Showing posts with label (j) ပန်းသီးအသုံးပြုမှု ( Apple OS ). Show all posts
Showing posts with label (j) ပန်းသီးအသုံးပြုမှု ( Apple OS ). Show all posts

Friday, February 12, 2016

Apple iDevices ပေါ်ကနေ MP3 သီချင်းတွေ ဘယ်လိုဒေါင်းယူရမလဲ [Unjailbroken Jailbroken]


















 Apple iOS 9.x တွေပေါ်ကနေ MP3 သီချင်းတွေ ဒေါင်းယူချင်ရင် အောက်ဖေါ်ပြပါ နည်းလမ်းအတိုင်း အလွယ်တကူဒေါင်းယူနိုင်ပါတယ်... Jailbreak လုပ်ထားတဲ့ ဖုန်းရော Jailbreak လုပ်မထားတဲ့ ဖုန်းမှာရော အသုံးပြုနိုင်ပါတယ်..

နည်းလမ်းကတော့......

နမူနာအနေနဲ့ သုံးထားတဲ့  iDevices က iPhone 6s [Unjailbroken] ပါ.. iOS Version ကတော့ 9.2.1  ပါ...

Safari Browser ကို ဖွင့်ပြီး ....






Google Search မှာ Vshare လို့ ရိုက်ထည့်လိုက်ပါ...




www.vshare.com ကို နှိပ်ပါ....






Jailbreak လုပ်ထားတဲ့ iDevice ဆိုရင် Jailbroken ကို နှိပ်ပါ Jailbreak လုပ်မထားဘူးဆိုရင် ပုံပါအတိုင်း Unjailbroken ကို နှိပ်ပါ..






Install ...



Install .... ကိုနှိပ်ပြီး သွင်းပေးလိုက်ပါ...






အောက်ပါအတိုင်း vShare Store ဆိုတဲ့ နာမည်နဲ့ ဖုန်း Screen ပေါ်မှာ ရောက်လာပါလိမ့်မယ်...





အဲ့ဒီ vShare Store App ကို နှိပ်ပြီးဖွင့်ပါ.... Search ဆိုတဲ့ အမှတ်အသားလေးကို Click ပြီး...




iDownloader လို့ ရိုက်ထည့်ပြီး ရှာလိုက်ပါ...တွေ့ရင် ညာဖက်မှ Install ကိုနှိပ်ပါ..




iDownloadre ဆိုတဲ့ App လေး Phone Screen ပေါ် ရောက်လာပါလိမ့်မယ်




MP3 သီချင်းတွေဒေါင်းယူဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ..




iDownloadre App ကိုဖွင့်ပြီး နှစ်သက်ရာ သီချင်း (သို့) နာမည်ကိုရိုက်ထည့်ကာ ရှာလိုက်ပါ....




မျှားပြထားတဲ့ နေရာလေးကို နှိပ်ကာ...




ဒေါင်းယူနိုင်ပါပြီ....












အဆင်ပြေပါစေ...

အားလုံးကို လေးစားလျှက်

ဝင်းကမ္ဘာကျော်

www.winkabarkyaw.net








Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

Sunday, February 7, 2016

Chrome ဟာ Safari ထက် iOS မှာ ပိုမြန်လာတော့မလား




















 Apple ရဲ့ အိုင်ဖုန်းပေါ်မှာ လက်ရှိ အချိန်အထိ လူသုံးအများဆုံး Browser က Safari သာ ဖြစ်ပါတယ်။ Safari ဟာ Apple တို့ ပိုင်တဲ့ browser ဖြစ်ပြီး ဖြစ်ပြီး iPhone နဲ့အသင့်လျော်ဆုံး ဖြစ်အောင် ဖန်တီးထားတာကြောင့် အခြား ဘယ် Third Party browser မှ Safari ကို မယှဉ်နို်င်ခဲ့ ပါဘူး။

ယခု Chrome မှ ထုတ်ပြန်တဲ့ သတင်း အသစ်တစ်ခုအရ Chrome ဟာ Browser အတွက် အသုံးပြုတဲ့ အင်ဂျင်ကို ပြောင်းလဲလိုက်ပြီ ဖြစ်ပြီး အသုံးပြုရာမှာ ယခင်ကထက် များစွာ မြန်ဆန်မှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ Chrome ဟာ တစ်ချိန်မှာ Safari ထက် လူသုံးများတဲ့ Browser ဖြစ်လာလေမလားဆိုတာ စဉ်းစားစရာပါ။ Safari ကို MacBook ပေါ်မှာ အသုံးနည်း ကြပေမယ့် အိုင်ဖုန်းမှာကျတော့ မဖြစ်မနေကို အသုံးပြုနေကြ ပါတယ်။
Chrome ဟာ Google ရဲ့ ကုန်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ Apple အနေနဲ့ တရားမျှတဲ့ ယှဉ်ပြိုင်မှုကိုသာ ပြုလုပ်ပြီး Third Party Browser တွေကို တကယ်ပဲ အခွင့်အလမ်းပေးတယ်ဆိုရင် iPhone Browser War ဟာလည်း စိတ်ဝင်စားစရာတစ်ခုပဲ ဖြစ်ပါတယ်။
.
Ref: engadget
အောင်ခမ်း (MMAS)



Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

Saturday, February 6, 2016

iOS အတွက် အကောင်းဆုံးအခမဲ့ browsers




















အမှန်တွင် iOS အတွက် browser မရှိသည်မဟုတ်။ သုံးပျော်သော Safari browser ရှိသည်။ သို့သော် ယင်း browser တွင် စွမ်းဆောင်ရည် အကန့် အသတ်များလှသည်။ ပိုမိုစုံလင်သော စွမ်းဆောင်ရည်နှင့် ပိုမိုကောင်းမွန် သော လုပ်ဆောင်မှုတို့ကို အလိုရှိလျှင် အခြား browser တစ်ခုခုကို ပြောင်း၍ သုံးစွဲရပါမည်။ iOS အတွက် အခမဲ့အသုံးပြုနိုင်သော browser အနည်းဆုံး ဒါဇင်ဝက်မျှရှိသည်။ မည်သည့် browser တို့က အကောင်းဆုံးဖြစ်မည်နည်း။

<Google Chrome>
ပြောကြကြေးဆိုလျှင် Google နှင့် Apple က တဇောင်းစေးနှင့် မျက်ချေး။ Chrome သည် iOS အတွက် အကောင်းဆုံး browser မဖြစ်ဟုတွက်ဆသူတို့ ရှိကောင်းရှိမည်။ Google ၏အကောင်းဆုံး browser သည် Google က စိတ်ကြိုက်ထုတ်လုပ် ထားသော Android OS အတွက်သာ ဖြစ်သင့်သည်။ သို့သော် Chrome browser သည် iOS အတွက် အကောင်းဆုံးနေရာတွင် ရှိသော browser တစ်ခုဖြစ်လာမည်မှာအမှန်။iOS တွင် Chrome သည် အလွန်အသုံးဝင်သော browser ဖြစ်သလို မိုဘိုင်းသုံးအဖြစ် လွန်စွာ ရင်းနှီး လွယ်သော browser လည်းဖြစ်ပြန်ပါ၏။ tabs, history, password နှင့် bookmark တို့ကို လွှမ်းခြုံကာ Sync လုပ်နိုင်သော စွမ်းရည်ကလည်း နှစ်သက်ဖို့ကောင်းလှသည်။

