Showing posts with label (s) ဝက်ဆိုဒ်အကောင်းစားများ. Show all posts
Showing posts with label (s) ဝက်ဆိုဒ်အကောင်းစားများ. Show all posts

Saturday, January 30, 2016

Python Programming ကို မြန်မာလိုလေ့လာနိုင်သော ဘလော့ဂ်



















Programming မှာ Python Programming ကို မြန်မာလို လေ့လာချင်သူများအတွက် ကျွန်တော် ဘလော့ဂ်တစ်ခုကို မိတ်ဆက်ပေးပါမယ်။

စိတ်ဝင်စားသူများ အောက်က လင့်ခ်က တစ်ဆင့် သွားရောက်လေ့လာနိုင်ပါတယ်နော်။



Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

Security News and Knowledges များ မျှဝေပေးနေသော ကိုရီချင် Page


















ဒါလေးကတော့ လင့်ခ်ကြေငြာလေးပေါ့ဗျာ။

ကျွန်တော်လဲ ဘလော့ဂ်ကို ပစ်ထားသလိုဖြစ်နေတယ်။ ခွင့်လွတ်ပေးပါနော်။

နည်းပညာသမားတွေ အကြိုက် စာအုပ်တွေ၊ နည်းပညာ အသစ်တွေ၊ လုံခြုံရေးဆိုင်ရာ အချက်လက်တွေကို နေစဉ်နှင့် အမျှ မျှဝေပေးနေသော ကိုရီချင် ဖေ့ဘုတ်လင့်ခ်လေးကို ကျွန်တော် မျှပေးလိုက်ပါတယ်။


https://web.facebook.com/ကုိရီခ်င္-584036275034846/


စိတ်ပါဝင်စားသူများ သွားရောက်လေ့လာနိုင်ပါတယ်နော့်။



Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.org

Tuesday, October 20, 2015

Coding ပိုင်းတွေ လေ့လာနိုင်တဲ့ SoLo Learn
































ဒီတစ်ခါတော့ Coding ပိုင်းစိတ်ဝင်စားသူများအတွက် ကျွန်တော် အလန်းစား ဝက်ဆိုဒ်တစ်ခုကို မျှပေးလိုက်ပါတယ်။

ဝက်ဆိုဒ်လင့်ခ်က

http://www.sololearn.com


အဲ့မှာ အဓိက အားဖြင် Web Design ပိုင်းဖြစ်သော HTML, CSS, Java Script ကို အခြေခံအနေဖြင့် လေ့လာနိုင်မှာ ဖြစ်ပြီး Development ပိုင်းဖြစ်သော Jave, C++, PHP, Python စတာတွေ အပြင် အခြားသော သင်ခန်းစာများကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။


စိတ်ဝင်စားသူများလေ့လာနိုင်ပါတယ်နော့်။


Posted By

<<  Zaw Lay  >>

Ko Ko Zaw (BE-EC)    www.htarwaiehtar.org

Wednesday, October 14, 2015

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ


























ဒီတစ်ခါတော့ ကျွန်တော် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ဝက်ဆိုဒ်လေးကို မျှပေးလိုက်ပါတယ်နော့်။

ဆရာတော်ရေးသားထားသော စာအုပ်များစွာကို လေ့လာနိုင်မှာ ဖြစ်ပြီး ကုသိုလ်ရယူနိုင်မှာ ဖြစ်ပါတယ်။

ဝက်ဆိုဒ်လိပ်စာက



http://www.dhammaransi.com



Posted By

<<  Zaw Lay  >>

Ko Ko Zaw (BE-EC)    www.htarwaiethar.org

Friday, August 7, 2015

Tutor Mike Robot လေးနဲ့ English စကားပြောရအောင်





























အခု ကျွန်တော်မျှပေးမှာက Tutor Mike ဆိုသော Robot လေးနဲ့ အွန်လိုင်းမှာ မိမိ Writing Skill ကို စမ်းသပ်လိုသူများအတွက် ဖြစ်ပါတယ်။

အွန်လိုင်းက Tutor Mike ဆိုသူနှင့် စကားတွေပြော၊ မိတ်ဆက်၊ စကားလုံးတွေလေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ်က အမှားတွေပြောရင်လည်း ပြင်ပေးပေးတာမျိုးကို ရရှိမှာဖြစ်ပါတယ်။


လေ့လာလိုသူများ


http://www.rong-chang.com/tutor.htm 


သို့သွားရောက်ပြီး မိတ်ဆက်စကားပြောနိုင်ပါတယ်နော့်။



Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )       www.htarwaiethar.org

English စာကိုလေ့လာနေသော သူများအတွက် English For You Website

















ကျွန်တော်အင်တာနက်အသုံးပြုရင် အခုဝက်ဆိုဒ်လေးကို ကြိုက်လွန်းလို့ မျှပေးလိုက်တာပါ။

အင်္ဂလိပ်စာနှင့်ပက်သက်သော စာအုပ်များကို Up to Date မျှပေးနေသော ဝက်ဆိုဒ်ကောင်းလေးတစ်ခုဖြစ်ပါတယ်။

လင့်ခ်က

http://www.english4mm.com/


လိုအပ်သူများ၊ လေ့လာလိုသူများ သွားရောက်လေ့လာပြီး လိုအပ်သည်များ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်နော့်။



Posted By

<< Zaw Lay  >>

Ko Ko Zaw ( BE-EC )          www.htarwaiethar.org

Thursday, February 19, 2015

Apple4MM Website လေး





















Apple Product တွေဆိုတာကတော့ ကျွန်တော်နဲ့ အတော်ကို လှမ်းပါတယ်။

သို့သော်လည်း iDevice သမားများအတွက် မြန်မာဝက်ဆိုဒ်ကောင်းလေး တစ်ခုနဲ့ ကျွန်တော် မိတ်ဆက်ပေးလိုက်ပါမယ်။

Apple4MM ဆိုသော ဝက်ဆိုဒ်လေးပါ။

iDevices များဖြစ်တဲ့ OSX and iPhone Softwares and Tips များကို လေ့လာနိုင်သော ဆိုဒ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

လေ့လာလိုသူများ


http://www.apple4mm.com/


မှာ သွားရောက်လေ့လာလို့ ရပြီပေါ့နော့်။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )       www.htarwaiethar.org

Monday, October 13, 2014

Mechnical Engineering စာအုပ်များကို ထုတ်ဝေနေသော ကိုကောင်းထက်ညွန့် ဝက်ဆိုဒ်


























ကျွန်တော် ဒီတစ်ခါ ကိုကောင်းထက်ညွန်း ဝက်ဆိုဒ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။

တစ်ရက်ကတော့ သူ့ စာအုပ်တစ်အုပ် ကျွန်တော့်ဘလော့ဂ်မှာ မျှပေးလိုက်ပါတယ်။

ကျွန်တော်ကလည်း အခုမှပဲ ကိုကောင်းထက်ညွန့် ဝက်ဆိုဒ်ကို တွေ့မိတာဗျ။

လင့်ခ်က

http://www.acmv.org/


အဲ့မှာဗျာ။ သုံးမကုန်နိုင်တဲ့ အင်ဂျင်နီယာ ဘာသာရပ်တွေများစွာကို မြန်မာလို လေ့လာနိုင်မှာပါ။

