတ်သားနေလို့ အချိန်ကြာမြှင့်တက်ပါတယ် ။

Notepad ကတော့ ပုံတွေ ဖောင့်ဆိုဒ်တွေကို ကူးပေးမှာ မဟုတ်ပါဘူး စာသားသီးသန့်ကူးပေးမှာပါ ။

ကျွန်တော်ကတော့ စာသားတွေပဲ သီးသန့်ကူးယူချင်ပါက Notepad ဖြင့်ကူးကြပါလို့ အကြံပေးချင်ပါတယ် ။


**  နောက်တမျိုးက Website Page ကို Download ဆွဲတဲ့နည်းပါ ။ ကိုယ်ကြည့်နေသော Website Page ကို လည်းဒေါင်းလို့ရပါတယ် ။ ကိုယ်ကြည့်ချင်သော Webpage ကို Right Click > Save Page as ကနေပြီးလည်းဒေါင်းနိုင်ပါတယ် ။ Offline အခြေနေမှာ ထိုဖိုင်ကို Browser Software တခုခုဖြင့် ပြန်ကြည့်လို့ရပါတယ် ။


**  တချို့သော Page တွေက Text တွေကို Select မှတ်လို့မရပါဘူး ဒီတော့ ကျွန်တော်တို့ကလည်း စာသားတွေကို ကွန်ပျူတာမှာ မှတ်ထားချင်တယ်ဆိုပါက Print Screen နည်းနဲ့ အလွယ်မှတ်လို့ရပါတယ် ။Print Screen နည်းကတော့ ရှင်းပါတယ် ကွန်ပျူတာမြင်ကွင်းမှာ ရှိသော ပုံရိပ်ကို Print Screen Key နှိပ်တဲ့အချိန်မှာ မှတ်သားပေးသောပုံစံပါ ။

ဥပမာကျွန်တော်က Google ကို ကြည့်နေတဲ့ အချိန် Print Screen Key နှိပ်ပါက ထိုအချိန်မှာမြင်ရသော ကွန်ပျူတာမြင်ကွင်းကို မှတ်သားပေးသော ပုံစံပါပဲ ။

ပြုလုပ်နည်းက ကိုယ်လိုချင်သော မြင်ကွင်းကို ရောက်တာနဲ့ Print Screen Key ( Prtsc SysRq ) Key ကို တချက်နှိပ် Paint ( Start>All Programs>Accessories>Paint) မှာ Ctrl+V ပြုလုပ်ပါက Screen ဖမ်းထားသော ပုံကို ရရှိမှာဖြစ်ပါတယ် ။


ကျွန်တော်က လွယ်ကူသော နည်းများကိုပဲရေးသားလိုက်ပါတယ် ။ တခြား Website တစ်ခုလုံးကို ဒေါင်းသောနည်း , Webpage ကို pdf file ပြောင်းသော နည်းများလည်းရှိပါသေးတယ် ။

                             **  Htar Waie Thar  **

Tuesday, February 12, 2013

Build In Browser Downloader Links တွေကို Download Manager ဖြင့်ပြောင်းမယ်

















ကျွန်တော်တို့ ကွန်ပျူတာမှာ အင်တာနက်သုံးရင်း ဖိုင်များကို ဒေါင်းချင်ပါက Download Manager Software တခုခုကို အသုံးပြုကာဒေါင်းတာ များပါတယ် ။

ဥပမာ Internet Download Manager Software ကို ကွန်ပျူတာမှာ တင်ထားပါက ဖိုင်တခုခုကို ဒေါင်းရန်ကိုယ်က ညွှန်ကြားချက်ပေးပါက Internet Download Manager Software ဖြင့် ထိုဖိုင်ကို ဒေါင်းဖို့အတွက် Download Manager တက်လာကာ အလွယ်တကူ ဒေါင်းနိုင်တာ တွေ့ရပါတယ် ။

သို့သော်လည်း တချို့သော ဖိုင်များ ( *.apk ) လိုမျိုးဖိုင်များကို ဒေါင်းတဲ့အခါ Internet Download Manager Software ဖြင့် မဒေါင်းပဲ Build In Downloader ( Browser Downloader ) များဖြင့် ဖိုင်ကို ဒေါင်းပါတယ် ။

Browser Downloader များက ဖိုင်ဆိုဒ်သေးပါက ပြဿနာမရှိသော်လည်း 2MB နှင့်အထက် ဖိုင်များကို ဒေါင်းသောအခါ လမ်းတဝက်မှာတင် ရပ်သွားတက်ပါတယ် ။

ထိုကဲ့သို့ ရပ်သွားတာမျိုးမလိုချင်လို့လဲ ကျွန်တော်တို့က Download Manager Software တွေကို အသုံးပြုရတာပါ ။

ထားပါလေ ။ ကျွန်တော်ပြောသလို Download Manager Software တင်ထားရက်နဲ့ Build In Browser Downloader ဖြင့် Download ဆွဲသော ဖိုင်များကို ကျွန်တော်တို့ Download Manager Software ဖြင့် ပြောင်းဆွဲရအောင် ။

ပြုလုပ်ပုံက Build In Browser Downloader ဖြင့် ဖိုင်ကို Download လုပ်နေသော နေရာမှာ ဖိုင်ရဲ့ Address ကို ကူးယူရမှာပါ ။

ဥပမာ 11.pdf file ကို Firefox တွင် Download လုပ်နေပါက Download လုပ်နေသော ဖိုင်တွင် Right Click >Copy download Link ကို Click လုပ်ရမှာပါ ။ ထိုအခါ Download File ရဲ့ Address ကို ကူးယူတာပါပဲ ။