နောက်ဆုံးထွက်ရှိထားသော Chrome browser က အမွမ်းအမြောက်စုံသည်။ Menu ကိုဖွင့်ပြီး Recent tab နေရာကို တစ်ချက် ခေါက်ကြည့်ပါ။ Google account နှင့် ချိတ်ဆက်ထားသော မိမိ၏ device ပေါင်းစုံဖြင့် မကြာသေးမီက ၀င်ထွက်သွား လာခဲ့သော Website များစာရင်းကို ဖွင့်ပြပါလိမ့်မည်။ ထိုသို့ပြသနိုင်စွမ်းရှိသော်လည်း ကိုယ်ရေး လုံခြံုမှုဖြင့် browser လုပ်နိုင် သော Incognito mode သည်အသုံးရလွယ်ပြီး အစွမ်းထက်နေဆဲဖြစ်ပါသည်။

Chrome သည် Opera mini ကဲ့သို့ပင် web page အတွင်း natural ရှိ စာသားကို Search ဖြင့်ရှာဖွေရန် ခွင့်ပြုထားပါသည်။ အသံဖြင့်ရှာဖွေနိုင် သော Voice searching ကိုလည်း အသင့်ထည့် သွင်းပေးထားပါသည်။ Microphone icon ကို တစ်ချက်ခေါက်ပြီး အသင့်သုံးရုံသာရှိပါသည်။ သုံးစွဲရလည်းမခက်ပါ။ မိမိရှာလိုသည်က BBC News ဆိုပါစို့ ယင်းစာလုံးကို ရွတ်ဆိုလိုက်ရုံဖြင့် Search result ထဲတွင် ယင်း Website ကိုပြသပေးပါမည်။
Chrome သည် ဉာဏ်ရည်ရှိသော browser ဖြစ်သည်။ ယင်းတွင် Voice recognition စွမ်းဆောင်ရည်ရှိသည်။ ထို့ကြောင့် natural Language ဖြင့် ရှာဖွေသည်တို့ကို မှတ်မိသိရှိနိုင်စွမ်းရှိသည်။ မိမိ၏ Location Service ကိုဖွင့်ထားပြီးနောက် browser က အသိအမှတ်ပြုထားသော စားသောက်ဆိုင် ယနေ့ဖွင့်မဖွင့်ကို မေးကြည့်နိုင်သည်။ ပိတ်သည်ဆိုလျှင် ပိတ်သည့် အကြောင်း browser ကပြန်ပြောပါလိမ့်မည်။

ဒုတိယနေရာတွင်ရှိသော Opera mini နှင့် တတိယနေရာတွင်ရှိသော Firefox တို့သည် ယင်းသို့သောစွမ်းဆောင်ရည်မျိုးမရှိပါ။Browser ထဲတွင် ပွတ်ဆွဲ၍သုံးခြင်းကို ကောင်းစွာအထောက်အပံ့ပေး သည့်အပြင် နောက်ဆုံး ထွက် iPhone 6S နှင့် 6S Plus တို့တွင် 3D touch ကိုပါ အထောက်အပံ့ ပေးပါသည်။ Chrome ထဲတွင် tab တစ်ခုကို incognito mode ဖြင့် ဖွင့်ပေးရန် စေခိုင်းနိုင်သည်။ အသံဖြင့် ရှာဖွေမှုပြုလုပ်ရန် tab အသစ် ဖွင့်ပေးဖို့လည်း စေခိုင်းနိုင်သည်။ Chrome သည် Opera mini မှာကဲ့သို့ပင် Web page များကို အခြား browser တို့ထက် အတန်အသင့်မြန်အောင် ဆွဲတင်ပေးနိုင်သည်။

 Wi-Fi အင်တာ နက်ကို မသုံးသည့်အခါ ဤကိစ္စက ပို၍သိသာလာသည်။ ထို့ပြင် iOS device ကို Screen ကြီးတစ်ခုဖြင့် ချိတ်၍ ကြည့်နေလျှင် ယင်း website ကို မိုဘိုင်းအရွယ်အစားဖြင့်မဟုတ်ဘဲ Full Size ဖြင့် ပြသပေးရန်လည်း တောင်းဆိုနိုင်သည်။iOS သုံး Chrome browser သည် အားသာချက်အမြောက်အမြား ရှိသော်လည်း အားနည်းချက် အချို့ လည်းရှိပါသည်။ webpage တစ်ခုရှိ ရှုပ်ပွနေသောအရာများမပါ၀င်စေဘဲ ရှင်းရှင်းလင်းလင်းစာဖတ်နိုင်စေမည့် reader mode မပါ၀င်ခြင်းကား အားနည်းချက်တစ်ခုဖြစ်သည်။ tab အများအပြားတစ်ပြိုင်တည်း ဖွင့်ထား သည့် အခိုက်တွင် Scroll လုပ်ခြင်းမှာ အလွန်မြန်သောကြောင့် မိမိရှာလို သော tab တစ်ခုအား ပွတ်ရှာရင်း ကျော်ထွက်သွားနိုင်သည်။ ယင်းကို တည်ငြိမ်အောင်ပြုပြင်သင့်သည်။ထို့ပြင် Version ကြီးတစ်ခုပြောင်းတိုင်း အဓိကကျသော function များအား အမြဲအထိုင်ပြောင်းနေမည့်အစား User interface ကို တည်တည်ငြိမ်ငြိမ်ထားသင့်ပါသည်။

<Opera mini>
www.bit.ly/opmini388 မှ download ချပြီးအသုံးပြုနိုင်ပါသည်။ iOS အတွက် အသုံးပြုနိုင်သော အကောင်းဆုံး browser တို့အနက် ဒုတိယ နေရာတွင်ရှိနေသည်။ Opera miniဟုဆိုထားသည့်အတိုင်း ပင်ရင်း Opera mini ကြီးထက် အရွယ်အစားငယ်ပြီး အသုံးပြုရသည်မှာ ပို၍ပေါ့ပါးသည်။ အရွယ်အစားငယ်သော browser ဟုဆိုသော်လည်း Chrome နှင့် Firefox တို့တွင် မတွေ့နိုင်သော Function အချို့ကို ယင်းထဲတွင် တွေ့နိုင်သည်။

ပမာအားဖြင့်ဆိုသော် ယင်းအထဲတွင် built-in theme အများအပြားပါသည်။ လိမ္မာပါးနပ်စွာ ဒီဇိုင်းဆင်ထားသော homepage ကြောင့် history, Speed dial (favourites)နှင့် discover tab များတွင်လက်ဖြင့်ပွတ်ဆွဲပြီး လိုသည့် နေရာသို့သွား နိုင်သည်။ Discover သည် သက်ဆိုင်ရာနိုင်ငံအလိုက် အရေးကြီးသတင်းတို့ကို အကြောင်းအရာခေါင်းစဉ်(၁၄) မျိုးဖြင့် ခွဲခြား ပြသသောနေရာဖြစ်သည်။ ယင်းထဲတွင် အနုပညာသတင်းများမှသည် ခရီးသွားသတင်းဆောင်းပါးများအထိ ဖတ်ရှုနိုင်သည်။Opera mini ၏ history function သည် Chrome နှင့် Firefox browser နှစ်ခုတို့ထက် ပို၍ ကောင်းသည်။ Site တစ်ခု၏ homepage အောက်ထဲတွင် Subpage များကို ပါ သေသေသပ်သပ်ထည့်သွင်းခွင့်ပြသနိုင်သောကြောင့်ဖြစ်သည်။ BBC News ကဲ့သို့သော သတင်း Website တစ်ခုရှိ သတင်းပေါင်းစုံတို့ကို လှည့်ပတ်ဖတ်ရှုနိုင်သည့်အခါ Sub-page စွမ်းဆောင်ချက်၏ အရေးပါပုံကို သတိပြုမိနိုင်ပါသည်။