ဖိုရမ်ပါ ပါရှိတာမို့ ကိုယ်တိုင်လည်း ဝင်ရောက်ဆွေးနွေနိုင်ပါတယ်။

ထုတ်ဝေပြီးသားစာအုပ်များကိုလည်း ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

ကဲ့ အင်ဂျင်နီယာ အပေါင်းသင်းများ၊ အင်ဂျင်နီယာကျောင်းတက်နေသော ချာတိတ်များ၊ အင်ဂျင်နီယာ ဘာသာရပ်ကို လေ့လာလိုသူများ အဆင်ပြေပြေ သွားရောက်လေ့လာနိုင်ပါတယ်နော့်။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )               www.htarwaiethar.org

Friday, October 3, 2014

Linux System နှင့် Computer Security ပိုင်းကို လေ့လာလိုသူများအတွက် MrLinuxer Website































ကျွန်တော် အခုမိတ်ဆက်ပေးမဲ့ Mr.Linuxer Website လေးကတော့ Linux System , Computer Security စတာတွေကို စိတ်ဝင်စားသူများအတွက် ရွှေတွင်းပါပဲ။

ဝက်ဆိုဒ်မှာ ဖော်ပြထားသော အကြောင်းရာများကို မြန်မာဘာသာဖြင့်လေ့လာနိုင်မှာ ဖြစ်ပြီး တော်ရုံစကေးနဲ့တော့ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

စိတ်ပါဝင်စားသော သူများအတွက် အထူးသင့်တော်သော ဝက်ဆိုဒ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

လင့်ခ်က http://www.mrlinuxer.net/

ဝက်ဆိုဒ်မှာ Linux , Network , Security , Forensis စတာတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

လိုအပ်ပါကလည်း အသင်းဝင်နိုင်သလို ဝက်ဆိုဒ်ပိုင်ရှင်ထံလည်း အီးမေးလ်ပို့ကာ မေးမြန်းချင်တာများကို မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

ဖေ့ဘုတ်မှာဆိုရင်တော့ https://www.facebook.com/MrLinux3r   မှာ သွားရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။

အားလုံးပဲ ဗဟုသုတ တိုးပွားစေနိုင်ပါစေဗျာ။။။။။။။။။။။။။။။။။။။။။။။။။။။။


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )              www.htarwaiethar.org

Wednesday, October 1, 2014

Engineering Download Blog လေးမှာ အင်ဂျင်နီယာနှင့်ဆိုင်ရာများ ဒေါင်းမယ်




















မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း MES က ညွန်းထားတဲ့ဘလော့ဂ်လေးတစ်ခုကို ကျွန်တော်ညွန်းပေးလိုက်ပါမယ်။

လင့်ခ်က

http://engineeringfreedownload.blogspot.com/

အဲ့လင့်ခ်မှာဆိုရင် အင်ဂျင်နီယာနှင့်သက်ဆိုင်သော စာအုပ်များ၊ Codes ၊ ဆော့ဝဲလ်၊ အသုံးချစာအုပ်များ၊ ကောက်နှုတ်ချက်များ စတာတွေကို ဒေါင်းလုပ်ခ်ရယူနိုင်တာကို တွေ့မိပါတယ်။

နောက်တစ်ခုကောင်းတာက မိမိလိုအပ်သော စာအုပ်၊အကြောင်းရာတွေကို ရှာမတွေ့ဘူးဆိုရင်လည်း တောင်းယူနိုင်တာကို တွေ့မိပါတယ်ခင်ဗျား။

အင်ဂျင်နီယာဘာသာရပ်ကို လုပ်ကိုင်နေသူများ၊ စိတ်ဝင်စားသူများ၊ ကျောင်းသားများအတွက် သင့်တော်သော ဘလော့ဂ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

MES ကလည်းညွန်းထားတာမို့ ကျွန်တော်လည်း မျှဝေပေးလိုက်မိပါတယ်။

အင်ဂျင်နီယာအသိပညာများ တိုးတက်နိုင်ပါစေဗျာ။



<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )       www.htarwaiethar.org

Wednesday, May 14, 2014

Android and iOS နှစ်ခုအတွက် မြန်မာဝက်ဆိုဒ်ကောင်းနှစ်ခု























ကျွန်တော် ကိုသက်နိုင်စိုး ဖေ့ဘုတ်မှာ တွေ့မိတာလေးပါ။

ကိုသက်နိုင်စိုးအနေနဲ့ Android အတွက် ဝက်ဆိုဒ်တစ်ခု၊ Apple iOS အတွက် ဝက်ဆိုဒ်လေးတစ်ခု စုစုပေါင်းနှစ်ခု အသစ်လုပ်ထားတာကို တွေ့မိပါတယ်။

မူရင်းရေးသားချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

iOS အတွက်သီးသန့် Website တစ်ခု
Android အတွက် သီးသန့် Website တစ်ခုထပ်မံပြုလုပ်ထားပါတယ်။ ဒီ website တွေမှာတော့ မိုဘိုင်းနဲ့ပတ်သက်ပြီး Development နဲ့ပတ်သက်ပြီးကိုယ်တိုင်ရေး Lessons လေးတွေ ၊ မိုဘိုင်းနည်းပညာနဲ့ပတ်သက်တဲ့ သတင်းကိုယ်တိုင် ဘာသာပြန်လေးတွေ ၊ သုံးလို့ကောင်းမယ့်ဆော့ဝဲများအကြောင်းတွေ ၊ မိုဘိုင်းကျူတိုရီရယ်သန့်သန့်လေးတွေပဲ တင်သွားမှာပါ။ Crack app တွေကို ဒီ site တွေမှာ လုံးဝတင်သွားမှာမဟုတ်ပါဘူး ။ အသန့်လေးတွေပေါ့ဗျာ


Apple နှင့်ပတ်သက်တဲ့ website

www.applemyanmar.net

(Apple Myanmar .NET တွင် iOS Development သင်ခန်းစာများကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ လောလောဆယ် Apple နဲ့ပတ်သက်တဲ့သတင်း ၊ ကျူတိုရီရယ်များ ၊ App Review များကိုဖတ်ရှုနို်င်ပါတယ်။)


Android နှင့်ပတ်သက်တဲ့ website

www.androidmyanmar.net

(Android Myanmar .NET တွင် ကျွန်တော် လက်ရှိရေးသားနေတဲ့ Android Application Development သင်ခန်းစာများနဲ့ အခြား Android နဲ့ပတ်သက်တဲ့ သတင်း ၊ နည်းပညာကျူတိုရီရယ်များ ၊ App Review များကိုနေ့စဉ်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ )



သက်နိင်စိုး (Myanmar Mobile App Store)

https://www.facebook.com/thetnaing.mmas?ref=tn_tnmn


လေ့လာလိုသူများ သွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျား။။။။။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Tuesday, April 22, 2014

Android Development and Application Review တွေကို လေ့လာနိုင်တဲ့ မပိုးပိုးမြင့်ဆွေ ဘလော့ဂ်