 
နောက် Internet Download Manager ကိုဖွင့် Add URL> Address မှာ Ctrl+V (or) Right Click > Paste , OK လုပ်ပါက Build In Browser က ဒေါင်းသော ဖိုင်ကို Internet Download Manager ဖြင့် Download ပြုလုပ်နိုင်ပါတယ် ။

Download Manager Software တွေမှာပါသော Add URL ဆိုသောနေရာကနေ တိကျသော Download Link ကို ဖြည့်စွက်ကာ ဥပမာ www.dodo.com\file\software\22.rar  စသလိုမျိုး File Link အတိအကျဖြင့် ဒေါင်းနိုင်ပါတယ် ။

                                         **  Htar Waie Thar  **

Monday, February 11, 2013

Resume မရသော Link များကို Resume ရအောင်လုပ်နည်း

















ကျွန်တော်တို့ အွန်လိုင်းမှာ ဆော့ဝဲလ်တွေ ဒေါင်းတဲ့အခါ Resume ရသော Links များရှိသလို တချို့က Resume လုပ်လို့မရပါဘူး ။

Resume ရဲ့ကောင်းကျိုးကတော့ အားလုံးသိတဲ့ အတိုင်းပဲ Software တွေကို ကိုယ်အချိန်မရရင် ခဏ Pause လုပ်ထား နောက်မှ ပြန်ဒေါင်း အဲလိုမျိုးတွေလုပ်နိုင်တာပေါ့။

ပထမဆုံ http://trunkize.com/ ကို သွားလိုက်ပါ ။

အောက်ကပုံအတိုင်း Page ကိုရောက်ပါလိမ့်မယ် ..















အဲဒီထဲက  Connect With Facebook ကိုနှိပ်ပါ .. ( Sign Up for free ကိုလည်း သုံးလို့ရပါတယ်
ဒါတော့ အကောင့်သစ်တစ်ခုကို Free ဖွင့်မှာမို့ ခက်လည်းမခက်တာကြောင့် မပြောတော့ပါဘူး
ဒီပို့စ်က လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်လုပ်နိုင်တဲ့နည်းကို ဦးတည်ပြီး ရေးမှာဖြစ်လို့
Connect With Facebook ကိုပဲ နှိပ်ခိုင်းတာပါ ..)

အဲဒီလို Facebook ကနေ Connect လုပ်တာတောင် သူက အကောင့်တစ်ခုကို 2GB အထိ
ဖိုင်ဆိုဒ်ကို လင့်လုပ်ပေးပါတယ် .. (ဒေါင်းပြီးရင် Delete လုပ်လိုက်မှာပေါ့ .. အဲဒါဆို ဘယ်တော့မှ
Bandwidth မပြည့်တော့ဘူး )

ကဲ .. Connect With Facebook ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ် .

















အဲဒီထဲက အကွက်ထဲမှာ ကိုယ် Resume လင့်လုပ်ချင်တဲ့ ဒေါင်းလင့်ကို ကော်ပီကူးယူလာပြီး
ထည့်ပေးလိုက်ပါ ..

ပြီးရင် အောက်က +Add File ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း









ကိုယ့်ရဲ့ဒေါင်းလင့်လေးကို Resume လင့်ဖြစ်အောင်ပြောင်းပေးထားတဲ့ လင့်လေးပေါ်လာပါမယ်
အဲဒီတော့မှ ညာဖက်က download ပုံလေးကိုနှိပ်ပြီးဒေါင်းလိုက်ရုံပါပဲ ..
Resume ရတဲ့ဒေါင်းလင့်လေးနဲ့ အေးအေးဆေးဆေး Download ယူနေရုံပဲပေါ့ ..

  **  Htar Waie Thar  **

#  ကိုအိုင်တီမုဆိုး ဘလော့မှ ကူးယူမျှ ဝေပါသည် ။

Saturday, January 19, 2013

Video Files များ Download လုပ်နို်င်ဖို့









ကျွန်တော်တို့ အင်တာနက်ပေါ်က Video Files တွေကို Download လုပ်ချင်ရင်ပေါ့ဗျ ။

အတော်များများလည်း သိပြီးသားနည်းလမ်းပါပဲ ။

၁ ) Real Player ကိုအသုံးပြုပြီး Download ဆွဲလို့ရတဲ့နည်းလမ်း ။
(ကျွန်တော် မသုံးဖူးပါ တွေ့ဖူးယုံသက်သက် )

၂ ) Video Download ကို အသုံးပြုပြီး Download ဆွဲသောနည်းလမ်း ။
( သုံးဖူးသော နည်းလမ်းပါ အလွန်ကောင်းသောနည်းလမ်းပါပဲ ဥပမာ YouTube Video Downloader )

၃ ) Internet Download Manager ကို အသုံးပြုပြီး Download ဆွဲသောနည်းလမ်း ။
( ကျွန်တော် အကြိုက်ဆုံးနည်းလမ်းပါပဲ Internet Download Manager ကိုတင်ထားလို့ကတော့ Browser မှာ အင်တာနက်ဖွင့် Video Site တစ်ခုခုက Video File တစ်ခုခုမှာ Play လုပ်ရင် Internet Download Manager က Download Video File ဆိုသော Button တစ်ခုပေးထားသည့်အတွက် အဲ့ဒီ ကနေ Download ဆွဲနိုင်ပါတယ် ။ )

                                                                    **  Htar Waie Thar  **

တခုခု ပြောခဲ့ချင်ပါက CBox , Comment ကနေ ပြောခဲ့နိုင်ပါတယ် ။