webpage တို့အား favourite အဖြစ် သတ်မှတ်ပြီး Speed dial ထဲသို့ ဆွဲထည့်ခြင်း သည် လွယ်ကူသည်။ ထို့ပြင် URL တို့အား Keyboard ဖြင့် edit လုပ်ရန်အတွက် အလွန်အဆင်ပြေစွာ highlight လုပ်ပေးနိုင်သော စွမ်းဆောင်ရည်ကောင်းလည်း ရှိသည်။Opera mini ၏စွမ်းဆောင်ရည်သည် အလွန်ချောမွေ့သည်ဟုဆိုနိုင်သည်။ tab နှင့် page များအကြား လက်ဖြင့် ဆွဲပွတ် ပြီး သွားလာရာ၌အထူးကောင်းမွန်ပါသည်။ Chrome browser တွင် page များအကြား animation များခံထားခြင်းထက်စာလျှင် Opera mini ၏ page များ က ပို၍ချောမွေ့ပြီး နှစ်သက်ဖွယ်ကောင်းပါသည်။ ထို့ပြင် Chrome နှင့် Firefox တို့ကဲ့သို့ပင် account တစ်ခုဖွင့်၍သုံးစွဲပါက Opera mini သည် မိမိ၏ bookmark များ၊ tab များနှင့် history များကို မိမိသုံးသမျှ device များတွင် Sync လုပ်ခွင့်ပြုပါသည်။

<Firefox>
www.bit.ly/zz388 မှ download ချပြီး အသုံးပြုနိုင်သည်။ iOS ထဲတွင် Firefox သုံးနိုင်သည်မှာ မကြာလှသေးပါ။ သို့သော် ကနဦးမှာပင် ကျေနပ် ဖွယ်ရလဒ်များကို ပေးနိုင်ခဲ့ပါသည်။ Browser, tab, history နှင့် password များကို Sync လုပ်ပေးနိုင် သော tool သည် စ၍သုံးသည်နှင့်ပင် အထင် အမြင်ကြီးစေပါသည်။ Firefox သည် တစ်ပြိုင်တည်းဖွင့်ထားသော tab များစွာကို ဖွင့်လျက်သား tab များအဖြစ် ပြသပေးသည်။ ယင်းတို့ကို ကတ်ငယ်များအဖြစ် မြင်ရပါမည်။ tab များကိုထပ်ပြီးပြသော Chrome ထက်စာလျှင် သီးခြား tab များအဖြစ် ပြခြင်းက ပို၍ထိရောက်သည့်အပြင် Opera mini တွင်သုံးသော 3D version ထက်လည်း ပို၍ခေတ်မီပါသည်။

အမြန်နှုန်းခြင်းယှဉ်လျှင်လည်းကောင်း၊ စွမ်းဆောင်ရည်ခြင်းယှဉ်လျှင် လည်းကောင်း Firefox သည် Chrome နှင့် Opera mini တို့လိုပင် ကောင်းပါ သည်။ ဤ browser သုံးမျိုးလုံးသည် Safari browser ထက် အလုပ်လုပ်ပုံပို၍ သွက်လက်ပါသည်။ Firefox တွင် default search engine သတ်မှတ်ရန် ကိစ္စသည် လွယ်ကူသကဲ့သို့ ကြော်ငြာများ ပိတ်ဆို့သည့်ကိစ္စကလည်း လွယ်ကူပါသည်။ ကောင်းချက်မှာ ဤ browser တွင် Reader mode ပါခြင်းကြောင့် webpage ထဲမှ ရှုပ်ထွေးသည့်အရာများကို ဖယ်ရှားပြီး ဖတ်ရ မည့်စာကိုသာ အာရုံစိုက်ဖတ်ရှုစေနိုင်ပါသည်။Reader Mode တွင်ထားပြီး ဖတ်ရှုသည့်အခါ text များအား စီမံထိန်းချုပ်ခွင့်ပေးသည့်အပြင် နောက်ခံကို အဖြူ၊ အမည်း နှင့် အညိုဖျော့ရောင်တစ်ခုခုတွင် ထားပြီးဖတ်ရှုနိုင်သည်။ Reader Mode မပါသော Chrome နှင့် Opera mini browser တို့ ထက် စာလျှင် ဤစွမ်းဆောင်ချက်က သဘောကျစရာဖြစ်ပါသည်။ အားနည်းချက် အနေဖြင့် Firefox တွင် အသံဖြင့်ထိန်းချုပ်ခိုင်း စေသော လုပ်ဆောင်ချက် မပါခြင်း၊ Setting ၀င်ရောက်ရာတွင် ရှုပ်ထွေးခြင်းစသည်တို့ကို တွေ့ရပါ သည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.org

Wednesday, February 3, 2016

iPhone တို့ကြွေကျချိန်နှင့် Apple ၏ ဦးတည်ရာ



















၂၀၁၅ ခုနှစ်အတွင်း Apple ကုမ္ပဏီ၏ကျေနပ်အားရစရာဘဏ္ဍာရေး လည်ပတ်မှုများကိုတွေ့မြင်ခဲ့ရသော်လည်း လက်ရှိ ၂၀၁၆၊ ဇန်နဝါရီလ မှာတော့ မထင်မှတ်သော အပြောင်းအလဲများပေါ်ပေါက်လာခဲ့သည်။ အခြား တော့မဟုတ်။ Apple ၏ စတော့ ရှယ်ယာတန်ဖိုး ဒေါ်လာ ၁၀၀ အောက်သို့ ရောက်ရှိသွားခဲ့ခြင်းပင်ဖြစ်သည်။ ပြီးခဲ့သောနှစ်၊ မေလအတွင်းက Apple ၏ ရှယ်ယာ တစ်စုတန်ဖိုးမှာ ၁၃၂ ဒေါ်လာအထိရှိခဲ့ရာမှ ယခုအခါ ဒေါ်လာ ၁၀၀ အောက်သို့ကျဆင်းခဲ့ခြင်းမှာ အံ့အားသင့်စရာအပြောင်းအလဲ တစ်ရပ် ဖြစ်လာခဲ့သည်။ ထို့အပြင် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း Apple ရှယ်ယာတန်ဖိုးမှာ ပထမဆုံးအကြိမ် ဒေါ်လာ ၁၀၀ အောက်သို့ ကျဆင်း ခဲ့ခြင်းလည်းဖြစ်လေသည်။ ဘီဘီစီသတင်းဌာန၏ဖော်ပြချက်အရ Apple ၏ ရှယ်ယာတန်ဖိုးကျဆင်းမှုသည် အဓိကထုတ်ကုန် iPhone များ ရောင်းအား ကျဆင်းမှုနှင့် အဓိကဆက်စပ်နေကြောင်းသိရသည်။