ဒါလေးက ဘလော့ဂ် ကြေငြာလေးပေါ့နော့်။

ကျွန်တော်လည်း အဲ့ဒီ ဘလော့ဂ်ကို သွားရောက်လေ့လာမိပါတယ်။

မပိုးပိုးမြင့်ဆွေ ဘလော့ဂ်လေးကိုပါ။

အစကတော့ ကွန်ပျူတာ နည်းပညာ ဆွေးနွေးခန်းမှာ တွေ့မိတာပေါ့။

အခုတော့ ကိုယ်ပိုင် ဘလော့ဂ်လေးကို ရေးနေတာ ဖြစ်တာမို့ ကျွန်တော့် ဘလော့ဂ်မှ တစ်ဆင့် ပြန်မျှဝေလိုက်ပါတယ်။

ဘလော့ဂ်လိပ်စာက  http://poepoemyintswe.com/


သူ့ဘလော့ဂ်မှာ Android Development ကို လေ့လာနိုင်မှာပါ။

ဘလော့ဂ်ဂါကတော့ မန္တလေး နည်းပညာ တက္ကသိုလ်က BE-IT ဘွဲ့ရထားပါတယ်။

ဖေ့ဘုတ်မှာလည်း Page ကို Like လုပ်ခြင်းဖြင့် Tutorial များကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။


ဖေ့ဘုတ်ပေ့စ်က https://www.facebook.com/PoePoeMyintSwe

ဒီဘလော့ဂ်က မြန်မာယူနီကုဒ် ဘလော့ဂ်တစ်ခုပဲ ဖြစ်ပါတယ်။

ဖောင့် ပြဿနာ မတက်အောင် Font Embed နည်းလမ်းကို အသုံးပြုထားတာမို့ ကွန်ပျူတာမှာ မြန်မာယူနီကုဒ်မရှိလည်း ကြည့်နိုင်မှာပါ။


စိတ်ဝင်စားသူများ သွားရောက်လေ့လာနိုင်တာပေါ့နော့်။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )   www.htarwiaethar.blogspot.com

Friday, April 18, 2014

M&E ကို လေ့လာလိုသူများအတွက် မြန်မာ ဝက်ဆိုဒ်ကောင်းတစ်ခု



















M&E ဆိုတာတော့ အင်ဂျင်နီယာလောကမှာ နာမည်ကြီးပါတယ်ဆိုတဲ့ Mechanical and Electrical Engineering Systems in Building ပဲ ဖြစ်ပါတယ်။

အခု ကျွန်တော် အဲ့ဒီ အကြောင်းကို မြန်မာလို ပြည့်ပြည့်စုံစုံလေး ရေးထားသော မြန်မာဘလော့ဂ်လေး တစ်ခုကို တွေ့မိလို့ အားလုံးကို မျှဝေလိုက်မိပါတယ်။

ကျွန်တော် ဒီ ဘလော့ဂ်ကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ( MES ) မှာ တွေ့မိတာပါ။

M&E ကို လေ့လာလိုသူများအတွက် လေ့လာလို့ သင့်တော်သော နည်းပညာ ဘလော့ဂ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

အကြောင်းအရာတစ်ခုကိုပဲ သီးသန့်ရေးသားသော ဘလော့ဂ်တစ်ခုပဲ ဖြစ်ပါတယ်။

ဘလော့ဂ်လိပ်စာက  http://chawlwin.blogspot.com  ပဲ ဖြစ်ပါတယ်။

ဘလော့ဂ်ဂါက ကိုချောလို့သိရပါတယ်။

ဘလော့ဂ်ဂါကို ဆက်သွယ်ချင်ရင်တော့ ko_chaw@yahoo.com   ကို ဆက်သွယ်ရမှာပါ။


M&E နည်းပညာတွေ လေ့လာချင်ရင်တော့ ကျွန်တော်ပြောတဲ့

http://chawlwin.blogspot.com   ကိုပဲ သွားရောက်လေ့လာသင့်တယ်လို့ပဲ ပြောပါရစေ...............


မိတ်ဆွေများ နှစ်သစ်မှာ နည်းပညာ တိုးတက်ကြပါစေဗျာ.........................


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

 

Friday, April 4, 2014

ဘုရား တရား အကြောင်းတွေ လေ့လာချင်သူများအတွက် ဓမ္မနဒီ ဘလော့ဂ်




















ဓမ္မနဒီ ဘလော့ဂ်လေးကို သိတဲ့လူတွေလည်း အတော်များမှာပါ။

သို့သော်လည်း ကျွန်တော်ကနေပြီး မသိသေးသော သူများအတွက် တစ်ဆင့်ခံ ပြန်လည်း ကြေငြာပေးတာပေါ့ဗျာ။

ဘုရား၊တရား အကြောင်းတွေ ၊ ဗဟုသုတတွေကို Up to Date တင်ဆက်ပေးသော ဘလော့ဂ်ကောင်းလေး တစ်ခု ဖြစ်ပါတယ်။

ဘလော့ဂ်ကို သွားလေ့လာမိတဲ့အခါ ဘလော့ဂ်ကို Contributors လေးယောက်စုပေါင်းကာ ရေးသားတာကို တွေ့မိပါတယ်။

မူကြိုဆရာ  

ကိုညီညီတင်  

ဉီးသိန်းဝေ  

တော်ဝင်နှင်းဆီ 


စသော ဓမ္မဘလော့ဂ်လေးယောက်က ဓမ္မနဒီမှာ ရေးသားသူများ ဖြစ်ပါတယ်။


ဘလော့ဂ်ကို ဖေ့ဘုတ်မှာလည်း Fan Page လေးကို Like တစ်ချက်နှိပ်ပြီးလည်း ကြည့်နိုင်မှာ ဖြစ်ပါတယ်။

Facebook Page Link က https://www.facebook.com/damanadi.tk

ဘလော့ဂ် လိပ်စာက  http://www.damanady.tk/ ပဲ ဖြစ်ပါတယ်။


ဓမ္မအသိများ တိုးပွားပါစေဗျာ..............



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com

Sunday, March 23, 2014

မြန်မာ အီလက်ထရောနစ် ဘလော့ဂ်





















ဒါလေးက ဘလော့ဂ် ကြေငြာလေးပေါ့နော့်။

ကျွန်တော် အင်တာနက် အသုံးပြုရင်း တွေ့မိသော ဘလော့ဂ်ကောင်းလေး တစ်ခု ဖြစ်ပါတယ်။

အီလက်ထရောနစ် အကြောင်းလေးတွေကို ဓိက ရေးသားသော မြန်မာဘလော့ဂ်တစ်ခု ဖြစ်ပါတယ်။

အီလက်ထရောနစ်ကို စိတ်ဝင်စားသော သူများအတွက် သွားရောက် ကြည့်သင့်သော ဘလော့ဂ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

မြန်မာမှာ အဲ့လိုမျိုး ဘလော့ဂ်က ရှားတာမို့ ကျွန်တော့် ဘလော့ဂ်ကနေပြီး မျှပေးလိုက်တယ်နော့်။