 ဘဏ္ဍာရေးနှစ်၏ပထမ ၃ လ ပိုင်းအတွင်း Apple ၏ iPhone အလုံးရေ ရ၄ .၈ သန်းရောင်းချနိုင်ခဲ့ပြီး ယမန်နှစ်က ရောင်းထွက်ခဲ့သော iPhone အလုံးရေမှာလည်း ရ၄ . ၅ သန်း ရှိခဲ့ရာ သိသိသာသာတိုးတက်မလာခဲ့ပေ။ ထို့ကြောင့် ၂၀၁၆ ခုနှစ်သည် Apple အတွက် လာခြင်းကောင်းသောနှစ်တစ်နှစ်ဖြစ်ပါ့မလား ဆိုတာကို ဟိုမှသည်မှ မေးခွန်းထုတ်လာခဲ့ကြပြီ။ ယခုနှစ်အတွင်း Apple တို့အနေဖြင့် iPhone အပါအဝင် ထုတ်ကုန်ပစ္စည်းများ အလျှံပယ် ရောင်းချရဖို့မသေချာ တော့သည့်အနေအထားရှိလာခဲ့ပြီး ၀င်ငွေစံချိန်တင်သော ခရစ္စမတ်ကာလ စျေးကွက်များကို လည်း ထပ်မံမျှော်လင့်၍မသင့်တော့ပေ။ သို့ဖြစ်ရာ လာမည့်လများ၌ Apple ၏ရင်းနှီးမြှုပ်နှံသူများအတွက် အိပ်မပျော်သော ညများကြုံတွေ့ရဖို့က သေချာသလောက်ရှိနေလေပြီ။

<ထုတ်ကုန်သစ် လိုအပ်နေခြင်းလား>
လွန်ခဲ့သောအောက်တိုဘာလမှစ၍ Apple မှ ထုတ်ပြန်လိုက်သော ဘဏ္ဍာရေးအချက်အလက်များအရ iPhone များ ရောင်းချခြင်းမှရရှိသော ၀င်ငွေသည် ကုမ္ပဏီတစ်ခုလုံးစုစုပေါင်းဝင်ငွေ၏ ၆၃ ရာခိုင်နှုန်းရှိထား ကြောင်း သိလိုက်ရသည်။ တကယ် တော့ Apple သည် Customer များထံ ၀င်ငွေရပေါက်ရလမ်းများစွာ ပိုင်ဆိုင်ထားသောနည်းပညာ ကုမ္ပဏီကြီး တစ်ခုပင်။ လူ ပေါင်းများစွာသည် Apple ထံမှ Apps ဆော့ဝဲများဝယ်ကြ သည်။ Apple Music တွင်ငွေသုံးစွဲကြသည်။ အခြားသောဝန်ဆောင်မှု များမှ တစ်ဆင့် ၀င်ငွေရတန်သလောက်ရသော်လည်း iPhone ရောင်းချခြင်းသည် သာ ကုမ္ပဏီ၏အဓိကစီးပွားရေးဖြစ်ခဲ့၏။ ယခု ကဲ့သို့ iPhone ရောင်းအား ကျဆင်းလာချိန်မျိုးတွင် Apple စီးပွားရေးကျဆင်းလာလိမ့်မည်ကိုလည်း ကြိုတင်သိရှိနိုင်ကြပါလိမ့်မည်။ iPhone ရောင်းအားအကျဘက် သို့ ရောက်လာ ချိန်တွင် Apple ၏ ကံကြမ္မာကိုထပ်မံပြောင်းလဲပေးနိုင်လောက်မည့် အခြား ထုတ်ကုန်သစ်တစ်ခုခုကိုလည်း တွေ့မြင်ရခြင်းမရှိသေးပါ။ Mac ကွန်ပျူတာ များ၏ ရောင်းအားမှာ ခေတ္တခဏမြင့်မားလာခဲ့သေး သော်လည်း စာရင်းချုပ် လိုက်ချိန်တွင် စုစုပေါင်းဝင်ငွေ၏ ၁၃ ရာခိုင်နှုန်းသာရှိခဲ့သည်။ iPad များက တော့ ၈ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ထိုမျှလောက်ရှိခဲ့ခြင်းသည်ပင် မကြာသေး ခင်က စျေးကွက်သို့ချပြခဲ့သော iPad Pro ထုတ်ကုန်သစ်များကြောင့်ဖြစ်ဟန် တူသည်။

iPad Pro သည် ပိုမိုမြင့်မားသောဗားရှင်းနှင့်အတူ Keyboard ၊ စာရေးတံတို့နှင့်အတူ ဖောက်သည်အများစု ၏ အထင် ကြီးလေးစားမှုကို အရယူနိုင်ခဲ့ပြီး ရောင်းအားကောင်းမွန်ခဲ့သော်လည်း Apple ၏ စီးပွားရေး ကို ကျားကန်မပေးနိုင်ခဲ့ပေ။

မကြာသေးခင်ကာလအတွင်း Apple ၏ထုတ်ကုန်သစ်၏ ဆိုနိုင်မည့် လောက်လောက်လားလားပစ္စည်းကိုပြပါဆိုလျှင် Apple Watch ကိုသာ ပြရပေလိမ့်မည်။ သို့သော် Apple Watch သည် စီးပွားရေးအရ အားမကိုး လောက်သေးသော၊ လူတန်းစေ့ အသုံးမပြုကြသေးသော သီးခြားထုတ်ကုန် အတန်းအစားထဲတွင် ပါ၀င်နေသည်ကိုတွေ့ရသည်။ တစ်နည်းအားဖြင့် Apple Watch သည် iPod၊ Beats အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော နားကြပ်များကဲ့သို့ မဆိုစလောက်စျေးကွက်လွှမ်းမိုးမှုအတိုင်း အတာကိုသာ ပိုင်ဆိုင်ထားသေးသည်မဟုတ်ပါလား။ အဆိုပါ Apple Watch၊ iPod နှင့် Beats တို့ပါ၀င်သောသီးခြားနည်းပညာ ထုတ်ကုန်ပစ္စည်းများသည် ကုမ္ပဏီ ၀င်ငွေ၏ ၆ ရာခိုင်နှုန်းကိုသာ ထောက်ပံ့ထားနိုင်သည်ကိုတွေ့ရ၏။

<တရုတ်စျေးကွက်နှင့် Apple ၏အလောင်းအစား>
လက်ရှိအခြေအနေအရ Apple ၏တရုတ်စျေးကွက်အတွင်းရှာဖွေ ရရှိသော ၀င်ငွေသည် ဥရောပတစ်ခွင်မှ ရရှိသော အကျိုးအမြတ်ထက် ပိုမိုများပြား လာခဲ့သလို အမေရိကစျေးကွက်မှရရှိသောငွေပမာဏထက်လည်း ကျော်လွန်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် FBR Capital Markets မှ Apple ၏ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်သည့် Daniel Ives က “တရုတ်စျေးကွက်သာ ပြိုလဲရင် Apple လည်း ယိုင်ဆင်းသွားမှာပဲ။ တရုတ်စီးပွားရေးစျေးကွက် ရဲ့တိုးတက်ထွန်းကားမှုအပေါ် Apple က ကြီးမားတဲ့ အလောင်းအစား တစ်ရပ် ပြုလုပ်ထားတာပါ”ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။ အမှန်တကယ်လည်း ပြီးခဲ့သောနှစ်အတွင်း Apple တို့ရရှိခဲ့သည့် အကျိုးအမြတ်အားလုံးနီးပါးသည် တရုတ်စျေးကွက်ကျယ်ပြန့်လာမှုကြောင့် ရရှိခဲ့သော ၀င်ငွေများပင်ဖြစ်၏။ တရုတ်စျေးကွက် ကျယ်ပြန့်လာခြင်းဆိုရာဝယ် တရုတ်နိုင်ငံတွင် Apple စတိုးဆိုင်များတိုးချဲ့ဖွင့်လှစ်လာနိုင်ခြင်းနှင့် iPhone အသုံးပြုသူ တရုတ် ဖောက်သည်သစ်များ ပိုမိုရရှိလာခြင်းတို့ အပါအဝင်ဖြစ်သည်။ သို့ရာတွင် အားလုံးသိကြသည့်အတိုင်း ပြီးခဲ့သောနှစ်အတွင်း စတော့ စျေးကွက် အပါအဝင် တရုတ်စီးပွားရေးမတည်မငြိမ် ဖြစ်ခဲ့ခြင်းက ကမ္ဘာ့စီးပွားရေး အပေါ် ဆိုးကျိုးသက်ရောက်မှုရှိခဲ့သည်။ အလားတူပင် Apple အပေါ်လည်း ဆိုးကျိုးသက်ရောက်ခဲ့ လေသည်။
တရုတ်စျေးကွက်၏ စွမ်းဆောင်ရည်ကျဆင်းသည်နှင့်အမျှ ယင်းစျေးကွက် တွင် Apple လည်း ရေရှည်ရပ်တည်နိုင်ရန် ခက်ခဲမည်သာ။ အခြားတစ်ဘက် တွင် Apple ရှယ်ယာရှင်နှင့်စီးပွားရေးသုံးသပ်သူအများစုကတော့ တရုတ် စီးပွားရေးသည် Apple ကုမ္ပဏီရေရှည်တည်တံ့ရေးအတွက် အဓိကမကျလှ ကြောင်း ရှုမြင်ထားကြလေသည်။ အဘယ်ကြောင့် တရုတ်တစ်နိုင်ငံလုံးတွင် Apple စတိုးဆိုင်ပေါင်း ၃၀ ခန့်သာရှိထားပြီး အမေရိကရှိ ကယ်လီဖိုးနီးယား ပြည်နယ်တစ်ခုတည်းတွင်ပင် စတိုးဆိုင် ၅၃ ဆိုင် အထိ ဖွင့်လှစ်ထား နိုင်သောကြောင့်ဖြစ်သည်။