ဘလော့ဂ်လိပ်စာက

http://www.ourelectronicnote.blogspot.com/



စိတ်ဝင်စားရင် သွားရောက် ရှိုးလိုက်ပေါ့နော့်။


Posted By

<< HTAR WAIE THAR >>

Ko Ko Zaw ( BE-EC )  www.htarwaiethar.blogspot.com

Monday, February 24, 2014

ဖေ့ဘုတ်အကောင့်အခမဲ့ဝန်ဆောင်မှု Page လေးမိတ်ဆက်
















ကျွန်တော် ဖေ့ဘုတ်အသုံးပြုရင်းတွေ့မိလာသော Fan Page လေးတစ်ခု ဖြစ်ပါတယ်။

ဖေ့ဘုတ်အကောင့် အခမဲ့ဝန်ဆောင်မှုဆိုသော Page လေး ဖြစ်ပါတယ်။

ဖေ့ဘုတ်အကောင့်ဖွင့်ရတာ အဆင်မပြေသော သူငယ်ချင်းများ လွယ်ကူအဆင်ပြေစွာ အကောင့်များကို တောင်းယူနိုင်သော နေရာကောင်းလေးတစ်ခု ဖြစ်ပါတယ်။

သူငယ်ချင်းတို့မှာ ဖေ့ဘုတ်အကောင့်တစ်ခုရှိရင် အဆင်ပြေနိုင်သော နည်းလမ်းပဲ ဖြစ်ပါတယ်။

မရှိတော့လည်း ရှိတဲ့သူငယ်ချင်းကို အကူညီတောင်းပေါ့နော့်။

လင့်ခ်က https://www.facebook.com/AccDonationGroup ပဲ ဖြစ်ပါတယ်။


အဲ့ဒီ Page လေးကို Like လုပ်ပြီး အကောင်းများကို လွတ်လပ်စွာ တောင်းယူနိုင်ပါတယ်ခင်ဗျား။


အဆင်ပြေကြပါစေနော်.....




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Saturday, February 15, 2014

Android APK and နည်းပညာတွေလေ့လာနိုင်သော နေရာများ
















Android application များ အခမဲ့ ရယူနိုင်ခြင်း နှင့် IT & Mobile နည်းပညာများ လေ့လာနိုင်သော
websites တစ်ချို့ကို ရေးပေးလိုက်ပါတယ်။

www.andropalace.net ( ခိုးပြီးသားဂိမ်းများ ရယူနိုင်သည် )

www.slideme.org ( အသုံးဝင် app များစွာ ရယူနိုင်သည် )

www.apkmania.co ( အသစ်ထွက် app & games များ ရယူနိုင်သည် )

www.pro-apk.blogspot.com ( ခိုးပြီးသားဂိမ်းများ ရယူနိုင်သည် )

www.papktop.com ( apps & games များ ရယူနိုင်သည် )

www.1mobile.com ( free app & games များ ရယူနိုင်သည် )

www.apk4.net ( အသစ်ထွက် app & games များ ရယူနိုင်သည် )

www.apkfunclub.net ( အသစ်ထွက် app & games များ ရယူနိုင်သည် )

www.appsroid.com ( apps & games များ ရယူနိုင်သည် )

www.android.mob.org ( အသစ်ထွက်ဂိမ်းများ နေ့စဉ်တင်ပေးသည် )

www.forum.xda-developers.com ( Android သတင်းနှင့် နည်းပညာများ ဖတ်ရှုလေ့လာနိုင်သည် )

www.androidcentral.com ( Android သတင်း နှင့် နည်းပညာများ လေ့လာနိုင်သည် )

www.androidauthority.com ( Android latest သတင်းများ နှင့် နည်းပညာများ လေ့လာနိုင်သည် )

www.myanmarmobileapp.com ( apps , games နှင့် သတင်းများ ရယူနိုင်သည် )

www.freemyanmarandroidmarket.blogspot.com/p/market.html ( မြန်မာ app များ ရယူနိုင်သည် )
www.androidgame-software.tk ( apps & games များ ရယူနိုင်သည် )

www.facebook.com/happyandroidworld ( Page ကိုလဲ ကြေငြာမယ် .. App တွေ ရယူနိုင်သည် )

www.myanmarmobileapp.com ( Mobile သတင်း နှင့် နည်းပညာများ လေ့လာနိုင်သည် )

www.nyinaymin.org ( IT & Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.thitsankhant.com ( Mobile နည်းပညာများ လေ့လာနိုင်သည် )

www.maungpauk.org ( IT & Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.myanmarmobilesoftwaredeveloper.com ( Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.amyokaungtarr.com ( IT & Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.moiblehouse.blogspot.com ( Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.mmithelper.com ( IT & Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.pyaephyo.com ( IT နှင့် Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.myanmarmobilehelpergroup.com ( Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.blog.myanmarmobileusers.com ( Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.mmsoftwarecity.blogspot.com ( IT & Mobile software များ လေ့လာရယူနိုင်သည် )

Credit 》》》 ပျော်ရွင်စရာ Android ကမ္ဘာ



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Monday, February 10, 2014

အချိန်ပိုင်း ဓာတ်ပုံရိုက်ရင်း အပိုဝင်ငွေရှာကြရအောင်

















တကယ် ဓာတ်ပုံဆရာတွေအတွက်ရော၊ ၀ါသနာရှင်တွေအတွက်ရော ကိုယ်ရဲ့ စိတ်တိုင်းကျရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ တစ်ဖက်တစ်လမ်းက အပိုဝင်ငွေရှာဖွေနိင်ပါပြီ။

သိပ်ကြီးဓာတ်ပုံရိုက်ရာမှာ ကျွမ်းကျင်နေဖို့မလိုပါဘူး။ ကိုယ် ဓာတ်ပုံတွေကို တစ်ဆင်ခံပြန်လည်းရောင်းချနိင်အောင် ကုမ္ပဏီတစ်ခုက စီစဉ်ပေးထားတာ ဖြစ်ပါတယ်။
၀က်ဘ်ပေါ်မှာ တင်ပေးရုံပါပဲ။ ဒါဆိုရင်တော့ ကိုယ်ရိုက်ထားတဲ့ ပုံတွေကို အခြား သဘောကျနှစ်သစ်သူတွေက ၀ယ်ယူမယ်ဆိုရင် သင့် ၀န်ဆောင်ခ

ဒီအတွက် ၃၀ရာခိုင်နှုန်းရရှိမှာ ဖြစ်ပါတယ်။ ဒါဟာ တကယ်တမ်းအချိန်ပြည့် ဓာတ်ပုံရိုက်ခြင်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေသူတွေအဖို့ တော့ အဆင်ပြေမှာ မဟုတ်ပေမဲ့
၀ါသနာရှင်နဲ့ အချိန်ပိုင်း အပျော်တမ်း ဓာတ်ပုံဆရာတွေအတွက်ကတော့ အသုံးဝင်ကာ အပိုဝင်ငွေကို ဆောင်းနိင်မှာ ဖြစ်ပါတယ်။

Log in ၀င်ရာမှာလည်း facebook အကောင့်၊ ဂျီတော့ အကောင့် ၊ တွစ်တာ အကောင့် ကြိုက်ရာနဲ့ ၀င်နိင်ပြီး အခြားသူများရဲ့ ဓာတ်ပုံများကိုလည်း လေ့လာနိင်ဦး
မှာပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားရင်တော့ 5oopx.com မှာ ၀င်ရောက် ကြည့် ကြည့် လိုက်ပါဦးနော်။

http://prime.500px.com/

Aung Heine ( www.smart.com.mm )




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

Saturday, February 8, 2014

Programming ကို ကိုယ်တိုင်လေ့လာချင်ရင်















Programming ကို လေ့လာချင်တယ်။

ဘယ်မှာ လေ့လာရမလဲမသိဘူး ဆိုရင် ကိုယ့်ဟာကို လေ့လာချင်တယ်ဆိုရင်တော့ Online မှာလေ့လာရင် အကောင်းဆုံးပါဘဲ။

ကျောင်းတွေ သင်တန်းတွေမှာ သင်ပေးတယ်ဆိုတာ နည်းနည်းလေးပါ။ ဘာလဲဆိုတာ သိတယ်ဆိုယုံလေး သင်ပေးလိုက်တာပါ။

ကျန်တဲ့အပိုင်းတွေက ကိုယ့်ဟာကို ဆက်လေ့လာမှ ရမှာပါ။ ကျွန်တော်ဆို ကျောင်းမှာ ပထမ နှစ်တုန်းက Python ကိုသင်တယ်။

နောက်ပြီးတော့ HTML, CSS ပိုင်းလေးတွေ သင်ပေးတယ်။ နောင်နှစ်မှာတော့ Java ကိုသင်ပေးတယ်။

Networking လဲ ပါတာပေါ့။ သင်ပေးတယ်ဆိုတာ အားလုံးကို အသိ၊အတတ်သင်ပေးတာ မဟုတ်ဘူး။

အဲ့ဒါတွေက ဘာတွေလဲ၊ ဘယ်လို သုံးလို့ရတယ် ဆိုတဲ့ အခြေခံလေးတွေကို သင်ပေးတာ။

အခုဆို ကျွန်တော် တော်တော်များများ ကို ကြားဖူးနေပြီ။ သင်ဖူးနေပြီ။

လောလောဆယ်တော့ Data Structures and Algorithms ကို သင်ထားတယ်။ PHP သင်ပြီးပြီ။

တော်တော်များများ ကိုသင်ပြီးတော့ ကြားဖူးနားဝ ရှိနေပြီ။

အဲ့ဒါနဲ့ ကိုယ့်ဟာကို လေ့ကျင့်မယ်ဆိုပြီး လိုက်ရှာတော့ Online Programming Courses လေးတွေ ရှိတယ်။ ဒါနဲ့ အားလုံးကို သိအောင် ရေးပြီးတင်လိုက်တာ…

ဒါကတော့ Web Development အတွက်ပါ။   http://jsfiddle.net/

ဒါကတော့ Programming Language တော်တော်များများ ကို လေ့လာလို့ရပါတယ်။ http://code.he.net/

ဒါကတော့ java scripts ကိုလေ့လာချင်တဲ့ သူများအတွက် ပါ။ http://codecademy.com

နောင်ထက် ရှိသေးရင် ထက်တင်ပေးပါ့မယ်။ လောလောဆယ်တော့ ကျွန်တော် သိသလောက်လေတွေ တင်လိုက်ပါတယ်။ အားလုံးလည်း သိလို့ရှိရင် အောက်မှာ Comments ပေးပြီး ပြောခဲ့လို့ရပါတယ်။ ကျွန်တော် အားလုံးကို ကြိုဆိုပါတယ်။


အိုင်တီကိုကို။

Cracker ဖြစ်ချင်သူများအတွက် Myanmar Cracking Team













ကျွန်တော် ဒီတစ်ခါတော့ Myanmar Cracking Team လေး အကြောင်းကို ဘလော့ဂ်မှာ ရေးသားလိုက်ပါတယ်။

Myanmar Cracking Team နဲ့ ကျွန်တော်က အဆက်စပ်တွေရှိပါတယ်။

ကျွန်တော် ဘလော့ဂ်မရေးခင် ကာလမှာ ကျွန်တော် အင်တာနက်မှာ မွှေနှောက်ရင်းနဲ့ Myanmar Cracking Team ကို တွေ့မိပြီး စိတ်ဝင်စားစွာလေ့လာမိပါတယ်။

အခုချိန်ထိတော့ ကျွန်တော်က ဘာမှ ဖြစ်ဖြစ်မြောက်မြောက်တော့ မရှိသေးပါဘူး။

အလုပ်က တစ်ဖက်နဲ့မို့ ရတဲ့အချိန်လေးမှာ လေ့လာစရာ အနည်းငယ်ကိုပဲ လေ့လာနိုင်ပါတယ်။

ကျွန်တော် ဘလော့ဂ်စရေးတော့ ကပေါက်ကခြာ အတော်ကို နိုင်ပါတယ်။

ဘာကို ရေးရမှန်းမသိ၊ နည်းပညာလိုလို၊ ဆော့ဝဲလ်တွေပဲ ရေးရမလိုလိုနဲ့ အတော်ကို တိုင်ပတ်ပါတယ်။

အဲ့မှာ ကျွန်တော် ကို rhythm ( Myanmar Cracking Team ) ရဲ့ အကူညီတောင်းကြည့်မှ ကျွန်တော် ဘလော့ဂ်ကို ဘာအကြောင်းရေးရင် ကျွန်တော့်အတွက် ပိုသင့်တော်မယ်ဆိုတာ သိလာတာပါ။


Myanmar Cracking Team ရဲ့ လိပ်စာက

http://www.mmcrackingteam.org   ပဲ ဖြစ်ပါတယ်။ အဲ့ဒီဆိုက်ကတော့ Public Website ပေါ့နော့်။


အသင်းဝင်အနေနဲ့ Cracking ပညာရပ်များကို လေ့လာလိုပါက Myanmar Cracking Team Forum မှာ အသင်းဝင်နိုင်ပါတယ်။

ဖိုရမ်လိပ်စာက

http://www.myanmarcrackingteam.net/  ပဲ ဖြစ်ပါတယ်။


ကျွန်တော် Myanmar Cracking Team ၏ သဘောထားများကို ဗဟုသုတ အနေနှင့် မူရင်းအတိုင်းရေးပေးလိုက်ပါတယ်။


"
Myanmar Cracking Team ကို တည်ထောင်တာ တစ်နှစ်ပြည့်မြောက်တဲ့အချိန်မှာတော့ Myanmar Cracking Team အနေနဲ့ team ရဲ့ သဘောထားတွေကို အများသူငှာ သိရှိစေဖို့ အနည်းငယ် ရှင်းပြလိုပါတယ်။

(၁) Team ကို ဘာရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့သလဲ။

ကျွန်တော်တို့ မြန်မာပြည်မှာ မြန်မာလို ရေးသားဆွေးနွေးနိုင်တဲ့ cracking နဲ့ ပတ်သက်တဲ့ team တစ်ခု ရှိသင့်တယ်ထင်လို့ ကျွန်တော်တို့ အနေနဲ့ စုပေါင်းပြီး Myanmar Cracking Team ကို ထူထောင်ရခြင်း ဖြစ်ပါတယ်။