<Apple ၏အနာဂတ်ကို ခန့်မှန်းခြင်း>
တကယ်တော့ Apple လိုကုမ္ပဏီမျိုး၏အနာဂတ်ကို ခန့်မှန်းခြင်းသည် အန္တရာယ်ကြီးသောကိစ္စပင်ဖြစ်သည်။ iPhone များနှင့်ပတ်သက်၍ အမှတ် မထင်ဝေဖန်ခဲ့ဖူးသော Microsoft စီအီးအိုဟောင်းစတိဗ်ဘောမားသည်ပင် သူ၏မှတ်ချက်စကား တစ်ခွန်းကြောင့် သိက္ခာကျခဲ့သေးသည် မဟုတ်ပါလား။ iPhone များစတင်ပေါ်ထွက်လာချိန်တွင် iPhone တွေဟာ အီးမေးလ် အတွက်သုံးသင့်တဲ့ပစ္စည်းတွေမဟုတ်ပါဘူး။ လူတိုင်းမှာ BlackBerry နဲ့ Nokia တို့ရှိနေပြီပဲ ဟုဆိုခဲ့သော၎င်း၏စကားသည် ယနေ့ခေတ်တွင် ရယ်သွမ်းသွေးစရာအဖြစ်သာ ကျန်ရှိတော့လေသည်။ သို့သော် Apple နှင့်ပတ်သက်၍ လက်ရှိ ၂၀၁၆ ခုနှစ်အတွင်းအလားအလာများကို မယုတ် မလွန်ခန့်မှန်းရပါမူ-
- နားကြပ်ကြိုးဂျက်ပင်ပေါက်မပါ၀င်တော့သော မျိုးဆက်သစ် iPhone 7 ထွက်ပေါ်လာပြီး စျေးကွက်ရောင်းအားတစ်ရှိန်ထိုး တက်သွားနိုင်ဖွယ် ရှိသည်။ (နားကြပ်ကြိုးနှင့် ဂျက်ပင်ပါသောဒီဇိုင်းလည်း ဖြစ်နိုင်သည်။)
- 5SE ဟုအမည်ပေးထားသောတန်ဖိုးနည်း iPhone သစ်တစ်မျိုး ပေါ်ထွက် လာဖွယ်ရှိပြီး ဖွံဖြိုးဆဲနိုင်ငံများတွင် ရေပန်းအစားဆုံး စမတ်ဖုန်းတစ်မျိုး အဖြစ် နေရာရလာနိုင်သည်။ အထူးသဖြင့် အိန္ဒိယစျေးကွက်တွင် အပေါက်ဆုံး စမတ်ဖုန်းဖြစ်လာနိုင်သည်။

- အခြားနည်းပညာကုမ္ပဏီများကို သိမ်းပိုက်စည်းရုံးခြင်းအားဖြင့် Apple မှအသစ်ထပ်မံဖောက်လုပ်သော နည်းပညာ စီးပွားရေး လမ်းကြောင်းသစ် တစ်ရပ်ကို တွေ့မြင်ရဖွယ်ရှိနေသည်။ ဥပမာအားဖြင့် Apple ၏ ရင်းနှီးမြှုပ်နှံ သူ Daniel Ives ကတော့ အင်တာနက်ရုပ်သံလိုင်း Netflix ကို Apple တို့ဝယ် ယူပြီး စတော့စျေးကွက်ကိုပါ ကိုင်လှုပ်လိမ့်မည်ဟု ခန့်မှန်းထားလေသည်။

- နောက်ဆုံးအနေဖြင့် လမ်းမပေါ်တက်လာသော Apple ၏ နည်းပညာ ကိုလည်း မြင်တွေ့ရရန်နီးစပ်နေပြီဖြစ်သည်။ Apple သည် ယခင်ကတည်းက မော်ဒယ်မြင့်ကားများတွင် ထည့်သွင်းအသုံးပြုနိုင်သည့် iOS သုံး CarPlay ဆော့ဝဲထုတ်လုပ်ထားပြီး လက်ရှိအချိန်တွင် မောင်းသူမဲ့ကားများ၊ စမတ်ကား များကို ဖန်တီးထုတ်လုပ်နိုင်တော့မည်ဟု သတင်းများက ဖော်ပြလျက်ရှိ သည်။ ရင်းနှီးမြှုပ်နှံသူများကတော့ စီးပွားရေး သမားများပီပီ Apple ၏ အပြောင်းအလဲများကို လိုချင်တောင့်တကြပေမည်။



Ref : (Apple in 2016: Is the mighty iPhone in decline? - by Dave Lee)
ကိုဆွဲ(မုံရွာ)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


Posted By

<<  Zaw Lay  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.org

Saturday, June 13, 2015

iOS 9 တွင် ပါဝင်လာမည့် အကောင်းဆုံး feature သစ် (၅) မျိုး






















iOS 9 တွင် ပါဝင်လာမည့် အကောင်းဆုံး feature သစ် (၅) မျိုး
=========

အင်တာနက်လိုင်းက မမိတော့လို့ ပို့စ်တင်တာ နည်းနည်းနောက်ကျသွားပါတယ်နော့်။ ခွင့်လွတ်စေချင်ပါတယ်။

Apple သည် တနင်္လာနေ့က ကျင်းပခဲ့သော WWDC 2015 တွင် နှစ်ကုန်ပိုင်း၌ မျိုးဆက်သစ် iPhone များနှင့်အတူ ဖြန့်ချိမည့် iOS ဗားရှင်းသစ်ကို ပွဲထုတ် မိတ်ဆက်ပေးခဲ့သည်။ ၎င်းဗားရှင်းကို ယနေ့မှစတင်ကာ developer account တစ်ခုရှိသူတိုင်း စတင်သုံးစွဲနိုင်ပြီ ဖြစ်သည်။

iOS 9 တွင် Apple က feature သစ်များကို ထည့်သွင်းပေးခဲ့ပြီး ၎င်းအနက် အကောင်းဆုံး feature သစ် (၅) မျိုးကို ဖော်ပြလိုက်ပါသည်။