(၂) ဘယ်လိုဆော့ဖ်ဝဲလ်မျိုးတွေကို ခရက်လုပ်သလဲ။

ဘယ်လိုဆော့ဖ်ဝဲလ်မျိုးတွေကို ခရက်လုပ်သလဲဆိုတာကတော့ လက်ရှိ team member အရေအတွက် နည်းသေးတာကြောင့် တစ်ခုတည်းသောမူကိုတော့ ချမှတ်နိုင်ခြင်း မရှိသေးပါဘူး။ လောလောဆယ် Release ကဏ္ဍမှာ အောက်ပါအချက်များနဲ့ ညီညွတ်ရင် ခရက်လုပ်ပါတယ်။

    အွန်လိုင်းတွင် ခရက်ဖိုင် မရှိသေးခြင်း၊
    ခရက်လုပ်ရခက်သည့် ဆော့ဖ်ဝဲလ်ဖြစ်ခြင်း၊
    ခရက်လုပ်ခြင်း အရည်အသွေးကို တက်စေသည့် ဆော့ဖ်ဝဲလ်ဖြစ်ခြင်း၊
    သုံးစွဲသူအတွက် အသုံးတည့်သော ဆော့ဖ်ဝဲလ်ဖြစ်ခြင်း၊
    ကျူတိုရီရယ်သင်ခန်းစာများတွင် နမူနာအဖြစ်သုံးပြထားသော ဆော့ဖ်ဝဲလ်ဖြစ်ခြင်း၊
    ခရက်ကာကိုယ်တိုင် ခရက်လုပ်လိုသော ဆန္ဒရှိသည့် ဆော့ဖ်ဝဲလ်ဖြစ်ခြင်း၊
    Cracking Team များတွင် ခရက်ကာများမှ ခရက်လုပ်ရန်အတွက် အကြံဉာဏ်တောင်းခံထားသော ဆော့ဖ်ဝဲလ်ဖြစ်ခြင်း။

တစ်ခါတရံမှာတော့ ပို့စ်အရေအတွက် တက်အောင် လွယ်ကူတဲ့(အသုံးတည့်တဲ့) ဆော့ဖ်ဝဲလ်တွေကို ချွင်းချက်အနေနဲ့ ခရက်လုပ်ပါတယ်။ Team မှာ မန်ဘာအရေအတွက် နည်းပါးသေးတာကြောင့် အချို့မန်ဘာတွေဟာလည်း ခရက်လုပ်ဖို့ အချိန်အားလပ်ခြင်း မရှိသေးတာကြောင့် ခရက်လုပ်ဖို့ အလွန်ခက်တဲ့ ဆော့ဖ်ဝဲလ်တွေကို ခရက်လုပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒီလိုဆော့ဖ်ဝဲလ်တွေကို ခရက်လုပ်မယ်ဆို အနည်းဆုံး ၂ပတ်ကနေ တစ်လလောက် အချိန်ပေးရမှာဖြစ်ပါတယ်။

(၃) ခရက်ဖိုင် တောင်းခံလို့ ရပါသလား။

လောလောဆယ်မှာတော့ မန်ဘာအင်အား နည်းပါးသေးတာကြောင့် ခရက်ဖိုင် တောင်းခံခွင့် မရှိသေးပါဘူး။ အပေါ်မှာဆိုခဲ့သလို ခရက်ဖိုင် တောင်းခံတာဟာ အွန်လိုင်းမှာ ခရက်မရှိလို့ ဖြစ်ပါတယ်။ ခရက်မရှိတာဟာ ဆော့ဖ်ဝဲလ်ဟာ အသုံးနည်းတာကြောင့်သော်လည်းကောင်း၊ ခရက်လုပ်ဖို့ ခက်တာကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ ခရက်လုပ်ရခက်တဲ့ ဆော့ဖ်ဝဲလ်ကို တောင်းခံလာရင် ကျွန်တော်တို့အနေနဲ့ ဒီဆော့ဖ်ဝဲလ်ကို ခရက်လုပ်ဖို့ လနဲ့ချီပြီး အချိန်မပေးနိုင်သေးပါဘူး။ တစ်ခါတရံမှာတော့ မြန်မာဖိုရမ်အချို့မှာ မန်ဘာအချို့က တောင်းခံထားတဲ ဆော့ဖ်ဝဲလ်အချို့ကိုတော့ ကျွန်တော်တို့ ဆန္ဒရှိရင် ခရက်လုပ်ပါမယ်။ Myanmar Cracking Team မှာ ခရက်လုပ်ဖို့ တောင်းခံလာရင်တော့ ဘယ်ဆော့ဖ်ဝဲလ်ကိုမှ ခရက်လုပ်ပေးမှာ မဟုတ်ပါဘူး။ သင့်အနေနဲ့ သိထားရမှာက သင်ခရက်စေချင်တဲ့ ဆော့ဖ်ဝဲလ်ထက် ကျွန်တော်တို့ ခရက်လုပ်ဖို့ ဆန္ဒရှိတဲ့ ဆော့ဖ်ဝဲလ်ကိုသာ ခရက်လုပ်ပါတယ်။

(၄) ပြည်တွင်းဖြစ်ဆော့ဖ်ဝဲလ်တွေကိုကော ခရက်လုပ်မှာပါသလား။

ပြည်တွင်းဖြစ်ဆော့ဖ်ဝဲလ်တွေကိုတော့ ကျွန်တော်တို့အနေနဲ့ ခရက်လုပ်ပါတယ်။ ဘယ်လိုရေးထားသလဲဆိုတာ သိချင်လို့ပါ။ ပြည်တွင်းက ပရိုဂရမ်မာတွေရဲ့ အရည်အသွေးကို သိချင်လို့လည်း ပါပါတယ်။ ဒါပေမယ့် တွေ့ရှိတဲ့ အားနည်းချက်ကိုတော့ ဘယ်တော့မှ ထုတ်ဖော်မှာ မဟုတ်ပါဘူး။ ခရက်လုပ်ထားတဲ့ဖိုင်ကိုလည်း ဘယ်ဆိုက်မှာမှ တင်မှာ မဟုတ်ပါဘူး။ ချွင်းချက်အနေနဲ့ ဆော့ဖ်ဝဲလ် developer က team ကို ခရက်လုပ်ဖို့ စိန်ခေါ်ခဲ့ရင်ပဲဖြစ်ဖြစ်၊ သူတို့ဆော့ဖ်ဝဲလ်ဟာ ခရက်လုပ်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလို့ ပြောဆိုခဲ့ရင်ပဲဖြစ်ဖြစ် ဒီဆော့ဖ်ဝဲလ်ရဲ့ခရက်ကို တင်ပေးမှာဖြစ်ပါတယ်။ (ဆော့ဖ်ဝဲလ်ကိုတော့ တင်ပေးမှာ မဟုတ်ပါ။)

(မှတ်ချက်။ အစိုးရ ခွင့်ပြုချက် မရှိဘဲ တရားမဝင် ထွက်ရှိတဲ့ ပြည်တွင်းဖြစ်ဆော့ဖ်ဝဲလ်တွေရဲ့ အားနည်းချက်ကိုတော့ ဖော်ထုတ်ကောင်း ဖော်ထုတ်ပါမယ်။ ဒါပေမယ့် ခရက်ဖိုင်ကို ဆိုက်မှာ တင်ပေးမှာ မဟုတ်ပါဘူး)

(၅) ဆိုက်မှာ မန်ဘာအဖြစ် ဝင်ရောက်နိုင်ပါသလား။
ကျွန်တော်တို့ထက် တော်သည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ မြန်မာ cracking လောကကို တိုးတက်စေလိုသော ဆန္ဒရှိလျှင်၊ Myanmar Cracking Team တွင် သိရှိထားလိုသည်များကို မျှဝေပေးလိုသော ဆန္ဒရှိလျှင် မည်သူမဆို ကျွန်တော်တို့ team ကို ဝင်ရောက်နိုင်ပါတယ်။ ဆွေးနွေးနိုင်ပါတယ်။ ပို့စ်တင်ခြင်းမရှိတဲ့ မန်ဘာတွေကိုတော့ လက်မခံသေးပါဘူး။ မန်ဘာအနေနဲ့ ဝင်ရောက်လိုရင် thandana.cu@gmail.com (သို့) rhythm.myanmarcrackingteam@gmail.com သို့ ဆက်သွယ်နိုင်ပါတယ်။

(၆) မန်ဘာအနေနဲ့ ဝင်ရောက်ဆွေးနွေးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမှာလဲ။

Team ဟာ ငွေရေးကြေးရေးအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းထားတာ မဟုတ်တဲ့အတွက် သင့်အနေနဲ့ team ထံကနေ ဘာအကျိုးအမြတ်မှ ရရှိမှာ မဟုတ်ပါဘူး။ အခြား team တွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် ထုတ်ဝေတဲ့ သိသင့်သိထိုက်တာလေးတွေကိုတော့ မန်ဘာတွေကသာ ဖတ်ရှုနိုင်မယ့် အခွင့်အရေးကိုတော့ သင်ရရှိမှာဖြစ်ပါတယ်။ (မည်သူ့ကိုမှ ပညာ မဝေမျှလိုတဲ့ အကျင့်ပျက် ခရက်ကာတွေရှိတဲ့အတွက် အချို့သော လျှို့ဝှက်ချက်တွေကို team မန်ဘာများအတွက်သာ ရှယ်ယာလုပ်ခြင်း ဖြစ်ပါတယ်။)

(၇) Cracking skill တော့ နည်းပါသေးတယ်။ မန်ဘာအဖြစ် လက်ခံမှာပါလား။

ကျွန်တော်တို့လည်း cracking skill သိပ်မရှိသေးပါဘူး။ နိုင်ငံတကာက ခရက်ကာတွေနဲ့ နှိုင်းယှဉ်ရင် မိုးနဲ့မြေလို ကွာပါသေးတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့အနေနဲ့ အပြောကျယ်တဲ့ cracking လောကမှာ အကြောင်းအရာတစ်ခုတည်းကို သတ်သတ်မှတ်မှတ် မလေ့လာနိုင်သေးလို့ပါ။ မန်ဘာအဖြစ် လက်ခံဖို့အတွက်ကတော့ cracking skill နည်းခြင်း၊ မနည်းခြင်းဟာ အဓိက မကျဘဲ သိရှိထားသမျှကို မျှဝေပေးလိုတဲ့ ဆန္ဒကသာ အဓိကကျပါတယ်။ သင်ဟာ ခုချိန်မှာ newbie ဖြစ်ပေမယ့် နောင်တစ်ချိန်မှာ super cracker ဖြစ်လာနိုင်ပါတယ်။

(၈) သူများခရက်ဖိုင် rip လုပ်ခြင်းကို လက်ခံပါသလား။

Repost လုပ်ခြင်း (သူများခရက်လုပ်ထားသောဖိုင်ကို မိမိခရက်ဖိုင်အမည်ဖြင့် ပြောင်းလဲခြင်း)၊ RIP လုပ်ခြင်း (သူများခရက်လုပ်ထားသော ကုဒ်များအား ပြင်ဆင်အသုံးချခြင်း) ကို လုံးဝ(လုံး) လက်မခံပါ။ ခရက်ကာလောကမှာ ဒီကိစ္စဟာ အပြစ်အကြီးဆုံး ဖြစ်ပါတယ်။ သူများ ဘယ်လိုခရက်လုပ်သလဲဆိုတာ သင့်အနေနဲ့ လွတ်လွတ်လပ်လပ် ကြည့်ရှုလေ့လာနိုင်ပါတယ်။ တကယ်လို့ Rip လုပ်ခဲ့သည်ရှိသော် ဘယ်သူ ခရက်လုပ်ထားတဲ့ကုဒ်ကို ကူးချထားကြောင်း မှတ်ချက်နှင့်တကွ ဝန်ခံပေးပါ။ Request လုပ်ထားတဲ့ ဆော့ဖ်ဝဲလ်တွေမှအပ ကျန်ဆော့ဖ်ဝဲလ်တွေရဲ့ ခရက်ကို rip လုပ်တာကို team အနေနဲ့ လုံးဝ လက်ခံမှာ မဟုတ်ပါဘူး။  ဆော့ဖ်ဝဲလ်တစ်ခုကို ခရက်မလုပ်နိုင်တာဟာ ရှက်စရာမဟုတ်ပါဘူး။ RIP လုပ်တာကသာ ရှက်စရာ ဖြစ်ပါတယ်။ တကယ်လို့ repost လုပ်ခဲ့ရင်၊ credits မပေးဘဲ rip လုပ်ခဲ့ရင် team မန်ဘာအဖြစ်ကနေ ရာသက်ပန် ထုတ်ပယ်ခံရပါလိမ့်မယ်။

(၉) အခြား team က ဖြန့်ချီတဲ့ ခရက်ဖိုင်တွေကိုကော ရှယ်ယာပေးလို့ရပါသလား။

Cracking tool ကဏ္ဍကလွဲလို့ ကျန်တဲ့ကဏ္ဍတွေမှာ အခြားအခြားသော team တွေက ခရက်လုပ်ထားတာကို တင်ခွင့်မရှိပါဘူး။ Myanmar Cracking Team ဟာ Warez ဖိုရမ်မဟုတ်ပါဘူး။ ဆော့ဖ်ဝဲလ်ရှာဖွေရေးဆိုက် မဟုတ်ပါဘူး။ တကယ်လို့ Our Releases ကဏ္ဍမှာ ကျွန်တော်တို့ ခရက်လုပ်ထားတဲ့ဆော့ဖ်ဝဲလ်နဲ့ တိုက်ဆိုင်ခဲ့ရင် မှတ်ချက်အနေနဲ့ အခြား team တွေက ခရက်လုပ်ထားတဲ့ဖိုင်ကို တင်ပေးလို့ ရပါတယ်။