(၁) ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားသည့် Siri

Siri သည် iOS 8 တွင် ပိုမိုကောင်းမွန်လာခဲ့သော်လည်း iOS 9 တွင် အပြောင်းအလဲများ ထပ်မံ ပြုလုပ်ထားသည်။ iOS 9 တွင် ပါဝင်သည့် Siri တွင် Apple က Proactive Assistant feature သစ်ကို မိတ်ဆက်ပေးခဲ့သည်။ ၎င်းသည် Google Now နှင့် ဆင်တူပြီး သုံးစွဲသူမှ မည်သည့် လုပ်ဆောင်ချက်များ ပြုလုပ်ရန် မလိုဘဲ အချက်အလက်များ ဖော်ပြပေးမည် ဖြစ်သည်။

ဥပမာ အနေဖြင့် Siri ၏ Proactive Assistant feature သစ်သည် ယခင် သုံးစွဲမှုများနှင့် နေ့တစ်နေ့၏ အချိန်အပေါ်တွင်မူတည်ကာ app များကို ဖွင့်ပေးမည် ဖြစ်သည်။ အကြံပြုဖော်ပြပေးမည့် app ကို lock screen ၏ ဘယ်ဘက်အောက်ထောင့်နားနှင့် iOS 9 ၏ Spotlight search page သစ်တွင် တွေ့ရမည် ဖြစ်သည်။

ထို့အပြင် email ကိုကြည့်နေချိန် Siri ကိုဖွင့်ပြီး “remind me about this later” ဟု ပြောကြားသည့်အခါ Siri က သက်ဆိုင်ရာ email ကို ဖွင့်ပေးရန်အတွက် reminder တစ်ခု ဖန်တီးပေးမည် ဖြစ်သည်။

Proactive Assistant သည် invitation များနှင့် event များကိုလည်း Calendar app တွင် အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။

သို့သော်လည်း Google Now ကဲ့သို့ အချက်အလက်များကို Apple server များတွင် သိမ်းဆည်းထားမည် မဟုတ်သလို third party များထံသို့လည်း ဝေမျှပေးမည် မဟုတ်ကြောင်း Apple မှ ဆိုခဲ့သည်။

(၂) Apple Pay အဆင့်မြှင့်တင်မှုများ

Apple Pay ကို Discover card များနှင့် စတင်အသုံးပြုနိုင်ပြီး ၎င်းငွေပေးချေမှုစနစ်ကို ယခုနှစ်အတွင်း Trader Joe’s နှင့် Baskin Robbins ကဲ့သို့သော နာမည်ကျော်ဆိုင်များ၌ စတင်လက်ခံသွားမည် ဖြစ်သည်။ ထို့အပြင် Apple သည် အသေးစား စီးပွားရေးလုပ်ငန်းများတွင် သုံးနိုင်မည့် Apple Pay သုံးနိုင်သော card reader သစ်များကို မိတ်ဆက်ရန် Square နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

(၃) Apple iOS app များကို အဆင့်မြှင်တင်ထားခြင်း

Notes app တွင် toolbar တစ်ခုနှင့် built-in check list အထောက်အပံ့ ပါဝင်လာသည်။ ထို့အပြင် Camera app နှင့် camera roll အသုံးပြုခြင်းကို ထောက်ပံ့ပေးထားသောကြောင့် ဓာတ်ပုံများကို ထည့်သွင်းနိုင်ပြီး drawing support ကိုလည်း ၎င်း app တွင် ထောက်ပံ့ပေးထားသည်။ iCloud က iOS နှင့် Mac ထုတ်ကုန်များမှ အရာမှန်သမျှကို sync လုပ်ပေးမည် ဖြစ်သည်။

Apple Maps app တွင်လည်း မြေပုံအသစ်များနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အချက်အလက်များကို ထောက်ပံ့ပေးထားသည်။ သုံးစွဲသူတစ်ဦးက ဘူတာတစ်ခု သို့မဟုတ် မှတ်တိုင်တစ်ခုကို နှိပ်လိုက်သည့်အခါ ကား/ရထား ထွက်ခွာမည့်အချိန်၊ နောက်ကျမည့် အချိန်နှင့် အခြားအချက်အလက်များကို ရရှိနိုင်မည် ဖြစ်သည်။ Transit feature ကို မြို့ ၁၀ မြို့တွင် စတင် အသုံးပြုနိုင်မည် ဖြစ်သည်။

ဆက်လက်ပြီး Apple က News ဟုခေါ်သည့် app အသစ်ကို iOS 9 တွင် မိတ်ဆက်ပေးခဲ့သည်။ အဆို app သစ်တွင် ရင်းမြစ်အများအပြားမှ သတင်းများကို လှပသည့် interactive user interface ဖြင့် ဖတ်ရှုနိုင်မည် ဖြစ်သည်။

(၄) iPad multitasking

iPad တွင် iOS 9 ကို အသုံးပြုသည့်အခါ app switcher သစ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် app သစ်များကို screen ပေါ်တွင် slide လုပ်ကာ သုံးနိုင်သလို split view ဖြင့်လည်း screen ပေါ်တွင် app အများအပြားကို တစ်ပြိုင်နက် သုံးနိုင်မည် ဖြစ်သည်။ Picture-in-picture feature ကလည်း မည်သည့် app အပေါ်တွင်မဆို video တစ်ခု၏ thumbnail ကို တင်ကာ ကြည့်နိုင်မည် ဖြစ်သည်။

(၅) Low Power Mode

၎င်း feature သစ်ကို enable လုပ်ထားသည့်အခါ ဘက်ထရီသက်တမ်းကို နောက်ထပ် ၃ နာရီအထိ တိုးမြှင့် သုံးစွဲနိုင်မည် ဖြစ်သည်။

Ref: BGR

Credit :  Internet Journal



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )        www.htarwaiethar.org

Sunday, May 10, 2015

iOS 7+ တွေအတွက် မြန်မာစာနှင့် ကီးဘုတ် မှန်ကန်စွာ ထည့်သွင်းခြင်း ( စမ်းသပ်ပြီး )


























ကျွန်တော် ဒီနေ့ပဲ iPad Mini လေးတစ်လုံးကို မြန်မာစာနဲ့ ကီးဘုတ်ထည့်သွင်းခွင့်ရပါတယ်။

အသုံးပြုထားတဲ့ OS က iOS Version 7.0.4 ပါ။

ကျွန်တော် ပထမဆုံးအကြိမ် iDevice ကို အသုံးပြုဖူးတာမို့ အကျမ်းတဝင်မရှိလှပါဘူး။

ပန်းသီးတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိသော ကိုမိုးသိကြားဘလော့ဂ်ကိုပဲ အားကိုးပဲ ကိုင်လိုက်ပါတယ်။

အဆင်လည်းပြေတာမို့ ကျွန်တော် အခု ပို့စ်လေးကို ရေးတင်လိုက်တာပါ။

သူ့ဘလော့ဂ်မှာရေးထားတဲ့အတိုင်း မှုးရင်းကို ကျွန်တော် အောက်မှာ ပြပေးထားပါတယ်။


*/

iOS 7+ အတွက် မြန်မာစာ နှင့် မြန်မာကီးဘုတ် မှန်ကန်စွာ သွင်းယူနည်း


iOS 7 အတွက် Jailbreak ထွက်ပြီးခဲ့သော်လည်း မြန်မာစာနှင့် လက်ကွက်ကို ချက်ခြင်း သွင်းမရခဲ့လို့ Jailbreak ရဲ့ အနှစ်အရသာကို အပြည့်အဝ မခံစားခဲ့ကြရသလို ဖြစ်ခဲ့ပါတယ်။

မြန်မာစာနှင့် လက်ကွက်ကို လိုချင်ဇောဖြင့် Font နှင့် Keyboard အဟောင်းတွေကို သွင်းမိတဲ့အတွက် iOS "Crash" ဖြစ်ပြီး Restore အခါခါ ပြန်လုပ်ခဲ့ကြရသူတွေလည်း မနည်းပါဘူး။

ယခုတော့ အဆိုပါ အခက်အခဲများကို ပြေလည်စေနိုင်ဖို့ အတွက် မြန်မာ Developers များက ဝိုင်းဝန်း၍ iOS 7+ နှင့် အဆင်ပြေစေမယ့် မြန်မာစာနှင့် လက်ကွက်ကို ထုတ်ဝေပေးလိုက်ပါပြီ...



iOS 7+ အတွက် မြန်မာစာနှင့် လက်ကွက်ကို Developer များဖြစ်ကြသော ကိုသန့်သက်ခင်ဇော်၊ ကိုစေတန် နှင့် ကိုမိုးစက်တို့က သီးခြားစီ develope လုပ်ပေးထားကြပါတယ်။

ဒီအတွက် သုံးစွဲသူများအနေနှင့် ဘာကို Install လုပ်ရမှန်းမသိပဲ အနည်းငယ် ရှုပ်ထွေးစေနိုင်ပါတယ်။ အကယ်၍ မှားယွင်းစွာ Install လုပ်မိပါက iOS Crash ဖြစ်ခြင်း၊ Boot Looping ဖြစ်ပြီး Apple Logo ကနေ မတက်လာတော့တဲ့ အခြေအနေများ ဖြစ်တတ်ပါတယ်။


လိုအပ်ချက်များ

    iDevice သည် iOS 7+ Jailbreak ဖြစ်ထားရန်
    Cydia ကို version Update လုပ်ထားရန်



မှတ်ချက်

    အစကနဉီး iOS 7 အတွက် ဖောင့်မရသေးခင်က ဖောင့်အဟောင်း "Zawgyi Font iOS" ကို သွင်းထားမိခဲ့ပါက အရင်ဆုံး "Remove" လုပ်ပါ။

    "ZawgyiOne-Font" profile ကို install လုပ်ထားခြင်းက ပြဿနာမရှိပါ။ (မကြိုက်လျင် Remove လုပ်နိုင်ပါသည်)


iDevice များတွင် မြန်မာစာနှင့် လက်ကွက် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အောက်ဖော်ပြပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။
မြန်မာစာနှင့် လက်ကွက် အတွက် Source နှစ်ခုကို သွင်းယူရမှာဖြစ်ပါတယ်။



 





လုပ်ငန်းစဉ်

မြန်မာစာ အတွက် Install Source (1)


    Cydia -> Sources -> Edit -> Add တွင် " http://cydia.macforus.com " ကို သွင်းယူပါ။
    Sources ထဲက "Mac For US repo" ရှိ "Zawgyi iOS 7 Font" ကို Install လုပ်ပါ။



 





မြန်မာလက်ကွက် အတွက် Install Source (2)

    Cydia -> Sources -> Edit -> Add တွင် " http://ttkz.me/apt/ " ကို သွင်းယူပါ။
    Sources ထဲက "ttkz.me" ရှိ "ttKeyboard for iOS7 (Beta)" ကို Install လုပ်ပါ။


  
 





 Restart Springboard



Myanmar Keyboard ကို သွင်းပြီးသွားသောအခါ Settings -> General -> Keyboard -> Keyboards မှာ "Burmese" လို့ အလိုလို ရောက်လာပါမည်။ (ကီးဘုတ်ရပါပြီ)



 




မှတ်ချက်။ ။ အခြားသော Keyboard နှင့် Font များကို မသွင်းမိအောင် သတိပြုပါ၊ အထူးသဖြင့် "Zawgyi iOS 4.3 Font" သည် 100% Crash ဖြစ်စေပါသည်။

ဖော်ပြပါ မြန်မာစာနှင့် လက်ကွက် Install လုပ်နည်းသည် ကိုယ်တိုင် စမ်းသပ်စဥ် Crash ဖြစ်၍ Restore အကြိမ်ကြိမ် ပြန်လုပ်ပြီးမှ သိရှိထားသောကြောင့် အဆင်ပြေ အချောမွေ့ဆုံး နည်းလမ်း ဖြစ်သည်ဟု သတင်းကောင်းပါးအပ်ပါသည်။

**အထက်ပါအတိုင်း သွင်းယူပြီးနောက် ကီးဘုတ်တွင် ?? များပေါ်နေသူများ**

ကီးဘုတ်တွင် ?? များပေါ်နေခဲ့ပါက "macforus repo" တွင် သွင်းယူထားသော "Zawgyi iOS 7 Font" ကို Remove/Uninstall လုပ်၍ "ttkz.me" ထဲကမှ "Zawgyi iOS 7 Font" ကို သွင်းယူပါ။

**Apple log မှာ တစ်နေခြင်း (Boot Loop) ဖြစ်နေခဲ့သော်**

    Device ကို PC နှင့် မချိပ်ဆက်ပဲ DFU mode ဝင်ပါ။
    DFU mode ရောက်သွားပါက iTunes နှင့် ချိပ်ဆက်ပါ၊ Restore လုပ်ရန် ညှန်ကြားလာပါလိမ့်မည်။



iOS, App များ Crash ဖြစ်ခဲ့သော် iTunes နှင့် ချိပ်ဆက်ပြီး Restore ပြန်လုပ်ပြီးမှ Jailbreak တစ်ခါ ပြန်လုပ်ပါ။



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....



မိုးသိကြား

/*


အဲ့မှာ ကျွန်တော် ကြုံခဲ့ရတာက Source တွေကို ထည့်သွင်းတဲ့နေရာမှာ ကျွန်တော့်မှာ လိုင်းမကောင်းလို့  ရပ်ရပ်သွားပါတယ်။ သို့သော်လည်း အဲ့ဒါ ကွိုင်မဟုတ်ပါဘူး။ ကျွန်တော် ပထမဆုံး MacForUS Repo လေးကို ပြီးဆုံးအောင် မသွင်းနိုင်ပဲ ရပ်သွားတာနဲ့ အဲ့ဒါလေးကို ဖွင့်လိုက်တာ Zawgyi iOS 7 Font  လေးကို တွေ့မိလို့ Install လုပ်လိုက်တာ အောင်မြင်သလို နောက်တစ်ခု ကီးဘုတ်ကိုလည်း အဲ့လိုမျိုး အပြည့်မဆွဲပဲ သွင်းတာ ရရှိတာကို တွေ့ရပါတယ်။ ဒါ ကျွန်တော် ကြုံခဲ့တာပါ။ ကျွန်တော်တို့ဆီမှာ လိုင်းက သိပ်မကောင်းလို့ အဲ့လိုမျိုး ဖြစ်နေပါတယ်။


ကဲ့ အားလုံးပဲ အဆင်ပြေပါစေနော့်။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )             www.htarwaiethar.org