(၁၀) Team က ထုတ်တဲ့ ခရက်ဖိုင်တွေကို အခြားဖိုရမ်တွေမှာ ရှယ်ယာခွင့်ပြုပါသလား။

ဘယ်ခရက်ဖိုင်ကိုမဆို လွတ်လွတ်လပ်လပ် ရှယ်ယာလုပ်နိုင်ပါတယ်။ Myanmar Cracking Team ထံ ခွင့်တောင်းစရာမလိုသလို credits လည်း ပေးစရာမလိုပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ရဲ့ ခရက်တွေ၊ patch ဖိုင်တွေမှာ ကျွန်တော်တို့ရဲ့ အမှတ်အသားတွေ ထည့်ပေးလိုက်လို့ဖြစ်ပါတယ်။

(၁၁) Team က ထုတ်တဲ့ ခရက်ဖိုင်တွေကို Anti-virus တွေက trojan လို့ပြနေပါတယ်။

တစ်ခါတရံမှာတော့ ကျွန်တော်တို့ ဘယ်လိုခရက်လုပ်ထားတယ်ဆိုတာ မသိနိုင်အောင် ခရက်ဖိုင်ကို cryptor ဆော့ဖ်ဝဲလ်တွေနဲ့ protect လုပ်လိုက်ပါတယ်။ ဒီအခါ virus/trojan တွေနဲ့ signature (binary) ချင်း သွားတူပါတယ်။ ယုံကြည်စိတ်ချစွာ အသုံးပြုတာ မပြုတာက သင့်အပေါ်မှာပဲ မှီခိုပါတယ်။

(၁၂) အချို့ ခရက်ဖိုင်တွေဟာ ကောင်းကောင်း အလုပ်မလုပ်ပါဘူး။ ဘာဖြစ်လို့ပါလဲ။

ကျွန်တော်တို့ ခရက်လိုက်တဲ့ ခရက်တိုင်းဟာ စင်းလုံးချော ဖြစ်ချင်မှ ဖြစ်ပါမယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့အနေနဲ့ ဆော့ဖ်ဝဲလ်တစ်ခုကို ခရက်လုပ်တဲ့အခါမှာ အချိန်အများကြီး မပေးနိုင်လို့ ဖြစ်ပါတယ်။ အထူးသဖြင့် ဆော့ဖ်ဝဲလ်ကြီးတွေမှာနဲ့ registration ကို အကြိမ်ကြိမ် စစ်ဆေးတဲ့ ဆော့ဖ်ဝဲလ်တွေမှာ ဒီလို ခရက်မလုပ်တဲ့ ပြဿနာတွေ ရှိနိုင်ပါတယ်။ အလားတူ Windows 7 64 bit Edition တွေမှာလဲ ခရက်မလုပ်တာ ကြုံရနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ရဲ့ ခရက် အလုပ် လုပ်၊ မလုပ်ကို Windows XP SP3 နဲ့ Windows 7 SP1 တို့မှာပဲ စမ်းသပ်ထားလို့ ဖြစ်ပါတယ်။ တကယ်လို့ စင်းလုံးချော ခရက်ကို ရချင်တယ်ဆိုရင်တော့ တွေ့ကြံုရတဲ့ error တွေကို သက်ဆိုင်ရာတော့ပစ်အောက်မှာ ဖော်ပြပေးပြီး ပူးပေါင်းပါဝင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

(၁၃) Myanmar Cracking Team ကို ငွေကြေး တစ်စုံတစ်ရာ ထောက်ပံ့လို့ ရပါသလား။

ပထမအကြိမ် team ကို တည်ထောင်စဉ်က blog.com မှာ အခမဲ့ တင်ခဲ့ပါတယ်။ လက်ရှိဒိုမိန်းကိုလည်း မန်ဘာများ စုပေါင်းပြီး ဝယ်ယူလွှင့်တင်ခဲ့ပါတယ်။ Myanmar Cracking Team ကို ငွေးကြေးတစ်စုံတစ်ရာ ထောက်ပံ့လှူဒါန်းခြင်းဖြင့် team မှာ တစ်စုံတစ်ရာ အကျိုးများမယ်လို့ team အနေနဲ့ မယုံကြည်ပါဘူး။ တကယ်လို့ သင့်အနေနဲ့ လှူဒါန်းလိုခဲ့သည်ရှိသော် တကယ်လိုအပ်နေတဲ့ ပရဟိတလုပ်ငန်းတွေမှာ သွားရောက်လှူဒါန်းနိုင်ပါတယ်လို့ အကြံပြုချင်ပါတယ်။

(၁၄) ခရက်လုပ်တာဟာ တရားဝင်ပါသလား။ ခရက်လုပ်ခြင်းအားဖြင့် အရေးယူခံရနိုင်ပါသလား။

နိုင်ငံတကာစံနှုန်းအရ ခရက်လုပ်ထားတဲ့ဆော့ဖ်ဝဲလ်ကို အသုံးမပြုသရွေ့၊ မဖြန့်ချီသရွေ့တော့ ခရက်လုပ်တာဟာ တရားဝင်ပါတယ်။ ကျွန်တော်တို့လို ဝင်ငွေနည်းပါးတဲ့နိုင်ငံမှာ ဆော့ဖ်ဝဲလ်တွေ ဝယ်မသုံးနိုင်ကြသေးပါဘူး။ ခရက်တွေကို လူတိုင်းသုံးနေကြတုန်းပါ။ တကယ်လို့ ကျွန်တော်တို့လုပ်တာဟာ တရားမဝင်ဘူးလို့ အရေးယူခဲ့မယ်ဆိုရင်တော့ အရေးယူတဲ့သူတွေကိုလည်း တရားမဝင်ဆော့ဖ်ဝဲလ်တွေ သုံးတဲ့အတွက် ပြန်လည် တရားစွဲဆိုရမှာပါ။ ဒါကြောင့် ဒီကိစ္စဟာ ပူစရာမလိုပါဘူး။ Myanmar Cracking Team ဟာ ခရက်တွေကို ငွေကြေးအတွက် ခရက်နေတာ မဟုတ်ဘဲ ပညာရပ်တစ်ခုအနေနဲ့သာ လေ့လာနေခြင်းဖြစ်တဲ့အတွက် ပြည်တွင်းက ဆော့ဖ်ဝဲလ်ရေးသားနေတဲ့  developer တွေအတွက် အကျိုးတစ်စုံတစ်ရာ ထိခိုက်စရာ မရှိဘူးလို့ မြင်ပါတယ်။ ပြည်တွင်းဖြစ်ဆော့ဖ်ဝဲလ်တွေကို ခရက်လုပ်မိလို့ တရားစွဲဆိုခံရရင်တော့ သင့်ရဲ့တာဝန်သာ ဖြစ်ပါတယ်။ တကယ်တော့ ခရက်ကာတွေ၊ ဟက်ကာတွေ ရှိလို့သာ ဆော့ဖ်ဝဲလ် devloping ကဏ္ဍဟာ တရှိန်ထိုး တိုးတက်လာတာ ဖြစ်ပါကြောင်း ….

Myanmar Cracking Team

"



စိတ်ပါဝင်စားသူများ သွားရောက်လေ့လာနိုင်ပါတယ်နော့်။ ကျွန်တော်လည်း လေ့လာနေပါတယ်။


<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com