Thursday, February 19, 2015

Mac OSX User Guide for Myanmar by Apple4MM
























Mac OSX User Guide for Myanmar by Apple4MM

Apple4MM က ရေးသားမျှဝေသော Mac OSX User Guide မြန်မာလို စာအုပ်လေးကို ကျွန်တော့်ဘလော့ဂ်မှာ မျှပေးလိုက်ပါပြီ။

စာအုပ်ပါ ခေါင်းစဉ်များကတော့


    About Apple4MM
    Author lists
    Introduction
    Getting Started with Mac
    OSX Menu Bars & Items
    Using File & Others
    Activity Monitor
    Preview
    Using Trackpad
    Using Magic Mouse
    Using LaunchPad , Mission Control , Dashboard
    Keyboards & Shortcuts
    Dock
    Macbook Pro Ports
    Apple ID
    System Preferences
    Zawgyi Font & Keyboard Installation
    iCloud
    Safari
    App Store
    Myanmar App for Mac
    Using iPhoto
    Using Contact
    Using iTunes
    Photo & Graphic Software for Mac
    Office Suite for Mac
    Mac OSX USB Boot & Clean Install
    Password on Mac
    Using OSX Disk Utility
    Additional Articles
    Networking with PC
    Others Mac OSX Topics
    Ending


သူ့ဆိုဒ်မှာတော့ စာအုပ်ကို ပုံစံ နှစ်မျိုးနဲ့ မျှပေးထားပါတယ်။ iBook and PDF Formats နှစ်ခုနဲ့ပါ။

Apple4MM မှာပါသော လင့်ခ်တွေကိုပဲ မျှပေးလိုက်ပါတယ်နော့်။

ကျွန်တော်ကတော့ PDF Format လေးကို ဒေါင်းလုပ်ခ်ဆွဲထားပြီးသားမို့ လင့်ခ်များ ပျက်သွားပါက Comment ချန်ခဲ့ပါခင်ဗျား။ ကျွန်တော် ပြန်တင်ပေးပါမယ်။


iBooks

Dropbox Link


Copy Link


Mediafire Link



PDF

Dropbox Link


Copy Link


Mediafire Link



Credit :  apple4mm.com


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )          www.htarwaiethar.org

Saturday, July 26, 2014

အိုင်ဖုန်းကို iTune ကမသိတဲ့ error ကို အလွယ်ကူဆုံး ဖြေရှင်းနည်း




























 အိုင်ဖုန်းကို itune ကမသိတဲ့ error ကို အလွယ်ကူဆုံး ဖြေရှင်း နည်းလေးပါ။

Itunes cannot read contents of the iphone–

အဲ့လို စာသား ပေါ်လာရင် iphone ကို itune က မသိတော့ပါဘူး ခင်ဗျာ restore လုပ်ခိုင်းပါတယ်။

အဲ့လိုဖြစ်လာတဲ့ အကြောင်း အရင်းက ဖုန်းထဲမှာ သီချင်းထည့်ထားတဲ့ ပမာဏ များတာကြောင်းလို့ ယူဆနိုင်ပါတယ် (ဒါက ကျွန်တော့် အတွေးပါ) ။

အပေါ်က စာသား error ပေါ်လာပီဆိုရင် ဖုန်းကို restore မလုပ်ပါနဲ့ လိုအပ်တဲ့ software ကို အောက်ကနေဒေါင်းပါ။

http://dl.i-funbox.com/

i funbox ဒေါင်းလို့ပီးရင် သူ့ကိုဖွင့်ပါ (မိမိဖုန်းထဲမှာ ifile ရှိရင်လည်း ရပါတယ်) phoneနဲ့ ချိတ်ဆက်ပါ။

ပီးရင်i funbox class ကိုနှိပ်ရပါမယ်။

-ပေါ်လာတဲ့ အထဲက Raw file system ကိုနှိပ်ပါ(+) ကိုနှိပ်ရမှာပါ။

အောက်ဆုံးမှာ ရှိတဲ့var>mobile>Media/iTunes_Control/iTunes

၀င်းပီးသွားရင် အဲ့အထဲမှာ ရှိတဲ့ ItuneCDB နဲ့ ItuneDB ကို ဖျက်ပစ်ပါ (တစ်ခါတစ်လေမှာ တစ်ခုတည်း ပါနေတတ်ပါတယ် ရှိတဲ့တစ်ခုဘဲ ဖျက်ပစ်ပါ)။

ပီးရင်iTunes_Control ထဲက music ဆိုတဲ့ ဖိုဒါကို ဖျက်ပစ်ပါ သီချင်း ပျက်မသွားပါဘူး ခင်ဗျား။

အကုန်လုပ်ပီးသွားရင် ဖုန်းကို ပါဝါပိတ်ပြန်ဖွင့်လိုက်ပါ itune က သိနေတာ တွေ့ရပါလိမ့်မယ်။


credit to: ဇော်သန်းလင်း

ref; MMAS



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com

Thursday, July 24, 2014

(What is jailbreaking) jailbreak ရဲ့ သဘောကို ပြည့်စုံစွာရေးသားထားတဲ့ PDF စာအုပ်






























Jailbreak ရဲ့ သဘောကို ပြည့်စုံစွာရေးသားထားတဲ့ PDF စာအုပ် လေးဖြစ်ပါတယ် လေ့လာလိုသူတွေ အဆင်ပြေစေမဲ့ စာအုပ်လေးဖြစ်ပါတယ် လိုအပ်သူတွေ ဒေါင်းယူနိုင်ပါပြီ။


Download



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )       www.htarwaiethar.blogspot.com

Tuesday, September 24, 2013

iphones tips ( မြန်မာဗားရှင်း )















ကျွန်တော် ကိုပေတူးရေးသားထားသော iPhone Tips ဆိုသော စာအုပ်လေးကို အသုံးလိုသူများအတွက် တင်ပေးလိုက်ပါတယ်။

ကျွန်တော်ကတော့ ဘယ်သုံးတက်မလဲနော့်။

ပန်းသီးဆိုလို့ ကြိုက်သာကြိုက်တာ ဝယ်စရာ ပိုက်ချန်မရှိ။

သူများရေးပြီးသား စာအုပ်လေးကိုပဲ ပြန်မျှဝေပေးလိုက်တယ်နော်။

လိုအပ်သူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

ဖိုင်ဆိုဒ်က 603 KB လောက်ပဲ ရှိပါတယ်။

စာအုပ်ရေးသားသူ ကိုပေတူးကို ဆက်သွယ်ချင်ရင်

http://www.freemobilesharing.blogspot.com
http://www.facebook.com/groups/MyanmarMobileForum/


Download



**  ကိုကိုဇော် ( BE-EC )

Monday, April 8, 2013

i Device အသုံးပြုမှု

















i Device ဆိုတော့ ကျွန်တော် သိတာတော့ ပန်းသီးလေးပေါ့နော် ။

ပန်းသီးဆိုရင် ကျွန်တော် ကြိုက်ပါတယ် စားလို့ကောင်းလို့ပါ ။

ကျွန်တော့်ဆီမှာ ဆရာ သန်းထိုက် ရွှေရိပ်ရေးသားသော i Device လက်တွေ့ အသုံးပြုနည်း စာအုပ်လေးရှိလို ပြန်လည် မျှဝေလိုက်ပါတယ် ။

ဆရာ သန်းထိုက် ရေးတာမို့ ယုံကြည့်ပြီးသာ ဒေါင်းပြီး ဖတ်ကြည့်နိုင်တာပေါ့ဗျာ ။

ဖိုင်ဆိုဒ်က 13 MB လောက်ရှိပါတယ် ။

Download 


**  Htar Waie Thar